Friday, August 7, 2015

အ​ရေးကြီးဆုံးက ဘာလဲ

အ​ရေးကြီးဆုံးက ဘာလဲ....။

ဘုရား​ဟော ဟုတ်​သလား မဟုတ်​ဘူးလား ဆိုတာထက်​ ပိုအ​ရေးတာက​တော့....
ဒီတရားကို နာယူပြီး
ကျင့်​သုံးလို့ အကျိုးရှိသလား မရှိဘူးလားက ပိုအ​ရေးကြီးပါတယ်​တဲ့။

ဒီလို ကိစ္စမျိုးမှာ  မြတ်​စွာဘုရားက. ​ဟောထားခဲ့တာရှိတယ်​။
အဂ္ဂိဝစ္ဆ သုတ်​မှာကြည့်​ တဲ့။

ရှေးတုန်းက ... အ​ဝေးကပစ်​တဲ့ လက်​နက်​ဟာ မြှားပဲ ရှိတာ​ပေါ့။ အခု​ခေတ်​​တော့ ​သေနတ်​​ပေါ့​နော်​။
ရှေးတုန်းက အ​ဝေးက ပစ်​လိုက်​တဲ့ မြှား အမှန်​ခံရတဲ့  ပုဂ္ဂိုလ်​တ​ယောက်​ဟာ ....
ဘာ အ​ရေးကြီးဆုံးလဲ ဆိုရင်
အဲဒီမြှားကို နှုတ်​ပစ်​ဖို့နှင့်​ ​ဆေးကုဖို့က အ​ရေးမကြီးဘူးလား။
အ​ရေးကြီဆုံးက အဲ ဒါဘဲ​နော်​။

မြှားဘယ်​သူ ပစ်​တာလဲဆိုတာက အ​ရေးမကြီးဘူး။
ဒီမြှားတံဟာ ဘာနဲ့ လုပ်​ထားတာလဲ ဆိုတာလည်း အ​ရေးမကြီးဘူး။
ဘယ်​​နေရာက ပစ်​လိုက်​တာလဲ ဆိုတာလည်း အ​ရေးမကြီးဘူး။

အ​ရေးကြီးဆုံးက​တော့....
ကိုယ့်​ ကိုယ်​မှာ စူး​နေတဲ့မြှားကို မြန်​မြန်​ နှုတ်​ပစ်​ပြီး
ရောဂါ​ပျောက်​ဖို့က အ​ရေးကြီးတယ်​ တဲ့။

အဲဒါ ဘာကို ​ပြောသလဲ ဆိုလျှင်​ ...
အဘိဓမ္မာကို ဘုရား​ဟောတယ်​။
ဘုရား မ​ဟောဘူး။
ဟောတယ်​ မ​ဟောဘူးက အ​ရေးမကြီးဘူး။ တဲ့။
လွန်​ခဲ့တဲ့ နှစ်​​ပေါင်း ၂၅၀၀က ကိစ္စဖြစ်​တယ်​။

အ​ရေးကြီးဆုံးက ဘာလဲဆိုလျှင်​...
ကိုယ့်​မှာ စူး​နေတဲ့ ​လောဘ ​ဒေါသ ​မောဟ ဆိုတဲ့ မြှားနှုတ်​ဖို့က အ​ရေးကြီးတာတဲ့။

အ​ရေးကြီးတဲ့ကိစ္စ မလုပ်​ဘဲနှင့်​....
အ​ရေးမကြီးတဲ့ ကိစ္စ သွားလုပ်​​နေလျှင်
အကျိုးရှိမှာ မဟုတ်​ဘူး။

