Sunday, October 9, 2016

တရားသိချင်တဲ့ သဒ္ဓါတရားလေးကိုက တမျိုး ထူးခြားနေတာ ကွဲ့။



**************************************************

ပထမအစ တရားစခန်း ဖွင့်ကာစက
မျောက်ဥပမာ ပေးတဲ့ တိပ်ခွေ မဟောဘူးလား။
တရားထိုင်တာ ...အပါး မဝခင် ထိုင်ရတာတဲ့နော်။
အပါးဝကာ ထိုင်စရာ မလိုဘူးလို့ မပါလား။
အပါးဝအောင် လုပ်ကြကွဲ့။
ကမ္ဘာနဲ့အမျှ ကြာလှပြီနော။

အခု လူတွေ ထိုင်ကြတာ... အခု တရားနာတဲ့ ကိစ္စ ...
အခုမှ ကြားရတယ်လို့ ထင်တာ။
တရားနာချင်တဲ့ ဆန္ဒဟာ...
ဟို ကမ္ဘာလဆန်း တရက်ကစ ပါလာခဲ့ပြီးပြီ ။
ကြားလား။ အခုမှ မထင်နဲ့။
စဉ်းစားဖို့ မကောင်းလား။
အဲဒီ အထုံတွေက ရှိလာပြီးပြီနော်။

အဲဒီ အထုံသာ မရှိတဲ့ ပုဂ္ဂိုလ်က...
 ခေါ်လို့ကို မရဘူးကွဲ့။
လေ့လာဖို့ မကောင်းလား။
အခုမှ စိတ်လေးတွေက ပေါ်ပေါက်တယ်လို့ ထင်တာ။
ထိထိမိမိလေ့လာနော်။

ရှေးထက်ကျော်ကာရီကနေပြီးတော့
ဥပါသကာ တစ်ယောက်က...
ဆရာတော်ဘုရားကြီး လျှောက်တယ်။
ရွာ တရွာမှာ အိမ်ခြေက တစ်ထောင်ကျော်။
လူက လေးထောင်ကျော် ရှိပြီ။

လေးယောက် ငါးယောက်က ဝိုင်းပြီး ဖွဲ့ ဖွဲ့ပြီး တရားငြင်းကြတာ။
မင်္ဂလာဆောင်လည်း သူတို့...ရှင်ပြုလည်း သူတို့... ရဟန်းခံလည်း သူတို့... ကထိန်ခင်းလည်း သူတို့...
ကြမ်းတွေ ပုတ် ပုတ်ပြီးတော့ ငြင်းကြတာ။

ဥပါသကာ တစ်ယောက်က အဲဒီပုဂ္ဂိုလ် သွားလျှောက်တယ်။
တရားတွေ ဝိုင်းပြီး ဖွဲ့ ဖွဲ့ပြီး ငြင်းတာဘုရား။
အနားမှာ မီးနေသည်သာ ရှိရင် သွေးတက်ပြီးတော့ ရူးကုန်လိမ့်မယ်တဲ့။
ကြားလား။
ဘုရား.တရား ဒီလောက်ပါ့ ငြင်းရသလား ဘုရား လို့ လျှောက်တယ်။

စဉ်းစား... ဘယ်နှယောက်လဲဟေ့။၅-ယောက်ဘုရားတဲ့။
မင်းတို့ ရွာ လူဦးရေ ဘယ်လောက် ရှိသလဲ။
လေးထောင်ကျော် ရှိတယ်။
တရားငြင်းတဲ့လူ .... နည်းပါတကား ကွဲ့။
ကြားလား။ အဲဒီလူတွေ ငါနဲ့ တွေ့စမ်းချင်တာတဲ့ ...။

အဲဒီလူတွေဟာ ကြာလှပြီ။
မင်းက ဒီဘဝလို့သာ ...မြင်တာ။
ကမ္ဘာလဆန်းတစ်ရက်ကစ ငြင်းလာခဲ့တာ ဒီလူတွေတဲ့။
ဆရာကောင်း မတွေ့လို့ ကြာနေတာ တဲ့။
ဆရာကောင်းတွေ့ရင် ကျွတ်တော့မှာ တဲ့ ... ဒီလူတွေ။

အဲလို ငြင်းတဲ့ ဝါသနာ ပါအောင် စမ်း... စမ်းဦးတဲ့။
မင်း အလွတ် ငြင်းနိုင်တယ် မထင်နဲ့တဲ့။

တရားငြင်းလို့ သေတာက မြတ်တယ်တဲ့။
စားဝတ်နေရေး သားကျွေးမှု မယားကျွေးမှု ငြင်းလို့ သေတာက ရှုံးတယ်တဲ့။
အဲလို ဝါသနာ ပါအောင် စမ်း ... စမ်းဦးတဲ့နော်။

ဆရာကောင်း မတွေ့လို့ ငြင်းနေတာတဲ့။
ဆရာကောင်းတွေ့ရင် ဒီလူတွေ ကျွတ်တော့မှာတဲ့။
အဲလို ဝါသနာပါအောင် စမ်း. .. စမ်းဦးတဲ့ဗျား။
အဲလို လေ့လာဖို့ မကောင်းလား။

တရားနာချင်တဲ့ စိတ်တွေဟာ... သာမန် မဟုတ်ဘူးနော်။
တရား သိတာ မသိတာ... ထား
အဲဒီ တရား သိချင်တဲ့ သဒ္ဓါတရားလေးကိုက တမျိုး ထူးခြားနေတာ ကွဲ့။
အဲလို စိစစ်ဖို့ မကောင်းလား။
ဘယ်လောက်များ အားရစရာ ကောင်းသလဲနော်။
ဆရာကောင်း သမားကောင်းတွေ့တော့ ကျွတ်တမ်းဝင်ကြတာပေါ့။

သိမှ ပယ်တာနော်။
မသိ ပယ်နိုင်ပါ့မလား...။
သိတယ်ဆိုတာ...
ခန္ဓာသိဖို့ လိုတယ်နော်။
အနိစ္စ သိဖို့ လိုတယ်နော်။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။

ရှေးတိပ်တရားတော် mc.52မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။

No comments:

Post a Comment