Sunday, June 5, 2016

ကိုယ့်စိတ်ကို ကိုယ်နိုင်အောင် လေ့လာကြ။


(တစ္ဆေများ နှင့် ဆေးဆရာများ)
##################

အခုလည်း နေမကောင်းဘူး ထိုင်မကောင်းဘူး။
အင်း... ဘယ်ဆေးက ကောင်းတယ်၊ ဘယ်ဆရာက တော်တယ်။ ဘယ်က ဘယ်လို ဘယ်ဟာ မပြောဘူးလား။
လာတယ်။ လူတွေက ကိုယ်နဲ့ ရင်းနှီး တဲ့ ပုဂ္ဂိုလ်တွေ လာတယ်... အဲတော့ လောကအနေ။
တကယ့် တည့်တည့် ပြောမယ် ဆိုရင် ... တစ္ဆေ တွေ လာတာ။ တစ္ဆေ တွေ။

ဒီအနာဟာ ကြည့် အဲဒါ နှင်းခူ ဖြစ်နိုင်တယ်။ လန့်သွားပြီ။ ဒီလိုပြောတော့ လူနာက ကြောက်သွားတော့တာ။
ဒါ... တစ္ဆေ ခြောက်တာ။ကြားလား။
တစ္ဆေ ခြောက်တာဗျ.. အဲဒါ။
ကင်ဆာ ဖြစ်နိုင်တယ်။ စီပိုး ဖြစ်နိုင်တယ်။ မလာဘူးလား။ ကြောက်သွားတာ။
တစ္ဆေ တွေ။

ဆေးဆရာတွေ ရောက်လာပြီ။
ငါ အဲဒီဆေးနဲ့ ပျောက်တာကွဲ့။ မင်း စမ်းကြည့်စမ်း ငါ ဒါနဲ့ ပျောက်တာ။
ဟိုတယောက်ကလည်း ဒါ စားကြည့်စမ်း ငါ ဒါနဲ့ ပျောက်တာ။ ဆေးဆရာတွေ ရောက်လာပြီ။ဆေးဆရာတွေ။ ကြားလား။

ဟိုလူက တမျိုး ဒီလူက တမျိုး။ ဆေးဆရာတွေ။
ဆရာများတာ့ သားသေတယ်တယ်လို့ မပြောဘူးလား။ အေး အဲသလိုဗျာ့။
ဒါ ဆေးဆရာတွေဗျ ဆေးဆရာ။
အဲလို စိစစ်ဖို့ မလိုဘူးလား။လိုတယ်။

အဲဒါကြောင့်မို့လို့ ကိုယ့်စိတ်ကို ကိုယ် နိုင်အောင် လေ့လာကြ။
စိတ်ကို နိုင်မှ ချမ်းသာရတာ။
စိတ်ကို မနိုင် ချမ်းသာ မရဘူး။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
၂၁.၇.၂၀၁၀

စံကျောင်းဆောင်တွင် ဖူးမြော် လှူဒါန်းလာကြသော
တပည့် ဒကာ ဒကာမများအား မိန့်ကြားတော်မူသော သြဝါဒ အဆုံးအမ အသံဖမ်း ဖိုင်မှ
စာစီပူဇော်ခြင်း ဖြစ်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ


No comments:

Post a Comment