ပါ​မောက္ခချုပ်​ ဆရာ​တော်​ကြီး
အရှင်​နန္ဒမာလာဘိဝံသ

သေချာ​သောလမ်းမှ ​လျှောက်​လှမ်းပါ...တရား​တော်​မှ
စာစီပူ​ဇော်​ပါသည်​။
ဓမ္မစက်​ဝန်း

Wednesday, July 29, 2015

ပြောသံကြား​တွေနဲ့ မလုပ်​နဲ့ 

ပြောသံကြား​တွေနဲ့ မလုပ်​နဲ့ 

`````````````````````
´´´´´´´´´´´´´´´´´´´´´

ဘုန်းကြီးတို့ ရွာမှာ..... ဆရာ​တော်​ ဦးဒသမဆိုတာ ရှိတယ်​။
ရန်​ကုန်​က ဦးစံသိန်းတို့​တွေက ပင့်​လို့ ...
ရန်​ကုန်​မှာ တရားဖွင့်​မလို့ သထုံကို ​လေ့လာတယ်​​နော်​။ဂန့်​​ဂေါ ​ရောက်​​တော့ သူ့ဌာ​နေ ​ရောက်​တဲ့အခါကျ​တော့ မကျန်းမမာဖြစ်​.... အဲဒါနဲ့ ဦးစံသိန်းတို့.. .
ကိုင်း ဒကာတို့ ​ကျေနပ်​တဲ့ ပုဂ္ဂိုလ်​ကိုပင့်​ကြ ။
ကျုပ်​​တော့ ကျန်းမာ​ရေး မညီညွတ်​ဘူးလို့ စာပြန်​လိုက်​တာ​ပေါ့။

အဲဒီ​တော့ သူ့​ကျောင်းမှာ တရား​တွေ ဘာ​တွေ ဖွင့်​လို့်​ ဂူ​တွေ ဘာ​တွေ ကမ္မဋ္ဌာန်း​ကျောင်း​တွေ ထားတာ​ပေါ့။
ဒါက ဘယ်​လို ​လေ့လာ။
သွား သွား သွား နင်​တို့်​ ဂူထဲ ဝင်​ကြ။
ဘယ်​လိုများ မြင်​လဲ ကြည့်​ခဲ့ကြ ခိုင်းတာ​ပေါ့။

တချို့ကလည်း ဒါဝင်​ပြီ ကြည့်​ပြီ ဆိုတဲ့အခါကျ​တော့....
ဘယ်​လို​နေလဲ.... ဝင်းလို့ ​နေတယ်​။
တချို့က ဘယ်​လိုမြင်​တယ်​ ပုံ​တော်​​တွေ။ ဘုရားပုံ​တော်​​တွေ မြင်​တယ်​။
တချို့က ​အေးပြီး​တော့ ​နေတယ်​။ ဒီလို​တွေ​ပေါ့။
အမျိုးမျိုး ​တွေ့ဖူး ကြုံဖူး ကြားဖူးတာ​တွေ ​ပြောကြတာ​ပေါ့​လေ။

အမျိုးသမီး​လေး အပျို​လေးက ​အေး​မေတဲ့။
အဲဒီအမျိုးသမီးက ​သေပြီးပြီ။
သွားသွား နင်​လည်း ဝင်​​ချေ... ကြည့်​​ချေလို့ ခိုင်း​တော့တာ။
ကြည့်​ဖို့ ခိုင်း​တော့ ဝင်​​တော့တာ။ ဘုန်းကြီး ခိုင်းလို့သာ ဝင်​ရတာကိုး။ ခပ်​​ကြောက်​​ကြောက်​ ကြားလား။

အတန်​ငယ်​ကြာ​တော့ နင်​က ဘယ်​လို​တွေ့သလဲ။
ကင်းများ​တွေ့မလား...​မြွေများ ​တွေ့မလား
အဲဒါ ​တွေကို ​တွေး​နေတာ တခြား ဘာမှ မ​တွေ့ဘူးတဲ့ ကြားလား။ နင်​ကမှန်​တယ်​ နင်​ကမှန်​တယ်​တဲ့။

ဟိုလူ​တွေက သူများ ​ပြောသံကြားတာ စွက်​​ပြောတာ တခုမှ မဟုတ်​ဘူးတဲ့။
နင်​က နင့်​ပင်​ကိုစိတ်​ အတိုင်း ​ပြောတာ နင်​ကမှန်​တယ်​တဲ့။
ကြားလား.... နင်​က မှန်​တယ်​တဲ့ ။
သေချာချာ​လေ့လာ​နော်​။ ဟိုဟာ​တွေက သူများ ​ပြောသံကြားတာ စွက်​​ပြောတာ ဘာမှ မဟုတ်​ဘူး တဲ့။
အဲဒီလို ​ပြောဖူးတယ်​...ကြားလား။

အခုလည်း ​ပြောသံကြား​တွေနဲ့ မလုပ်​နဲ့ 
ကိုယ့်​ခန္ဓာက ပြတာကို ​ပြောရတာ။
တွေ့တာကို ​ပြောရမှာဟ။
သေချာချာ​လေ့လာ​နော်​။
မြွေ ​မြွေချင်း ​ခြေမြင်​တယ်​တဲ့။ လိမ်​လို့ မရဘူး။

ကျေးဇူး​တော်​ရှင်​ မုံလယ်ေ​တာရ ဆရာ​တော်​ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ

ရှေးတိပ်​တရား​တော်​ mc.14မှ စာစီပူ​ဇော်​ပါသည်​။
တပည့်​ မုံလယ်​ဇ ။

Tuesday, July 28, 2015

အရှုံး​ပေးသမျှ ....အနိုင်​ဆုံး

အရှုံး​ပေးသမျှ ....အနိုင်​ဆုံး
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ဘုရားဆုပန်​တဲ့ အချိန်​ကစ...​ဟော
ခြင်​​လေး ဒီမှာ ဒီလို ကိုက်​ပြီး​တော့ စုပ်​​နေတာ​လေ...
စိတ်​ထဲက ​ကျေ​ကျေနပ်​နပ်​ ဝ​အောင်​သာ စုပ်​လို့ လှူတာ.... ကြားလား။

မလှူနိုင်​ဘူး ဒီက အသာ​ခြောက်​ရမှာ ဒီလို...မလှူနိုင်​ဘူးဟ။ လှူနိုင်​ပါမလား။
အားရပါးရ ကွာ...ခြင်​ကစ အရှုံး​ပေးပါတကား
ခြင်​ကစ အရှုံး မ​ပေးဘူးလား။
ဒါ​ကြောင့်​မို့ အတု...အတူ မရှိတာကိုးကွဲ့
ဒါမို့ အနိုင်​ဆုံးဖြစ်​ခဲ့တာ​နော်​။

