Sunday, October 9, 2016
တရားသိချင်တဲ့ သဒ္ဓါတရားလေးကိုက တမျိုး ထူးခြားနေတာ ကွဲ့။
**************************************************
ပထမအစ တရားစခန်း ဖွင့်ကာစက
မျောက်ဥပမာ ပေးတဲ့ တိပ်ခွေ မဟောဘူးလား။
တရားထိုင်တာ ...အပါး မဝခင် ထိုင်ရတာတဲ့နော်။
အပါးဝကာ ထိုင်စရာ မလိုဘူးလို့ မပါလား။
အပါးဝအောင် လုပ်ကြကွဲ့။
ကမ္ဘာနဲ့အမျှ ကြာလှပြီနော။
အခု လူတွေ ထိုင်ကြတာ... အခု တရားနာတဲ့ ကိစ္စ ...
အခုမှ ကြားရတယ်လို့ ထင်တာ။
တရားနာချင်တဲ့ ဆန္ဒဟာ...
ဟို ကမ္ဘာလဆန်း တရက်ကစ ပါလာခဲ့ပြီးပြီ ။
ကြားလား။ အခုမှ မထင်နဲ့။
စဉ်းစားဖို့ မကောင်းလား။
အဲဒီ အထုံတွေက ရှိလာပြီးပြီနော်။
အဲဒီ အထုံသာ မရှိတဲ့ ပုဂ္ဂိုလ်က...
 ခေါ်လို့ကို မရဘူးကွဲ့။
လေ့လာဖို့ မကောင်းလား။
အခုမှ စိတ်လေးတွေက ပေါ်ပေါက်တယ်လို့ ထင်တာ။
ထိထိမိမိလေ့လာနော်။
ရှေးထက်ကျော်ကာရီကနေပြီးတော့
ဥပါသကာ တစ်ယောက်က...
ဆရာတော်ဘုရားကြီး လျှောက်တယ်။
ရွာ တရွာမှာ အိမ်ခြေက တစ်ထောင်ကျော်။
လူက လေးထောင်ကျော် ရှိပြီ။
လေးယောက် ငါးယောက်က ဝိုင်းပြီး ဖွဲ့ ဖွဲ့ပြီး တရားငြင်းကြတာ။
မင်္ဂလာဆောင်လည်း သူတို့...ရှင်ပြုလည်း သူတို့... ရဟန်းခံလည်း သူတို့... ကထိန်ခင်းလည်း သူတို့...
ကြမ်းတွေ ပုတ် ပုတ်ပြီးတော့ ငြင်းကြတာ။
ဥပါသကာ တစ်ယောက်က အဲဒီပုဂ္ဂိုလ် သွားလျှောက်တယ်။
တရားတွေ ဝိုင်းပြီး ဖွဲ့ ဖွဲ့ပြီး ငြင်းတာဘုရား။
အနားမှာ မီးနေသည်သာ ရှိရင် သွေးတက်ပြီးတော့ ရူးကုန်လိမ့်မယ်တဲ့။
ကြားလား။
ဘုရား.တရား ဒီလောက်ပါ့ ငြင်းရသလား ဘုရား လို့ လျှောက်တယ်။
စဉ်းစား... ဘယ်နှယောက်လဲဟေ့။၅-ယောက်ဘုရားတဲ့။
မင်းတို့ ရွာ လူဦးရေ ဘယ်လောက် ရှိသလဲ။
လေးထောင်ကျော် ရှိတယ်။
တရားငြင်းတဲ့လူ .... နည်းပါတကား ကွဲ့။
ကြားလား။ အဲဒီလူတွေ ငါနဲ့ တွေ့စမ်းချင်တာတဲ့ ...။
အဲဒီလူတွေဟာ ကြာလှပြီ။
မင်းက ဒီဘဝလို့သာ ...မြင်တာ။
ကမ္ဘာလဆန်းတစ်ရက်ကစ ငြင်းလာခဲ့တာ ဒီလူတွေတဲ့။
ဆရာကောင်း မတွေ့လို့ ကြာနေတာ တဲ့။
ဆရာကောင်းတွေ့ရင် ကျွတ်တော့မှာ တဲ့ ... ဒီလူတွေ။
အဲလို ငြင်းတဲ့ ဝါသနာ ပါအောင် စမ်း... စမ်းဦးတဲ့။
မင်း အလွတ် ငြင်းနိုင်တယ် မထင်နဲ့တဲ့။
တရားငြင်းလို့ သေတာက မြတ်တယ်တဲ့။
စားဝတ်နေရေး သားကျွေးမှု မယားကျွေးမှု ငြင်းလို့ သေတာက ရှုံးတယ်တဲ့။
အဲလို ဝါသနာ ပါအောင် စမ်း ... စမ်းဦးတဲ့နော်။
ဆရာကောင်း မတွေ့လို့ ငြင်းနေတာတဲ့။
ဆရာကောင်းတွေ့ရင် ဒီလူတွေ ကျွတ်တော့မှာတဲ့။
အဲလို ဝါသနာပါအောင် စမ်း. .. စမ်းဦးတဲ့ဗျား။
အဲလို လေ့လာဖို့ မကောင်းလား။
တရားနာချင်တဲ့ စိတ်တွေဟာ... သာမန် မဟုတ်ဘူးနော်။
တရား သိတာ မသိတာ... ထား
အဲဒီ တရား သိချင်တဲ့ သဒ္ဓါတရားလေးကိုက တမျိုး ထူးခြားနေတာ ကွဲ့။
အဲလို စိစစ်ဖို့ မကောင်းလား။
ဘယ်လောက်များ အားရစရာ ကောင်းသလဲနော်။
ဆရာကောင်း သမားကောင်းတွေ့တော့ ကျွတ်တမ်းဝင်ကြတာပေါ့။
သိမှ ပယ်တာနော်။
မသိ ပယ်နိုင်ပါ့မလား...။
သိတယ်ဆိုတာ...
ခန္ဓာသိဖို့ လိုတယ်နော်။
အနိစ္စ သိဖို့ လိုတယ်နော်။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
ရှေးတိပ်တရားတော် mc.52မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။
Saturday, October 8, 2016
"မရှိတာ သိ အစားထိုးတာ သိ"
************************
သိတဲ့စိတ်လေးကလည်း ရုပ်နှစ်ခု တိုက်မှပေါ်တာနော်။
လူတယောက်ကနေပြီးတော့မှ အိပ်ပျော်နေတာပေါ့။
တယောက်က သူ့ကို သတ်မယ်လို့ လာပြီနော်။
အဲတော့ သတ်မယ်လို့ လာတဲ့အခါ သူ သိပါမလား။
သိတဲ့ စိတ်လေးရှိရင် သူ ထပြောမှာကွဲ့။
သိတဲ့ စိတ်ရှိရဲ့လား။
မသေတာ... သက်စောင့် ဆိုတဲ့ ဘဝင် စိတ်ပဲ ရှိတယ်နော်။
သိတဲ့စိတ်က ထိမှ သိတာ။ မြင်မှ သိတာ...။ ကြားမှ သိတာ။
ပင်ကိုယ် အရှိ ဟုတ်ကဲ့လား။
ထိမှ သိတာနော်။ မြင်မှ သိတာနော်။
ပင်ကိုယ် ရှိတဲ့တရား ဟုတ်ကဲ့လား။
အဲဒါ လေ့လာဖို့ လိုတယ်။
လူတွေက အိပ်လည်း ရှိတယ်။ မအိပ်လည်း ရှိတယ် ယူနေတာပေါ့။
မျက်စိ တမှိတ် လျှပ်တပြက် ကုဋေတစ်သိန်း ဖြစ်တယ် ပျက်တယ်လို့ မဟောဘူးလား။
နဒီသောတော ဝိယ လို့ကော မဟောလား။
မြစ်ရေများ စီးသလို မတန့်စားဘူးပေါ့။
မိုးကုတ်ဆရာတော်ဘုရားကြီးက...
အနိစ္စကိုသိ အစားထိုးတာသိ မဟောဘူးလား။
အသစ် အဟောင်း ပေါ့နော်။
သေသွားပြီး နောက် အစားထိုး မလာဘူးလား။
ပျက်သွားလိုက် အစားထိုးလိုက် မနေဘူးလား။
မရှိတာ အနိစ္စ၊ အစားထိုးတာ သင်္ခါရ လို့ မဟောဘူးလား။
အဲလို စဉ်းစားဖို့ လိုတယ်။ စဉ်းစားကွဲ့နော်။
မကြားစဖူး ကြားဖူးထပ်မံပေါ့...။
အမျိုးသမီးလေးတွေ ညနေကို ဘုရား ကျောင်းကန်ကို သွား
 ရေလှူသွားကြတယ်။
အမျိုးသမီး လေးယောက်ပေါ့။ ဥပမာနော်။
ရှေ့ဆုံး အမျိုးသမီးလေးက အဖြူထည် ဝတ်တာပေါ့။
အင်္ကျီက အဖြူ အောက်က ထဘီက အဖြူပေါ့နော်။
ဒုတိယ အမျိုးသမီးက အဝါပေါ့။
တတိယကနေပြီးတော့ အစိမ်းပေါ့။
စတုတ္ထက အပြာပေါ့။
အရောင်အဆင်း တူရဲ့လား။
အဲဒါ... မိမိက ရပ်ကြည့်နော်။
ရပ်ကြည့်တဲ့အခါ... ဟိုကနေ သွားတဲ့အခါ
ပထမဆုံး အဖြူ မမြင်ရဘူးလား။
ကြည့်တဲ့အခါကျ နောက် အဝါ အစားထိုး မလာဘူးလား။
အဲတော့... အဝါမြင်တဲ့အခါ အဖြူကို မြင်တဲ့ စိတ် ရှိ မရှိ...။
ဘယ်လောက် မြန်သလဲ စဉ်းစားနော်။
လူတွေက ရှိတယ်လို့ မယူဘူးလား။
ရှိတယ်ဆို... အဖြူ မြင်ရမှာပေါ့ကွဲ့။
 အခု မြင်တာ အဝါ။
တော်တုန်းက အဖြူ မြင်တဲ့စိတ် ရှိသေးရဲ့လား။
စဉ်းစားနော်။ အဲလို လေ့လာဖို့ မကောင်းလား။
ကဲ အဝါ မြင်တဲ့ စိတ်ကလေးကလည်း ပျောက်မသွားဘူးလား။
ပျက်မသွားဘူးလား။
နောက် အစိမ်းမြင်တာလေးက အစားထိုး မလာဘူးလား။
အဝါ မြင်တဲ့စိတ် ရှိသေးရဲ့လား။ စဉ်းစား။
အဲလို စိစစ်ဖို့ မကောင်းလား။
နောက် အပြာ ဝင်မလာဘူးလား။
အစိမ်းမြင်တဲ့ သိတဲ့စိတ် ရှိသေးရဲ့လား။
အနိစ္စလို့ မဟောဘူးလား။
မရှိတာသိ အစားထိုးတာ သိ လို့ မဟောလား။
အဲလို စိစစ်ဖို့ ကောင်းတယ်ကွဲ့။
စဉ်းစား စဉ်းစား။
အဲဒီ အသိဉာဏ် မလေ့လာတော့ကာ ...
အဖြူ မြင်တာလည်း ငါ ။ အဝါ မြင်တာလည်း ငါ။
အစိမ်းမြင်တာလည်း ငါ။ အပြာမြင်တာလည်း ငါ။
တစ်စိတ်တည်း နေတော့တာပေါ့။
ပျက်တာ မပါပြီ။
စဉ်းစားဖို့ မကောင်းလား။
ငယ်ငယ်တုန်းကလည်း ငါပေါ့။
 ကျောင်းသား အရွယ်လည်း ငါပေါ့။
လူပျိုကြီး ဖြစ်ပြန်တော့လည်း ငါပေါ့။
အိမ်ထာင်ရက်သားကျတော့လည်း ငါပေါ့။
တငါ တည်း နေတာနော်။
ငါပါလျှင် အရာရာ ရှုပ်ထွေး
သွားလေရာ ဒုက္ခပေးတယ်
ဧည့်သည်ရဲ့ခွေး တဲ့ကွဲ့။
အဲဒီ ငါ မပျောက်လို့ပေါ့။
ငယ်ငယ်တုန်းက စိတ် ရှိ မရှိ။
 စိစစ်ဖို့ မကောင်းလား။
အမျိုးသားလေးပေါ့နော်။
၅-နှစ်/၆-နှစ် အရွယ်လေးပေါ့။ကဲ လုံချည် အသစ်လဲမယ်။
ချွတ်လို့ မပြောရဘူးလား။ အင်္ကျီချွတ် ပုဆိုးတွေ ချွတ်လိုက်ရတာပေါ့။
ချွတ်လို့ အသစ် မဝတ်ရပေဘူးလား။
အခု အသက် ၃၀ ရောက်တော့ကာ
အသစ်လဲအောင် ချွတ်စမ်း လို့ ပြော..
ချွတ်ရဲပါမလား။ ရှက်တယ်လို့ မပြောဘူးလား။
ငယ်ငယ်တုန်းက စိတ် ရှိရဲ့လား။
ဟို ငယ်ငယ်တုန်းက စိတ် မဟုတ်ဘူးကွဲ့။
စဉ်းစားဖို့ မကောင်းလား။
အဲလို လေ့လာဦး။
ဒါကြောင့် အရှိနဲ့ အဖြစ် ပိုင်းခြားဖို့ လိုတယ်နော်။
လူတွေက အသက်ရှိတယ် လိပ်ပြာရှိတယ်လို့ မယူဘူးလား။
အိပ်ပျော်နေတာ ဘဝင်စိတ်ကွဲ့။
သိတဲ့စိတ် ဟုတ်ကဲ့လား။ အဲလို လေ့လာဖို့ လိုတယ်။
ဘဝင်စိတ်က သက်စောင့်လို့ ခေါ်တယ်နော်။
ခန္ဓာကိုယ် မပုပ်အောင် မသိုးအောင်ပေါ့။
အဲဒါ ဘဝင်စိတ်။ အဲလို လေ့လာဖို့ မကောင်းလား။
သိတဲ့စိတ်က ရုပ် နှစ်ခု တိုက်မှ ဖြစ်တာ။
အဲဒါလည်း ကွဲကွဲ ရှင်းရှင်း လင်းလင်း သိဖို့ လိုတာ။
ရုပ်နှစ်ခု တိုက်မှ ပေါ်တာနော်။ စာလိုတော့ အာရုံနဲ့ ဒွါရပေါ့။
နှစ်ခုတိုက်မှ ပေါ်တာ။ ဒါ အဖြစ်တရား လို့ မဟောဘူးလား။
ဪ ရုပ်နှစ်ခု တိုက်မှ ဖြစ်တာကိုး။
ပင်ကို အရှိ ဟုတ်ကဲ့လား။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
ရှေးတိပ်တရားတော် mc.52မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ သံဝရ ၏
သစ္စာဖွဲ့နည်း...
အင်္ဂလိပ် ဘာသာဖြင့်...။
Aggamahā Kammaṭṭhānācariya Bhaddanta Saṁvara
 Monle Sayadaw
FOUR  NOBLE  TRUTHS (SACCA)
VEDANĀKKHANDHA
1.The state of craving for, being pleased with and grasping of  “VEDANĀKKHANDHA” (feeling aggregate) as “I” , “others”,
“man” and “woman” is lobha  (craving).
It belongs to “Samudaya  Sacca”  (The Truth of Origin of  Suffering).
2.The arising and passing away of  “VEDANĀKKHANDHA”  is  “Dukkha Sacca”  (The Truth of  Suffering).
3.Clearly  comprehending by discerning  as  the “Dukkha Sacca” is  “Sammādiṭṭhi  Magga  Sacca” (Right Understanding).
4.When  “Samudaya  Sacca”  has ceased and there is no more arising of new khandha  (Future  Aggregate), “Nirodha Sacca” (The Truth of Cessation of  Suffering) is realized.
