Monday, October 15, 2018

💎 တရား မလုပ်တဲ့လူလို့ မရှိ။💎

🙏မုံလယ်ဆရာတော်ဘုရားကြီး အဆုံးအမ🙏

🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳

            

💠သစ္စာလေးပါးကို လူတွေ ပြောတော့ ပြောတတ်တယ် မသိ။
ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ။
သမုဒယသစ္စာ ဒုက္ခသစ္စာ မဂ္ဂသစ္စာ နိရောဓသစ္စာ။

💠သစ္စာလေးပါးကို ကြားဖူးရင်
ယဉ်ကျေးမှု ဖြစ်ပါတယ်ဗျား။

💠အခု တစ်ယောက်နဲ့ တစ်ယောက် ပြောကြတယ်နော်။
တရား... ဘယ်သူက တရား လုပ်တယ်။
ဘယ်သူက တရား မလုပ်ဘူးလို့ မပြောကြဘူးလား။

💠လူမှန်လို့ ရှိရင် စိစစ်... စဉ်းစားနော်။
အဲဒါ လူလို့ အခေါ်ခံရတဲ့ ပုဂ္ဂိုလ် ဟူသရွေ့
အကုန်လုံး တရား မလုပ်တဲ့လူလို့ မရှိ။
တရားသမားတွေ ပဲ။

💠တရားသမားတွေချည်း။ တရား အလုပ်သမားတွေ။
ဝက်သတ်တာလည်း တရားကွဲ့။
သတ္တဝါ အသီးသီး သတ်တာ တရားကွဲ့။
ခိုးတာတွေလည်း တရားကွဲ့။
သူများ လင်သားမယား စော်ကားတာ တရားကွဲ့။
မုသား သုံးတာ တရားကွဲ့။
သောက်တာ စားတာ တရား...။

💠ကဲ သတ်တာ မှန်တော့ကာ
ဘယ်သူက ဘယ်သူ သတ်တယ်လို့ သက်သေ မရှိဘူးလား။
သက်သေ အထောက်အထား ရှိတော့
အစိုးရ ရာဇဝတ်မှု မဖမ်းဘူးလား။
ထောင် မကျလား။
သတ်တာ... မှန်တာ။ ထောင်မကျဘူးလား။
ဒါ မှန်လို့ပေါ့။

ထောင်က လွတ်ဦး... အပါယ်က လွတ်ပါမလား။
ဒါ... တရားတာ။

💠မသတ်တာကလည်း တရား။
မခိုးတာကလည်း တရား။
သူများ လင်သားမယား မစော်ကားတာ တရား။
မုသား မသုံးတာ တရား။
မသောက်တာ မစားတာ တရား...။
အဲဒါ ... ကုသိုလ် တရား။

စိစစ်ဖို့ မကောင်းလား။

💠သတ်တာ ခိုးတာ သူများ လင်သားမယား စော်ကားတာ
မုသား သုံးတာ သောက်တာ
ဒါ... အကုသိုလ် တရား...။
အကုသိုလ်တရား မမှန်လား။
မှန်လို့... ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်လို့ မဟောလား။

💠လူတွေက တရား မလုပ်ဘူး လို့ ပြောကြတယ်။
တရား လုပ်တယ်ဗျ။
ဘယ် တရားလဲ...။
အကုသိုလ်တရား။

💠ငါးပါးသီလ ပြည့်စုံတာ ကုသိုလ် တရား။

စိစစ်ဖို့ မကောင်းလား။

💠အဲလို ခြားနားဖို့ မကောင်းလား။
ဒါကြောင့် သမုဒယ ဒုက္ခ။

၁-ကိုကြည့် သမုဒယ ။ ၂-ကိုကြည့် ဒုက္ခ။
၃-နဲ့ ၄-ကို ကြည့်
၃-က သမုဒယ ၄-က ဒုက္ခ။
ကဲ မဂ္ဂ နိရောဓ ပါရဲ့လား။
ပါဘူးဗျား။

