Friday, July 24, 2015

ပယ်​သစ္စာ... ပိုင်​သစ္စာ


⊙.☉⊙.☉⊙.☉⊙.☉

သစ္စာ​လေးပါး ဆိုတာ...
ဒုက္ခ.သမုဒယ.မဂ္ဂ.နိ​ရောဓ လို့ မ​ဟောဘူးလား။
ပဋိစ္စသမုပ္ပါဒ်​ အကွက်​ကို ကြည့်​တဲ့အခါ..
လေးကွက်​ မရှိဘူးလား။

အခု ​ရောက်​​နေတာ ဘယ်​အကွက်​ထဲမှာလဲ ။
ပစ္စုပ္ပန်​ ၂.အကွက်​ ဆိုတာ ဘာ.ဘာ​တွေလဲ။
ခန္ဓာဖွဲ့ကြည့်​​တော့ ... ခန္ဓာငါးပါး မရလား။
ဤခန္ဓာငါးပါး ဟာ အ​ကြောင်းတရားလား အကျိုးတရားလား။
အကျိုးတရား​နော်​။

အကျိုးတရားဆို ဖြစ်​ပြီး မပျက်​လား။
ဘာသစ္စာလဲ။
ချမ်းသာတဲ့တရားလား ဆင်းရဲတဲ့တရားလား။
ခန္ဓာရတဲ့ ပုဂ္ဂိုလ်​ဟာ... ချမ်းသာသလား ဆင်းရဲသလား။
ဆင်းရဲတယ်​​နော်​။

အဲဒီဆင်းရဲတာ သူအလိုလိုလား။
အ​ကြောင်း မရှိဘူးလား။
သူ့အလိုလို ဖြစ်​တာ မဟုတ်​ဘူး​နော်​ ။
အ​ကြောင်းရှာကြည့်​​တော့ အတိတ်​ကို မကြည့်​ရဘူးလား။
အဝိဇ္ဇာ သင်္ခါရ လို့ မ​ဟောလား။

သစ္စာ​လေးပါးကို မသိတာ...(အဝိဇ္ဇာ ပါဘုရား)
ခန္ဓာငါးပါးကို မသိတာ....(အဝိဇ္ဇာ ပါဘုရား)
ဤခန္ဓာငါးပါး တစ်​ပါးပါး ​ပေါ်မှာ လူနတ်​ဗြဟ္မာ သတ္တ၀ါ လို့ နှလုံးသွင်းမှားတာ.. ...(အဝိဇ္ဇာ ပါဘုရား)
နှလုံးသွင်းမှား​တော့ လိုချင်​တာ ဘယ်​သူလဲ။ .(တဏှာ  ပါဘုရား)
စွဲလမ်း တာ ဘယ်​သူလဲ။ .(ဥပါဒါန်​ ပါဘုရား)
အဝိဇ္ဇာ တဏှာ ဥပါဒါန်​​ပေါ့။

ဤသုံးခုကို သစ္စာ ဖွဲ့​တော့ ဘာသစ္စာလဲ။
သြော်​... သမုဒယသစ္စာ​နော်​။
လူနတ်​ဗြဟ္မာလား သမုဒယသစ္စာ လား။
မြို့ရွာတိုင်းပြည်​လား သမုဒယသစ္စာ လား။
သုံးဆယ့်​တစ်​ ဘုံလား သမုဒယသစ္စာ လား။
သမုဒယဘဲ​တွေ့တယ်​​နော်​။ အဲဒီ သမုဒယသစ္စာ သိဖို့ လိုတာ။

သမုဒယသစ္စာ မသိ​တော့ ပုဂ္ဂိုလ်​ သတ္တ၀ါ လို့ မထင်​ကြဘူးလား။
ရှိတယ်​လို့ မယူကြဘူးလား။
သေချာချာ​လေ့လာ​ဟေ့။
ဒါ သမုဒယ သစ္စာ လို့ သိတာ... ငါက သိတာလား မဂ္ဂသစ္စာ...။
မဂ္ဂသစ္စာက သိတာ​နော်​။

