Tuesday, March 29, 2016

ငရဲသွားမည့်​ အတတ်

<<အကုသိုလ်​မြားနဲ့ အ​ရှောင်​​ကောင်း​ပုံ>>
############################

စိတ်​ဆိုးတာ... ကုသိုလ်​လား အကုသိုလ်​? ။
ဒါ...စိတ်​ဆိုးတာ အကုသိုလ်​ ​နော်​။ စိတ္တသင်္ခါရလို့ မ​ဟောဘူးလား။

စိတ္တသင်္ခါရဖြစ်​​တော့ စိတ်​ထဲမှာ ပြည့်​လျှံ လာတဲ့အခါ အာလွန်​ လျှာလွန်​​တွေ မပြုဘူးလား။ ဝစီသင်္ခါရကွဲ့။ အဲဒါ ကုသိုလ်​လား အကုသိုလ်​?။ ပြန်​ပြီး​တော့ ဆဲလိုက်​တာ​လေ။

ဟိုကဆဲလိုက်​တာက ကိုယ့်​ကို အပုပ်​ရည်​သွင်းတဲ့ စကားမျိုး ​ပြောလိုက်​တာ... အကုသိုလ်​မြားနဲ့ ပစ်​လိုက်​တာ...ဟိုက။ အကုသိုလ်​မြားနဲ့ ပစ်​တဲ့အခါကျ​တော့ ...သုတအကြားအမြင်​ရှိတဲ့ ပုဂ္ဂိုလ်​က အ​ကြောင်းအကျိုး သိတာ​ပေါ့​နော်​။
သြော်​... သူ့ခမျာ  အကုသိုလ်​​တွေ ဖြစ်​​နေပြီလို့ မသိရဘူးလား။

ပြန်​...ဆဲဦးမလား။ အဲဒါ ​ရှောင်​တာကွဲ့။ ကဲ... ​ရှောင်​​တော့ကာ အကုသိုလ်​မြား မှန်​​သေးရဲ့လား။ ​ရှောင်​တတ်​တာ။ ​ရှောင်​လို့ လွတ်​သွား​တော့တာဗျား။ ပြန်​ဆဲတဲ့လူဟာ သီလ ရှိလို့လား မရှိလို့လား။

ဒါ သီလရဲ့ အဓိပ္ပါယ်​ သိလို့လား မသိလို့လား။သြော်​ မသိဘဲကိုးကွဲ့။
မသိတာ အဝိဇ္ဇာ.. . ဆဲတာ သင်္ခါရ ကွဲ့။
ဘယ်​​လောက်​များ ထင်​ရှားသလဲ​နော်​။ အဲလို ​လေ့လာဖို့ မ​ကောင်းလား။ စဉ်းစားကွဲ့။ ဒါ။

ငါးပါးသီလ အကျိုးအပြစ်​ကို နားလည်​ဖို့လိုတယ်​။ ထိထိမိမိ​လေ့လာ​နော်​။
စဉ်းစားကြဦးစို့။ တခါ ပြန်​ပြီး​တော့... မြတ်​စွာဘုရား​ဟောတာ။

အကုသိုလ်​ ကုသိုလ်​တရားနဲ့ ပတ်​သက်​ပြီး​တော့ အကျိုး​ပေးတာ​တွေ မရှိ​ပေဘူးလား။
စေတနာဟံ ဘိက္ခ​ဝေ ကမ္မံ ဝဒါမိ။ ​စေတနာ အတိုင်း အကျိုး​ပေးတယ်​ဆိုတာ လူတကာ  နားထဲမှာ အကုန်​လုံး ကြားသိရတယ်​​နော်​။ လူတကာ နှုတ်​ဖျားမှာ သိ​နေတယ်​​နော်​။
စေတနာအတိုင်း အကျိုး​ပေးတယ်​ဆိုတာ ယုံရဲ့လား။ ယုံတယ်​​နော်​။

ယုံတယ်​လို့သာ ​ပြောတာ ၊ အဓိပ္ပါယ်​ မသိဘူး။
ကြားလား။ ယုံတယ်​သာ ​ပြောတာ အဓိပ္ပါယ်​ မသိဘူး။ အဲဒါ စိစစ်​ဖို့ မ​ကောင်းလား။
တဦးတ​ယောက်​က​နေပြီး​တော့မှ ကိုယ်​က နှမ်းအတင်း ၂၀ ဝယ်​ခိုင်းထားတာ​ပေါ့​နော်​။

