ကျေးဇူးတော်ရှင် နမ္မား ဆရာတော်ဘုရားကြီး အရှင် ဉာဏ ၏
ဒေသနာ ပန်းခိုင် ကျမ်းစာ မှ စာစီ ပူဇော်ပါသည်။
မင်္ဂလာတရားတော်-၁/ အပိုင်း-၁
****************
ဧတံ ခေါ သရဏံ ခေမံ ၊
ဧတံ သရဏ မုတ္တမံ။
ဧတံ သရဏ မာဂမ္မ ၊
သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဧတံ ခေါ သရဏံ ၊ ဘုရား တရား သံဃာအားဟု သုံးပါးအစုံ မြတ်သရဏဂုံကို ကြည်ရုံ မြတ်နိုး အားကိုးကြခြင်းသည်။
ခေမံ ၊ဘေးရန်ခပင်း ၊ အကုန်ကင်းခြင်း၏ အကြောင်းရင်း သာလျှ င် တည်း။
ဧတံ ခေါ သရဏံ၊ ဘုရား တရား သံဃာအားဟု သုံးပါးအစုံ မြတ်သရဏဂုံကို ကြည်ယုံမြတ်နိုး အားကိုးကြခြင်းသည် ၊
ဥတ္တမံ၊ ပြို င်လာတိုင်းရှုံး အမြတ်ဆုံးဖြစ်သော ကိုးကွယ်ခြင်းသာလျှင် တည်း။
ဧတံ သရဏံ ၊ ဘုရား တရား သံဃာအားဟု သုံးပါးအစုံ မြတ်သရဏဂုံကို၊
အာဂမ္မ ၊ လက်ကိုင်တခု အစွဲပြု ၍၊
ပဏ္ဍိတာ ၊ ကျိုးကြောင်း မြင်သိ ပညာရှိတို့ သည်၊
သဗ္ဗဒုက္ခာ၊ အလုံးစုံသော ဒုက္ခအပေါင်းမှ၊
ပမုစ္စတိ ၊ ကင်းစင်လွတ်မြောက် မရောက်ဝေးစွာ ရှင်းရှင်းကွာကြ
ကုန်သည် သာလျှ င်တည်း။
လောကကြီးထဲမှာ တဏှာမကင်းသေးတဲ့ ပုဂ္ဂို လ်မှန်လျှင်
ဝဋ်ဆင်းရဲမှ မကင်းကြသေး တဲ့အတွက်
ကိုးကွယ်ရာ အားထားရာ ဆိုတာ ရှာကြစမြဲပဲ။
အချို့ က သမုဒ္ဒရာ၊ ပင်လယ်တွေကို ကိုးကွယ်ကြတယ်။ တချို့ က မီးပုံကြီးကို ကိုးကွယ်ကြတယ်။ တချို့ က ရိုးရိုးမီးကိုပဲ မငြိမ်းရအောင် ထားပြီး ရံခါ ထောပတ်ဖြင့် ရံခါ နှမ်းဆီဖြင့် ရံခါ နှမ်းတို့  ဆန်တို့ ဖြင့် ပူဇော်ကြတယ်။ အချို့ ကသစ်ပင်ကြီးကို အချို့ ကတောင်ကြီး
ကို အချို့ က တောကြီးကို ကိုးကွယ်ကြတယ်။ အချို့ က နဂါးကို၊ အချို့ က နတ်ဆိုးနတ်ဝါး ဘီလူးတို့ ကို ကိုးကွယ်ကြတယ်။
* သားသမီး မြေးမြစ်များကလဲ မိဘရိုးရာကို လိုက်ပြီး
ကိုးကွယ်ကြတယ် ။ မစီစစ်ကြဘူး ။*
ကုသိုလ်လုပ်တဲ့အခါ ... ရပ်ထုံးစံ ရွာထုံးစံ အရလုပ်ကြတယ်၊
မစီစစ်ကြဘူး။
ကုန်ဝယ်တဲ့အခါ ...
အဟောင်းလား အသစ်လား ။ အတုလား အစစ်လား ။ မစီစစ်ပဲ ဝယ်ယင်
အဟောင်းတွေ အတုတွေနှင့် ညားပြီး ဆုံးရှုံးသလို ...
ကိုးကွယ်တာဟာလည်း...
မကိုးကွယ်သင့်တာကို ကိုးကွယ်မိရက်သား ဖြစ်ယင်
တသံသရာလုံး ဆုံးရှုံးနစ်နာတတ်တယ် ။
ကုန်ဝယ်တဲ့အခါ စီစစ်ပြီးမှ ဝယ်မှသာ အကောင်းကိုရသလို...
