အာပေါ သြဇာ မနောမှာ
★ ★ ★ ★ ★ ★ ★ ★
ပထဝီ အာပေါ တေဇော ဝါယော
ဝဏ္ဏ ဂန္ဓ ရသ သြဇာ ပေါ့... ဓာတ်၈.ပါး မရလား။
သေချာချာ လေ့လာနော်။
အဲဒီ ဓာတ်၈ပါးကို သိဖို့ မလိုလား။
ပထဝီ ဆိုတာ...ဘယ်သဘောရှိသလဲ။
မာသဘော ပျော့သဘော ရှိပါဘုရား။
တေဇောက ဘယ်သဘောလဲ။
ပူမှုအေးမှုပါဘုရား။
ဝါယောက.....။ ထောက်ကန် လှုပ်ရှားမှုပါဘုရား။
ပထဝီဖောဋ္ဌဗ္ဗ တေဇောဖောဋ္ဌဗ္ဗ ဝါယောဖောဋ္ဌဗ္ဗ နော်။
ဤသုံးခုက ဘယ်ဒွါရမှာ ဖြစ်တာလဲ။
ကာယဒွါရမှာဖြစ်တယ်နော်။
ဤကာယဒွါရမှာ ဖြစ်တာ မျက်စိနဲ့ ကြည့် မြင်ရပါမလား။
သူ့ဒွါရ မဟုတ်ဘဲကိုး။
သူ့ဒွါရ သူ့အာရုံတွေနော်။
အဲလိုစိစစ်ဖို့မကောင်းလား။
အာပေါ...ဆိုတာ ဖွဲ့စည်းတဲ့သဘော ယိုစီးတဲ့သဘောနော်။
ဒါကြောင့် အာပေါ သြဇာ မနောမှာလို့ မဟောဘူးလား။
အဲဒါကို စိတ်နဲ့ ဉာဏ်နဲ့ သိရမည့်တရားကွဲ့။
ပထဝီ တေဇော ဝါယောက ထိမှ သိရမည့်တရား။
မျက်စိနဲ့ဆိုင်ရာ အဆင်းနော်။
မြင်မှ သိရတဲ့တရား။
တရားပျောက်တော့ ကိုယ်မှာရှာ
ကိုယ်မှာရှာတော့ တရားတွေ့တယ် မဟောဘူးလား။
အဲဒီတရားလေးကို ပိုင်ပိုင်နိုင်နိုင် ထိထိမိမိ အပ်ကျမပ်ကျ သူပြောမဟုတ် ကိုယ်တွေ့လက်တွေ့ သိမယ်ဆို သက္ကာယဒိဋ္ဌိပြုတ်တယ်။
အဲဒါ လက်တွေ့ မျက်တွေ့ သိဖို့လိုတယ်နော်။
အဲလိုစိစစ်ဖို့မကောင်းလား။
ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး
ရှေးတိပ်တရားတော် mc.14မှ စာစီပူဇော်ပါသည်။
တပည့် မုံလယ်ဇ
No comments:
Post a Comment