SAÑÑAKKHANDHA
1.The state of craving for, being pleased with and grasping of  “SAÑÑAKKHANDHA” (perception   aggregate) as “I” , “others”,
“man” and “woman” is lobha -taṇhā (greed-craving)  belonging  to “Samudaya  Sacca”  (The Truth of Origin of  Suffering).
2.The arising and passing away of  “SAÑÑAKKHANDHA”  is  “Dukkha Sacca”  (The Truth of  Suffering).
3.Clearly  comprehending by discerning as the “Dukkha Sacca” is  “Sammādiṭṭhi  Magga  Sacca” (Right Understanding).
4.When  “Samudaya  Sacca”  has ceased and there is no more arising of new khandha  (Future  Aggregate), “Nirodha Sacca” (The Truth of Cessation of  Suffering) is realized.
SAṄKHĀRAKKHANDHA
1.The state of craving for, being pleased with and grasping of  “SAṄKHĀRAKKHANDHA” (formation  aggregate) as “I” , “others”,“man” and “woman” is lobha -taṇhā (greed-craving)  belonging  to “Samudaya  Sacca”  (The Truth of Origin of  Suffering).
2.The arising and passing away of  “SAṄKHĀRAKKHANDHA”  is  “Dukkha Sacca”  (The Truth of  Suffering).
3.Clearly  comprehending by discerning as the “Dukkha Sacca” is  “Sammādiṭṭhi  Magga  Sacca” (Right Understanding).
4.When  “Samudaya  Sacca”  has ceased and there is no more arising of new khandha  (Future  Aggregate), “Nirodha Sacca” (The Truth of Cessation of  Suffering) is realized.
VIÑÑĀṆAKKHANDHA
1.The state of craving for, being pleased  with and grasping of  “VIÑÑĀṆAKKHANDHA” (consciousness  aggregate) as “I” , “others”,“man” and “woman” is lobha -taṇhā (greed-craving)  belonging  to “Samudaya  Sacca”  (The Truth of Origin of  Suffering).
2.The arising and passing away of  “VIÑÑĀṆAKKHANDHA”  is  “Dukkha Sacca”  (The Truth of  Suffering).
3.Clearly  comprehending by discerning as  the “Dukkha Sacca” is  “Sammādiṭṭhi  Magga  Sacca” (Right Understanding).
4.When  “Samudaya  Sacca”  has ceased and there is no more arising of new khandha  (Future  Aggregate), “Nirodha Sacca” (The Truth of Cessation of  Suffering) is realized.
RŪPAKKHANDHA
1.The state of craving for, being pleased with and grasping of  “RŪPAKKHANDHA”  (materiality aggregate) as “I” , “others”,“man” and “woman” is lobha -taṇhā (greed-craving)  belonging  to “Samudaya  Sacca”  (The Truth of Origin of  Suffering).
2.The arising and passing away of  “RŪPAKKHANDHA”  is  “Dukkha Sacca”  (The Truth of  Suffering).
3.Clearly  comprehending by discerning as  the “Dukkha Sacca” is  “Sammādiṭṭhi  Magga  Sacca” (Right Understanding).
4.When  “Samudaya  Sacca”  has ceased and there is no more arising of new khandha  (Future  Aggregate), “Nirodha Sacca” (The Truth of Cessation of  Suffering) is realized.
မြန်မာဘာသာဖြင့်...
သစ္စာဖွဲ့နည်း-။.
ဝေဒနာက္ခန္ဓာ
*ဝေဒနာက္ခန္ဓာ တရားပေါ်မှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ အနေနှင့် လိုချင်မှု နှစ်သက်မှု စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။
* ဝေဒနာက္ခန္ဓာ တရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။
* ဒုက္ခသစ္စာဟု ပိုင်းခြား၍ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။
*သမုဒယသစ္စာ သေတာနှင့် နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ။
သညာက္ခန္ဓာ
*သညာက္ခန္ဓာ တရားပေါ်မှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ အနေနှင့် လိုချင်မှု နှစ်သက်မှု စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။
* သညာက္ခန္ဓာ တရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။
* ဒုက္ခသစ္စာဟု ပိုင်းခြား၍ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။
*သမုဒယသစ္စာ သေတာနှင့် နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ။
သင်္ခါရက္ခန္ဓာ
*သင်္ခါရက္ခန္ဓာ တရားပေါ်မှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ အနေနှင့် လိုချင်မှု နှစ်သက်မှု စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။
* သင်္ခါရက္ခန္ဓာ တရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။
* ဒုက္ခသစ္စာဟု ပိုင်းခြား၍ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။
*သမုဒယသစ္စာ သေတာနှင့် နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ။
ဝိညာဏက္ခန္ဓာ
*ဝိညာဏက္ခန္ဓာ တရားပေါ်မှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ အနေနှင့် လိုချင်မှု နှစ်သက်မှု စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။
* ဝိညာဏက္ခန္ဓာ တရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။
* ဒုက္ခသစ္စာဟု ပိုင်းခြား၍ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။
*သမုဒယသစ္စာ သေတာနှင့် နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ။
ရူပက္ခန္ဓာ
*ရူပက္ခန္ဓာ တရားပေါ်မှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ အနေနှင့် လိုချင်မှု နှစ်သက်မှု စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။
* ရူပက္ခန္ဓာ တရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။
* ဒုက္ခသစ္စာဟု ပိုင်းခြား၍ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။
*သမုဒယသစ္စာ သေတာနှင့် နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ။
https://www.facebook.com/pages/ကျေးဇူးတော်ရှင်-မုံလယ်ဆရာတော်ကြီး-ဟောကြားတော်မူခဲ့သော-တရားတော်များ/1596325990614582?fref=photo
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ ၏ ခန္ဓာဖွဲ့နည်း... (အင်္ဂလိပ်ဘာသာ ဖြင့်...)
Aggamahā Kammaṭṭhānācariya Bhaddanta Saṁvara Monle Sayadaw
KHANDHA
(Way of Formation of Aggregates)
HOW THE AGGREGATES FUNCTIONS
(1)
EYE
When a visible object strikes or impinges the cakkhu-pasāda (eye-sensitivity), cakkhu viññᾱṇa (seeing-consciousness) arises .
When cakkhu viññᾱṇa  arises , is it possible for it to arise alone? No, it isn’t.
Three other nᾱmakkhandhᾱ (mental aggregates): vedanᾱ (feeling), saññᾱ (perception) and cetanᾱ (volition) arise together with cakkhu viññᾱṇa.
Thus,fourfold nᾱmakkhandhᾱ  is formed.
Eye- sensitivity and visible objects are rūpakkhandhᾱ (materiality aggregate).
The combination of fourfold nᾱmakkhandhᾱ and rūpakkhandhᾱ is the five khandhᾱ.
When a visible object strikes or impinges the eye-sensitivity, seeing-consciousness arises .
That which is aware of the visible object is citta(consciousness); and vedanᾱ (feeling), saññᾱ (perception) and cetanᾱ (volition) are cetasika (mental states); thus citta and cetasika.
Eye- sensitivity and visible objects are rūpa.
Altogether, citta, cetasika and rūpa.
When a visible object strikes or impinges the eye-sensitivity, seeing-consciousness arises .
The consciousness that is aware of the visible object is nᾱma (mental phenomena) and eye- sensitivity and visible objects are rūpa(material phenomena).
There are nᾱma and rūpa.
(2)
EAR
When a sound strikes or impinges the sota-pasāda (ear-sensitivity), sota- viññᾱṇa (hearing-consciousness) arises .
When sota viññᾱṇa  arises , is it possible for it to arise alone? No, it isn’t.
Three other nᾱmakkhandhᾱ (mental aggregates): vedanᾱ (feeling), saññᾱ (perception) and cetanᾱ (volition) arise together with sota viññᾱṇa.
Thus,fourfold nᾱmakkhandhᾱ is formed.
Ear- sensitivity and sound are rūpakkhandhᾱ (materiality aggregate).
The combination of fourfold nᾱmakkhandhᾱ and rūpakkhandhᾱ is the five khandhᾱ.
When a sound strikes or impinges the ear-sensitivity, hearing-consciousness arises .
That which is aware of the sound is citta(consciousness); and vedanᾱ (feeling), saññᾱ (perception) and cetanᾱ (volition) are cetasika (mental states); thus citta and cetasika.
The ear- sensitivity and sound are rūpa.
Altogether, c itta, cetasika and rūpa.
When a sound strikes or impinges the ear-sensitivity, hearing-consciousness arises .
The consciousness that is aware of the sound is nᾱma (mental phenomena) and ear- sensitivity and sound are rūpa(material phenomena).
There are nᾱma and rūpa.
(3)
NOSE
When smell strikes or impinges the ghᾱna pasāda (nose-sensitivity), ghᾱna - viññᾱṇa (smelling-consciousness) arises .
When ghᾱna viññᾱṇa   arises , is it possible for it to arise alone? No, it isn’t.
Three other nᾱmakkhandhᾱ (mental aggregates): vedanᾱ (feeling), saññᾱ (perception) and cetanᾱ (volition) arise together with ghᾱna viññᾱṇa.
Thus,fourfold nᾱmakkhandhᾱ is formed.
The nose- sensitivity and smell are rūpakkhandhᾱ (materiality aggregate).
The combination of fourfold nᾱmakkhandhᾱ and rūpakkhandhᾱ is the five khandhᾱ.
When a smell strikes or impinges the nose-sensitivity, smelling-consciousness arises .
That which is aware of the smell is citta(consciousness); and vedanᾱ (feeling), saññᾱ (perception) and cetanᾱ (volition) are cetasika (mental states); thus citta and cetasika.
The nose- sensitivity and smell are rūpa.
Altogether, citta, cetasika and rūpa.
When a smell strikes or impinges the nose-sensitivity, smelling-consciousness arises .
The consciousness that is aware of the smell is nᾱma (mental phenomena) and nose- sensitivity and smell are rūpa(material phenomena).
There are nᾱma and rūpa.
(4)
TONGUE
When any of the six kinds of taste: sweet,sour,hot,salty,pungent and bitter strikes or impinges the jivhᾱ pasāda (tongue-sensitivity), jivhᾱ - viññᾱṇa (taste-consciousness) arises .
When jivhᾱ viññᾱṇa  arises , is it possible for it to arise alone? No, it isn’t.
Three other nᾱmakkhandhᾱ (mental aggregates): vedanᾱ (feeling), saññᾱ (perception) and cetanᾱ (volition) arise together with jivhᾱ viññᾱṇa .
Thus,fourfold nᾱmakkhandhᾱ is formed.
The tongue- sensitivity and six kinds of taste are rūpakkhandhᾱ (materiality aggregate).
The combination of fourfold nᾱmakkhandhᾱ  and rūpakkhandhᾱ  is the five khandhᾱ.
When any of the six kinds of taste strikes or impinges the tongue -sensitivity, taste -consciousness arises .
That which is aware of the taste is citta(consciousness); and vedanᾱ (feeling), saññᾱ (perception) and cetanᾱ  (volition) are cetasika  (mental states); thus citta  and cetasika.
The tongue - sensitivity and taste are rūpa.
Altogether, citta, cetasika and rūpa.
When any of the six kinds of taste strikes or impinges the tongue -sensitivity, taste -consciousness arises .
The consciousness that is aware of the taste is nᾱma (mental phenomena) and tongue - sensitivity and taste are rūpa(material phenomena).
There are nᾱma and rūpa.
(5)
BODY
When pathavī phoṭṭhabba(hardness and softness of earth element) strikes or impinges the kᾱya pasāda (body-sensitivity), kᾱya - viññᾱṇa (touch-consciousness) arises .
When touch-consciousness arises , is it possible for it to arise alone? No, it isn’t.
Three other nᾱmakkhandhᾱ  (mental aggregates): vedanᾱ (feeling), saññᾱ (perception) and cetanᾱ (volition) arise together with kᾱya viññᾱṇa.
Thus,fourfold nᾱmakkhandhᾱ  is formed.
The kᾱya pasāda  (body-sensitivity) and hardness and softness of earth element are rūpakkhandhᾱ  (materiality aggregate).
The combination of fourfold nᾱmakkhandhᾱ  and rūpakkhandhᾱ  is the five  khandhᾱ.
When tejo phoṭṭhabba  (heat and cold of fire element)strikes or impinges the body-sensitivity, touch-consciousness arises .
That which is aware of the heat and cold of fire element is citta(consciousness); and vedanᾱ (feeling), saññᾱ (perception) and cetanᾱ (volition) are cetasika (mental states); thus citta  and cetasika.
The body- sensitivity and tactile object of heat and cold are rūpa.
Altogether, citta, cetasika and rūpa.
When vᾱyo phoṭṭhabba (supporting and motion of air element) strikes or impinges the body--sensitivity, touch -consciousness arises .
The consciousness that is aware of the supporting and motion is nᾱma (mental phenomena) and body- sensitivity and supporting and motion l are rūpa(material phenomena).
There are nᾱma and rūpa.
(6)
MIND
When a dhamma object(mind-object) strikes or impinges the manāyatana/mano dvāra (mind-base), mano  viññᾱṇa ( thinking consciousness or mind-consciousness) arises .
When mano viññᾱṇa   arises , is it possible for it to arise alone? No, it isn’t.
Three other nᾱmakkhandhᾱ (mental aggregates): vedanᾱ kkhandhᾱ cetasika (feeling), saññᾱ kkhandhᾱ cetasika (perception) and saṅkhᾱra kkhandhᾱ cetanᾱ (volition) arise together with mano viññᾱṇa .
Thus,fourfold nᾱmakkhandhᾱ  is formed.
Hadaya vatthu (seat of mind)and mind objects are rūpakkhandhᾱ (materiality aggregate).
The combination of fourfold nᾱmakkhandhᾱ and rūpakkhandhᾱ  is the five khandhᾱ.
When a mind object strikes or impinges the mind-base, thinking consciousness or mind-consciousness arises .
That which is aware of the mind object as puggala(individual) and satta (being) is citta(consciousness); and vedanᾱ (feeling), saññᾱ (perception) and cetanᾱ (volition) are cetasika (mental states); thus citta and cetasika.
Hadaya vatthu (seat of mind)and mind objects are rūpa.
Altogether, citta, cetasika and rūpa.
When a mind object strikes or impinges the mind-base, thinking consciousness or mind-consciousness arises .
The consciousness that is aware of the mind object as puggala(individual) and satta (being) is nᾱma (mental phenomena) and hadaya vatthu and mind objects are rūpa(material phenomena).
There are nᾱma and rūpa.
(မြန်မာဘာသာဖြင့်...)
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ 
မုံလယ်ဆရာတော်ဘုရားကြီး၏
ခန္ဓာဖွဲ့နည်း။
"မျက်စိ..."
စက္ခု အကြည်ကို အဆင်း တိုက်တော့ စက္ခုဝိညာဏ် ပေါ်ပါသည်။
စက္ခုဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ်ပါသလား။ မဖြစ်နိုင်ပါ။
စက္ခုဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ သညာ စေတနာ သုံးပါးပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။
စက္ခု အကြည်နှင့် အဆင်း ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။
နာမက္ခန္ဓာ လေးပါး နှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာ ငါးပါး ဖြစ်ပါသည်။
မျက်စိ အကြည်ကို အဆင်း တိုက်တော့ မြင်သိစိတ် ပေါ်ပါသည်။
အဆင်း ကို မြင်သိတာ က စိတ် ၊
ဝေဒနာ သညာ စေတနာ က စေတသိက်၊
စိတ် စေတသိက်။
မျက်စိ အကြည်နှင့် အဆင်းက ရုပ်။
စိတ် စေတသိက် ရုပ်။
မျက်စိ အကြည်ကို အဆင်း တိုက်တော့ မြင်သိစိတ် ပေါ်ပါသည်။
အဆင်း ကို မြင်သိတာ က နာမ်တရား ၊
မျက်စိ အကြည်နှင့် အဆင်းက ရုပ်တရား၊
နာမ် ရုပ်နှစ်ပါး။
...............======================...............