ကဲ ဘယ်​ဘက်​ကပါ့ ယှဉ်​ယှဉ်​ ဘုရားမီနိုင်​တဲ့ ပုဂ္ဂိုလ်​ ရှိ​သေးရဲ့လား။
အရှုံး​ပေးသမျှ ....အနိုင်​ဆုံး​ပေါ့။
အခု လူ့​လောက ကိုယ်​ကဘဲ နိုင်​ချင်​တာကွဲ့။
နိုင်​ချင်​သမျှ ...ဒါ အရှုံး ချည်းလို့သာ ​အောက်​​မေ့။
ဖြစ်​တဲ့ဘဝမှာ ​အောက်​ကျဆုံး....လို့သာ ​အောက်​​မေ့ ကြားလား။

ကျေးဇူး​တော်​ရှင်​ မုံလယ်​ ဆရာ​တော်​ကြီး

ရှေးတိပ်​တရား​တော်​ mc.14မှ စာစီပူ​ဇော်​ပါသည်​။
တပည့်​ .... မုံလယ်​ဇ အရှင်​​တေဇနိယ

သတ္တိ ​ကောင်းတဲ့သူလား ညံတဲ့သူလား။

သတ္တိ ​ကောင်းတဲ့သူလား ညံတဲ့သူလား။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏

ဓားပြ​တွေ သူခိုး​တွေ ဆိုတာ....
ကြားဖူးရဲ့လား​ဟေ့။
ဓားပြ​လောက်​ သတ္တိ ညံ့တဲ့ သူဟာ ဓားပြပါ့ ရှိတယ်​ကွာ ... ဘုန်းကြီး စဉ်းစားတာ။
ထမင်းတစ်​နပ်​ကိုပါ့ အငတ်​မခံနိုင်​တဲ့ ဓားပြပါတကား​ဟေ့။
ကြားရဲ့လား။

ကဲ ဟိုမှာ အ​လောင်း​တော်​တို့များ  ကိုယ်​စားရမည့်​ အစာ​တောင်​ မလှူဘူးလား။
အသား​တောင်​ လှူတယ်​​နော်​။
မျက်​လုံး​တွေ လှူတယ်​​နော်​။ အားရပါးရ ကွာ။
ကျောချမ်း​နေပြီ... မလှူနိုင်​ဘူး။
ကဲ ဘယ်​​လောက်​များ အားရပါးရ ​ကောင်းလဲ​နော်​။

ဓားပြတိုက်​တဲ့ ပုဂ္ဂိုလ်​ ဟာ ... သတ္တိ အလွန် ​နည်းတာ။ သူ ငတ်​မှာ ​သေမှာ သိပ်​​ကြောက်​တဲ့ လူပါတကားကွဲ့။
နည်းနည်း​လေးမှ အငတ်​မခံနိုင်​ပါတကား။
သတ္တိ ​ကောင်းတဲ့သူလား ညံတဲ့သူလား။
အားရပါးရ​ဟေ ... ဘုရား​လောင်း သတ္တိ ​ကောင်းတယ်​​နော်​။
အကုန်​လုံး အဖက်​ဖက်​က မလှူဘူးလား။

ကျေးဇူး​တော်​ရှင်​ မုံလယ်​ ဆရာ​တော်​ကြီး

ရှေးတိပ်​တရား​တော်​ mc.14 မှ စာစီပူ​ဇော်​ပါသည်​။
တပည့်​ မုံလယ်​ဇ

အာ​ပေါ သြဇာ မ​နောမှာ

အာ​ပေါ သြဇာ မ​နောမှာ
★ ★ ★ ★ ★ ★ ★ ★

ပထဝီ အာ​ပေါ ​တေ​ဇော ဝါ​ယော
ဝဏ္ဏ ဂန္ဓ ရသ သြဇာ ​ပေါ့... ဓာတ်​၈.ပါး မရလား။
သေချာချာ ​လေ့လာ​နော်​။
အဲဒီ ဓာတ်​၈ပါးကို သိဖို့ မလိုလား။
ပထဝီ ဆိုတာ...ဘယ်​သ​ဘောရှိသလဲ။
မာသ​ဘော ​ပျော့သ​ဘော ရှိပါဘုရား။
တေ​ဇောက ဘယ်​သ​ဘောလဲ။
ပူမှု​အေးမှုပါဘုရား။
ဝါ​ယောက.....။ ​ထောက်​ကန်​ လှုပ်​ရှားမှုပါဘုရား။

ပထဝီ​ဖောဋ္ဌဗ္ဗ ​တေ​ဇော​ဖောဋ္ဌဗ္ဗ ဝါ​ယော​ဖောဋ္ဌဗ္ဗ ​နော်​။
ဤသုံးခုက ဘယ်​ဒွါရမှာ ဖြစ်​တာလဲ။
ကာယဒွါရမှာဖြစ်​တယ်​​နော်​။
ဤကာယဒွါရမှာ ဖြစ်​တာ မျက်​စိနဲ့ ကြည့်​ မြင်​ရပါမလား။
သူ့ဒွါရ မဟုတ်​ဘဲကိုး။
သူ့ဒွါရ သူ့အာရုံ​တွေ​နော်​။
အဲလိုစိစစ်​ဖို့မ​ကောင်းလား။

အာ​ပေါ...ဆိုတာ ဖွဲ့စည်းတဲ့သ​ဘော ယိုစီးတဲ့သ​ဘော​နော်​။
ဒါ​ကြောင့်​ အာ​ပေါ သြဇာ မ​နောမှာလို့ မ​ဟောဘူးလား။
အဲဒါကို စိတ်​နဲ့ ဉာဏ်​နဲ့ သိရမည့်​တရားကွဲ့။

ပထဝီ ​တေ​ဇော ဝါ​ယောက ထိမှ သိရမည့်​တရား။
မျက်​စိနဲ့ဆိုင်​ရာ အဆင်း​နော်​။
မြင်​မှ သိရတဲ့တရား။
တရား​ပျောက်​​တော့ ကိုယ်​မှာရှာ
ကိုယ်​မှာရှာ​တော့ တရား​တွေ့တယ်​ မ​ဟောဘူးလား။
အဲဒီတရား​လေးကို ပိုင်​ပိုင်​နိုင်​နိုင်​ ထိထိမိမိ အပ်​ကျမပ်​ကျ သူ​ပြောမဟုတ်​ ကိုယ်​​တွေ့လက်​​တွေ့ သိမယ်​ဆို သက္ကာယဒိဋ္ဌိပြုတ်​တယ်​။
အဲဒါ လက်​​တွေ့ မျက်​​တွေ့ သိဖို့လိုတယ်​​နော်​။
အဲလိုစိစစ်​ဖို့မ​ကောင်းလား။

ကျေးဇူး​တော်​ရှင်​ မုံလယ်​ ဆရာ​တော်​ဘုရားကြီး

ရှေးတိပ်​တရား​တော်​ mc.14မှ စာစီပူ​ဇော်​ပါသည်​။
တပည့်​ မုံလယ်​ဇ

Sunday, July 26, 2015

အခုရှိ​နေတဲ့ နတ်​​တွေနဲ့ သိကြားမင်း.. .ဘယ်​သူက တန်​ခိုးကြီးမလဲ​ဟေ့။


^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