ကြို​ပေး ... သုံး​ထောင်​​ဈေး။ အတင်း ၂၀ အဝယ်​ခိုင်းတာ။ သုံး​ထောင်​​ဈေး ဆို​တော့ ကိုယ့်​ကို လာအပ်​​တော့ ချိန်​ကြည့်​​တော့ကာ ၂တင်း ​ပျောက်​​နေတယ်​ကွဲ့။ ၂တင်းလို​နေတယ်​။

ဒီက ချိန်​တဲ့ တင်း​တောင်းကလည်း အများသုံးတဲ့ တင်း​တောင်း သမာဓိလို့ တပ်​ထားတာ။အပိုအလို မရှိ ကြားလား။ ​ခြောက်​ဆယ်​နဲ့ ​လေးစလယ်​။ တစ်​ရာ့နှစ်​ဆယ်​ နဲ့ ရှစ်​လုံး။

အဲလိုဆို​တော့ကာ... ကြားဖူးနားဝ မရှိတဲ့ ပုဂ္ဂိုလ်​ ။ စိတ်​မဆိုးဘူးလား ..ဆိုးမလား။
၂တင်း​ပျောက်​​နေတာကိုးကွဲ့။ ​ငွေ​ကြေးနဲ့တွက်​ရင်​ ၆​ထောင်​​လောက်​ မနစ်​နာဘူးလား။
နစ်​နာတယ်​။

အဲဒီ ယူတဲ့လူဟာ ၂တင်း​လောက်​က သူက ယူထား​တော့တာ​နော်​။ ယူထား​တော့ကာ ဟိုက တင်း​သေး​သေးနဲ့ ချိန်​​ပေးလိုက်​တာကိုး။ ကဲ ၂တင်းက သူ့မှာ မရဘူးလား။ ကြို​ပေးနဲ့ဆို ၆​ထောင်​​လောက်​ ကိုက်​တာ​ပေါ့။

နှမ်း​စေ့နဲ့တွက်​ကာ နှမ်း​စေ့နဲ့အမျှ ။ အကုသိုလ်​ ခံရဦးမှာကွာ။
အကုသိုလ်​က အများကြီး ဝင်​သွားပြီ။ သူက​တော့ ဒါ ငါ လုပ်​တတ်​လို့ ရတယ်​လို့ မ​ပြောဘူးလား။ အဲဒါ.... အဲဒီ အတတ်​က ....
**ငရဲကို သွားမည့်​ အတတ်​**ကွဲ့။

စဉ်းစား....ဒါ လုပ်​တတ်​လို့ ရတယ်​ မ​ပြောဘူးလား။ နှမ်း​စေ့နဲ့တွက်​ကာ... နှမ်း​စေ့နဲ့အမျှ ၂တင်း​လောက်​ရှိတဲ့ နှမ်း​စေ့နဲ့အမျှ ခံရမယ်​ကွဲ့။ စဉ်းစားဖို့မ​ကောင်းလား။

အဲဒီ လိမ်​တဲ့ ပုဂ္ဂိုလ်​ကလည်း အကုသိုလ်​ မဖြစ်​ဘူးလား။ တခါ သုတအကြားအမြင်​မရှိ... အလိမ်​ခံရတဲ့ ပုဂ္ဂိုလ်​ကလည်း စိတ်​မဆိုးဘူးလား ။ စိတ်​ဆိုးတာ ကုသိုလ်​လား အကုသိုလ်​ ။ ဒါ...​စေတနာဟံ ဘိက္ခ​ဝေ ကမ္မံ ဝဒါမိ။ ​စေတနာအတိုင်း အကျိုး​ပေးမယ်​လို့ မ​ဟောဘူးလား။

#ဟိုလူက လိမ်​လို့စားရတဲ့ဟာက...စားပြီးကာမှ ခံရတာကိုးကွဲ့ ။
#ဒီက ပိုက်​ဆံလည်း ကုန်​​သေးတယ်​။အရှုံးလည်း ခံ​သေးတယ်​။
ဟော...အ​ချောင်​ အကုသိုလ်​ ခံ​တော့တာ​ဟေ့။
#အကုသိုလ်​ချင်းတူဦး​တော့ ဟိုလူက စားလိုက်​ရတာ။ ဒီက မစားဘဲနဲ့ ခံရတာ။ စဉ်းစားဖို့ မ​ကောင်းလား။

စေတနာအတိုင်း အကျိုး​ပေးတယ်​ လို့ မ​ဟောလား။ ဒါ သူ အကုသိုလ်​ ဖြစ်​​နေတာ အကျိုး​ပေး​တော့မှာကွဲ့။ အဲလို ကံကို ယုံတဲ့ပုဂ္ဂိုလ်​က စိတ်​ဆိုးဦးမလား။ မဆိုး​တော့ဘူး​နော်​။ မဆိုးဘူး...အဲဒါ ကံကိုယုံကြည်​တဲ့ ပုဂ္ဂိုလ်​ ကြားလား။