သမုဒယ အ​ကြောင်းရှိသမျှ အကျိုးခန္ဓာ မ​ပေါ်ဘူးလား။
လူနတ်​ဗြဟ္မာလား ခန္ဓာငါးပါး ။
ဤခန္ဓာက ဖြစ်​ပြီး မပျက်​လား။ ဘာသစ္စာလဲ။
ဒုက္ခသစ္စာ​ပေါ့။
သမုဒယ ဒုက္ခ​နော်​။
သမုဒယ သစ္စာသာ ချုပ်​မယ်​ဆို...ဒုက္ခ သစ္စာ ​ပေါ်ပါ့မလား။
အေး အခုဟာ သမုဒယ ​ကြောင့်​ ဒုက္ခဖြစ်​တာ​ပေါ့။

၂.အကွက်​ကို ​ရောက်​​နေတာ​ပေါ့။
နောက်​ဆုတ်​လို့ ရပါမလား။ ၂.မှာ... မျိုး​စေ့ အပင်​​ပေါက်​​နေပြီကိုး ကွဲ့။
၃.ကို မကူး​အောင်​သာ စိတ်​ကူး​နော်​။
မြင်​ဆဲ ကြားဆဲ နံဆဲ စားဆဲ ထိဆဲ သိဆဲ သူ​တွေ ငါ​တွေလား ခန္ဓာ​ပေါ်တာလား။
အဲဒါ အကွက်​အ​နေနဲ့ ၂.အကွက်​​ပေါ့။
၂.အကွက်​မှာ ရှိတဲ့ ခန္ဓာလို့ သိဖို့ မလိုလား။
ခန္ဓာလို့ သိရင်​ ပုဂ္ဂိုလ်​ သတ္တ၀ါ လို့ ယူဦးမလား။

ဆက်​ကြည့်​​တော့....
အနိစ္စ ဒုက္ခ အနတ္တလို့ မပြလား။
ကောင်းတဲ့တရားလား မ​ကောင်းတဲ့တရားလား။
မ​ကောင်းဘူးလို့ အမှန်​သိရင်​... တဏှာလာဦးမလား။
ဥပါဒါန်​လာဦးမလား။
ကံကား လာဦးမလား။

မလာရင်​.... ၂.မှာ ရှိတဲ့ ဖြစ်​ပျက်​ ဒုက္ခသစ္စာ သိ​တော့ ၃မှာ ပဋိစ္စသမုပ္ပါဒ်​ ၃မျိုး မပြတ်​လား။
တဏှာပဋိစ္စသမုပ္ပါဒ်​ ဥပါဒါန်​ပဋိစ္စသမုပ္ပါဒ် ကံပဋိစ္စသမုပ္ပါဒ်​​ပေါ့။
၃.ပြတ်​တဲ့ အတွက်​ ၄မှာ နိ​ရောဓ လို့မ​ဟောလား။
အဲဒါ မဂ္ဂနိ​ရောဓ​ပေါ့။

၁.နဲ့ ၂က သမုဒယ ဒုက္ခ​ပေါ့။
၃နဲ့ ၄ကို မဂ္ဂနဲ့ နိ​ရောဓ​ပေါ့။
အဲဒီ သစ္စာ​လေးပါးကို သိ​တော့ သမုဒယနဲ့ဒုက္ခကို မပယ်​ရဘူးလား။
မဂ္ဂနဲ့ နိ​ရောဓ ကို လက်​ခံသိမ်းပိုက်​ရမှာ​ပေါ့။
အဲဒါ​ကြောင့်​ ပယ်​သစ္စာက သမုဒယ ဒုက္ခ​လေ။
လက်​ခံ သိမ်းပိုက်​ရမှာ မဂ္ဂ နိ​ရောဓ ​ပေါ့။
အဲလို သိဖို့လိုတယ်​​နော်​။ သိမှ ပယ်​နိုင်​တာ။

ကျေးဇူး​တော်​ရှင်​ မုံလယ်​ ဆရာ​တော်​ကြီး

ရှေးတိပ်​တရား​တော်​ mc.15မှ စာစီပူ​ဇော်​ပါသည်​။
အရှင်​​တေဇနိယမုံလယ်​ဇ 

No comments:

Post a Comment