"နား"
သောတ အကြည်ကို အသံ တိုက်တော့ သောတဝိညာဏ် ပေါ်ပါသည်။
သောတဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ် ပါသလား။ မဖြစ်နိုင်ပါ။
သောတဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ သညာ စေတနာ သုံးပါးပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။
သောတ အကြည်နှင့် အသံ ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။
နာမက္ခန္ဓာ လေးပါး နှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာ ငါးပါး ဖြစ် ပါသည်။
နား အကြည်ကို အသံ တိုက်တော့ ကြားသိစိတ် ပေါ်ပါသည်။
အသံ ကို ကြားသိတာ က စိတ် ၊
ဝေဒနာ သညာ စေတနာ က စေတသိက်၊
စိတ် စေတသိက်။
နား အကြည်နှင့် အသံ က ရုပ်။
စိတ် စေတသိက် ရုပ်။
နား အကြည်ကို အသံ တိုက်တော့ ကြားသိစိတ် ပေါ်ပါသည်။
အသံ ကို ကြားသိတာ က နာမ်တရား ၊
နား အကြည်နှင့် အသံ က ရုပ်တရား၊
နာမ် ရုပ်နှစ်ပါး။
.............==========================........
"နှာ"
ဃာန အကြည်ကို အနံ့ တိုက်တော့ ဃာနဝိညာဏ် ပေါ်ပါသည်။
ဃာနဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ် ပါသလား။ မဖြစ်နိုင်ပါ။
ဃာနဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ သညာ စေတနာ သုံးပါးပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။
ဃာန အကြည်နှင့် အနံ့ ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။
နာမက္ခန္ဓာ လေးပါး နှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာ ငါးပါး ဖြစ် ပါသည်။
နှာအကြည်ကို အနံ့ တိုက်တော့ နံသိစိတ် ပေါ်ပါသည်။
အနံ့ ကို နံသိတာ က စိတ် ၊
ဝေဒနာ သညာ စေတနာ က စေတသိက်၊
စိတ် စေတသိက်။
နှာ အကြည်နှင့် အနံ့ က ရုပ်။
စိတ် စေတသိက် ရုပ်။
နှာအကြည်ကို အနံ့ တိုက်တော့ နံသိစိတ် ပေါ်ပါသည်။
အနံ့ ကို နံသိတာ က နာမ်တရား ၊
နှာ အကြည်နှင့် အနံ့ က ရုပ်တရား၊
နာမ် ရုပ်နှစ်ပါး။
..................=======================.........
"လျှာ"
ဇိဝှါ အကြည်ကို ချို ချဉ် စပ် ငန် ဖန် ခါး ရသာ(၆)ပါး တိုက်တော့ စားသိစိတ်ဆိုတဲ့ ဇိဝှါဝိညာဏ် ပေါ်ပါသည်။
ဇိဝှါဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ် ပါသလား။ မဖြစ်နိုင်ပါ။
ဇိဝှါဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ သညာ စေတနာ သုံးပါးပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။
ဇိဝှါအကြည်နှင့် ရသာ ၆ပါး ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။
နာမက္ခန္ဓာ လေးပါး နှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာ ငါးပါး ဖြစ် ပါသည်။
လျှာ အကြည်ကို ရသာ ၆ပါး တိုက်တော့ စားသိစိတ် ပေါ်ပါသည်။
ရသာ ၆ပါး ကို စားသိတာ က စိတ် ၊
ဝေဒနာ သညာ စေတနာ က စေတသိက်၊
စိတ် စေတသိက်။
လျှာအကြည်နှင့် ရသာ ၆ပါး က ရုပ်။
စိတ် စေတသိက် ရုပ်။
လျှာအကြည်ကို ရသာ ၆ပါး တိုက်တော့ စားသိစိတ် ပေါ်ပါသည်။
ရသာ ၆ပါး ကို စားသိတာ က နာမ်တရား ၊
လျှာ အကြည်နှင့် ရသာ ၆ပါး က ရုပ်တရား၊
နာမ် ရုပ်နှစ်ပါး။
.................======================.............
ကိုယ်
ကာယ အကြည်ကို မာမှု ပျော့မှု ပထဝီ ဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ် ဆိုတဲ့ ကာယဝိညာဏ် ပေါ်ပါသည်။
ကာယဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ် ပါသလား။ မဖြစ်နိုင်ပါ။
ကာယဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာ သညာ စေတနာ သုံးပါးပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။
ကာယအကြည်နှင့် မာမှု ပျော့မှု ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ် ပါသည်။
နာမက္ခန္ဓာ လေးပါး နှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာ ငါးပါး ဖြစ် ပါသည်။
ကိုယ် အကြည်ကို ပူမှု အေးမှု တေဇော ဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ် ပေါ်ပါသည်။
ပူမှု အေးမှု ကို ထိသိတာ က စိတ် ၊
ဝေဒနာ သညာ စေတနာ က စေတသိက်၊
စိတ် စေတသိက်။
ကိုယ် အကြည်နှင့် ပူမှု အေးမှု က ရုပ်။
စိတ် စေတသိက် ရုပ်။
ကိုယ် အကြည်ကို ထောက်ကန် လှုပ်ရှားမှု ဝါယော ဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ် ပေါ်ပါသည်။
ထောက်ကန် လှုပ်ရှားမှု ကို ထိသိတာ က နာမ်တရား ၊
ကိုယ် အကြည်နှင့် ထောက်ကန် လှုပ်ရှားမှု က ရုပ်တရား၊
နာမ် ရုပ်နှစ်ပါး။
................=====================................
စိတ်
မနော အကြည်ကို ဓမ္မာရုံ တိုက်တော့ ကြံသိစိတ် ဆိုတဲ့ မနောဝိညာဏ် ပေါ်ပါသည်။
မနော ဝိညာဏ် ပေါ်သောအခါ တစ်ဝိညာဏ်တည်း ပေါ်လို့ ဖြစ် ပါသလား။ မဖြစ်နိုင်ပါ။
မနောဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနာက္ခန္ဓာ စေတသိက် သညာက္ခန္ဓာ စေတသိက် သခါင်္ရက္ခန္ဓာ စေတသိက် သုံးပါးပေါင်းတော့ နာမက္ခန္ဓာ လေးပါး ဖြစ်ပါသည်။
ဟဒယဝတ္ထု နှင့် ဓမ္မာရုံ ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။
နာမက္ခန္ဓာ လေးပါး နှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာ ငါးပါး ဖြစ် ပါသည်။
မနော အကြည်ကို ဓမ္မာရုံ တိုက်တော့ ကြံသိစိတ် ပေါ်ပါသည်။
ဓမ္မာရုံ တရားအပေါ်မှာ ပုဂ္ဂိုလ် သတ္တဝါအနေနှင့် ကြံသိတာ က စိတ် ၊
ဝေဒနာ သညာ စေတနာ က စေတသိက်၊
စိတ် စေတသိက်။
ဟဒယဝတ္ထု နှင့် ဓမ္မာရုံ က ရုပ်။
စိတ် စေတသိက် ရုပ်။
မနော အကြည်ကို ဓမ္မာရုံ တိုက်တော့ ကြံသိစိတ် ပေါ်ပါသည်။
ဓမ္မာရုံ တရားအပေါ်မှာ ပုဂ္ဂိုလ် သတ္တဝါအနေနှင့် ကြံသိတာ က နာမ်တရား ၊
ဟဒယဝတ္ထု နှင့် ဓမ္မာရုံ က ရုပ်တရား၊
နာမ် ရုပ်နှစ်ပါး။
....................................
https://www.facebook.com/pages/ကျေးဇူးတော်ရှင်-မုံလယ်ဆရာတော်ကြီး-ဟောကြားတော်မူခဲ့သောတရားတော်များ/1596325990614582?ref=bookmarks
ရှိတာကို မြင်ရဲ့လား...။
#################
ဥပမာ ပြောရမယ် ဟောရမယ်ဆိုရင်...
မကြားစဖူး ကြားဖူး ထပ်မံ...။
ဆီမီး ထွန်းတဲ့ ကျောက်ဖယောင်းသားနော်...။
တစ်ပိဿာလောက်ပေါ့။
 ကျောက်ဖယောင်းသား ကောင်းကောင်း ဖွေးဖွေးပေါ့။
 နေလေး လှန်းလိုက်တာပေါ့နော်။
ပျော့ပြီဆိုတော့ကာ...ဆင်ဖြူတော် ပုံသွင်းလိုက်တာပေါ့။
သွင်းပြီးတော့... စားပွဲပေါ်မှာ တင်ထားလိုက်နော်။
အဲတော့ တရားနာ ပရိသတ်တွေ
မင်းတို့ ဘာတွေ မြင်သလဲလို့... မေးကာ
ဘယ်လို အဖြေပေးမလဲ။
"ဆင်ဖြူတော် မြင်တယ်" လို့ အဖြေ ပေးမယ်နော်။
အဲလို လေ့လာဖို့ မကောင်းလား။
ဆင်ဖြူတော်ပဲ မြင်တာပေါ့။
အဲဒီ ဆင်ဖြူတော်ကို ... ကိုယ် ထင်တာ စဉ်းစားနော်။
ရှေးက စွန်းလွန်း ဆရာတော်ဘုရားကြီး ဟောတာ ရှိတယ်။
အရှိကို ကြည့်။
မရှိတာ မြင်တတ်တယ် တဲ့နော်။
စိစစ်ဖို့ မကောင်းလား။
အဲဒီဆင်ဖြူတော်ကို နေလေး နည်းနည်း လှန်း လိုက်တာပေါ့။
ပျော့သွားပြီ ဆိုတဲ့အခါ...
ဗယ်ပြန် ညာပြန် ပေါက်ပေါက်ဆုပ်များ ဆုပ်သလို ဆုပ်လိုက်ရင်...
ဆင်ဖြူတော် တွေ့မလား ဖယောင်းလုံး တွေ့မလား။
တကယ်ရှိတာက ...
ဆင်ဖြူတော်လား ဖယောင်းလုံးလား...။
တရားနာ ပရိသတ်တွေ မြင်တာက ...
ဖယောင်းလုံးကို မြင်တာလား ၊ ဆင်ဖြူတော်ကို မြင်တာလား။
ဒါ... မရှိတာကို မြင်တာနော်။
ရှိတာကို မြင်ရဲ့လား...။
အဲဒါကြောင့်... ပုထုဇဉ်ကန်း လို့ ဟောတာပေါ့ကွဲ့။
အရှိ ကို ကြည့်... မရှိတာ မြင်တတ်တယ်လို့ မဟောဘူးလား။
ပညတ် အာရုံထဲမှာလည်း ပြန်စဉ်းစားနော်။
၃၂-ကောဋ္ဌာသ ဆိုတာ ကြားဖူးသလား။
ဗိုက်ထဲ ခွဲ ကြည့်လိုက်နော်။
အူသိမ် အူမ တွေ တွေ့မှာပေါ့။ အသည်း နှလုံး တွေ တွေ့မှာပေါ့။ အဆုတ်တွေ တွေ့မှာပေါ့။ ကလီစာတွေ တွေ့မှာပေါ့။
ခြေလက်အင်္ဂါ ၃၂ကောဋ္ဌာသနော်။ လူ တွေ့ရဲ့လား...။
ရှာချင် သလို ရှာ...
၃၂ကောဋ္ဌာသ ပဲ တွေ့မယ်။
ဘာဖြစ်လို့ လူ မတွေ့တာလဲ။
အစက တယ်လို့ လူဟာ မရှိဘူး ကွဲ့။
မရှိ ပညတ်။ မရှိ ပညတ်။ မရှိ ပညတ်။
လူမရှိ နတ်မရှိ ဗြဟ္မာ မရှိ ပုဂ္ဂိုလ် သတ္တဝါ မရှိ။
အဲဒီ ခန္ဓာပေါ်မှာ ဌာနူပစာရ အားဖြင့် တင်စားပြီးတော့...
လူအစားစား နတ်အစားစား ဗြဟ္မာအစားစား
တိရစ္ဆာန်အစားစား ပြိတ္တာ အသူရကာယ် အစားစား ငရဲ အစားစား  လို့ မသမုတ်ကြဘူးလား။
သမုတ်ရှိ အခေါ်ရှိပေါ့။
မသမုတ်ဘဲနဲ့ ရှိတာက ခန္ဓာငါးပါး...
သမုတ်ရှိတာက... လူနတ်ဗြဟ္မာ
အဲဒီ သမုတ်ရှိနဲ့ ...
မသမုတ်ဘဲနဲ့ ရှိတဲ့ ခန္ဓာ ကို ပိုင်းခြားဖို့ လိုတာပေါ့။
အဲလို စိစစ်ဖို့ မကောင်းလား။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
၂၆-၁၁-၂၀၀၉/ည-၇နာရီ
သုံးခွ... တွင် ဟောကြားတော်မူသော တရားတော်မှ
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။
အရပ် ရှိသလောက် အရိပ်ထွက်တယ်..
#########################
ပါဏာတိပါတာ အစ သုရာမေရယ အဆုံး...
ပါဏာတိပါတာ အစ မိစ္ဆာဒိဋ္ဌိ အဆုံးကို
ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ... ရှောင်ကြဉ်ရင်
ကုသိုလ်ပေါ့နော်...။
ကျုးလွန်ရင် အကုသိုလ်နော်။
ဒါ... ရှောင်ကြဉ်ဖို့ မလိုဘူးလား။
တဦးတယောက်က အပုပ်ရည် သွင်းတဲ့ စကားမျိုးကို ပြောမယ်နော်။
အပြောခံရတဲ့ သူဟာ ဒါ... စိတ်ဆိုးဖို့ မလိုဘူးပေါ့။
ရှောင်ဖို့ မကောင်းဘူးလား။
ဘယ်လိုတွေ ရှောင်ရမှာလဲ ... လို့ စိစစ်ဖို့ လိုတယ်နော်။
ဝိညာဏ်မြင်အနေနဲ့...
အပြောအဆို ခံရတဲ့ ပုဂ္ဂိုလ် ... အသားအရေတွေ လျော့ရဲ့လား။
အသားအရေ မလျော့ရင်... စိတ်ဆိုးစရာ မလိုဘူးနော်။
အပ်နဲ့ ထိုးသလို... ဒီလိုကား နာရဲ့လား။
ဒီလို ဆိုလည်း စိတ်ဆိုးစရာ မလိုဘူးနော်။
အဲလို စိစစ်ဖို့ မကာင်းလား။
စဉ်းစားကွဲ့နော်။
အဲဒါကြောင့်... ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
ရှောင်ကြ လို့ မဟောဘူးလား။
ဒါ အကုသိုလ်လို့ သိတော့ ရှောင်ရတော့တာ ကိုး...။
အဲတော့ ပြန်ပြီးတော့မှ တုန့်ပြန်မယ် ဆဲမယ်ဆိုရင်...
"..ကြွေးဟောင်းက မကျေ၊
 ကြွေးသစ်သာ တင်တော့တာ နော်...."။
အကုသိုလ်တွေ ထပ်မသွားဘူးလား။
ဒါ... ဆင်းရဲတယ်ကွဲ့ ၊ ကြားလား။
လူတိုင်း လူတိုင်း ဟာ...
မင်းတို့...ချမ်းသာချင်သလား ၊ ဆင်းရဲချင်သလား
မေးရင်... ဘယ်လို အဖြေပေးမလဲ။
ချမ်းသာချင်ရင် ... ကုသိုလ်ကို လုပ်ပေါ့။
ကုသိုလ် ဆိုတာ....