အဲလို သစ္စာသိဖို့ မလိုဘူးလား။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး။
💎အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။💎

(တိပ်တရားတော် (6-12-68/2:00) မှ
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ.မုံလယ်ဇ။)

Sunday, October 14, 2018

သွားလေရာ အရပ်ကို သီလဆောင်

🙏မုံလယ်ဆရာတော်ဘုရားကြီး အဆုံးအမ🙏

🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳

🔷ဝိညာဏ်မြင် သမ္မုတိသစ္စာဘက်က
အဲဒါ သီလနဲ့ ပြည့်စုံဖို့ လိုတယ်ကွဲ့။

ကိုယ္ဝတ္တဲ့ ပုဆိုး အက်ႌ ထဘီ အက်ႌ ကဲ့သို့နော်
အမြဲတမ်း... သီလနဲ့ ပြည့်စုံဖို့ လိုတယ်။
သွားလေရာ အရပ်ကို သီလဆောင်ရမယ်။

🔷အဲဒါ... ရှောင်ရမည့် တရား မဟုတ်ဘူးနော်။
ဆောင် ရမည့် တရား။

အကုသိုလ်ကို ရှောင်ပေါ့။
ကုသိုလ်ကို ဆောင်။
သီလက ကုသိုလ်။

🔷တစ်လမှာ လေးသီတင်းက ရှစ်ပါးတို့ ကိုးပါးတို့ ဆယ်ပါးတို့ပေါ့နော်။
အဲလို စိစစ်ဖို့ မကောင်းလား။
လေ့လာကြ။

🔷အဲဒါ ကုသိုလ်တရား သိဖို့ လိုတယ်ကွဲ့ နော်။
သိမှ ပယ်တာ။ မသိမပယ်နိုင်ဘူး။
ယုံကြည်ဖို့ မကောင်းလား။

ဒါ ... ကံ ကံရဲ့ အကျိုး ယုံကြည်ရမယ်။
ဉာဏ်ကို အားကိုးရမယ်။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။

(တိပ်တရားတော် (6-12-68/2:00) မှ
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ.မုံလယ်ဇ။)သွားလေရာ

မြှုပ်မျော ပေါ်မျော

🙏မုံလယ်ဆရာတော်ဘုရားကြီး အဆုံးအမ🙏

🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳

                💎မြှုပ်မျော နှင့် ပေါ်မျော 💎

💎 မျောတယ် ဆိုတဲ့ တရားတွေမှာ

မျောတာ တူတယ်။

အပါယ်လေးဘုံသား တွေ ဆိုတာ
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်နော်။
အဲဒါ မြှုပ်ပြီးတော့ မျောသွားတာ။

💎 ရေကြီးတဲ့ အခါ ထင်းတုံး ကောင်းကောင်းကြီးတွေ
ထင်းတွေ သစ်တွေ အင်မတန်ကောင်းတာကြီးတွေ
မြှုပ်ပြီးတော့ မျောသွားတာ မြင်ရပါမလား။

ပေါလောကြီး ပေါ်တာတော့ကာ ဆယ်လို့ ရတယ်နော်။
မြှုပ်တာကို မြင်ရပါမလား။

💎 အဲ ... ကျွဲနွား တိရစ္ဆာန်တွေ တရားနာခေါ် ရပါမလား။
မြှုပ်မျောတာကွဲ့။

💎 လူက နတ်က ပေါ်လို့ မျောတာ။
လူတွေ နတ်တွေ ဗြဟ္မာတွေက ပေါ်မျောတွေနော်။
သာသနာနဲ့ ကြုံတဲ့အခါကျ တရားနာ လာကြရတာပေါ့။
အဲဒါ... ပေါ်မျောတွေ ကွဲ့။

အဲလို လေ့လာဖို့ မကောင်းလား။
လေ့လာကြ။

သိမှ ပယ်နိုင်တာနော်။
မသိ ... မပယ်နိုင်ဘူး။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။

(တိပ်တရားတော် (6-12-68/2:00) မှ
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ.မုံလယ်ဇ။)