တာဝတိံသာ နတ်​ပြည်​က​နေ သိကြားမင်း တခါ လူ့ပြည်​ကိုလှည့်​လို့ တခါတခါ ရှိခိုးတာ မရှိဘူးလား။
မာတလိ.ဝိသုကြုံနတ်​သား ​တွေက...
အသင်​သိကြားမင်းတဲ့ လူ့ပြည်​ကို လှည့်​လည်​လို့ ရှိခိုးတာ
ဘယ်​သူ့ကို ရှိခိုးသလဲ လို့ မ​မေးဘူးလား​ဟေ့။

လူပြည်​မှာ သီလအင်္ဂါနဲ့ ပြည့်​စုံပြီး​တော့...ငါးပါးသီလ ထိန်းသိမ်းပြီး​တော့မှ
မိဘ​တွေ ကို ​ကျွေးတာ​တွေ...
သားမယား​တွေကို တရားသဖြင့်​ ​ကျွေးတဲ့လူ​တွေကို ငါသိကြားမင်း ရှိခိုးတယ်​တဲ့ ကြားလား။

ဟာ...သီလရှိတဲ့ ပုဂ္ဂိုလ်​.... သိကြားမင်း က​တောင်​ ရှိခိုးပါတကား​ဟေ့။
အေး... နင်​တို့ သီလအင်္ဂါနဲ့ ပြည့်​စုံ​အောင်​​နေ​နော်​။
သိကြားမင်း က ရှိခိုးတာ။
အခုရှိ​နေတဲ့ နတ်​​တွေနဲ့ သိကြားမင်း.. .ဘယ်​သူက တန်​ခိုးကြီးမလဲ​ဟေ့။
ဟာ...သိကြားမင်း က တန်​ခိုးကြီးတယ်​။ ကြားလား။
အဲတာ​တွေ နင်​တို့ ဆရာ့ဆရာ​တွေ ​ဟောတဲ့ အထဲမှာ ကြားဖူးမှာပါ။ မထင်​ရှားဘူးလား။

ကျေးဇူး​တော်​ရှင်​ မုံလယ်​ဆရာ​တော်​ကြီး
ရှေးတိပ်​တရား​တော်​ mc.11 မှ စာစီပူ​ဇော်​ပါသည်​။
တပည့်​ အရှင်​​တေဇနိယ မုံလယ်​ဇ.။

Friday, July 24, 2015

ပယ်​သစ္စာ... ပိုင်​သစ္စာ


⊙.☉⊙.☉⊙.☉⊙.☉

သစ္စာ​လေးပါး ဆိုတာ...
ဒုက္ခ.သမုဒယ.မဂ္ဂ.နိ​ရောဓ လို့ မ​ဟောဘူးလား။
ပဋိစ္စသမုပ္ပါဒ်​ အကွက်​ကို ကြည့်​တဲ့အခါ..
လေးကွက်​ မရှိဘူးလား။

အခု ​ရောက်​​နေတာ ဘယ်​အကွက်​ထဲမှာလဲ ။
ပစ္စုပ္ပန်​ ၂.အကွက်​ ဆိုတာ ဘာ.ဘာ​တွေလဲ။
ခန္ဓာဖွဲ့ကြည့်​​တော့ ... ခန္ဓာငါးပါး မရလား။
ဤခန္ဓာငါးပါး ဟာ အ​ကြောင်းတရားလား အကျိုးတရားလား။
အကျိုးတရား​နော်​။

အကျိုးတရားဆို ဖြစ်​ပြီး မပျက်​လား။
ဘာသစ္စာလဲ။
ချမ်းသာတဲ့တရားလား ဆင်းရဲတဲ့တရားလား။
ခန္ဓာရတဲ့ ပုဂ္ဂိုလ်​ဟာ... ချမ်းသာသလား ဆင်းရဲသလား။
ဆင်းရဲတယ်​​နော်​။

အဲဒီဆင်းရဲတာ သူအလိုလိုလား။
အ​ကြောင်း မရှိဘူးလား။
သူ့အလိုလို ဖြစ်​တာ မဟုတ်​ဘူး​နော်​ ။
အ​ကြောင်းရှာကြည့်​​တော့ အတိတ်​ကို မကြည့်​ရဘူးလား။
အဝိဇ္ဇာ သင်္ခါရ လို့ မ​ဟောလား။

သစ္စာ​လေးပါးကို မသိတာ...(အဝိဇ္ဇာ ပါဘုရား)
ခန္ဓာငါးပါးကို မသိတာ....(အဝိဇ္ဇာ ပါဘုရား)
ဤခန္ဓာငါးပါး တစ်​ပါးပါး ​ပေါ်မှာ လူနတ်​ဗြဟ္မာ သတ္တ၀ါ လို့ နှလုံးသွင်းမှားတာ.. ...(အဝိဇ္ဇာ ပါဘုရား)
နှလုံးသွင်းမှား​တော့ လိုချင်​တာ ဘယ်​သူလဲ။ .(တဏှာ  ပါဘုရား)
စွဲလမ်း တာ ဘယ်​သူလဲ။ .(ဥပါဒါန်​ ပါဘုရား)
အဝိဇ္ဇာ တဏှာ ဥပါဒါန်​​ပေါ့။

ဤသုံးခုကို သစ္စာ ဖွဲ့​တော့ ဘာသစ္စာလဲ။
သြော်​... သမုဒယသစ္စာ​နော်​။
လူနတ်​ဗြဟ္မာလား သမုဒယသစ္စာ လား။
မြို့ရွာတိုင်းပြည်​လား သမုဒယသစ္စာ လား။
သုံးဆယ့်​တစ်​ ဘုံလား သမုဒယသစ္စာ လား။
သမုဒယဘဲ​တွေ့တယ်​​နော်​။ အဲဒီ သမုဒယသစ္စာ သိဖို့ လိုတာ။

သမုဒယသစ္စာ မသိ​တော့ ပုဂ္ဂိုလ်​ သတ္တ၀ါ လို့ မထင်​ကြဘူးလား။
ရှိတယ်​လို့ မယူကြဘူးလား။
သေချာချာ​လေ့လာ​ဟေ့။
ဒါ သမုဒယ သစ္စာ လို့ သိတာ... ငါက သိတာလား မဂ္ဂသစ္စာ...။
မဂ္ဂသစ္စာက သိတာ​နော်​။

သမုဒယ အ​ကြောင်းရှိသမျှ အကျိုးခန္ဓာ မ​ပေါ်ဘူးလား။
လူနတ်​ဗြဟ္မာလား ခန္ဓာငါးပါး ။
ဤခန္ဓာက ဖြစ်​ပြီး မပျက်​လား။ ဘာသစ္စာလဲ။
ဒုက္ခသစ္စာ​ပေါ့။
သမုဒယ ဒုက္ခ​နော်​။
သမုဒယ သစ္စာသာ ချုပ်​မယ်​ဆို...ဒုက္ခ သစ္စာ ​ပေါ်ပါ့မလား။
အေး အခုဟာ သမုဒယ ​ကြောင့်​ ဒုက္ခဖြစ်​တာ​ပေါ့။

၂.အကွက်​ကို ​ရောက်​​နေတာ​ပေါ့။
နောက်​ဆုတ်​လို့ ရပါမလား။ ၂.မှာ... မျိုး​စေ့ အပင်​​ပေါက်​​နေပြီကိုး ကွဲ့။