ဘယ်​လို​ကြောင့်​ ဒီလို ဖြစ်​တာလဲ။
အ​ကြောင်းရှိလို့ အကျိုးတရား​တွေ​ပေါ့။ အဲလိုသိ​တော့ ဘဝအဆက်​ဆက်​က ကိုယ်​ပြုခဲ့တာ​တွေကား မရှိ​ပေဘူးလား။ ဖြစ်​တဲ့ဘဝမှာ မီတဲ့အခါ မခံရဘူးလား။

အဲလို အကျိုးအပြစ်​ကို သိ​တော့ စိတ်​ဆိုး​သေးရဲ့လား။မဆိုး​တော့ဘူး​နော်​။ မဆိုး​တော့ကာ ပြန်​ပြီး​တော့ ​လေ့လာဖို့ လိုတယ်​​နော်​။ သူ့​စေတနာ​လေးက အကျိုးအပြစ်​ကို သိလို့ စိတ်​မဆိုးတာ ​မေတ္တာ ပျက်​ကဲ့လား။ ပျက်​ဘူးကွဲ့​နော်​။

နှမ်းအ​နေနဲ့ အတင်းက ၂တင်းရသွားပြီ။ ကြားလား ။ ဒီပြင်​လူ​တွေက... အဲလို... ဟိုလူက ​ရောင်းချတာ... ၂တင်း ​လျော့  ဖြစ်​တာ​ပေါ့။ သူကလည်း ​လေး​ထောင်​​ဈေး ငါး​ထောင်​​ဈေးနဲ့ ​ရောင်းလိုက်​ရတာ​ပေါ့။ စဉ်းစားဖို့မ​ကောင်းလား။ 

လေး​ထောင်​​ဈေး ငါး​ထောင်​​ဈေးနဲ့ ​ရောင်းလိုက်​ရတယ်​။ ​ဟော...ဒီက ပုဂ္ဂိုလ်​က မိမိက သူကပြု​တော့ကာ ​ဈေးအတက်​ တတင်းကို တ​သောင်း​လောက်​နဲ့ သွားညား​နေ​တော့တာ​နော်​။

တ​သောင်း​လောက်​ဆိုတဲ့ အခါကျ​တော့ အတင်း၂၀...ဆို​တော့ကာ ကဲ ပြန်​စိစစ်​ဖို့ မ​ကောင်းလား။ဟိုမှာ ရှုံးတာက ​ခြောက်​​ထောင်​ ​လောက်​သာ ရှုံးတာ။ သူ့​စေတနာ ​မေတ္တာ တရားက ​ကောင်းတဲ့အခါ ... ကဲ အမြတ်​​တွေဟာ ဟိုက သူရှုံးတာထက်​ မကဘူး...အမြတ်​​တွေက။ ဒါ သူ့​စေတနာ​လေးက အကျိုး​ပေးတာ မထင်​ရှားဘူးလား။

အဲ​တော့... ဓာတ်​ဗူးထဲမှာ ​ရေ​အေး​လေး ထည့်​ထားလိုက်​။ ပူမလား ​အေးမလား။ ​သြော်​ ​အေးတာကိုးကွဲ့။ သူ့​စေတနာအတိုင်း အကျိုး​ပေး​တော့တာ​နော်​ ။

အဲဒီအကျိုးအပြစ်​​တွေကို သိချင်​ရင်​ ဟိုက ၂တင်း​လောက်​ နစ်​နာ​အောင်​​ပြော​တော့ကာ ကိုယ်​က စိတ်​မဆိုးဘူးလား ။ ပူလာ​တော့တာ​ဟေ့။ စဉ်းစားဖို့မ​ကောင်းလား။ အကုသိုလ်​ ​တွေ ဖြစ်​မလာဘူးလား။ ​ကြောက်​စရာ​ကောင်းတယ်​​နော်​။

ဒါ စိတ်​ချမ်းသာ​အောင်​​နေ​တော့ အကျိုးအပြစ်​ကို သိတဲ့အတွက်​ စိတ်​ဆိုး​သေးရဲ့လား။ မဆိုးဘူး ဒါ။ မဆိုးရင်​ သူ့​စေတနာ​လေးက အ​အေးဓာတ်​က အကျိုး​ပေးဦးမယ်​ ။ အဲလို လူ​တွေ အဆင်​​ပြေတာ အဲဒီဘက်​က ကြည့်​ရတယ်​ကွဲ့​နော်​။ ​စေတနာဟံ ဘိက္ခ​ဝေ ကမ္မံ ဝဒါမိ လို့မ​ဟောဘူးလား။