 မြင်တိုင်း ကြားတိုင်း နံတိုင်း စားတိုင်း ထိတိုင်းမှာ
အကုသိုလ် ဖြစ်စရာနဲ့ တိုက်ဆိုင်တဲ့ အခါ မရှောင်ရဘူးလား။
ဒါ... ရှောင်တာ ကုသိုလ်နော်။
အခု... လူတွေက မရှောင်ကွဲ့။
ပြန် ပြန်ပြီးတော့ တုန့်ပြန်တယ်။
ပြန်ပြန်ပြီးတော့ မဆဲလား ဟေ့။
ပြန် ပြန် ဆဲတာနော်...။
ငါ့ကို ဘာထင်သလဲ ... မင်း...။
ပြန် မဆဲဘူးလား။
ကုသိုလ်လား အကုသိုလ်လား။
ချမ်းသာတဲ့ တရားလား ဆင်းရဲတဲ့ တရားလား။
အဲဒါ... မဆဲရင် ဒါ ရှောင်တာနော်။
ရှောင်ရင် ကုသိုလ် လို့ မဟောဘူးလား။
ဪ... ကိုယ်ကတော့ ချမ်းသာချင်တယ်။
လုပ်တာက... ဆင်းရဲတဲ့ အလုပ် ဆိုတော့
ဖြစ်ပါမလားဟေ့...။
စဉ်းစားဖို့ မကောင်းလား။
အဲဒီ အဓိပ္ပာယ် နားလည်ဖို့ လိုတယ်။
ရှေး ပညာရှိ သူတော်ကောင်းကြီးတွေ...
အပုပ်ရည် သွင်းတဲ့ စကားမျိုးကို ပြောကြည့်...။
အဲလို ပြောတဲ့အခါ...
မဟုတ်တာတွေ ပြောတာ တဲ့နော်... စိတ်ဆိုးစရာ မလိုဘူးတဲ့။
အဲလို အပြောခံရတဲ့လူဟာ စိတ်မဆိုးဘူး... ကြားလား။
မှန်တာကို ပြောတာကိုး တဲ့။
ဒါလည်း စိတ်ဆိုးစရာ မလိုဘူးတဲ့။
ဘယ်ဘက်ကပါ့ လာလာ သူတို့ အကုသိုလ် ဖြစ်ခွင့် ရသေးရဲ့လား။
အဲဒါ ကုသိုလ် အလုပ်တွေ ကွဲ့နော်။
အခု... လူတွေက ချမ်းသာချင်တယ်တဲ့။
ချမ်းသာတဲ့ အလုပ် ကို မလုပ်။
မရှောင်ကြဘူး ။ ပြန် ပြန် ကလော်လိုက်တာ။
ပြန် ပြန် ကလော်တာ ... ကုသိုလ်လား အကုသိုလ်လား။
ကိုယ်ကတော့ ချမ်းသာချင်တာနော်။
အဲ... ဆင်းရဲတဲ့ အလုပ်ကို လုပ်တာကိုးကွဲ့။
အရပ် ရှိသလောက် အရိပ်ထွက်တယ်... နော်။
အကြောင်း ရှိလို့ အကျိုးတရားတွေ မပေါ်လား။
အဲလို လေ့လာဖို့ မကောင်းလား။
ကြားဖူးတော့... နားဝတယ်နော်။
နားဝတဲ့ အခါကျတော့...
ဆင်ခြင်တဲ့ အသိဉာဏ်တွေ တိုးမလာဘူးလား။
ကုသိုလ်တွေ မဖြစ်ဘူးလား။
အဲဒါ ... လိုတယ်ကွဲ့နော်။
စဉ်းစား... ကံကို ယုံကြည်ရမယ်။
ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
ရှေးတိပ်တရားတော် mc.56မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ.မုံလယ်ဇ။
အိန္ဒိယတို့ ဘယ်တို့ သွားစရာ လိုသေးရဲ့လား။
#######################
၁-က သမုဒယ ၂-က ဒုက္ခ
၃-က သမုဒယ ၄-က ဒုက္ခပေါ့။
အခု တရားနာ ပရိသတ်တို့ ဘုန်းကြီးတို့ လာခဲ့တဲ့လမ်းနော်။
သစ္စာ နှစ်ပါးနဲ့ လာခဲ့တာ။
၎-ပါး ပြည့်ရဲ့လား။
၁-က သမုဒယ ၂-က ဒုက္ခ
၃-က သမုဒယ ၄-က ဒုက္ခပေါ့။
ကဲ... သံသရာက ထွက်တာများ ပါရဲ့လား။
စဉ်းစားဖို့ မကောင်းလားဟေ့။
၃၁-ဘုံ ချာလပတ် နေတာကွဲ့။
စိစစ်ဖို့ မကောင်းလား။
အခု လူတွေ တရားကို လေ့လာလို့
တကယ်သာ သဘောပေါက် သွားမယ်ဆိုရင်...
အိန္ဒိယတို့ ဘယ်တို့ သွားစရာ လိုသေးရဲ့လား။
၃၁-ဘုံ ကိုယ်နေခဲ့တဲ့ ဌာနကွဲ့။
ကမ္ဘာနဲ့ တွက်ကြည့်ကာ မရေတွက်နိုင်ဘူးနော်။
အဲလို စိစစ်ဖို့ မကောင်းလား။
ကိုယ်က ကြာနေတော့  မမှတ်မိတာပေါ့။
သုဒ္ဓါဝါသ ကလွဲရင်...
၃၁-ဘုံ နှံ့နေအောင် နေခဲ့တာဟေ့။
ဗြဟ္မာမင်းကြီး ဖြစ်ခဲ့ပြီးပြီနော်။
နတ်မင်းကြီးလည်း ဖြစ်ခဲ့ပြီ။
လူမင်းကြီးလည်း ဖြစ်ခဲ့ပြီးပြီနော်။
အနိမ့်ဆုံး အိမ်သာထဲက လောက်က အစ ဖြစ်ခဲ့ဖူးတယ်ဟေ့။
၃၁-ဘုံ လွတ်ကဲ့လား။
အဲလို စိစစ်ဖို့ မကောင်းလား။
စဉ်းစားဦး ကွဲ့... ကြားလား။
ခန္ဓာ အကျိုး အပြစ်ကို သိတဲ့ ပုဂ္ဂိုလ်က
ဟိုသွားချင် ဒီသွားချင်
ရှိသေးရဲ့လား...။
ရှိဘူးဟေ့... ကြားလား။
ခန္ဓာ အကျိုး အပြစ်ကို မသိလို့
တပြည်လုံး လျှောက်သွားချင်တာ ကွဲ့။
စဉ်းစားဖို့ မကောင်းလား။
ထိထိမိမိ သဘောပေါက်ဖို့ လိုတယ်။
ကဲ... ၁-က သမုဒယ ၊ ၂-က ဒုက္ခ လို့ မဟောဘူးလား။
ချမ်းသာတာ ပါရဲ့လားဟေ့။
စဉ်းစား...။
ဒါ ခန္ဓာ ရလို့ အိုရတာ နာရတာ သေရတာနော်။
ခန္ဓာ မရဘူး မရှိဘူး ဆို အိုဦးမလား။ နာဦးမလား။ သေဦးမလား။
မအိုရာ မနာရာ မသေရာ ဘယ်လို ခေါ်မလဲ။
အဲဒါ ချမ်းသာ အစစ်ကွဲ့ ။
ကိလေသာ ချုပ် ခန္ဓာချုပ် ဖို့ လိုတာနော်။
အဲဒါ လိုရင်း အချက်တွေပေါ့။
ခန္ဓာငါးပါးလို့သိ အနိစ္စလို့ သိပေါ့။
ခန္ဓာငါးပါးလို့သိ ဒုက္ခ လို့ သိပေါ့။
ခန္ဓာငါးပါးလို့သိ အနတ္တ လို့ သိပေါ့။
ခန္ဓာငါးပါးလို့ သိတော့ လူစွဲ ဒိဋ္ဌိ နတ်စွဲ ဒိဋ္ဌိ ဗြဟ္မာစွဲ ဒိဋ္ဌိ မပြုတ်လား။
ဒိဋ္ဌိ ပြုတ်ရင်...
ဗြဟ္မာကြီး လေးဦးက ဖန်ဆင်းတယ်။ ထာဝရဘုရား ဖန်ဆင်းတယ်။ ဗိဿနိုးနတ် ဖန်ဆင်းတယ်... ယူဦးမလား။
ဝိစိကိစ္ဆာ မချုပ်လား။
အာသဝ အနေနဲ့ ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝ ချုပ်တယ်။
စိစစ်ဖို့ မကောင်းလား။
တွေ့တဲ့ ခန္ဓာကလည်း ငါးပါးစလုံး နိစ္စလား အနိစ္စလား။
အနိစ္စလက္ခဏာ ဒုက္ခသစ္စာ၊ ဒုက္ခလက္ခဏာ ဒုက္ခသစ္စာ၊ အနတ္တလက္ခဏာ ဒုက္ခသစ္စာ၊ လို့ မဟောဘူးလား။
ချမ်းသာတာ ပါရဲ့လား။
နေ့စဉ်နဲ့တကွ ခန္ဓာရတဲ့ ပုဂ္ဂိုလ်... အိုနာသေ လွတ်ကဲ့လား။
ဘာသစ္စာလဲ။
ချမ်းသာတဲ့တရားနဲ့နေတာလား ဆင်းရဲတဲ့ တရားနဲ့နေတာလား။
ဆင်းရဲတယ်လို့ တကယ်သိတဲ့ ပုဂ္ဂိုလ် ...
ခန္ဓာရတဲ့ အလုပ်ကို လုပ်ဦးမလား။
မလုပ်တော့ဘူးကွဲ့နော်။
သိပယ်ဆိုက်ပွား လေးပါး ကိစ္စ မဂ်တစ်ခဏလို့ မဟောဘူးလား။
အပြောအဆို အနေအထိုင်တွေ မူပြောင်း မသွားဘူးလား။
အဲလို စိစစ်ဖို့ မကောင်းလား။
စဉ်းစားကွဲ့..။။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
ရှေးတိပ်တရားတော် mc.53မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ.။
အပွေး မြင်တော့ အပင် သိတယ်...။
########################
အရှင်သာရိပုတ္တရာ တို့ အရှင်မဟာမောဂ္ဂလာန်တို့ ...
စားတဲ့ သောက်တဲ့ အခါ နေတဲ့ ထိုင်တဲ့အခါ
မရှိတာကို မရှာနဲ့ တဲ့နော်။
မရှိတာ ... မရှာရဘူးတဲ့ ။
ရသမျှနဲ့ ရောင့်ရဲ တင်းတိမ်ရမယ်လို့ မဟောဘူးလား။
မြတ်စွာဘုရား ကျောင်းတော် ရောက်တဲ့အခါ...
ကျောင်းဒကာတွေ ရောက်ကြတာပေါ့။ ဘုရား ဒကာတွေပေါ့။
အရှင် သာရိပုတ္တရာ မမြင်ပကား ဘုရား လို့ မလျှောက်ကြဘူးလား။
ကြက်ဆူပင်တောမှာ သဲခင်း လို့ နေတယ်တဲ့။
သဲခင်းတယ် ဆိုတော့ ဖျာ မပါဘူးကွဲ့။
ကောဇောတွေကား ပါသေးလားဟေ့...။ ပါပါဘူး။
ဟော... အုတ်တွေ ဘာတွေနဲ့ ဆောက်ထားတဲ့ တိုက်ကား တွေ့ရဲ့လား။ပျဉ်တွေ ထောင်ထားတာကား တွေ့ရဲ့လား။
ကြက်ဆူပင် ကျောင်း လုပ်တာ ကွဲ့။
စဉ်းစားဖို့ မကောင်းလား။
မရှိတာ... မရှာနဲ့နော်။
ရှိတဲ့... ဒါ ဒကာပေါ်ပေါက်လာရင်လည်း သီတင်းသုံးနိုင်တာပေါ့။
စဉ်းစားဖို့ မကောင်းလား။
ဘာလုပ်ပေးပါ ညာလုပ်ပေးပါတွေ ပါသေးရဲ့လား။
ပါဘူးဟေ့...။
စဉ်းစားနော်။
အာသဝေါတရား လေးပါး ကုန်မှ နိဗ္ဗာန်ရတယ်လို့ ကား မဟောလား။
ကုန်တာ ကွဲ့...။
စဉ်းစားဖို့ မကောင်းလား။
အခုက ဟိုနား ဟိုမြို့သွားလိုက်...
အဲဒီ အဆောက်အဦး မြင်ရင် လိုချင်ပြန်ပြီ။
ငါလည်း တတ်နိုင်ရင် လုပ်ဦးမဟေ့... ဒါလေးလို ။
ကြားလား...။
 မရှိလို့သာ နေရတယ်။
 ရှိရင် လုပ်ဦးမှာပေါ့။
လိုချင်လို့ချည်း နေတော့တာနော်။
ဒါ လိုချင်တာ... ခန္ဓာအကျိုး အပြစ်ကို သိလို့လား မသိလို့လား။
မသိတာ... အဝိဇ္ဇာ။ လိုချင်တာ... ဘယ်သူလဲ။
အေး လိုချင်တာ... တဏှာကွဲ့။
စိစစ်ဖို့ မကောင်းလား။
ကြောက်စရာ မကောင်းလား။
သိတဲ့ ပုဂ္ဂိုလ်က သိတော့... ပယ်တော့တာနော်။
ရသမျှနဲ့ ရောင့်ရဲ တင်းတိမ်တယ်... ကြားလား။
အဲဒါကြောင့် အဲလို သိတဲ့ ပုဂ္ဂိုလ်...
ဟော ကိုယ်နေဖို့... မိုးလုံရင် တော်ပြီ ။ လေလုံရင် တော်ပြီနော်။
အဝတ်ကလည်း ... အရှက်လုံရင် တော်ပြီပေါ့။
စားရင်လည်း ဗိုက်ပြည့်ဖို့ လိုရင်းစွဲပေါ့။
အဲသလို ရသမျှနဲ့ ရောင့်ရဲ တင်းတိမ်တာပေါ့နော်။
စိတ်ကို နိုင်တော့ မချမ်းသာဘူးလား။
စိတ်ကို နိုင်မှ ချမ်းသာရတယ်ကွဲ့။
အဲလို စိစစ်ဖို့ လိုတယ်နော်။ ထိထိမိမိ လေ့လာကြ။
တခါ မျက်စိမကောင်းတဲ့ လူဆိုတာ လည်း ...
ကျန်းမာရေး နဲ့ ပတ်သက်ပြီးတော့မှ ...
အဲဒီမျက်စိနဲ့ တော်တဲ့ မျက်မှန်ကို တပ်ရတာ။ ဒါမှ ပိုမြင်တယ်နော်။
မျက်စိကောင်းတဲ့ ပုဂ္ဂိုလ်က တပ်စရာ လိုသေးရဲ့လား။
တချို့ မျက်စိလည်း ကောင်းတယ်။ မျက်မှန် တပ်သေးတာကွဲ့။
အဲသလို ပုဂ္ဂိုလ်ကျတော့... ဒီလူဟာ မျက်စိ မကောင်းဘူးလို့
အထင်သေးတော့တာဗျား။
ကိုယ်ကတော့... ပါဝါရှိတယ်လို့ ထင်တာ။
မင်းဟာ... မျက်စိမကောင်းဘူး ညံ့တယ်။
မျက်မှန် မတပ်တော့ မျက်စိကောင်းတာပေါ့ဟ...။
ဒီလို မယူဆဘူးလား။
စဉ်းစားဦး...။
အပွေးမြင်တော့ အပင် သိတယ်တဲ့နော်။
အဲသလို လေ့လာဖို့ မကောင်းလား။
သိမှ ပယ်နိုင်တာနော်။
မသိ ... ပယ်နိုင်ပါ့မလား။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
ရှေးတိပ်တရားတော် mc.53မှ အသံတော် အတိုင်း စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။
Thursday, September 1, 2016
အ သီး တစ် ရာ အ ညှာ တစ် ခု။
#####################
လျှာ နဲ့ ပတ် သက် လို့ ...
သံ ပ ရာ သီး အ ရည် ပေါ ပေါ ရင့် ရင့် ကို လေး စိတ် ခွဲ...။
ဆား နဲ့ တို့ စား။
ဘယ် လို တွေ့ မ လဲ။
စား တုန်း က ချဉ် တာ စား တာ လား၊ သံ ပ ရာ သီး စား တာ လား။
တွေ့ တာ... သံ ပ ရာ သီး လား ၊ ချဉ် တဲ့ သ ဘော လား။
အဲ ဒီ ချဉ် တဲ့ ဟာ ကို ...