၃.ကို မကူး​အောင်​သာ စိတ်​ကူး​နော်​။
မြင်​ဆဲ ကြားဆဲ နံဆဲ စားဆဲ ထိဆဲ သိဆဲ သူ​တွေ ငါ​တွေလား ခန္ဓာ​ပေါ်တာလား။
အဲဒါ အကွက်​အ​နေနဲ့ ၂.အကွက်​​ပေါ့။
၂.အကွက်​မှာ ရှိတဲ့ ခန္ဓာလို့ သိဖို့ မလိုလား။
ခန္ဓာလို့ သိရင်​ ပုဂ္ဂိုလ်​ သတ္တ၀ါ လို့ ယူဦးမလား။

ဆက်​ကြည့်​​တော့....
အနိစ္စ ဒုက္ခ အနတ္တလို့ မပြလား။
ကောင်းတဲ့တရားလား မ​ကောင်းတဲ့တရားလား။
မ​ကောင်းဘူးလို့ အမှန်​သိရင်​... တဏှာလာဦးမလား။
ဥပါဒါန်​လာဦးမလား။
ကံကား လာဦးမလား။

မလာရင်​.... ၂.မှာ ရှိတဲ့ ဖြစ်​ပျက်​ ဒုက္ခသစ္စာ သိ​တော့ ၃မှာ ပဋိစ္စသမုပ္ပါဒ်​ ၃မျိုး မပြတ်​လား။
တဏှာပဋိစ္စသမုပ္ပါဒ်​ ဥပါဒါန်​ပဋိစ္စသမုပ္ပါဒ် ကံပဋိစ္စသမုပ္ပါဒ်​​ပေါ့။
၃.ပြတ်​တဲ့ အတွက်​ ၄မှာ နိ​ရောဓ လို့မ​ဟောလား။
အဲဒါ မဂ္ဂနိ​ရောဓ​ပေါ့။

၁.နဲ့ ၂က သမုဒယ ဒုက္ခ​ပေါ့။
၃နဲ့ ၄ကို မဂ္ဂနဲ့ နိ​ရောဓ​ပေါ့။
အဲဒီ သစ္စာ​လေးပါးကို သိ​တော့ သမုဒယနဲ့ဒုက္ခကို မပယ်​ရဘူးလား။
မဂ္ဂနဲ့ နိ​ရောဓ ကို လက်​ခံသိမ်းပိုက်​ရမှာ​ပေါ့။
အဲဒါ​ကြောင့်​ ပယ်​သစ္စာက သမုဒယ ဒုက္ခ​လေ။
လက်​ခံ သိမ်းပိုက်​ရမှာ မဂ္ဂ နိ​ရောဓ ​ပေါ့။
အဲလို သိဖို့လိုတယ်​​နော်​။ သိမှ ပယ်​နိုင်​တာ။

ကျေးဇူး​တော်​ရှင်​ မုံလယ်​ ဆရာ​တော်​ကြီး

ရှေးတိပ်​တရား​တော်​ mc.15မှ စာစီပူ​ဇော်​ပါသည်​။
အရှင်​​တေဇနိယမုံလယ်​ဇ 

နီး​တော့ နီးတယ်​...

နီး​တော့ နီးတယ်
✔ ✔ ✔ ✔ ✔

နီး​တော့ နီးတယ်​​ဟေ့
ဘယ်​လို နီးသလဲဆို​တော့ ပြန်​စိစစ်​ကြဦး​နော်​။
ုကြိုး​လေးနှစ်​​ချောင်း နှစ်​ပင်​ကျစ်​လိုက်​တာ​ပေါ့။
တစ်​ပင်​က အဖြူ... တစ်​ပင်​က အမဲ​လေ။
နှစ်​ခု ပူးပြီး​တော့ ထားလိုက်​​ပေါ့။
တစ်​​ချောင်းထည်းလို့ မမြင်​ဘူးလား။
နှစ်​​ချောင်းပူးထား​တော့ တစ်​​ချောင်းထည်းလို့ ထင်​ရတယ်​ ​နော်​။
အဖြူက အမဲဟုတ်​ကဲ့လား။
အမဲက အဖြူဟုတ်​ကဲ့လား။
ကဲ အဲသ​လောက်​ ခြားနားတယ်​ဟဲ့။
သေချာချာ​လေ့လာ​နော်​ ။
နီး​တော့ နီးတယ်​ကွဲ့။
နီး​တော့ မနီးဘူးလား။
ပူး​နေတာ နီးတာ​ပေါ့ဟဲ့။
အမဲက အဖြူ ဟုတ်​ကဲ့လား။
အဖြူက အမဲ ဟုတ်​ကဲ့လား။
ဘယ်​လိုမှ စပ်​လို့မရတာ...။

ကျေးဇူး​တော်​ရှင်​ မုံလယ်​ ဆရာ​တော်​ကြီး

ရှေးတိပ်​တရား​တော်​ mc.15မှ စာစီပူ​ဇော်​ပါသည်​။
ဆရာ​တော်​ကြီး၏နီး​တော့နီးတယ်​ စပ်​လို့မရပုံ ဥပမာပါ။

အရှင်​​တေဇနိယမုံလယ်​ဇ 
✔ ✔ ✔ ✔ ✔

နီး​တော့ နီးတယ်​​ဟေ့
ဘယ်​လို နီးသလဲဆို​တော့ ပြန်​စိစစ်​ကြဦး​နော်​။
ုကြိုး​လေးနှစ်​​ချောင်း နှစ်​ပင်​ကျစ်​လိုက်​တာ​ပေါ့။
တစ်​ပင်​က အဖြူ... တစ်​ပင်​က အမဲ​လေ။
နှစ်​ခု ပူးပြီး​တော့ ထားလိုက်​​ပေါ့။
တစ်​​ချောင်းထည်းလို့ မမြင်​ဘူးလား။
နှစ်​​ချောင်းပူးထား​တော့ တစ်​​ချောင်းထည်းလို့ ထင်​ရတယ်​ ​နော်​။
အဖြူက အမဲဟုတ်​ကဲ့လား။
အမဲက အဖြူဟုတ်​ကဲ့လား။
ကဲ အဲသ​လောက်​ ခြားနားတယ်​ဟဲ့။
သေချာချာ​လေ့လာ​နော်​ ။
နီး​တော့ နီးတယ်​ကွဲ့။
နီး​တော့ မနီးဘူးလား။
ပူး​နေတာ နီးတာ​ပေါ့ဟဲ့။
အမဲက အဖြူ ဟုတ်​ကဲ့လား။
အဖြူက အမဲ ဟုတ်​ကဲ့လား။
ဘယ်​လိုမှ စပ်​လို့မရတာ...။

ကျေးဇူး​တော်​ရှင်​ မုံလယ်​ ဆရာ​တော်​ကြီး

ရှေးတိပ်​တရား​တော်​ mc.15မှ စာစီပူ​ဇော်​ပါသည်​။
ဆရာ​တော်​ကြီး၏နီး​တော့နီးတယ်​ စပ်​လို့မရပုံ ဥပမာပါ။

အရှင်​​တေဇနိယမုံလယ်​ဇ 

ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ ဆိုတာ ... ဘာလုပ်​တာလဲ


★ ★ ★ ★ ★ ★ ★ ★ ★★ ★ ★ 

ခြောက်ဒွါရ ခန္ဓာဖွဲ့ကြည့်တော့...
လူအစားစား နတ်အစားစား ဗြဟ္မာ အစားစား