ကိုးကွယ်တာလည်း စီစစ်ပြီး ကိုးကွယ်ရတယ်။
* ငါတို့ ၏ မိဘများ ကိုးကွယ်သော အရာသည် ...
သီလသိက္ခာနှင့်ပြည့်စုံရဲ့လား ၊
သမာဓိသိက္ခာနှင့် ပြည့်စုံရဲ့လား။
ပညာသိက္ခာနှင့် ပြည့်စုံရဲ့လား ၊ ဆိုတာ စီစစ်ရမယ် ။
ရေတို့  မီးတို့  သစ်ပင် တောတောင် နဂါး နတ်ဆိုး နတ်ဝါး ဘီလူး တို့ဟာ ....
ဘယ်မှာသိက္ခာသုံးပါးနှင့် ပြည့်စုံမလဲ။ မပြည့်စုံဘူး။
မပြည့်စုံယင် မကိုးကွယ်နှင့် အားမထားနှင့် သိက္ခာသုံးပါးနှင့်
ပြည့်စုံတာကို ရှာပြီးကိုးကွယ်ကြ။
****************
မြတ်စွာဘုရား ဒေသစာရီ လှည့်လည်ပြီးသွားတော့ ... ကာလာမဆိုတဲ့ ပုဏ္ဏားရွာကို ရောက် သွားတယ် ။
အဲဒီရွာကို အပိုင်စားတဲ့ ရွာစားကြီးကာလာမပုဏ္ဏားက မြတ်
စွာဘုရားကို လျှောက်တယ်။
" မြတ်စွာဘုရား၊ လောကကြီးမှာ ဘုရားတွေကလည်း ပေါလိုက်တာ ၊
သိဉ္စည်းကလည်း သူသာလျှ င်ဘုရားတဲ့ ။
ပုရာဏဿပကလည်း သူသာလျှ င်ဘုရားတဲ့ ။
မက္ခလိဂေါ သာလကလည်း သူသာလျှ င်ဘုရားတဲ့ ။
အဇိတကေသကမ္ဗလကလည်း သူသာလျှ င်ဘုရားတဲ့ ။
ပကုဋကစ္စာနကလည်း သူသာလျှ င်ဘုရားတဲ့ ။
နာဋ၏သား နိဂဏ္ဍကလည်း သူသာလျှ င်ဘုရားတဲ့ "။
အဲဒီလို လျှောက်တော့....
မြတ်စွာဘုရားက ဖြေကြားတော်မူတယ် ။ ဘယ်လိုဖြေကြားသလဲဆိုတော့....
* ကာလာမ ၊
အများကပြောတာပဲ ဆိုပြီးလည်း မယုံနဲ့ ဦး၊
ရှေးကလာတဲ့ အစဉ်အဆက်ပဲ ဆိုပြီးလည်း မယုံနှင့်ဦး ၊
ငါတို့ ၏ မိဘရိုးရာပဲ ဆိုပြီးလည်း မယုံနှင့်ဦး၊
လူကြီးတွေ ပြောတာပဲဆိုပြီးလည်း မယုံနှင့်ဦး၊
ငါ့သူငယ်ချ င်းက ပြောတာပဲဆိုပြီးလည်း မယုံနှင့်ဦး၊
ငါဘုရား ပြောတာကိုလည်း မယုံနှင့်ဦး၊ စီစစ်ပါအုံး။
ဒီပုဂ္ဂိုလ်ဟာ ဘုရားဟုပြောတယ် ။ ဘုရားဖြစ်ကြောင်း ပါရမီဆယ်ပါး အပြားသုံးဆယ်ကို ဖြည့်ကျ င့်ခဲ့ပြီးပြီလား ၊ မဖြည့်ကျ င့်ရသေးဘူးလား ။ ဘုရားတို့ ရှိအပ်တဲ့ ဂုဏ်နှင့်ပြည့်စုံရဲ့လား ။ မပြည့်စုံဘူးလားဆိုတာ စီစစ်ရဦးမယ်၊
အကယ်၍ ...
ဘုရားဖြစ်ကြောင်း ပါရမီတွေကိုလည်း ဖြည့်ကျ င့်ပြီးပြီ ၊ ဘုရားတို့ မှာ ရှိအပ်ရှိထိုက်တဲ့ ဂုဏ်နှင့်လည်း ပြည့်စုံတယ်ဆိုယင် ...