မျက် စိ နဲ့ ကြည့်...မြင် ရ ပါ မ လား။
လက် နဲ့ ကိုင် စမ်း ကြည့် ... တွေ့ ပါ မ လား။
နမ်း ကြည့် ရင် ကား... တွေ့ ပါ မ လား။
ထိ ရင် ကား... တွေ့ ပါ မ လား။
လျှာ နဲ့ ကျ တော့ ... မ သိ နိုင် ဘူး လား။
ကဲ... ချဉ် တာ မ ရှိ ဘူး လား။
အ တုံး အ တစ် ဟုတ် ရဲ့ လား။
သ ဘော အ နေ နဲ့ မ ထင် ရှား ဘူး လား။
ဒါ ကြောင့် မို့...
ပ စ္စု ပ္ပ န္န ဉ္စ... စား ဆဲ ပေါ့။
ယော ဓ မ္မံ  အ နိ မိ တ္တ ဉ္စ  ဘာ ဝေ ဟိ...
သ ဏ္ဌာန် ပါ ရဲ့ လား။
အေး... အ နိ မိ တ္တ။
အဲ ဒီ သ ဏ္ဌာ န် မ ပါ ဘဲ နဲ့ ဖြစ် ပြီး တော့ ပျက် တဲ့ တ ရား ကို ....
"အ နိ စ္စ မြင် မှ စိတ် ချ ရ တယ် "လို့ မ ဟော ဘူး လား။
အဲ ဒါ လေ့ လာ ဖို့ လို တာ ဗျား...။
သ ဏ္ဌာ န် မ ရှိ ဘူး နော်။
အ ခု လည်း... မာ တယ် ပျော့ တယ် ဆို တာ...
စင် စစ် က တော့ ဒါ ... သ ဘာ ဝ ပ ညတ်။
စာ လို ပြော မယ် ဆို... ဝိ ဇ္ဇာ မာ န ပ ညတ်။
ဝိ ဇ္ဇာ ဉာဏ် ကို နီး ကပ် ခြင်း ကြောင့်... ဝိ ဇ္ဇာ မာ န ပ ညတ်။
သ ဏ္ဌာ န် အ နေ နဲ့ အ တုံး အ တစ် အ နေ နဲ့ မြင် တာ က ... အ ဝိ ဇ္ဇာ မာ န ပ ညတ်။
အဲ ... ဒါ တော့ စင် စစ် က တော့ ကာ
မာ တယ် ပြော နေ ရ တာ။
စင် စစ် က တော့... မာ တာ လား၊ ဖောက် ပြန် တာ။
ဖောက် ပြန် တဲ့ သ ဘော ကို ပြန် စိ စစ် ဖို့ မ ကောင်း လား။
သူ့ ပင် ကိုယ် က ... အ န တ္တ တ ရား ကွဲ့။
ကဲ...
အ ပူ ရှိန် ပေါ် လာ တဲ့ အ ခါ... မ ဖောက် ပြန် ဘဲ နဲ့ နေ နိုင် ပါ မ လား။
အ အေး လွန် ကဲ တဲ့ အ ခါ... မ ဖောက် ပြန် ဘဲ နဲ့ နေ နိုင် ပါ မ လား။
ဥ ဏှေ နာ ပိ ... ရု ပ္ပ တိ။
သီ တေ နာ ပိ ... ရု ပ္ပ တိ လို့ မ ဟော ဘူး လား။
အဲ လို သူ နဲ့ သ ဟ ဇာ တ ဖြစ် တဲ့ တ ရား တွေ လေ့ လာ ဖို့...။
အာ ပေါ ဓာတ် တို့...တေ ဇော ဓာတ် တို့ ၊ ဝါ ယော ဓာတ် တို့ မ ပါ ဘူး လား။
သူ တို့ ပါ လို့ ဖောက် ပြန် နိုင် တာ။
ဒါ ပင် ကိုယ် က ဖောက် ပြန် နိုင် တဲ့ သ တ္တိ ရှိ မှ မ ရှိ ပဲ နဲ့...။
အား လုံး လေး ခု ပြည့် စုံ တဲ့ အ ခါ.... ဖောက် ပြန် တာ ပေါ့။
အဲ လို ခ န္ဓာ တ ကိုယ် လုံး မှာ လျှောက် ကြည့်။
တစ် ခု မှ ကောင်း တာ မ ရှိ ဘူး။
အ သေး စိတ် ကြည့် လိုက်... ကောင်း တာ တစ် ခု မှ မ ပါ...။
အဲ တာ မ ပါ တာ ကို ကိုယ် က သိ နား လည် နေ လို့...
ချုံ့ လိုက် တဲ့ အ ခါ ဆင်း ရဲ တာ တစ် ခု ပဲ တွေ့ တယ်။
အ ရင် က တော့ အ စ က တယ် လို့ မှ...
တစ် လုံး ပြီး နှစ် လုံး၊ နှစ် လုံး ပြီး သုံး လုံး ၊ သုံး လုံး ပြီး လေး လုံး...
အဲ လို အ သီး တစ် ရာ... လေ့ လာ ရ တာ။
ဒီ လို အ ကုန် လုံး ကိုယ့် စိတ် ထဲ မှာ... ဉာ တ ပ ရိ ညာ နဲ့ ရှင်း ခဲ့၊
တီ ရ ဏ ပ ရိ ညာ နဲ့ ရှင်း ခဲ့။
 ပ ဟာ န ပ ရိ ညာ ကျ တော့ ... အ ညှာ တစ် ခု ပဲ ရ တယ်။
"အ သီး တစ် ရာ အ ညှာ တစ် ခု" လို့ မ ဟော ဘူး လား။
ဆင်း ရဲ တယ် လို့ သိ က တည်း က ...
အ သီး တွေ ... လိုက် စ ရာ လို သေး ရဲ့ လား။
ဟော... သိ ပယ် လို့ မ လာ ပေ ဘူး လား။
ကဲ... အ ဝိ ဇ္ဇာ ချုပ် မ ချုပ်။
ကိ လေ သ ဝ ဋ် မ ချုပ် ဘူး လား။
၂ က ၃ ကို ကူး သေး ရဲ့ လား။
ကာ မာ သ ဝ နဲ့ ဘ ဝါ သ ဝ မ ချုပ် လား။
ရှေ့ က ဒိ ဋ္ဌာ သ ဝ နဲ့ အ ဝိ ဇ္ဇာ သ ဝ မ ချုပ် လား။
အာ သ ဝေါ တ ရား လေး ပါး မ ကုန် လား။
အဲ ဒါ ကြောင့် ... ကုန် တာ ကွဲ့။
လို ချင် တဲ့ စိတ် တွေ ... ကုန် တာ။
သတ် ချင် တဲ့ စိတ် တွေ ... ကုန် တာ။
ခိုး ချင် တဲ့ စိတ် တွေ ... ကုန် တာ။
သူ များ လင် သား မ ယား ကို ဖျက် ဆီး ချင် တဲ့ စိတ် တွေ ... ကုန် တာ။
မု သား သုံး ချင် တဲ့ စိတ် တွေ ... ကုန် တာ။
သောက် ချင် တဲ့  စား ချင် တဲ့ စိတ် တွေ ... ကုန် တာ။
ဣ ဒံ မေ ပု ညံ အာ သ ဝ က္ခ ယံ ဝ ဟံ ဟော တု။... မ ဟော ဘူး လား။
အဲ ဒီ စိတ် တွေ ကုန် တာ ဗျား။
အဲ ဒါ ကြောင့်... သူ့ ကို ကုန် တယ် ဆို တော့ ကာ နောက် ထပ် မှား စ ရာ လို သေး ရဲ့ လား။
မ လို တော့ ဘူး ဗျာ့။
ဒါ ကြောင့် တ ရား သ မား တွေ တစ် ယောက် နဲ့ တစ် ယောက် ပြော တတ် ကြ တယ်။
လမ်း မှာ သွား လို့ ... မော် တော် နဲ့ ဘာ နဲ့ သွား လို့ အ ပြော အ ဆို မ တည့် တဲ့ အ ခါ ...
အင်း ဟို တုန်း က လို ဆို တော့ ကာ တွယ် ပြီး ပြီ ကွဲ့။
အ ခု ဟာ က ရိုက် ချင် တဲ့ စိတ် က ကုန် နေ တာ ကွဲ့ တဲ့။
ရိုက် ချင် တဲ့ စိတ် က မ ရှိ ပြီ တဲ့။
ရှိ ရင် တော့ ကာ တွယ် လိုက် ပြီး ပြီ တဲ့။
ပြော တတ် ကြ တယ်။
အေး အဲ သ လို တွေ...
ကုန် ပါ တယ် ဆို မေး စ ရာ မ လို ဘူး။
ဒါ ရှိ မှ မ ရှိ ဘဲ ကိုး။
ဘာ တွေ ရှိ သ လဲ ဆို တော့ ...
ကိ လေ သာ သာ ကုန် ငြား သော် လည်း ဘာ ရှိ သေး လဲ။
အ သိ ဉာဏ် ဆို တဲ့ ဉာဏ် က တော့ မ ရှိ ပေ ဘူး လား။
ရှိ ခြင်း ကြောင့် ... ကဲ ခ န္ဓာ ကား တွေ့ သေး ရဲ့ လား။
ခ န္ဓာ မ ရှိ တော့ မ ငြိမ်း ဘူး လား။
လော ဘ ဒေါ သ မော ဟ ဆို တဲ့ ကိ လေ သာ ကား တွေ့ သေး ရဲ့ လား။
ကိ လေ သာ မ ရှိ တော့ မ အေး လား။
ဤ နှစ် ခု ချုပ် တာ ကို နိ ဗ္ဗာ န် လို့ မ ဟော ဘူး လား။
အေး... အဲ ဒီ ငြိမ်း တဲ့ သ ဘော က တော့ ထင် ရှား တာ ပေါ့။
ဒါ ကြောင့် မို့ လို့...
ရှေး က မီး စာ ကုန် လို့ ဆီ ခမ်း တယ် လို့ ဟော တာ ဗျား။
မီး စာ မ ရှိ ရင် ဆီ က ဘယ် က လာ မ လဲ။
ဒါ မီး စာ ကုန် လို့ ဆီ ခမ်း တာ။
အ ခု က လောင် စာ သိမ်း လို့ မီး ငြိမ်း တာ။
အ ပြော သာ ကွာ တာ ။ သ ဘော အ တူ တူ ပေါ့။
အဲ ဒါ လို တာ ပဲ။
အဲ ဒီ နေ ရာ ရောက် ဖို့ လို တယ်။
အဲ တော့ ကိုယ် မူ ပြောင်း မ ပြောင်း။
မ ပြောင်း သေး ထပ် သာ လုပ်။
ထပ် သာ လုပ်။ ထပ် သာ လုပ်။
ဒါ က လွဲ လို့ လုပ် စ ရာ မ ရှိ တော့ ဘူး။
ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
Aud-0018 အသံဖိုင်မှ ထုတ်နှုတ် စာစီ ပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။
Saturday, August 27, 2016
ဓမ္မရုံးတော် ဉာဏ်မဟော်-၉
နမ္မားမြို့ သိရီမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ ။
'' ဓမ္မရုံးတော် ဉာဏ်မဟော် "ကျမ်းစာမှ စာစီ ပူဇော်ပါသည်။
####################
'' ဓမ္မရုံးတော် ဉာဏ်မဟော် ''အပိုင်း  ( ၁၃ )
ဦးပညာ။   ။ ပိုမို ခိုင်ခံ့အောင် အဂ္ဂိဝစ္ဆသုတ်ကို ဟောဦးမယ် မောင်ဖြူရဲ့။
ဦးဖြူ  ။      ။ ဟောတော်မူပါ ဘုရား။
ဦးပညာ။ ။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ် .....
အဂ္ဂိဝစ္ဆပရဗိုဇ်သည် မြတ်စွာဘုရား ရှိရာသို့ ချဉ်းကပ်ပြီး မေးမြန်းသတဲ့။
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် အမြဲတည်ရှိသလော"
ဘုရား။ ။ "ဒီလို ငါဘုရား မယူပါဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဒီလိုဆိုရင် သတ္တဝါသည် မမြဲ....
 သေပြီးလျှင် ဆုံးသလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် အဆုံးရှိသလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် အဆုံးမရှိဘူးလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ အသက်သည် ကိုယ်ဖြစ်သလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ အသက်က တခြား ကိုယ်က တခြားလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် သေပြီးသည့်နောက်
ဘဝတစ်ပါးသို့ ပြောင်းသွားသလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် သေပြီးသည့်နောက်
ဘာမှ မဖြစ်တော့ဘူးလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် သေပြီးသည့်နောက်
 ဖြစ်သည်လဲမရှိ၊ မဖြစ်သည်လဲ ရှိသလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် သေပြီးသည့်နောက်
ဖြစ်သည်လဲ ဟုတ်၊ မဖြစ်သည်လဲ မဟုတ်လော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ အသို့နည်း၊
ဘယ်လိုပဲ မေးမေး ဒီလိုပဲ ငါ-မယူ ဟုသာ ဖြေသည်၊
ဘယ်အပြစ်ကို မြင်၍ ဒီမေးသမျှသော အယူဝါဒကို မယူသနည်း"
ဘုရား။ ။ "ဝစ္ဆ၊ မင်း မေးသမျှသော အယူဝါဒတို့သည် ....
ခရီးခဲနှင့်လဲ တူသည်၊
 ငြှောင့်နှင့်လဲ တူသည်၊
တုန်လှုပ်ခြင်းလဲ ရှိသည်၊
ကြိုးနှင့်လဲ တူသည်၊
 ဒုက္ခနှင့်လဲ တကွဖြစ်သည်၊
ပင်ပန်းခြင်းနှင့်လဲ တကွဖြစ်သည်၊
ပူပန်ခြင်းနှင့်လဲ တကွဖြစ်သည်၊
ကိလေသာ ငြိမ်းခြင်းငှာလည်း မဖြစ်၊
ရာဂကင်းခြင်းငှာလဲ မဖြစ်၊
ဥပါဒါန် ချုပ်ခြင်းငှာလဲ မဖြစ်၊
သစ္စာလေးပါးကို သိခြင်းငှာလဲ မဖြစ်၊
နိဗ္ဗာန်ကို ရခြင်းငှာလဲ မဖြစ်၊
ဒါကြောင့် ဒီအယူဝါဒတွေကို ငါဘုရားမယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဒီအယူဝါဒတွေကို မယူလျှင် ...
ဘယ်အယူဝါဒကို နှစ်သက်ပါသလဲ"
ဘုရား။ ။ "ဘယ်အယူဝါဒကိုမှ ငါဘုရား မနှစ်သက်၊
ငါဘုရားမှာ မှန်သော ဉာဏ်အမြင်သာ ရှိတယ်"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဘယ်လိုမှန်သော ဉာဏ်အမြင် ဖြစ်ပါသလဲ"
ဘုရား။ ။ "အအေးနှင့်တွေ့လျှင် တစ်မျိုး၊ အပူနှင့်တွေ့လျှင် တစ်မျိုး၊ ဖေါက်ပြန်တတ်သော ရုပ်သာရှိ၏၊
 ကံ, စိတ်, ဥတု, အဟာရတို့ ထောက်ပံ့မှု ရှိလျှင်ဖြစ်၏၊
 ဖြစ်ပြီးလျှင် ချုပ်၏
အာရုံအရသာကို ခံစားတတ်သော ဝေဒနာသည် ရှိ၏၊
၎င်းဝေဒနာသည် .....အာရုံဒွါရ တွေ့ထိမှု ဖဿ      ဖြစ်လတ်သော် ဖြစ်၍ ဖဿ      ချုပ်လျှင် သူချုပ်၏၊
အာရုံ၏သဘောကို မှတ်သားတတ်သော သညာသည် ရှိ၏၊
အာရုံဒွါရတွေ့ထိမှု ဖဿ  ဖြစ်လျှင် သူဖြစ်၍
ဖဿ       ချုပ်လျှင် သူချုပ်၏၊
 ပြုပြင်စီရင်တတ်သော သင်္ခါရသည် ရှိ၏၊ ထိုသင်္ခါရသည် ရှိ၏၊
ထိုသင်္ခါရသည် အာရုံဒွါရတွေ့ထိမှုဖဿ      ဖြစ်လျှင် ဖြစ်၍
ဖဿဿ    ချုပ်လျှင် သူ ချုပ်၏၊
အာရုံ ၆-ပါးကို သိတတ်သော ဝိညာဏ် သည် ရှိ၏၊
ထိုဝိညာဏ် သည် အာရုံဒွါရ ထိခိုက်မှုဖဿ      ဖြစ်လျှင် ဖြစ်၍
ဖဿ      ချုပ်လျှင် သူ ချုပ်၏၊
အဲဒီလို သိမြင်တဲ့အတွက် .....