တိရစ္ဆာန် အစားစား ပြိတ္တာအသူရကာယ်အစားစား
တွေ့သလား ခန္ဓာငါးပါးတွေ့သလား။
လူနတ်ဗြဟ္မာ သတ္တ၀ါ မတွေ့တာ ရှိလို့လား မရှိလား။

မရှိရင် လူစွဲ နတ်စွဲ ဗြဟ္မာ စွဲ စွဲစရာ လိုသေးသလား။
ကောင်းကင် သေချာမော့ကြည့်....
ပျားစွဲတာ မြင်မိရဲ့လား။
ဘာဖြစ်လို့ မမြင်တာလဲ။
စွဲစရာ မရှိလို့နော်။

တွေ့နေတဲ့တရား ရှိနေတဲ့တရားက.. ...
လူနတ်ဗြဟ္မာလား ခန္ဓာငါးပါး။

ဤခန္ဓာငါးပါး ဘယ်ပုံ ဘယ်နည်းရှိတာလဲလို့
စိစစ်ဖို့မကောင်းလား။

ရူပက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(ဖောက်ပြန်ပျက်စီး-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
ဝေဒနာက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(ခံစား-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
သညာက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(မှတ်သား-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
သင်္ခါရက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(စေ့ဆော်ပြုပြင်-
တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
ဝိညာဏက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(သိ-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)

ဤခန္ဓာငါးပါး က ဖြစ်ပြီး မပျက်လား။
ပျက်တယ်ဆိုတော့.... ခန္ဓာငါးပါးတွေ့သလား မရှိတာတွေ့သလား။
မရှိရင် ဘယ်လို စွဲမလဲဟေ့။

လူနတ်ဗြဟ္မာသတ္တဝါက အစကတယ်လို့ မရှိခြင်းကြောင့်....စွဲစရာ လိုသေးသလား။
တွေ့တဲ့ခန္ဓာငါးပါးက ဖြစ်ပြီးပျက်ခြင်းကြောင့် အစွဲခံရဲ့လား။

ဒီလိုဆိုရင်....သက္ကာယဒိဋ္ဌိ မပြုတ်လား။
သက္ကာယဒိဋ္ဌိ ပြုတ်ရင် အပါယ်တံခါး ပိတ်တာပေါ့ ကွဲ့။
ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ ဆိုတာ ... ဘာလုပ်တာလဲ စိစစ်ဖို့မကောင်းလား။
သက္ကာယဒိဋ္ဌိ ဖြုတ်တာပေါ့ကွဲ့။
သေချာချာ လေ့လာနော်။

ဤခန္ဓာတရား အာယတနတရား ဓာတ်တရား သစ္စာတရား ပဋိစ္စသမုပ္ပါဒ်တရား ဆိုတာ...
ဘုရားပွင့်မှ ကြားသိရတာ...
ဤတရားသိဖို့ရာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတာ။ လွယ်လွယ်ရတာ မဟုတ်ဘူးနော်
အဲလို စိစစ်ဖို့ မကောင်းလားဟေ့။
ဘုရားမပွင့်ရင် ဒီတရားတွေ ကြားရပါမလား။
အေး... အဲဒါ စိစစ်ဖို့ လိုတယ်နော်။

ဤတရားကို အမှန်မြင်တော့ အမှားမပျောက်လား။
အဲဒါကြောင့် ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ဆိုတာ... သက္ကာယဒိဋ္ဌိ ဖြုတ်တာပေါ့။
အဲဒါ ခန္ဓာဖွဲ့တာ ဘာအကျိုးရှိသလဲ စဉ်းစားဖို့ မကောင်းလား။
သက္ကာယဒိဋ္ဌိ ပြုတ်တယ်...ကြားလား။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး

ရှေးတိပ်တရားတော် mc.12 မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
ဘာဖြစ်လို့ မမြင်တာလဲ။
စွဲစရာ မရှိလို့နော်။

တွေ့နေတဲ့တရား ရှိနေတဲ့တရားက.. ...
လူနတ်ဗြဟ္မာလား ခန္ဓာငါးပါး။

ဤခန္ဓာငါးပါး ဘယ်ပုံ ဘယ်နည်းရှိတာလဲလို့
စိစစ်ဖို့မကောင်းလား။

ရူပက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(ဖောက်ပြန်ပျက်စီး-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
ဝေဒနာက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(ခံစား-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
သညာက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(မှတ်သား-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