အဲလို နှမ်းနဲ့ ပတ်​သက်​သလို ​ငွေ​ကြေးကိစ္စ ​ချေးတာငှါးတာဖြစ်​​စေ တခုခု အရာဝတ္ထုဖြစ်​​စေ အဲသလို တိုက်​ဆိုင်​တိုင်း တိုက်​ဆိုင်​တိုင်း အ​ကြောင်းတိုက်​ဆိုင်​ရင်​.... ခန္တီ ပရမံ တ​ပေါ။
သည်းခံခြင်း မြတ်​တယ်​လို့ မ​ဟောဘူးလား။ အမြတ်​​တွေ ထွက်​တာ အဲဒါ​တွေကိုးကွဲ့။
သည်းခံနိုင်​တာ။ အဲလို ​လေ့လာဖို့မ​ကောင်းလား။

ကိုယ့်​ကို အပုပ်​ရည်​သွင်းတဲ့ စကားမျိုး​တွေ ... အ​ပြောအဆို ခံရတာ​တွေ​နော်​။ အ​ကြောင်းရှိလို့ အကျိုးတရား​တွေ မ​ပေါ်လား။
အဲလို အကျိုးအပြစ်​ကို သိ​တော့ စိတ်​ဆိုး​သေးရဲ့လား။ မဆိုး​တော့ဘူးကွဲ့​နော်​။

ဟိုက​တော့ အကုသိုလ်​မြားနဲ့ ပစ်​လိုက်​တာ​ပေါ့။
ပစ်​​တော့ ဒီက​နေပြီး​တော့မှ သုတအကြားအမြင်​ရှိ​တော့  အ​ရှောင်​​ကောင်း​တဲ့အတွက်​ ကဲ... လွတ်​မသွားဘူးလား။ ပြန်​လို့ ဆဲ​သေးရဲ့လား။ ​ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ ​ရှောင်​တာ ​နော်​။ အ​ရှောင်​​ကောင်း​တော့ အကုသိုလ်​ ကိုယ့်​မှာ ဖြစ်​​သေးရဲ့လား။

အဲဒါ သီလခံ သီလခံ လို့ မ​ပြောဘူးလား။ အဲဒါ သီလရှိတာ သိရ​တော့တာ​နော်​။ ပြန်​ဆဲတဲ့လူဟာ သီလရှိလို့လား မရှိလို့လား။ အဲသလိုလည်း စဉ်းစားဦးကွဲ့။

ဒါ အခု​တော့ မိမိကလည်း တတင်းမှာ အ​ရောင်းအဝယ်​လုပ်​​တော့ တတင်းမှာ ခပ်​​လျော့​လျော့နဲ့​ရောင်း​တော့ကာ ​ဟော... တတင်းမှာ နှစ်​စလယ်​​လောက်​ တိုးလာတယ်​။ ကြားလား။ လုပ်​တတ်​ကိုင်​တတ်​တယ်​ သူက မလာဘူးလား။

အရင်းအတိုင်း ​ရောင်းတာ​တောင်​မှ နှစ်​စလယ်​​လောက်​ တိုးလာခဲ့တာကိုး။ အဲလို စိစစ်​ဖို့ မ​ကောင်းလား။ အကုသိုလ်​ဝင်​​တော့တာကွဲ့။ အဲသလို ယူတာ ကုသိုလ်​လား အကုသိုလ်​။

အကုသိုလ်​ဟာ ဘုရားက ချမ်းသာတယ်​လို့ ​ဟောတာများ ကြားဖူးရဲ့လား။ ဆင်းရဲတယ်​လို့ မ​ဟောဘူးလား။
အကျိုး​ပေး​တော့မှာ ​ဟောဒီ အကုသို​တွေက။
လိမ်​လို့ရတာ ခိုးလို့ရတာ နည်းအမျိုးမျိုးနဲ့ လုပ်​လို့ရတာ​တွေ ဒါ အကုသိုလ်​​နော်​။ အကုသိုလ်​ အကျိုး​ပေး​တော့မှာ တ​နေ့​နေ့ အကျိုး​ပေး​တော့မှာ ။ ​ကြောက်​စရာ မ​ကောင်းလား။
အဲလို စိစစ်​ဖို့ လိုတယ်​ကွဲ့။ ကမ္မံ ဝိပါကဿ။
ကံကို ယုံကြည်​ရမယ်​​နော်​။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
၁၉.၂.၂၀၀၄နေ့.၂နာရီ အချိန်။

စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ

No comments:

Post a Comment