ယုံတော့၊ ကိုးကွယ်တော့။
ပါရမီတွေကိုလဲ မဖြည့်ကျ င့်ရသေးဘူး၊ ဘုရားတို့ ၏ ဂုဏ်နှင့်လဲ မပြည့်စုံသေးဘူးဆိုယင် သူကိုယ်တိုင်ကပဲပြောပြော အများကပဲ ပြောပြော လူကြီးတွေကပဲပြောပြော မိဘဆရာသမားတွေကပဲ ပြောပြော မယုံလေနှင့် ကာလာမ * တဲ့ ။
ကဲ မြတ်စွာဘုရားပြောတာဟာ ဘယ်လောက် သဘာဝကျ သလဲ။
ဘယ်လောက် တရားသလဲ ။
ငါဘုရားပြောတာကိုလည်း မယုံနှင့်အုံး ၊စိစစ်ပါအုံးတဲ့ ။
မစီစစ်ပဲ ဘုရားကိုယုံယင် သဒ္ဓါယုံမျှ သာ။
သောတာပန် မတည်နိုင်ဘူး။
စိစစ်ယုံမှသာ ပညာယုံ။
သောတာပန်တည်နိုင်တယ်။
ဒါကြောင့်
*****************
ဝိစေယျဒါနံ ဒါတဗ္ဗံ ၊ ယတ္တ ဒိန္နံ မဟပ္ဖလံ ။
ဝိစေယျ ဒါနံ ၊ သုဝ တပ္ပသတ္တံ ။
ယေ ဒက္ခိဏေယျာ ၊ ဣဓ ဇီဝ လောကေ။
ဧတေသု ဒိန္နာနိ ၊ မဟပ္ပလာနိ ။
ဗီဇာနိ ဝုတ္တာနိ ၊ ယထာသုခေတ္တ ။ လို့ 
မြတ်စွာဘုရားက အင်္ကုရ နတ်သားကို ဟောခဲ့တယ်။
ယတ္တ ၊ အကြင်ပုဂ္ဂို လ်၌ ။ ဒိန္နံ ၊ ပေးအပ်သော အလှူ သည် ။
ယသ္မာ ၊ အကြင်ကြောင့် ။ မဟပ္ဖလံ ၊ များသောအကျိုးရှိ၏၊
တသ္မာ ၊ ထို့ ကြောင့် ။ ဝိစေယျ ၊ ရွှေးချ ယ်စီစစ်၍ ။
တတ္ထ ၊ ထိုပ္ဂို လ်၌ ။ ဒါနံ ၊ အလှူ ဒါနကို ။ ဒါတဗ္ဗံ ၊ ပေးလှူထိုက်၏။
ဝိစေယျ ၊ ရွေးချ ယ်စိစစ်၍ ၊ ဒါနံ ၊ ပေးလှူ ခြင်းကို ။ သုဂတပ္ပသတ္တံ ၊ မြတ်စွာဘုရားသည် ချီးမွမ်းတော်မူအပ်၏။
ဣဓဇီဝလောကေ ၊ ဤသတ္တလောက၌ ။ ယေ ဒက္ခိဏေယျာ ၊ အကြင်မြတ်သော အလှူ ခံပုဂ္ဂို လ်တိုလ့သည်။ သန္တိ ၊ ရှိကြလေကုန်၏
ဧတေသု ၊ ထိုမြတ်သော အလှူ ခံပုဂ္ဂို လ်တို့ ၌ ။ ဒိန္နာနိ ၊ ပေးလှူ အပ်သော အလှူတို့ သည်။ သုခေတ္တ ၊ လယ်ယာမြေကောင်း၌ ။ ဝုတ္တာနိ ၊ စိုက်ပျိုးအပ်ကုန်သော ။ဗီဇာနိ ယထာ ၊ မျိုးစေ့တို့ ကဲ့သို့ ။
မဟပ္ဖလာနိ ၊ ကောင်းစွာကြီးပွား များသော အကျိုး ရှိကုန်သည် သာလျှင် သတည်း။
သာဓု သာဓု သာဓု။
အဲဒီ ဂါထာကို ဘယ်မှာဟောသလဲဆိုတော့ ....
တာဝတိံသာ နတ်ပြည်မှာ အင်္ကုရနတ်သားကို ဟောခဲ့တယ်။
မြတ်စွာဘုရား အဘိဓမ္မာတရား ဟောဖို့ တာဝတိံသာနတ်ပြည်ကို ကြွသွားတော့ ....
လက်ဦးစွာ မယ်တော် မိနတ်သားရယ် ၊ ဣန္ဒကနတ်သားရယ် ၊ အင်္ကုရ နတ်သားရယ် ရောက်လာပြီး
ဘုရားအနားမှာ ထိုင်နေကြတယ်။
နောက်တန်ခိုးကြီးတဲ့ နတ်တွေ လာတိုင်း ....