သင်္ခါရက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(စေ့ဆော်ပြုပြင်-
တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
ဝိညာဏက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(သိ-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)

ဤခန္ဓာငါးပါး က ဖြစ်ပြီး မပျက်လား။
ပျက်တယ်ဆိုတော့.... ခန္ဓာငါးပါးတွေ့သလား မရှိတာတွေ့သလား။
မရှိရင် ဘယ်လို စွဲမလဲဟေ့။

လူနတ်ဗြဟ္မာသတ္တဝါက အစကတယ်လို့ မရှိခြင်းကြောင့်....စွဲစရာ လိုသေးသလား။
တွေ့တဲ့ခန္ဓာငါးပါးက ဖြစ်ပြီးပျက်ခြင်းကြောင့် အစွဲခံရဲ့လား။

ဒီလိုဆိုရင်....သက္ကာယဒိဋ္ဌိ မပြုတ်လား။
သက္ကာယဒိဋ္ဌိ ပြုတ်ရင် အပါယ်တံခါး ပိတ်တာပေါ့ ကွဲ့။
ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ ဆိုတာ ... ဘာလုပ်တာလဲ စိစစ်ဖို့မကောင်းလား။
သက္ကာယဒိဋ္ဌိ ဖြုတ်တာပေါ့ကွဲ့။
သေချာချာ လေ့လာနော်။

ဤခန္ဓာတရား အာယတနတရား ဓာတ်တရား သစ္စာတရား ပဋိစ္စသမုပ္ပါဒ်တရား ဆိုတာ...
ဘုရားပွင့်မှ ကြားသိရတာ...
ဤတရားသိဖို့ရာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတာ။ လွယ်လွယ်ရတာ မဟုတ်ဘူးနော်
အဲလို စိစစ်ဖို့ မကောင်းလားဟေ့။
ဘုရားမပွင့်ရင် ဒီတရားတွေ ကြားရပါမလား။
အေး... အဲဒါ စိစစ်ဖို့ လိုတယ်နော်။

ဤတရားကို အမှန်မြင်တော့ အမှားမပျောက်လား။
အဲဒါကြောင့် ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ဆိုတာ... သက္ကာယဒိဋ္ဌိ ဖြုတ်တာပေါ့။
အဲဒါ ခန္ဓာဖွဲ့တာ ဘာအကျိုးရှိသလဲ စဉ်းစားဖို့ မကောင်းလား။
သက္ကာယဒိဋ္ဌိ ပြုတ်တယ်...ကြားလား။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး

ရှေးတိပ်တရားတော် mc.12 မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

Thursday, July 23, 2015

ရတာ တခုသာ မြင်​တာကိုး။

အကုသိုလ်​များ​လေ အပါယ်​က ပိုပြီး​တော့  ကြာကြာ​နေရ​လေ​...
-©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©-

ကမ္မဿကတာ သမ္မာဒိဋ္ဌိ ၊ ဝိပဿ နာ သမ္မာဒိဋ္ဌိ ။
ကမ္မဿကတာ သမ္မာဒိဋ္ဌိ....ကံ ကံရဲ့ အကျိုးကို ယုံကြည်​ရမယ်​​နော်​။
အကုသိုလ်​ ကံဆိုတာ.... ဆင်းရဲ တဲ့တရား။
ကုသိုလ်​ကံက ချမ်းသာတဲ့တရား​နော်​။
အဲဒါ ယုံကြည်​ဖို့ မ​ကောင်းလား​ဟေ့။

အဲဒီ အကုသိုလ်​ကံကို ယုံကြည်​တဲ့ ပုဂ္ဂိုလ်​.. .
အကုသိုလ်​ တဖန်​ ပြန်​လုပ်​ဦးမလား။
မသိခင်​တုန်းက လုပ်​တာ။
သိတဲ့အခါ လုပ်​​သေးသလား။
အဲဒါ ပိုင်းခြားသိဖို့ လိုတယ်​​နော်​။

လောကကြီးထဲမှာ လည်း ခန္ဓာဝန်​ ထိန်း​ကျောင်းနဲ့ ပတ်​သက်​ပြီး​တော့ ရှာကြ ကြံကြ တဲ့ ကိစ္စ....

ပါဏာတိပါတာကံ တဲ့ သတ္တ၀ါ ​တွေကို သတ်​ဖြတ်​ ပြီး​တော့ ခန္ဓာဝန်​ ထိန်း​ကျောင်း မရှာကြဘူးလား။
တချို့ အဒိန္နာကံ ပိုင်​ရှင်​ က အခွင့်​မပြုဘဲ သစ်​သီးတစ်​လုံး ပန်းတပွင့်​ ဟင်းတညွန့်​ကစ ​ရွှေ​​တွေ ​ငွေ​​တွေ ခိုးပြီး​တော့မှ  ခန္ဓာဝန်​ ထိန်း​ကျောင်း ပြုတာ​တွေ  မရှိဘူးလား။

ကဲ ကာ​မေသု မိစ္ဆာစာရကံ တဲ့ အဲသလို​တွေပြုလုပ်​ပြီး​တော့ ရှာတာ​တွေ မရှိဘူးလား။ ​သေချာချာ​လေ့လာ​နော်​ ။
နည်းအမျိုးမျိုးနဲ့ မုသာဝါဒကံ ​တွေကား မရှာကြဘူးလား။
သုရာ​မေရယ ကံ​တွေကား မရှာကြဘူးလား။

အဲသလို ရတဲ့ ပစ္စည်း ​တွေဟာ ကုသိုလ်​လား အကုသိုလ်​လား။ ​သြော်​ အကုသိုလ်​ ​တွေ​နော်​။
ဒါ​တော့....
အဲဒီ အကုသိုလ်​ဟာ စဉ်းစားဖို့ ​ကောင်းတယ်​ ။

