🙏မုံလယ်ဆရာတော်ဘုရားကြီး အဆုံးအမ🙏
🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳
💠သစ္စာလေးပါးကို လူတွေ ပြောတော့ ပြောတတ်တယ် မသိ။
ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ။
သမုဒယသစ္စာ ဒုက္ခသစ္စာ မဂ္ဂသစ္စာ နိရောဓသစ္စာ။
💠သစ္စာလေးပါးကို ကြားဖူးရင်
ယဉ်ကျေးမှု ဖြစ်ပါတယ်ဗျား။
💠အခု တစ်ယောက်နဲ့ တစ်ယောက် ပြောကြတယ်နော်။
တရား... ဘယ်သူက တရား လုပ်တယ်။
ဘယ်သူက တရား မလုပ်ဘူးလို့ မပြောကြဘူးလား။
💠လူမှန်လို့ ရှိရင် စိစစ်... စဉ်းစားနော်။
အဲဒါ လူလို့ အခေါ်ခံရတဲ့ ပုဂ္ဂိုလ် ဟူသရွေ့
အကုန်လုံး တရား မလုပ်တဲ့လူလို့ မရှိ။
တရားသမားတွေ ပဲ။
💠တရားသမားတွေချည်း။ တရား အလုပ်သမားတွေ။
ဝက်သတ်တာလည်း တရားကွဲ့။
သတ္တဝါ အသီးသီး သတ်တာ တရားကွဲ့။
ခိုးတာတွေလည်း တရားကွဲ့။
သူများ လင်သားမယား စော်ကားတာ တရားကွဲ့။
မုသား သုံးတာ တရားကွဲ့။
သောက်တာ စားတာ တရား...။
💠ကဲ သတ်တာ မှန်တော့ကာ
ဘယ်သူက ဘယ်သူ သတ်တယ်လို့ သက်သေ မရှိဘူးလား။
သက်သေ အထောက်အထား ရှိတော့
အစိုးရ ရာဇဝတ်မှု မဖမ်းဘူးလား။
ထောင် မကျလား။
သတ်တာ... မှန်တာ။ ထောင်မကျဘူးလား။
ဒါ မှန်လို့ပေါ့။
ထောင်က လွတ်ဦး... အပါယ်က လွတ်ပါမလား။
ဒါ... တရားတာ။
💠မသတ်တာကလည်း တရား။
မခိုးတာကလည်း တရား။
သူများ လင်သားမယား မစော်ကားတာ တရား။
မုသား မသုံးတာ တရား။
မသောက်တာ မစားတာ တရား...။
အဲဒါ ... ကုသိုလ် တရား။
စိစစ်ဖို့ မကောင်းလား။
💠သတ်တာ ခိုးတာ သူများ လင်သားမယား စော်ကားတာ
မုသား သုံးတာ သောက်တာ
ဒါ... အကုသိုလ် တရား...။
အကုသိုလ်တရား မမှန်လား။
မှန်လို့... ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်လို့ မဟောလား။
💠လူတွေက တရား မလုပ်ဘူး လို့ ပြောကြတယ်။
တရား လုပ်တယ်ဗျ။
ဘယ် တရားလဲ...။
အကုသိုလ်တရား။
💠ငါးပါးသီလ ပြည့်စုံတာ ကုသိုလ် တရား။
စိစစ်ဖို့ မကောင်းလား။
💠အဲလို ခြားနားဖို့ မကောင်းလား။
ဒါကြောင့် သမုဒယ ဒုက္ခ။
၁-ကိုကြည့် သမုဒယ ။ ၂-ကိုကြည့် ဒုက္ခ။
၃-နဲ့ ၄-ကို ကြည့်
၃-က သမုဒယ ၄-က ဒုက္ခ။
ကဲ မဂ္ဂ နိရောဓ ပါရဲ့လား။
ပါဘူးဗျား။
အဲလို သစ္စာသိဖို့ မလိုဘူးလား။
ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး။
💎အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။💎
(တိပ်တရားတော် (6-12-68/2:00) မှ
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ.မုံလယ်ဇ။)
No comments:
Post a Comment