အင်္ကုရနတ်သားဟာ နောက်ဆုတ်ပြီး နေရာပေးလိုက်ရတာ စကြာဝဠာ တံတိုင်းသို့ ရောက်သွားတယ်။
ဣန္ဒကနတ်သားကတော့ နေရာမရွှေ့ရဘူး ။
ဒီလိုဖြစ်ပုံကို မြတ်စွာဘုရားမြင်သဖြင့် ...
အင်္ကုရနတ်သားကို ခေါ်ပြီးမေးတယ်။
* အသင်နတ်သား ...။
သင်နှင့်အတူလာတဲ့ ဣန္ဒကနတ်သားမှာ နေရာမရွှေ့ရပါပဲ
သင်မှာမူကား စကြာဝဠာ တံတိုင်းတိုင်အောင်
ရွှေ့ပြီးပေးရတာ ဘာကြောင့်လဲ* လို့ မေးတော်မူတော့
* မြတ်စွာဘုရား ၊ တပည့်တော်၏ အလှူ သည် ...
တဆဲ့နှစ်ယူဇနာတိုင် အောင် ဖိုခနောက်တွေကို စီတန်းစေပြီး နှစ်ပေါင်းတသောင်း တိုင်တိုင်လှူ ခဲ့သော်လည်း
အလှူ ခံပုဂ္ဂိုလ်တွေကား .... သီလမရှိတဲ့ ဒုဿီလတွေကိုသာ လှူ ခဲ့ရသဖြင့် အကျိုးမကြီးကျ ယ်ပဲ တန်ခိုးနည်းငယ် ရပါတယ်ဘုရား * လို့ လျှောက်တယ်။
တဖန်ဣန္ဒကနတ်သားကို မေးပြန်တယ်
* အသင် ဣန္ဒက ၊ သင်ကား... ဘယ်ကုသိုလ်ကြောင့် ဘယ်နတ်လာလာ နေရာမရွှေ့ရအောင် တန်ခိုးကြီးသလဲ *တဲ့။
ဒီတော့ ဣန္ဒကနတ်သားက...
* မြတ်စွာဘုရား ၊ တပည့်တော်သည် ဆွမ်းခံဝင်လာသော အနုရုဒ္ဓါအား မိမိစားဖို့ ထားတဲ့ ဆွမ်းတဇွန်းလောင်းလှူ ဘူးပါတယ်။
ဒီလို သီလစင်ကြယ်သော အလှူ ခံကို လှူ ခဲ့ရလို့ 
တန်ခိုးကြီးရပါတယ်ဘုရား *
လို့  လျှောက်တယ်။
အဲဒါကြောင့် မြတ်စွာဘုရားက စိစစ်၍ လှူ သင့်ကြောင်းကို ဟော
တော်မူတယ်။
ကဲ--နတ်သား နှစ်ပါး၏ တန်ခိုးခြင်း ကွာခြားပုံကိုကြည့်ပါ။
မစိစစ်ပဲ လုပ်တဲ့အလုပ်ဟာ ပင်ပန်းသလောက် ခရီးမရောက်ဘူး။
စိစစ်ပြီးမှ လုပ်တဲ့အလုပ်ဟာ ပင်ပန်းသလောက် ခရီးရောက်တယ်။
လောကမှာ ပေါင်းသင်းကြတာလည်း...
ရွှေရှိတဲ့လူနှင့်ပေါင်းမှ ရွှေရနိုင်တယ်။
ငွေရှိတဲ့လူနှင့် ပေါင်းမှ ငွေရနိုင်တယ်။
စပါးရှိတဲ့လူနှင့်ပေါင်းမှ စပါးရနိုင်တယ်။
ဆီရှိတဲ့ လူနှင့်ပေါင်းမှ ဆီရနိုင်တယ်။
ပညာရှိတဲ့ လူနှင့်ပေါင်းမှ ပညာရနိုင်တယ်။
*ကိုးကွယ်ကြတယ် ဆည်းကပ်ကြတယ် ဆိုတာ ...
အကျိုးတရားကို လိုလားသဖြင့် ကိုးကွယ်ကြတာ ဆည်းကပ်ကြတာ ဖြစ်တယ်။
အဲဒီတော့ စိစစ်ရမယ်၊
ငါကိုးကွယ် ဆည်းကပ်သော အရာသည် ....
