Thursday, July 23, 2015

ရတာ တခုသာ မြင်​တာကိုး။

အကုသိုလ်​များ​လေ အပါယ်​က ပိုပြီး​တော့  ကြာကြာ​နေရ​လေ​...
-©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©-

ကမ္မဿကတာ သမ္မာဒိဋ္ဌိ ၊ ဝိပဿ နာ သမ္မာဒိဋ္ဌိ ။
ကမ္မဿကတာ သမ္မာဒိဋ္ဌိ....ကံ ကံရဲ့ အကျိုးကို ယုံကြည်​ရမယ်​​နော်​။
အကုသိုလ်​ ကံဆိုတာ.... ဆင်းရဲ တဲ့တရား။
ကုသိုလ်​ကံက ချမ်းသာတဲ့တရား​နော်​။
အဲဒါ ယုံကြည်​ဖို့ မ​ကောင်းလား​ဟေ့။

အဲဒီ အကုသိုလ်​ကံကို ယုံကြည်​တဲ့ ပုဂ္ဂိုလ်​.. .
အကုသိုလ်​ တဖန်​ ပြန်​လုပ်​ဦးမလား။
မသိခင်​တုန်းက လုပ်​တာ။
သိတဲ့အခါ လုပ်​​သေးသလား။
အဲဒါ ပိုင်းခြားသိဖို့ လိုတယ်​​နော်​။

လောကကြီးထဲမှာ လည်း ခန္ဓာဝန်​ ထိန်း​ကျောင်းနဲ့ ပတ်​သက်​ပြီး​တော့ ရှာကြ ကြံကြ တဲ့ ကိစ္စ....

ပါဏာတိပါတာကံ တဲ့ သတ္တ၀ါ ​တွေကို သတ်​ဖြတ်​ ပြီး​တော့ ခန္ဓာဝန်​ ထိန်း​ကျောင်း မရှာကြဘူးလား။
တချို့ အဒိန္နာကံ ပိုင်​ရှင်​ က အခွင့်​မပြုဘဲ သစ်​သီးတစ်​လုံး ပန်းတပွင့်​ ဟင်းတညွန့်​ကစ ​ရွှေ​​တွေ ​ငွေ​​တွေ ခိုးပြီး​တော့မှ  ခန္ဓာဝန်​ ထိန်း​ကျောင်း ပြုတာ​တွေ  မရှိဘူးလား။

ကဲ ကာ​မေသု မိစ္ဆာစာရကံ တဲ့ အဲသလို​တွေပြုလုပ်​ပြီး​တော့ ရှာတာ​တွေ မရှိဘူးလား။ ​သေချာချာ​လေ့လာ​နော်​ ။
နည်းအမျိုးမျိုးနဲ့ မုသာဝါဒကံ ​တွေကား မရှာကြဘူးလား။
သုရာ​မေရယ ကံ​တွေကား မရှာကြဘူးလား။

အဲသလို ရတဲ့ ပစ္စည်း ​တွေဟာ ကုသိုလ်​လား အကုသိုလ်​လား။ ​သြော်​ အကုသိုလ်​ ​တွေ​နော်​။
ဒါ​တော့....
အဲဒီ အကုသိုလ်​ဟာ စဉ်းစားဖို့ ​ကောင်းတယ်​ ။

အဲဒီ အကုသိုလ်​နဲ့ရတာ ဟိုလူက​နေပြီး​တော့ အကုသိုလ်​နဲ့ ​ရွှေ ၂.ကျပ်​သား​လောက်​ ရတယ်​ ။တ​ယောက်​​သော ပုဂ္ဂိုလ်​ က ၁၀.သားရတယ်​။ ဘယ်​က လူက .... အကုသိုလ်​ ဘယ်​က များမလဲ​ဟေ့။

၁၀.သားကများမယ်​​နော်​။
ဒါ​တော့ အဲဒီလူက တပိဿာ​လောက်​ရှိ ပိုပြီး​တော့ မများဘူးလား။ မိမိက လက်​ဝတ်​ရတနာ ပစ္စည်း ​တွေကလည်း တပုံတ​ခေါင်းကြီး​ပေါ့ ။ ​ရွှေ ကလည်း တပိဿာ​လောက်​ရှိ တယ်​​နော်​။

ဒါ​တော့... အကုသိုလ်​ ပြန်​တွက်​ကြည့်​ရင်​ အဲဒီပုဂ္ဂိုလ်​က အကုသိုလ်​ အ​တော်​ များ​တော့တာ​ဟဲ့။ အဲလို စဉ်းစားဖို့မ​ကောင်းလား။

အကုသိုလ်​များ​လေ အပါယ်​က ပိုပြီး​တော့  ကြာကြာ​နေရ​လေ​ပေါ့ ကွယ်​ အပါယ်​မှာ​လေ။
ငရဲ ​တော်​​တော်​နဲ့ လွတ်​ပါ့မလား​ဟေ့။
ဒါ​တော့ အခု အလုပ်​လုပ်​တာ​တွေ ဒီလို ငါ အကုသိုလ်​များပါလားလို့ စဉ်းစားပါမလား။ မစဉ်းစားဘူး​နော်​။ ရတာ တခုသာ မြင်​တာကိုး။