၎င်းခန္ဓာငါးပါးကို ငါဘုရားသည်
ငါ-အတ္တဟုလည်း ဒိဋ္ဌိအားဖြင့် မစွဲလမ်း၊
ငါ့ဟာ ငါ့-ဥစ္စာဟုလဲ တဏှာအားဖြင့် မစွဲလမ်း၊
ငါ-ဟုလဲ မာနအားဖြင့် မစွဲလမ်း၊
 ဥပါဒါန်ဖြင့် စွဲလမ်းခြင်းမှ လွတ်တယ်။"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဥပါဒါန်ဖြင့် စွဲလမ်းခြင်းမှ လွတ်သော ရဟန်းသည် ဘယ်မှာ ဖြစ်ရသလဲ"
ဘုရား။ ။ "ဝစ္ဆ၊ ဖြစ်ခြင်းသို့ မရောက်ဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ မဖြစ်တော့ဘူးလော။
 (မဖြစ်လျှင် ဘာမှ မရှိတော့သော ကောင်းကင်သာ ရှိတော့ သလော ဟု မေးခြင်းဖြစ်သည်)"
ဘုရား။ ။ "ဝစ္ဆ၊ မဖြစ်ခြင်းသို့လည်း မရောက်ဘူး ။
(ကောင်းကင်သာ ကျန်တော့သည်လဲ မဟုတ်
အဟုတ်ရှိ အမှန်ရှိ နိဗ္ဗာန် ပရမတ်ရှိသည်ဟု ဆိုလိုသည်)
ဥစ္ဆေဒကို ပယ်ခြင်း ဖြစ်သည်"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဖြစ်သည်လဲ ရှိ၊ မဖြစ်သည်လဲ ရှိသလော"
ဘုရား။ ။ "ဝစ္ဆ၊ ဒီလိုလည်း မဟုတ်ဘူး၊
 (ဧကစ္စ သဿ      တကို ပယ်ခြင်း ဖြစ်သည်)"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဖြစ်သည်လဲ မဟုတ်၊ မဖြစ်သည်လဲ မဟုတ်လော"
ဘုရား။ ။ "ဝစ္ဆ၊ ဒီလိုလည်း မဟုတ်၊
(အမရာဝိက္ခေပ ဒိဋ္ဌိကို ပယ်ခြင်း ဖြစ်သည်)
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ အရှင့်အား ဘယ်ဟာကိုပဲ မေးမေး ...
ဒီလိုလဲ မဟုတ်၊ ဒီလိုလဲ မဟုတ်ဟုသာ ဖြေသည်
တပည့်တော်သည် မသိနိုင်ခြင်းတွေသို့ တွေဝေခြင်းတွေသို့ ရောက်၏၊ အရင် ခန္ဓာငါးပါးတို့၏ ဖြစ်မှု ပျက်မှု ကိုပြသော စကားဖြင့်...
 ကြည်လင်ခဲ့သော ဉာဏ်တို့လဲ ကွယ်သွားပြီ"
ဘုရား။ ။ "ဝစ္ဆ၊ သင့်အား မသိခြင်းငှာ တွေဝေခြင်းငှာ သင့်၏၊
ဤတရားသည် နက်နဲ၏၊ သိနိုင်ခဲ၏၊ သိမ်မွေ့၏ မွန်မြတ်၏
နိဗ္ဗာန်ကို ဝိတက် ဖြင့် ကြံစည်၍ မရကောင်း၊
ပညာရှိတို့သာ သိအပ်၏၊
သင် ဝစ္ဆ သာသနာတော်မှ တစ်ပါးသော အယူရှိသမျှ၊
သာသနာတော်မှတစ်ပါး၌ ဆရာထားသမျှ၊
သာသနာတော်မှ တစ်ပါးသော အယူကို နှစ်သက်သမျှ၊
သာသနာတော်မှ တစ်ပါးသော တရားကို အားထုတ်နေသမျှ
ဤနိဗ္ဗာန်တရားကို မသိနိုင်ပေ။
ဝစ္ဆ၊ ငါဘုရား မေးမည်၊ သင်သိသလို ဖြေ၊
ဝစ္ဆ၊ သင်၏ရှေ့၌ မီးတောက်နေလျှင်
ငါ၏ရှေ့၌ မီးတောက်နေပါကလား လို့ သိ၏လော။"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ငါ၏ရှေ့၌ မီးတောက်နေလျှင်
ငါ၏ရှေ့၌ မီးတောက်နေပါကလားဟု သိပါတယ်"
ဘုရား။ ။ "ဝစ္ဆ၊ သင်၏ရှေ့က မီးတောက်သည် ဘာကို စွဲ၍
 တောက်လောင်နေပါလဲ"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ မြက်ခြောက် ထင်း ဝါး စသည်ကို စွဲ၍ တောက်လောင်နေပါသည်"
ဘုရား။ ။ "ဝစ္ဆ၊ ၎င်းမီးတောက်သည် လောင်စာကုန်၍ ငြိမ်းသွားသောအခါ .... ငါ၏ရှေ့က မီးတောက်သည် ငြိမ်းသွားပြီဟု သိ၏လော"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သိပါ၏"
ဘုရား။ ။ "ဝစ္ဆ၊ သင်၏ရှေ့က ငြိမ်းသွားသော မီးတောက်သည်
ဘယ်အရပ်ကို သွားသလဲ၊
အရှေ့အရပ်ကို သွားသလော၊ အနောက်အရပ်ကို သွားသလော၊ တောင်အရပ်ကို သွားသလော၊ မြောက်အရပ်ကို သွားသလော"
အဂ္ဂိဝစ္ဆ။ ။ ""အရှင် ဂေါတမ၊ မည်သည့်အရပ်သို့ သွားသည်ဟု မဆိုနိုင်ပါ၊
 မြက်ခြောက် ထင်းဝါး စသည်ကို လောင်သောမီးသည် ထိုမြက်ခြောက် ထင်းဝါးတို့ ကုန်၍ အခြားလောင်စာကိုလဲ မယူဆောင်သောကြောင့် ငြိမ်းတယ်ဟုသာ ဆိုရပေမည်"
ဘုရား။ ။ "ဝစ္ဆ၊ အကြင်ရုပ်ဖြင့် လူ-နတ်-ဗြဟ္မာ ဟု သတ္တဝါကို
ပညတ်ကြ၏၊
ထိုရုပ်ကိုလည်း ငါဘုရားသည် ပယ်အပ်ပြီ၊
ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီ၊ နောင်တဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊
ထို့ကြောင့် ဥပါဒါန် ကုန်ပြီးသော ဘုရား ရဟန္တာတို့သည် ရုပ်ဟု ဆိုအပ်သော ရေတွက်ခြင်းမှ လွတ်၏၊
မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိ၏၊ ဉာဏ်ဖြင့် သက်ဝင်နိုင်ခဲ၏၊ နက်နဲ၏၊ မဟာသမုဒ္ဒရာကို ထောက်၍ မမှီသည်နှင့် တူ၏၊
သို့အတွက်.... ဖြစ်ခြင်းကို ရောက်၏ဟုလဲ မဆိုအပ်၊ မဖြစ်ခြင်းသို့ ရောက်၏ဟုလဲ မဆိုအပ်၊ ဖြစ်သည်လဲရှိ မဖြစ်သည်လဲ ရှိ၏ဟု မဆိုအပ်၊ ဖြစ်သည်လဲ မဟုတ်၊ မဖြစ်သည်လဲ မဟုတ်ဟုလဲ မဆိုအပ်၊
ဒုက္ခခပ်သိမ်းမှ ငြိမ်းတယ်ဟုသာ ဆိုအပ်၏"
ဘုရား။ ။ "ဝစ္ဆ၊ အကြင်ဝေဒနာဖြင့် လည်းကောင်း အကြင်သညာဖြင့် လည်းကောင်း၊ အကြင် သင်္ခါရဖြင့်လည်းကောင်း၊ အကြင်
ဝိညာဏ် ဖြင့် လည်းကောင်း၊ လူ-နတ်-ဗြဟ္မာ-သတ္တဝါကို ပညတ်ကြ၏၊
ထိုဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တို့ကိုလဲ ငါဘုရား ပယ်
အပ်ပြီ၊
 ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီ။ နောင်တဖန် မဖြစ်အောင် ပြုအပ်ပြီ၊
ငါဘုရားသည် ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့မှလည်း လွတ်ပြီ၊
ထို့ကြောင့် မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိ၏၊ ၎င်းဂုဏ်ကို ဉာဏ်ဖြင့် သက်ဝင်နိုင်ခဲ၏၊ နက်နဲ၏၊ မဟာသမုဒ္ဒရာကို ထောက်၍ မမှီနိုင်သည်နှင့် တူ၏၊
ထို့ကြောင့် ....
ဘုရား ရဟန္တာတို့ ဖြစ်ခြင်းသို့ ရောက်၏ ဟုလဲ မဆိုအပ် (သဿတ   ကို ပယ်ခြင်းဖြစ်သည်)၊
မဖြစ်ခြင်းသို့ ရောက်၏ဟုလဲ မဆိုအပ် (ဥစ္ဆေဒကို ပယ်ခြင်း ဖြစ်သည်)၊
 ဖြစ်သည်လဲ ရှိ မဖြစ်သည်လဲ ရှိ၏ဟု မဆိုအပ် (ဧကစ္စ သဿ      တကို ပယ်ခြင်းဖြစ်သည်)
၊ ဖြစ်သည်လဲ မဟုတ် မဖြစ်သည်လဲ မဟုတ်ဟုလဲ မဆိုအပ် (အမရာဝက္ခေပ ဒိဋ္ဌိကို ပယ်ခြင်း ဖြစ်သည်)၊
ဒုက္ခခပ်သိမ်းမှ အကုန်ငြိမ်းသော သန္တိသုခ ပရတ်မတ် နိဗ္ဗာန်ဓာတ်သာ ရှိတော့သည်ဟုသာ ဆိုအပ်၏"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဥပမာမည်သည်ကား ...
ရွာ၏အနီး၌ ကြီးစွာသော အင်ကြင်းပင်ကြီးသည် ရှိ၏၊
ထို အင်ကြင်းပင်ကြီးသည် အရွက်, အခက်, အပွေး, အခေါက်, အကာတို့မှ ကင်းလတ်သော် အနှစ်သာ ကျန်တော့သကဲ့သို့
ထို့အတူ အရှင်ဂေါတမ၏ တရားသည်လည်း
ခန္ဓာငါးပါးတည်းဟူသော အရွက်, အခက်, အပွေး, အခေါက်, အကာတို့မှ ကင်းစင်၍ နိဗ္ဗာန်တည်းဟူသော အနှစ်မှာ တည်ပေသည်၊
သို့အတွက် အလွန်နှစ်သက်ဖွယ်ရာ ကောင်းပါပေတယ်၊ အရှင် ဂေါတမသည် ဒီနေ့ကစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဥပါသကာ ဟု တပည့်တော်ကို မှတ်တော်မူပါဘုရား"
#########################
 '' ဓမ္မရုံးတော် ဉာဏ်မဟော် ''အပိုင်း-( ၁၄ )
ဦးပညာ။ ။ ကဲ-မောင်ဖြူရေ ...
ဒီသုတ်မှာ မြတ်စွာဘုရား ဟောတော်မူတာ ... ခန္ဓာငါးပါးတို့၏ ဖြစ်မှု ပျက်မှုကို မြင်သဖြင့် တဏှာ, မာန, ဒိဋ္ဌိ, ဥပါဒါန် အစွဲကွာ၍
ဒုက္ခခပ်သိမ်း အကုန်ငြိမ်းတဲ့ သန္တိသုခ ပရမတ် နိဗ္ဗာန်ဓာတ်ကို ရတယ် မဟုတ်လား။
ဦးဖြူ    ။     ။ ဟုတ်ပါတယ် ဘုရား။
ဦးပညာ။ ။ ဒါကြောင့် သောတာပန် ဖြစ်ချင်တဲ့ သူသည်...
 သောတာပန်ဖြစ်ကြောင်း အင်္ဂါများကို ပြုလုပ်ကြရမယ်၊
၎င်းအင်္ဂါများသည် ဘယ်ဟာလဲ ဆိုတော့....
 (၁) သစ္စာလေးပါးကို ပြနိုင်သော သပ္ပူရိသကို မှီဝဲရမယ်၊
 (၂) ထိုပုဂ္ဂိုလ်ထံမှာ တရားကို နာယူရမယ်၊
(၃) ထိုတရားကို ရိုရိုသေသေ ဆင်ခြင်သုံးသပ် ပွားများ အားထုတ်ရမယ်၊
 (၄) ခန္ဓာငါးပါး၏ ဖြစ်ပုံ ပျက်ပုံ သနစ်စုံကို ပုံမှန်အတိုင်း မြင်အောင် အားထုတ်၍ လောကုတ္တရာတရားအား လျော်အောင် ကျင့်ရမယ်၊
 ဒီလေးမျိုးမှာ အထက်က သုံးမျိုးက ရှင်းတယ်၊
 (၄) နံပါတ်က ဓမ္မာနုဓမ္မပဋိပတ္တိလို့ ခေါ်တယ်၊
ဓမ္မက... ခန္ဓာငါးပါးအား၊ အနုက... လျော်သော...
 (ဝါ) ခန္ဓာငါးပါး၏ ဖြစ်ပျက်ပုံ သနစ်စုံကို ပုံမှန်အတိုင်း မြင်အောင်လုပ်၍ဟု အဓိပ္ပါယ်ရတယ်၊
 ဓမ္မပဋိပတ္တိ... လောကုတ္တရာ တရားအားလျော်အောင်ကျင့်၏ဟု အဓိပ္ပါယ်ရတယ်၊
စကားနှစ်ရပ်ပေါင်းလိုက်ရင် ...
ခန္ဓာငါးပါး၏ ဖြစ်ပုံ ပျက်ပုံသနစ်စုံကို မြင်အောင် လုပ်တာသည်ပင် လောကုတ္တရာအားလျော်အောင် ကျင့်တော့တာပဲ၊
ဘာကြောင့်လဲဆိုတော့ ဖြစ်မှုပျက်မှုကို မြင်လျှင် အနိစ္စ-ဒုက္ခ-အနတ္တကို မြင်တော့တာပဲ၊
၎င်း အနိစ္စ-ဒုက္ခ-အနတ္တသည် ကိလေသာ၏ အာရုံမဟုတ်၊ သံဝေဂ၏ အာရုံသာဖြစ်တယ်၊
 သံဝေဂသည် နိဗ္ဗာန်၏ လမ်းကြောင်းဖြစ်တဲ့အတွက်
ခန္ဓာငါးပါးတို့၏ ဖြစ်မှုပျက်မှုကို မြင်အောင် ရှုတာသည်ပင် (၄) နံပါတ်ဖြစ်တဲ့ 'ဓမ္မာနု ဓမ္မပဋိပတ္တိ' ဖြစ်တော့တာပေါ့ မောင်ဖြူရဲ့။
ဦးဖြူ  ။       ။ မှန်ပါ ဘုရား။
ဦးပညာ။    ။ အေး... ဒါကြောင့် ...
