Sunday, June 5, 2016

ကိုယ်မှားတယ်လို့မှ မရှိဘဲနဲ့။ ...


###################

ဘယ်သူဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် စကားငြင်းတဲ့အခါ...
မေးကြည့် နှစ်ယောက်စလုံး။
မှန်တာတွေချည်း။

သူကလည်း မှန်တယ် ငါကလည်း မှန်တယ်။
မှန်တာတွေချည်းမို့ ရန်တွေ့ရတာ။
ငါ မှားတယ်ဆို လျှော့မှာပါ့ဟဲ့။
ကိုယ်မှားတယ်လို့မှ မရှိဘဲနဲ့။
မှန်တယ်ချည်း ထင်နေတာ။ အဲဒါကြောင့် ရန်တွေ့ရတာ။

အမျိုးသမီး တစ်ယောက် ရှေးကနေ။
ရုပ်ဆင်းကလည်း အသင့်အတင့် လှ။
အသက်က ငါးဆယ်လောက်။ အပျိုကြီး။
ကျောင်းကန်ဘုရား ဥပုသ်စောင့် မှန်တယ်။

ဥပုသ်သည်တွေကို အဖျော်ရည် ညနေခါ တိုက်တယ်။ တခါ တခါ ဆွမ်းကျွေးတယ်။ သူတော်ကောင်း စိတ်ဓာတ်တွေ။
လူတိုင်း သူ့ကို ကြည်ညိုကြတယ်။

မင်းတို့က အထင်ကြီးနေ... သူခိုင်းနေတဲ့ ရေထမ်းသမားနဲ့ တိတ်တိတ်ပုန်း ကြိုက်နေတာဗျ။ အဲလိုဆို အပျိုကြီးက ခံပြင်းတော့တာ။
စိတ်ဆိုးတော့တာ။ ဒေါသ ဖြစ်တော့တာဗျား။
စိတ်ဆိုးတော့တာ။

မဟုတ်တာ မခံနိုင်ဘူးတဲ့။ ငါက သူ့ကို အကျိုးယုတ်အောင် ဘာမှ ငါမပြောဘူး။
သူ ငါ့ကို ဒီလို ပြောတာ ဘယ်ခံနိုင်မလဲ။
ကိုယ်က မှန်တာကိုး။

မှန်တာ.... ကိုယ် မှားတာက မတွေ့။
ဟို အတိတ် ဘဝတုန်းက သူ ပြုခဲ့တာတွေကျတော့ သိပါမလား။ မသိဘူး။
အဲဒါ ကိုယ်မှားခဲ့တာတွေက ရှိနေတယ်။
ဒါမို့ ပြုသူ...အသစ် ခံသူ ... အဟောင်း ကြားဖူးရဲ့လား။
အဲလို စဉ်းစားတော့ ကိုယ်ပြုခဲ့တာပါလား။
ကိုယ်က မှားခဲ့တာ။ အဲလိုဆိုတော့ လျှော့သွားတော့တာဗျာ့။

အဲဒီအခါ သည်းခံတဲ့ စိတ်တွေ ပေါ်တော့တာ။
အဲဒီအခါ မူလ အခြေခံ ရောက်လာတာ။
သြော် ဟုတ်ပါတကား။ ပြုသူ အသစ် ခံသူ အဟောင်း ဆိုတာ။
ကိုယ်ပြုခဲ့တာတွေဗျာ့။
အဲလိုစိစစ်ဖို့ မကောင်းဘူးလား ။
အဲဒါကြောင့် အကြောင်း အကျိုး အကြောင်း အကျိုး ဆိုတာ ဒါပဲ။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
၂၁.၇.၂၀၁၀

စံကျောင်းဆောင်တွင် ဖူးမြော် လှူဒါန်းလာကြသော
တပည့် ဒကာ ဒကာမများအား မိန့်ကြားတော်မူသော သြဝါဒ အဆုံးအမ အသံဖမ်း ဖိုင်မှ
စာစီပူဇော်ခြင်း ဖြစ်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ


No comments:

Post a Comment