အဲဒီ အကုသိုလ်​နဲ့ရတာ ဟိုလူက​နေပြီး​တော့ အကုသိုလ်​နဲ့ ​ရွှေ ၂.ကျပ်​သား​လောက်​ ရတယ်​ ။တ​ယောက်​​သော ပုဂ္ဂိုလ်​ က ၁၀.သားရတယ်​။ ဘယ်​က လူက .... အကုသိုလ်​ ဘယ်​က များမလဲ​ဟေ့။

၁၀.သားကများမယ်​​နော်​။
ဒါ​တော့ အဲဒီလူက တပိဿာ​လောက်​ရှိ ပိုပြီး​တော့ မများဘူးလား။ မိမိက လက်​ဝတ်​ရတနာ ပစ္စည်း ​တွေကလည်း တပုံတ​ခေါင်းကြီး​ပေါ့ ။ ​ရွှေ ကလည်း တပိဿာ​လောက်​ရှိ တယ်​​နော်​။

ဒါ​တော့... အကုသိုလ်​ ပြန်​တွက်​ကြည့်​ရင်​ အဲဒီပုဂ္ဂိုလ်​က အကုသိုလ်​ အ​တော်​ များ​တော့တာ​ဟဲ့။ အဲလို စဉ်းစားဖို့မ​ကောင်းလား။

အကုသိုလ်​များ​လေ အပါယ်​က ပိုပြီး​တော့  ကြာကြာ​နေရ​လေ​ပေါ့ ကွယ်​ အပါယ်​မှာ​လေ။
ငရဲ ​တော်​​တော်​နဲ့ လွတ်​ပါ့မလား​ဟေ့။
ဒါ​တော့ အခု အလုပ်​လုပ်​တာ​တွေ ဒီလို ငါ အကုသိုလ်​များပါလားလို့ စဉ်းစားပါမလား။ မစဉ်းစားဘူး​နော်​။ ရတာ တခုသာ မြင်​တာကိုး။

အကုသိုလ်​ ကုသိုလ်​ လို့...
မနက်​စာက​နေပြီး (မိုးကုတ်​) ဆရာ​တော်​ဘုရားကြီး တိပ်​​ခွေက​နေပြီး ကံ​လေးမျိုး မ​ဟောဘူးလား။
ဟောတယ်​​နော်​။
ကဲ အဖြူနဲ့ အမည်းနဲ့ ​ရောတာ​တွေကား မပါဘူးလား။ ​သေချာချာ​လေ့လာ။
အမည်းကံ​တွေက​ရော မပါဘူးလား။
အဖြူကံ ​တွေလည်းပါတယ်​​နော်​။
အဲဒီကံ​တွေ စိစစ်​ဖို့လိုတယ်​ကွဲ့။

အဲလို အကုသိုလ်​ နဲ့ ရတဲ့ပုဂ္ဂိုလ်​​တွေ တချို့ ကားတစင်း​လောက်​ရ နှစ်​စင်း​လောက်​ရ
ဒီလိုကား မရှိဘူးလား။
ဒါ အကုသိုလ်​နဲ့ရထားတဲ့ ပစ္စည်း ​လေ။
သြော်​ သူ့မှာလည်းစားစရာ​သောက်​စရာ  အကုသိုလ်​နဲ့ရထားတာကလည်း လယ်​ယာ​တွေကတမျိုး ​ရွှေ ​တွေ ​ငွေ​တွေကတမျိုး အဝတ်​အထည်​​တွေကလည်း ထမ်းလို့မကုန်​ဘူး။
တိုက်​​တွေ တာ​တွေကလည်း ​လေးငါးလုံး ။ လခ​တွေနဲ့ ငှါးပြီး​တော့ မထားဘူးလား​ဟေ့။
အဲလိုဆို အကုသိုလ်​ နဲ့ ရတဲ့ ပစ္စည်း ​တွေ​ပေါ့။

သေတဲ့အခါ အပါယ်​က​တော့ အကြာကြီး ခံရမှာ​ဟေ့။
သေချာ စဉ်းစားကြည့်​။
ပြန်​စဉ်းစားကြည့်​​တော့ အဲလို အကုသိုလ်​ နဲ့ ရတဲ့ပစ္စည်း အကုသိုလ်​များတယ်​ဆိုတာ မထင်​ရှားဘူးလား။
ဟိုလူက နည်း​တော့ကာ နည်းတဲ့ အ​လျောက်​​ပေါ့။

လောကကြီးထဲမှာ တချို့က​နေပြီး ရာဇဝတ်​မှုနဲ့ ပတ်​သက်​ပြီးရင်​ အမှုကြီးတဲ့ ပုဂ္ဂိုလ်​ ဟာ ​ထောင်​တသက်​ မချကြဘူးလား​ဟေ့။
တချို့ ပုဂ္ဂိုလ်​ ကလည်း ​လေးငါး​ခြောက်​လ​ ကိုးကွဲ့။
တချို့ကလည်း တခါ တနှစ်​​လောက်​​ပေါ့ကွယ်​။
တချို့က နှစ်​လ သုံးလနဲ့ လွတ်​တာ​တွေ မရှိဘူးလား။ တချို့ကလည်း ရဲချိန်း တထိုင်​တဲ့​နော်​။
အဲသလို အကုသိုလ်​ကလည်း သူ့အဆင့်​နဲ့သူ စိစစ်​ဖို့ မ​ကောင်းလား။

အေး အကုသိုလ်​နဲ့ရတဲ့ အ​ဆောက်​အဦး ​တွေ အကုသိုလ်​နဲ့ရတဲ့ ​ရွှေ ​တွေ ​ငွေ​တွေ အကုသိုလ်​နဲ့ရတဲ့ ပစ္စည်း​တွေ။
အဲဒါ သစ္စာမသိ ခန္ဓာ မသိ​တော့ ​ပျော်​လို့ မ​နေဘူးလား​ဟေ့။
အဲဒီအ​ပျော်​ဟာ အပါယ်​က လွတ်​ပါမလားဟေ့။
ကြောက်​စရာ ကြီးပါ​နော။
သိရင်​ မပယ်​ရ​ပေဘူးလား။
မသိ ပယ်​နိုင်​ပါ့မလား။မသိရင်
အကုသိုလ်​​တွေ တိုးတိုး တိုးတိုး​နေ​တော့တာ​ပေါ့။

လူ​တွေက​ အဲဒီလူကို ကြည့်​​တော့ကာ
တော်​​တော့ကို ချမ်းသာတာကွာ။
သူ တိုက်တွေ သုံး​လေးလုံး ရှိပြီ မ​ပြောဘူးလား။
အ​တော့်​ကို ချမ်းသာတာတဲ့။
လောကကြီးမှာ ​နေရထိုင်​ရတာ​တွေ ဘယ်​​လောက်​မှ မကြာဘူး​နော်​။
ငရဲကျ​တော့ကာ ​တော်​​တော်​နဲ့ ကျွတ်​ပါ့မလား​ဟေ့။
သေချာချာ စဉ်းစားကြ။

ကျေးဇူး​တော်​ရှင်​ မုံလယ်​ဆရာ​တော်​ကြီး

ရှေးတိပ်​တရား​တော်​ mc.33 မှ စာစီပူ​ဇော်​ပါသည်​။
မုံလယ်​ဇ