ဓမ္မာနု ဓမ္မပဋိပတ္တိ ဖြစ်သော ခန္ဓာငါးပါးတို့၏ ဖြစ်မှုပျက်မှုကို မြင်အောင် ဉာဏ်ဖြင့် ရှု၍
သံဝေဂဉာဏ်အမြင်သန်ကာ
နိဗ္ဗာန်ကို လျင်မြန်စွာ ရလွယ်ကြပါစေကုန်သတည်း။
ပရိတ်သတ်။ ။ သာဓု၊ သာဓု၊ သာဓု။
နမ္မားမြို့ သိရီမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ
'' ဓမ္မရုံးတော် ဉာဏ်မဟော် '' ကျမ်းစာမှ စာစီ ပူဇော်ပါသည်။
'' ဓမ္မရုံးတော် ဉာဏ်မဟော် '' ကျမ်းစာ ... အပိုင်း-၁မှ ၁၄အထိ
ဤတွင် ပြီးဆုံးပါပြီ။
ဓမ္မရုံးတော် ဉာဏ်မဟော်-၈
နမ္မားမြို့ သိရီမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ ။
'' ဓမ္မရုံးတော် ဉာဏ်မဟော် '' ကျမ်းစာမှ စာစီ ပူဇော်ပါသည်။
**************************************
'' ဓမ္မရုံးတော် ဉာဏ်မဟော် '' အပိုင်း ( ၁၂ )
ဦးဖြူ   ။       ။ သစ္စာလေးပါးနှင့်ကိုက်ပြီး ပြစေလိုပါတယ် ဘုရား။
ဦးပညာ  ။        ။ ခန္ဓာငါးပါးသည် မခိုင်မြဲပါကလား၊
 ဘာမှ အနှစ်သာရ မရှိပါကလား၊
အမြဲတမ်း ဇရာမီး မရဏမီး အလောင်ခံနေရသော ဒုက္ခအစုပါကလားလို့
ပုံမှန်အတိုင်း မြင်တာသည် ....ဒုက္ခသစ္စာကို ပိုင်းခြား၍ သိသည်မည်တယ်၊
 အဲဒီလို ပုံမှန်အတိုင်း မြင်သည့်အတွက် ...
သက္ကာယဒိဋ္ဌိ ချုပ်သွားတာသည် ...သမုဒယသစ္စာ ကွာသည်မည်တယ်၊
အမှားပျောက်၍ အမှန်ရောက်ကာ ဘယ်တော့မှ ပြန်ပြီး မမှောင်ဘဲ
အမြဲလင်းနေမှုသည် နိရောဓသစ္စာကို မျက်မှောက်ပြုသည် မည်တယ်၊
အမှန်ကို မြင်တဲ့ဉာဏ်သည် မဂ္ဂသစ္စာကို ပွားတာပဲ၊
အမြင်ရှင်းတော့ ပျော်သလိုလို ချမ်းသာသလိုလို ဖြစ်တာကတော့ ...
ဖိုလ်ဇောတွေ ဆက်ကာဆက်ကာ ဖြစ်တာပဲ၊
သစ္စာလေးပါး၏ ကိစ္စကြီးတွေ တစ်ခါတည်း ပြီးစီးသွားတော့တာပဲ၊
 အဲဒီလို သစ္စာလေးပါးကို သိလိုက်တော့ ... သစ္စာလေးပါးကို အမြဲတမ်း ဖုံးကွယ်တဲ့ အဝိဇ္ဇာသေတယ်၊
အဝိဇ္ဇာသေတော့ .... တစ်သံသရာလုံးက တင်ရှိခဲ့တဲ့ အကုသိုလ် သင်္ခါရကြွေးတွေ ကျေကုန်တာပေါ့၊
အကုသိုလ် သင်္ခါရကြွေးကျေတော့ ... အပါယ် ပဋိသန္ဓေ ဝိညာဏ် မဖြစ်တော့ဘူး၊
အပါယ် ပဋိသန္ဓေ မဖြစ်ရင် ... အပါယ် နာမ်ရုပ် မဖြစ်၊
အပါယ် နာမ်ရုပ် မဖြစ်လျှင် အပါယ် သဠာယတန မဖြစ်၊
၎င်းမဖြစ်လျှင် အပါယ် ဖဿ       မ ဖြစ်၊
ဖဿ       မဖြစ်လျှင် ဝေဒနာမဖြစ်၊
 ဝေဒနာမဖြစ်လျှင် တဏှာမဖြစ်၊
တဏှာမဖြစ်လျှင် ဥပါဒါန်မဖြစ်၊
ဥပါဒါန်မဖြစ်လျှင် ဘဝမဖြစ်၊
ဘဝမဖြစ်လျှင် ဇာတိမဖြစ်၊
ဇာတိမဖြစ်လျှင် ဇရာ မရဏ မဖြစ်ဘဲ ....
အပါယ်လေးပါး သံသရာ စက်ရဟတ်ကြီး ပျက်စီးသွားတာပေါ့၊
အဲဒီလို အပါယ် ဒုက္ခမှ အမြဲတမ်း စိတ်ချရတာကိုပင် ....
ပထမနိဗ္ဗာန်ကို ရသည်မည်ပါတယ်၊ သဘောပေါက်ကြရဲ့လား။
ဦးဖြူ  ။      ။  ပေါက်ပါပြီ ဘုရား။
ဦးပညာ။  ။ အဲဒီလို ခန္ဓာငါးပါးကို မြတ်စွာဘုရား ဟောတဲ့အတိုင်း မြင်တော့...
 မြတ်စွာဘုရားအပေါ်မှာ မတုန်မလှုပ် ယုံကြည်တဲ့ သဒ္ဓါတရားဖြစ်တာပေါ့၊
တရားတော်၏ အပေါ်မှာလည်း မတုန်လှုပ်သော ယုံကြည်မှုဖြစ်တာပေါ့၊
 ဒီတရားအတိုင်း ကျင့်တဲ့ သံဃာအပေါ်မှာလည်း မတုန်လှုပ်သော ယုံကြည်မှု ဖြစ်တာပေါ့၊
ပုထုဇဉ် သူတော်ကောင်းတောင် ငါးပါးသီလ လုံခြုံရင် ...
ဒီလိုအမြင်မှန်ရတဲ့ အရိယာ သူတော်ကောင်း ဘာပြောစရာ ရှိတော့မလဲ၊ ပိုပြီး မြဲတော့တာပေါ့၊
ကိုင်း... သောတာပန် အင်္ဂါလေးပါးနှင့် မပြည့်စုံသေးဘူးလား ငဖြူရဲ့။
ဦးဖြူ   ။          ။ ပြည့်စုံပါပြီဘုရား။
Friday, August 26, 2016
ဥ ပေ က္ခာ ယောင် ယောင် ... မော ဟ ဆောင်။
#############################
မော ဟ ဆို တဲ့ တ ရား ဟာ... သိ ခဲ မြင် ခဲ တဲ့ အ ကြောင်း...။
လူ နှစ် ယောက် ရန် တွေ့ ကြ တာ...။ သူ့ သား ကိုယ့် သား ။
လူ တစ် ယောက် က တ ရား သ မား တစ် ယောက် ကို ...
သူ့ သား က ရန် တွေ့ လို့ ခေါင်း တွေ ပြဲ နေ တယ်။
သွေး တွေ ထွက် နေ တယ်။
ဟို မှာ ရန် တွေ့ လို့ ခေါင်း တွေ ပြဲ နေ ပြီ ။ သွေး တွေ ထွက် ...ပြီ ။
ဖြစ် တဲ့ လူ က ...အဲ ဒါ  ငါ ဥ ပေ က္ခာ ထား လိုက် ပြီး ပြီ တဲ့။
အဲ ဒါ ကြောင့် မို့ လို့ ...ဥ ပေ က္ခာ မ ဟုတ် ဘူး တဲ့ ။ ဒီဟာ...။
ဥ ပေ က္ခာ ထား တယ် ဆို တာ...
လူ နှစ် ယောက် ရဲ့ ရန် တွေ့ တယ် ဆို တာ ...
ဘယ် က စ တာ လဲ လို့ အ စ ကို မ မေး ရ ပေ ဘူး လား။
သူ တို့ အ ကျိုး အ ပြစ် တွေ ကို မ မေး ရ ပေ ဘူး လား။
အ ကျိုး အ ပြစ် တွေ ကို သိ တဲ့ အ ခါ ကျ မှ ... ဥ ပေ က္ခာ ( ဝေ ဒ နာ )ထား ရ တာ။
အဲ ဒါ ကြောင့် ...
"ဥ ပေ က္ခာ ယောင် ယောင် ... မော ဟ ဆောင်။"လို့ မ ဟော ဘူး လား။
ငါ ပစ် ထား ပြီး ပြီ ဆို တော့... အ ကျိုး အ ပြစ် မ သိ ဘဲ နဲ့ ဆို တော့ ကာ
ဥ ပေ က္ခာ ဖြစ် ပါ မ လား။
အေး... အဲ ဒါ လို တာ ဗျာ့။
အဲ ဒါ သိ ဖို့ လို တယ်။ သ ဘော ပေါက် ဖို့ လို တယ်။
ဒါ ကြောင့်" မေ တ္တာ ယောင် ယောင် ... ရာ ဂ ဆောင် သည် "တဲ့။
မေ တ္တာ လို့ သာ ပြော ကြ တယ်။
အဲ ဒါ ကိုယ့် သား သ မီး ချစ် တဲ့ အ ချစ် မျိုး နဲ့ ယှဉ် ကြည့် တဲ့ အ ခါ...
ကဲ သူ နဲ့ ပတ် သက် တာ ... ပ စ္စည်း လို လို့ ပတ် သက် ချင် တာ။
လူ လို လို့ ဆက် စပ် ချင် တာ ဆို တော့ မေ တ္တာ ဟုတ် ပါ မ လား။
ဒါ..." မေ တ္တာ ယောင် ယောင်... ရာ ဂ ဆောင် တယ် "တဲ့။
အ ဘိုး ကြီး အ ဘွား ကြီး... လူ မ မာ တစ် ယောက် နေ့ ရှည် ရက် များ ခံ နေ ရ တာ။
သူ့ စောင့် ရှောက် ရ တာ... စောင့် ရှောက် ရ တဲ့ သူ မ ပင် ပန်း ဘူး လား။
မ တော် လို့ ရော ဂါ ပျောက် စေ ကာ မူ လူ စင် မ မီ တော့ ဘူး ပေါ့။
လူ စင် မ မီ ရင် သွား လို့ လာ လို့ နေ လို့ ထိုင် လို့ အ များ နဲ့ ပြေ ပါ မ လား။
ဒါ တော့ သူ့ ဘ ဝ မှာ... စိတ် ထဲ က... ဒီ လို နေ မည့် အ စား
သေ တာ က ကောင်း ပါ တယ် လို့ အဲ လို နှ လုံး သွင်း တဲ့ လူ တွေ မ ရှိ ဘူး လား။
ဒါ... "က ရု ဏာ ယောင် ယောင် ဒေါ သ ဆောင် သည် "တဲ့။
က ရု ဏာ အ စစ် မ ဟုတ် ဘူး တဲ့။
က ရု ဏာ ဆို တာ သူ ဒါ သူ ကြည့် ရ မည့် တာ ဝန် ရှိ တယ် တဲ့။
ဒါ... သူ့ တာ ဝန်... ကြည့် ဖို့  ပြု ဖို့ ရာ သာ လို တာ တဲ့။
ဟို မှာ သူ့ အ ကျိုး အ ပြစ် တွေ နေ ကောင်း တာ မ ကောင်း တာ လှုပ် နိုင် တာ မ လှုပ် နိုင် တာ  ....
ကိုယ် နဲ့ မ ဆိုင် ဘူး တဲ့။
ကိုယ့် တာ ဝန် ကျေ အောင် သာ စောင့် ရှောက် တဲ့။
အဲ ဒါ မှ က ရု ဏာ။
ဒီ လို နေ မည့် အ စား တော့ သေ တာ ကောင်း ပါ တယ် ဆို တော့
"က ရု ဏာ ယောင် ယောင် ဒေါ သ ဆောင် တယ်။ "ကြား လား။
တ ခု က သိန်း ထီ ပေါက် တာ တွေ အ လုပ် အောင် မြင် တယ် မြတ် တာ တွေ ...။
အဲ ဒါ မု ဒိ တာ တွေ ပေါ့။ ကဲ
 "မု ဒိ တာ ယောင် ယောင် လော ဘ ဆောင် သည် "တဲ့။
သူ့ ပ စ္စည်း ရ ချင် တာ တွေ ပေါ့။
အ ခု လည်း မိ မိ က မော ဟ ဆို တဲ့ တ ရား က
ကျုပ် က ဥ ပေ က္ခာ ထား လိုက် ပြီး ပြီ။
အ ကျိုး အ ပြစ် ကို မ စိ စစ် ဘဲ နဲ့ ဥ ပေ က္ခာ ထား တယ် ဆို တာ ဟုတ် ပါ မလား။
အ ကျိုး အ ပြစ် ကို သိ ကာ မှ...