ငါလိုလားတဲ့ အကျိုးတရားကို ပေးနိုင်မပေးနိုင် စိစစ်ရမယ်။
ဘယ်လိုပုဂ္ဂို လ်ဟာ ကိုးကွယ်သူအား အကျိုးများစေသလဲ ၊
သီလစင်ကြယ်သောသူဟာ လယ်ယာမြေကောင်းနှင့် တူသဖြင့်
ကိုးကွယ်သူအား အကျိုးများစေတယ်။
သမာဓိ ရှိသောသူဟာ သစ်ပင်ကြီးနှင့် တူသောကြောင့်
မှီခိုသူအား အကျိုးများစေတယ် ။
ပညာရှိသောသူဟာ ဣစ္ဆာသယ ပတ္တမြားနှင့်တူသောကြောင့်
ဆည်းကပ်သူအား အကျိုးများစေတယ်။
****************
အဲဒါကြောင့် ငါတို့ ကိုးကွယ် ဆည်းကပ် မှီဝဲသောအရာသည်
သီလ သမာဓိ ပညာ သိက္ခာသုံးပါးနှင့် ပြည့်စုံရဲ့လား ၊ မပြည့်စုံဘူးလား ဆိုတာ စိစစ်ပြီးမှ မှီဝဲရမယ်။
မစိစစ်ပဲ ....
ဒါဟာ ငါတို့ လူမျိုးကိုးကွယ်တာပဲ ၊
ဒါဟာ ဘိုးဘွားမိဘ ကိုးကွယ်တာပဲ ၊
ဒါဟာ ငါတို့ ရွာက ကိုးကွယ်တာပဲ ၊
ဒါဟာ ငါတို့ အများကိုးကွယ် တာပဲ၊
ဒါဟာ ရှေးလူကြီးတွေ ကိုးကွယ်တာပဲ ဆိုပြီးကိုးကွယ်ယင် ...
ကိုးကွယ်ထိုက်တာကို ကိုးကွယ်မိစေကာမူ .....
ဉာဏဝိပ္ပယုတ် ကုသိုလ်သာဖြစ်ပြီး အကျိုးမများဘူး။
မကိုးကွယ်ထိုက်တာကို ကိုးကွယ်မိယင် ....
ဖွပ်ထာထက်ညစ် ၊ ဖွတ်မရ ဓားမဆုံး ဆိုသလို
ဖြစ်တတ်တယ် ။
ဒါကြောင့် ရှေးတုန်း က ...
အားထားသင့္တာကို အားထားမိလို ့ အက်ိဴ းမ် ားပုံ ၊
အားမထားသင့္တာကို အားထားမိလို ့ နစ္နာဆံုးရံႈးရပုံကို
ထုတ်ဆောင်ပြီး ဟောပါဦးမယ် ။ နားထောင်ကြ ။
ပဏ္ဍိတမေဝ သေဝေယျ ၊ ပဏ္ဍိတံ ဥပဇီဝတိ ။
တဿ အတ္ထာ ပဝဍ္ဎန္တိ ၊ ဥဒကေ ပဒုမာ ယထာ။
ပဏ္ဍိတမေဝ ၊ ကြောင်းကျိုးမြင်သိ ပညာရှိကိုသာလျှ င် ။
သေဝေယျ ၊ မှီဝဲဆည်းကပ်ရာ၏ ။
ယော ၊ အကြင် ပုဂ္ဂို လ်သည်။ ပဏ္ဍိတံ ၊ ကျိုးကြောင်း ဆင်ခြင်ပညာရှင်ကို။ ဥပဇီဝတိ ၊ ထံပါးနီးကပ် လွန်ချ ဉ်းကပ်လျ က် အသက်မွေး၏။
ပဒုမာ ကြာပန်းတို့ သည်။ ဥဒကေ ၊ ရေ၌ ။ ပဝဍ္ဎ န္တိယထာ ၊ ကြီးပွားကြကုန်သကဲ့သို့ ။
တထာ၊ ထိုအတူ သာလျှ င်။ တဿ ၊ ထိုပညာရှိနား ထံပါးနီးကပ် သက်မွေးတတ်သော သူအား ။
အတ္ထာ ၊ လောကီ လောကုတ် မယုတ်တိုးပွား အကျိုးတရားတို့ သည်။ ပဝဍ္ဎန္တိ ၊ တနေ့ တခြား တက်နေ လားသို့  ကြီးပွားကြကုန်သည် သာလျှ င်တည်း။
သာဓု သာဓု သာဓု ။
စာစီ ပူဇော်ပါသည်။
ဒေါ်ညွန့် ပခုက္ကူ။
ဆက်ရန်....>>
No comments:
Post a Comment