အကုသိုလ်​ ကုသိုလ်​ လို့...
မနက်​စာက​နေပြီး (မိုးကုတ်​) ဆရာ​တော်​ဘုရားကြီး တိပ်​​ခွေက​နေပြီး ကံ​လေးမျိုး မ​ဟောဘူးလား။
ဟောတယ်​​နော်​။
ကဲ အဖြူနဲ့ အမည်းနဲ့ ​ရောတာ​တွေကား မပါဘူးလား။ ​သေချာချာ​လေ့လာ။
အမည်းကံ​တွေက​ရော မပါဘူးလား။
အဖြူကံ ​တွေလည်းပါတယ်​​နော်​။
အဲဒီကံ​တွေ စိစစ်​ဖို့လိုတယ်​ကွဲ့။

အဲလို အကုသိုလ်​ နဲ့ ရတဲ့ပုဂ္ဂိုလ်​​တွေ တချို့ ကားတစင်း​လောက်​ရ နှစ်​စင်း​လောက်​ရ
ဒီလိုကား မရှိဘူးလား။
ဒါ အကုသိုလ်​နဲ့ရထားတဲ့ ပစ္စည်း ​လေ။
သြော်​ သူ့မှာလည်းစားစရာ​သောက်​စရာ  အကုသိုလ်​နဲ့ရထားတာကလည်း လယ်​ယာ​တွေကတမျိုး ​ရွှေ ​တွေ ​ငွေ​တွေကတမျိုး အဝတ်​အထည်​​တွေကလည်း ထမ်းလို့မကုန်​ဘူး။
တိုက်​​တွေ တာ​တွေကလည်း ​လေးငါးလုံး ။ လခ​တွေနဲ့ ငှါးပြီး​တော့ မထားဘူးလား​ဟေ့။
အဲလိုဆို အကုသိုလ်​ နဲ့ ရတဲ့ ပစ္စည်း ​တွေ​ပေါ့။

သေတဲ့အခါ အပါယ်​က​တော့ အကြာကြီး ခံရမှာ​ဟေ့။
သေချာ စဉ်းစားကြည့်​။
ပြန်​စဉ်းစားကြည့်​​တော့ အဲလို အကုသိုလ်​ နဲ့ ရတဲ့ပစ္စည်း အကုသိုလ်​များတယ်​ဆိုတာ မထင်​ရှားဘူးလား။
ဟိုလူက နည်း​တော့ကာ နည်းတဲ့ အ​လျောက်​​ပေါ့။

လောကကြီးထဲမှာ တချို့က​နေပြီး ရာဇဝတ်​မှုနဲ့ ပတ်​သက်​ပြီးရင်​ အမှုကြီးတဲ့ ပုဂ္ဂိုလ်​ ဟာ ​ထောင်​တသက်​ မချကြဘူးလား​ဟေ့။
တချို့ ပုဂ္ဂိုလ်​ ကလည်း ​လေးငါး​ခြောက်​လ​ ကိုးကွဲ့။
တချို့ကလည်း တခါ တနှစ်​​လောက်​​ပေါ့ကွယ်​။
တချို့က နှစ်​လ သုံးလနဲ့ လွတ်​တာ​တွေ မရှိဘူးလား။ တချို့ကလည်း ရဲချိန်း တထိုင်​တဲ့​နော်​။
အဲသလို အကုသိုလ်​ကလည်း သူ့အဆင့်​နဲ့သူ စိစစ်​ဖို့ မ​ကောင်းလား။

အေး အကုသိုလ်​နဲ့ရတဲ့ အ​ဆောက်​အဦး ​တွေ အကုသိုလ်​နဲ့ရတဲ့ ​ရွှေ ​တွေ ​ငွေ​တွေ အကုသိုလ်​နဲ့ရတဲ့ ပစ္စည်း​တွေ။
အဲဒါ သစ္စာမသိ ခန္ဓာ မသိ​တော့ ​ပျော်​လို့ မ​နေဘူးလား​ဟေ့။
အဲဒီအ​ပျော်​ဟာ အပါယ်​က လွတ်​ပါမလားဟေ့။
ကြောက်​စရာ ကြီးပါ​နော။
သိရင်​ မပယ်​ရ​ပေဘူးလား။
မသိ ပယ်​နိုင်​ပါ့မလား။မသိရင်
အကုသိုလ်​​တွေ တိုးတိုး တိုးတိုး​နေ​တော့တာ​ပေါ့။

လူ​တွေက​ အဲဒီလူကို ကြည့်​​တော့ကာ
တော်​​တော့ကို ချမ်းသာတာကွာ။
သူ တိုက်တွေ သုံး​လေးလုံး ရှိပြီ မ​ပြောဘူးလား။
အ​တော့်​ကို ချမ်းသာတာတဲ့။
လောကကြီးမှာ ​နေရထိုင်​ရတာ​တွေ ဘယ်​​လောက်​မှ မကြာဘူး​နော်​။
ငရဲကျ​တော့ကာ ​တော်​​တော်​နဲ့ ကျွတ်​ပါ့မလား​ဟေ့။
သေချာချာ စဉ်းစားကြ။

ကျေးဇူး​တော်​ရှင်​ မုံလယ်​ဆရာ​တော်​ကြီး

ရှေးတိပ်​တရား​တော်​ mc.33 မှ စာစီပူ​ဇော်​ပါသည်​။
မုံလယ်​ဇ

No comments:

Post a Comment