Sunday, June 5, 2016

သူတော်ကောင်းတို့ အရသာ။


###################

လောကကြီးထဲမှာ ချီးမွမ်းတာနဲ့ ကဲ့ရဲ့တာပဲ ရှိတယ်။
မချီးမွမ်းရင် ကဲ့ရဲ့မယ်။
မကဲ့ရဲ့ရင် ချီးမွမ်းမယ်။
အဲဒီ နှစ်ခုကို လွတ်အောင် ရှောင်နိုင်တဲ့ နေရာ မရှိဘူး။
မလွတ်ဘူး... သူ့နယ်။

အဲလို အကြောင်း လောကဓံ နဲ့ တိုက်လာတဲ့အခါမှာ...
ရာဂစိတ် ဒေါသစိတ် မောဟစိတ် အဲဒါ မဖြစ်ရင် ဒါ လွတ်တော့တာတဲ့။
အဲဒါ ရဟန်းတို့ရဲ့ အလုပ်။ ရဟန်းတို့ရဲ့ အရသာတဲ့ဗျား။
သူတော်ကောင်းတို့ရဲ့ အလုပ်၊ သူတော်ကောင်းတို့ရဲ့ အရသာတဲ့။

အဲလို အကြောင်းတိုက်တဲ့အခါ လောဘမဖြစ် ဒေါသမဖြစ် မောဟ မဖြစ်တာ ... အဲဒါ သူတော်ကောင်းတို့ရဲ့ အလုပ် သူတော်ကောင်းတို့ရဲ့ အရသာတွေ။

တခြား မကြည့်နဲ့။ မှောက်ခုံနဲ့ ပက်လက် ဆိုတာ လူတိုင်း ကြားဖူးတယ်။
ပက်လက်ဟာ မှောက်ခုံ မဟုတ်ဘူး။
မှောက်ခုံဟာ ပက်လက် မဟုတ်ဘူး။

မြေကြီးဟာ မိုးမဟုတ်ဘူး။
မိုးဟာ မြေကြီး မဟုတ်ဘူး။
မိုးနဲ့ မြေကြီး အဆင့်ကွာသလို...
အရိယာမျက်လုံးနဲ့ ပုထုဇဉ် မျက်လုံး ကွာတယ်။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
၂၁.၀၇.၂၀၁၀

စံကျောင်းတွင် လာရောက်ဖူးမြော်ကြသော
တပည့် ဒကာ ဒကာမများအား မိန့်ကြားတော်မူသော သြဝါဒ အဆုံးအမ အသံဖမ်း ဖိုင်မှ
စာစီပူဇော်ခြင်း ဖြစ်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ


No comments:

Post a Comment