ဪ အ ကြောင်း ရှိ လို့ အ ကျိုး တ ရား တွေ ပေါ် တာ ကိုး ဆို တော့
အဲ ဒီ အ ခါ မှ ဥ ပေ က္ခာ ထား ရ တာ။
အဲ သ လို လို တာ ကွဲ့။ ဒါ ... လို တာ။
ကျေး ဇူး တော် ရှင် မုံ လယ် ဆ ရာ တော် ဘု ရား ကြီး။
အ ဂ္ဂ မ ဟာ က မ္မ ဋ္ဌာ နာ စ ရိ ယ ဘ ဒ္ဒ န္တ သံ ဝ ရ။
ပဲ ခူး ဆယ် မိုင် ကုန်း မုံ လယ် တော ရ စံ ကျောင်း ဆောင် တွင်
တ ပည့် များ အား မိန့် ကြား သော သြ ဝါ ဒ အ သံ ဖိုင် 0018 မှ မှတ် တမ်း ပြု
စာ စီ ပူ ဇော် ပါ သည်။
အ ရှင် တေ ဇ နိ ယ မုံ လယ် ဇ.။
Thursday, August 25, 2016
ယောဆရာတော်-အဆင်းအတက် လမ်းနှစ်ဖက်
တိပိဋကဓရ--ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်ဘုရားကြီး  ၏
အဆင်းအတက်  လမ်းနှစ်ဖက်  တရားတော်
*******************************
"သတ္တဝါတွေ  ဆင်းရဲပြီး  နေကြတာ  အမှန်တော့  အဆင်းရဲလွန်းလို့  ဆင်းရဲတာ
မကောင်းမှု  ဒုစရိုက်  အကုသိုလ်အလုပ်တွေမှာ  အဆင်းရဲလွန်းလို့  ကိုယ်စိတ်ကိုယ်
မထိမ်းသိမ်းပဲနဲ့  လွတ်ထားကြလို့  အဆင်းတွေရဲလွန်းလို့  ဆင်းရဲတာ ။"
လောကကြီးထဲမှာ  လမ်းဟာ  အတိုချူံးလိုက်ရင် (၂) လမ်းပဲရှိပါတယ် ၊ အဆင်းက
တလမ်း၊ အတက်က  တလမ်း၊ ပရိသတ်အပေါင်း  သူတော်ကောင်းတွေ  သွားနေ
ကြတာက  အတက်လမ်း ၊ သာသနာဆိုတာကလဲ  အတက်လမ်းပါပဲ၊ ဒါကြောင့်
အဆင်းအတက်  လမ်းနှစ်ဖက်တရား။
       ယေကေစိ  အကုသလာဓမ္မာ ၊ သဗ္ဗေတေ  အဓောဘာဂင်္ဂမနိယာ၊
       ယေကေစိ  ကုသလာဓမ္မာ ၊ သဗ္ဗေတေ  ဥပရိဘာဂင်္ဂမနိယာ။
ယေကေစိ၊  ခပ်သိမ်းဥဿုံ  အလုံးစုံကုန်သော ၊ အကုသလာ ၊ အပြစ်နှင့်တကွ
မကောင်းကျိုးကို  ပေးတတ်သော ၊ ဓမ္မ--အကုသိုလ်တရားတို့ သည်  သန္တိ--ရှိကြ
ပါပေကုန်၏။
      သဗ္ဗေ--ခပ်သိမ်းဥဿုံ  အလုံးစုံကုန်သော ၊ တေ--ထိုအကုသိုလ်တရားတို့ 
သည်  အဓောဘာဂင်္ဂမနိယာ--အောက်တန်းတို့ သာ  သက်ဆင်းစေကြပါပေကုန်
သည် ၊ ဟောန္တိ--မုချမသွေ  ဖြစ်ကြပါပေကုန်၏။
        ယေကေစိ--ခပ်သိမ်းဥဿုံ  အလုံးစုံကုန်သော  ကုသလာ--အပြစ်မရှိ  ကောင်းကျိုးကို  ပေးတတ်ကုန်သော၊ ဓမ္မာ--ကောင်းမှုကုသိုလ်တရားတို့ သည်
သန္တိ--ရှိကြပါပေကုန်၏။
     သဗ္ဗေ--ခပ်သိမ်းဥဿုံအလုံးစုံကုန်သော၊ တေ--ထိုကောင်းမှုကုသိုလ်တရားတို့ 
သည်၊ ဥပရိဘာဂင်္ဂမနိယာ--အထက်တန်းသို့ သာ  ရောက်စေတတ်ကုန်သည်၊
ဟောန္တိ--မုချမသွေ  ဖြစ်ကြပါပေကုန်သတည်း။
************************************
{ ကံအကောင်းဆုံးလူ}
လောကမှာ  ကံအကောင်းဆုံးလူဆိုတာ  ဗုဒ္ဓသာသနာနဲ့  တွေ့ကြုံ တဲ့လူဖြစ်တယ်။
ဗုဒ္ဓသာသနာနဲ့  တွေ့ကြုံ ခွင့်ရတော့ လမ်းကြောင်းကြီး  ပြတ်ပြတ်သားသား  တွေ့
ခွင့်ရတယ်။ * ရှောင်ရမယ့်  လမ်းလဲသိသွားတယ်၊ သွားရမယ့်  လမ်းကိုလဲ  ပြတ်
ပြတ်ထင်ထင်  သိမြင်ခွင့်ရသွားတယ် *။
{  ကုသိုလ်  အကုသိုလ်}
*  အဆင်း  အတက်၊ လမ်းနှစ်ဖက်၊  ကွက်ကွက်မြင်အောင်ကြည့် ။
ကုသိုလ်ဆိုတာ  ကိုယ့်စိတ်ကိုယ်နိုင်လို့ ရတာ၊  ကိုယ်အပေါ် သြဇာညောင်းလို့ ရရှိ
လာတဲ့  စိတ်တန်ခိုးကို  ကုသိုလ်လို့  ခေါ်တယ်။
  အကုသိုလ်တရားဆိုတာ  စိတ်မနိုင်လို့ ရတာ၊ ကိုယ်အပေါ် သြဇာမညောင်းလို့ 
ရတာ။  အကုသိုလ်ဆိုတာ  အဆင်းလမ်း၊  ကုသိုလ်ဆိုတာ  အတက်လမ်း၊ ဒါကြောင့်  အဆင်းရယ်  အတက်ရယ်လို့   လမ်းနှစ်ဖက်ရှိတယ်။  မိမိတို့ တတွေဘဝ
သံသရာတစ်လျှောက်  လမ်းနှစ်ဖက်ရှိတဲ့အခါ  လမ်းမှား၊  မှားပြီးတော့  အဝိဇ္ဇာအ
မှောင်ထဲ  စမ်းတဝါးဝါး  သွားမိခဲ့လို့ သွားတာက  အထက်ကို၊  အောက်ရောက်ခဲ့တာ
ကျွ မ်းထိုးမှောက်ခုံ  လိမ့်ခဲ့ရတာ  အများကြီး။ အပေါ်ကို  ရည်မှန်းပြီး  တက်ပေမယ့်
လမ်းမှားပြီး  အောက်ကိုလိမ့်ကျ  ခဲ့ရတာတွေ ၊ ရှေ့ကိုတိုးပေမယ့်  အဝိဇ္ဇာအမှောင်
ထဲ  စမ်းတဝါးဝါး  လမ်းမှားခဲ့လို့  နောက်ကိုပြန်ရောက်  ခဲ့ရတာတွေ၊  ဖြစ်ချ င်သလို
ဖြစ်နေကြရတာ  မဟုတ်ဘဲ  ကိုယ့်မှာရှိသလို  ဖြစ်နေကြရတာတွေ။
********************
{ဖြတ်လမ်းကလာသူ}
သာသနာက  ဉာဏ်အလင်းရောင်  ညှိထွန်းပေးတုန်းလေး  သေသေချာချာကြည့်
ထား၊  ကုသိုလ်ကို  ထုံနေအောင် လုပ်ထားရမှာဗျ ။
  တချို့ ပုဂ္ဂို လ်တွေ  သုဂတိဘုံဘဝ  ရောက်လာတာ ၊ ဖြတ်လမ်းရောက်လာတဲ့
ပုဂ္ဂို လ်တွေရှိတယ် ၊ ဖြတ်လမ်းက  ရောက်လာတယ်ဆိုတာ(ဆိုကြပါစို့ ဗျာ)ဘဝတစ်
ခုမှာ  တစ်ဘဝလုံး  အကုသိုလ်တွေကြီးလုပ် ၊ အကုသိုလ်အပူ  အခိုးအငွေ့တွေကြီး
လုပ်၊ သေခါနီးလေးကျ မှ  ပညာရှိ  သူတော်ကောင်းတွေက သနားတာနဲ့ သူသတိရ
တုန်းလေး  ဒါနလုပ်ခွင့်ရအောင်  ကူညီပေးလိုက်တယ်၊ သီလကျ င့်ခွင့်ရအောင်  ကူ
ညီပေးလိုက်တယ်၊ တရားနာကြားခွင့်ရအောင်  ကူညီပေးလိုက်တယ်။(အာသန္နကံ
ခေါ်တာပေါ့)။
            သေခါနီးလေးမှာ  ကူညီပေးလိုက်တဲ့ ကုသိုလ်တွေကြောင့်  အပါယ်ကိုမ
ရောက်ဘဲ  လူဘုံ  လူ့ ပြည်၊ လူ့ ဘဝကို  ရောက်လာတာ ၊ ဒါမျိုးကို ဖြတ်လမ်းက
ရောက်လာတယ်လို့   ခေါ်တယ်။
           ဖြတ်လမ်းက  လူဖြစ်လာတဲ့  ပုဂ္ဂို လ်များဟာ  အထုံပါရမီ  အင်မတန် နည်း
တတ်ပါတယ်၊ ကုသိုလ်အထုံ  သိပ်နည်းတယ်၊ ဉာဏ်အထုံ  သိပ်နည်းတယ်၊ ဘယ်
ဟာဖြစ်ဖြစ်  သူများက  နောက်ကခိုင်းမှ  တော်ကာကျ၊ ၊ ပြောနိုင်မှ တော်ကာကျ
တယ်၊  လာဒ်မမြင်ဘူး။ စွမ်းအားကို  အကွက်စေ့အောင်  မယူတတ် ၊ ကုသိုလ်လုပ်
တော့လဲ  တက်တက်ကြွကြွ  ထက်ထက်သန်သန် တယ်မရှိလှ  လာခဲ့တာ သူကအ
ထုံနဲ့လာခဲ့တာ  မဟုတ်ဘူး။ ဖြတ်လမ်းက  ဝင်လာခဲ့တာ။ အဲသလို  ဖြတ်လမ်းက
ဝင်လာခဲ့တဲ့  ပုဂ္ဂို လ်ဆိုရင်(  အထုံနည်းတော့) ရှေ့သွားတော့လဲ  တယ်မသေချာလှ
ဘူးဗျ ။ အမြဲတမ်း  သူများဆီက  တွန်းအား  အကူအညီတွေ ပေးနိုင်မှ ၊ ရှေ့ကို တ
ရွှေ့ရွှေ့နဲ့  သူတက်နိုင်မှာ။
************************
{အထုံနဲ့လာသူ}
     အချို့ ပုဂ္ဂို လ်တွေကျတော့  အထုံနဲ့ကို  လာခဲ့တာဗျ ။ ကုသိုလ်လုပ်ရတာ  ပျော်
လို့ ၊ မကောင်းတဲ့  အကုသိုလ်တွေ  ရှောင်လို့ ၊ ကောင်းသောကုသိုလ်တွေကို  နေ့ စဉ်ပုံမှန်  ဝတ်ထားလို့ ။ * ဒီအချိန် ဘုရားရှိခိုးရမယ့်  အချိန်ဟဲ့ ၊ အားအား  မအား
အား  နေ့ စဉ်လုပ်ရမှာဟဲ့ ၊ * ဒီအချိန်  မေတ္တာပို့ ရမယ့်အချိန် ၊*ဒီအချိန်က ပဋ္ဌာန်း
ပရိတ်တွေ  ရွတ်ရမယ့်အချိ န် ၊* ဒီအချိန်က  ခန္ဓာဉာဏ်စိုက်  ဝိပဿ     နာပွားရမယ့်
အချိန်ဆိုပြီး  နေ့စဉ်ပုံမှန်  ဝတ်ထားပြီး  ကြိုးစားသွားတဲ့  ပုဂ္ဂို လ်တွေ ၊ အထုံတွေက
သိပ်အားကောင်း ။
          အဲသလို  အထုံစွမ်းအားတွေနဲ့  လူဖြစ်ခဲ့တဲ့  ပုဂ္ဂိုလ်တွေကျ တော့ (ဘယ်နေ
မဆိုပေါ့ဗျာ) အစစအရာရာ  သာလွန်ကြတယ် ၊ ရှေ့ကချ ည်းပဲ ၊ ကုသိုလ်ရေးကိစ္စ
မှာလဲ  သူများက  တယ်ပြီးတိုက်တွန်းရတယ်  မရှိလှဘူးဗျ ၊ ကိုယ်ဟာကိုယ်  အသိ
ကလေးတွေနဲ့  တက်တက်ကြွကြွ  ထက်ထက်သန်သန်  ကြိုးကြိုးစားစား  အား
ထုတ်တတ်တယ်၊ ပြုလုပ်တတ်တယ်ဗျ။
          ပညာရှိသူတော်ကောင်းတွေက  လမ်းညွှန်ပေးရုံလေးပဲ၊ တကယ်အလုပ်ပိုင်း
ကျ တော့  ခိုင်းမနေရဘူး ၊ တက်ကြွစွာ  ပြု လုပ်အားထုတ်တတ်တယ်၊ လုပ်တိုင်း
လုပ်တိုင်းလဲ  စိတ်ပါလက်ပါချ ည်း  လုပ်တယ်။  ဒါကြောင့်  ဖြတ်လမ်းက လူဖြစ်လာ
တဲ့  လူနဲ့ ၊ အထုံနဲ့  လူဖြစ်ခဲ့တဲ့လူတောင်မှ  ကွာကြတယ် ။ အဲဒီလို  မိမိတို့ သာသ
နာ့လမ်းကြောင်းကြီး  တွေ့တုန်းမှာတော့ "အထုံ" တွေရအောင်  နေ့စဉ်ပုံမှန်  ကြိုး
စားအားထုတ်  ကြရပေလိမ့်မယ်။
******************************
{   အဆင်းနှင့်အတက်}
အဆင်းခေါ်ဆို ၊ အကုသိုလ်၊
ကုသိုလ်  အတက်သိ ၊
အဆင်းဆိုတာ  အကုသိုလ်တရားကို  ပြောတာ၊ အတက်ဆိုတာက  ကုသိုလ်တရား
ကိုပြောတာ ။ အဆင်းဆိုတာ  စိတ်ကိုမနိုင်ပဲ  လွတ်ချ လိုက်လို့   စိတ်တွေပေါက်ကွဲ
ပြီး  ကျ သွားတာကို  အဆင်းလို့   ခေါ်တယ်။
        အတက်ဆိုတာ  ကိုယ်စိတ်  ကိုယ်နိုင်လို့   ကိုယ်စိတ်လေးကို  အစီအစဉ်လေ
နဲ့  ထိန်းသိမ်းပြီးတော့ * ရည်ရွယ်ချ က်ပါတယ် ။ * လမ်းကြောင်းပါတယ် ။ * အစီ
အစဉ်ပါတယ် ။  အစီအစဉ်လေးနဲ့  ထိန်းသိမ်းပြီးတော့  စွမ်းအားထုတ်လုပ်လို့  ပေါ်
လာတဲ့  စွမ်းအားကို  ကုသိုလ်လို့  ခေါ်တယ် ။ အဲဒါ  အတက်လမ်း။
 { အဆင်းရဲလွန်းလို့ }
အဆင်းရဲက  ဆင်းရဲ ၊
အောက်ကျ မည်ဟုသိ။
သတ္တဝါတွေ  ဆင်းရဲပြီးနေကြတာ  အမှန်တော့  အဆင်းရဲလွမ်းလို့ ဆင်းရဲတာ ၊
မကောင်းမှု  ဒုစရိုက်  အကုသိုလ်အလုပ်တွေမှာ  အဆင်းရဲကြလွန်းလို့  ကိုယ်စိတ်
ကိုယ်  မထိန်းသိမ်းပဲနဲ့  ပစ္စလက်ခတ်  လွတ်ပြီးထားကြလို့  အဆင်းတွေရဲလွန်းလို့ 
သတ္တဝါတွေ  ဆင်းရဲနေကြတာ။
အဆင်းရဲလွန်းရင်  ဆင်းရဲမယ်၊  အောက်ကျ နောက်ကျ   ဖြစ်မယ်၊  ဘယ်နေရာမှ
အဆင့်မမီဘူး။  
ဘယ်လမ်းလိုက်မလဲ
***************
ကုသိုလ်ကိုကိုင် ၊ တက်ရောက်နိုင် ၊ ကိုယ်ပိုင်စွမ်းအားရှိ။
ကုသိုလ်ကိုကိုင်တဲ့  ပုဂ္ဂို လ်တွေ  တက်ရောက်နိုင်ကြတယ်၊  ခန္ဓာရဲ့အနှစ် ၊ ပစ္စည်း
ဥစ္စာတွေရဲ့အနှစ် ၊ အကုန်လုံးအကွက်စေ့အောင် ၊ယူနိုင်ကြတယ်ဗျ ။  ပစ္စည်းကလဲ
ခန္ဓာလိုပါပဲ ၊  လက်ထဲရောက်လာရင်  စကားသုံးခွန်းမေးတယ်။  ခန္ဓာကမေးတဲ့  စ
ကားသုံးခွန်းကတော့  ၁ ။  ကျွန်တော်ကို  အဖိုးတန်အောင်  သုံးမှာလားဗျ ၊
၂  ။  ကျွန်တော့်ကို  အလကား  ဖြု န်းပစ်မှာလားဗျ  ။  ၃ ။ ကျွန်တော်နှိပ်စက်နေတာ
ကို  အချိန်ပြည့်  ခံနေမှာလားဗျ ။
ခန္ဓာက  စကားသုံးခွန်းမေးသလို  ပစ္စည်းကလဲ (၃) ခွင်းမေးပါတယ်။
၁ ။ ကျွန်တော်တို့ ကို  အဖိုးတန်အောင်  သုံးမှာလားဗျ (သုံးနိုင်တဲ့  စွမ်းအင်ကော  ရှိရဲ့လားဗျ ။ (၂) ကျွ န်တော်တို့ ကို  အလကားဖြု န်းပစ်မှာလားဗျ ။(၃) ကျွန်တော်တို့ 
နှိပ်စက်နေတာကို  အချိန်ပြည့်  ခံနေမှာလားဗျ ။
         ခန္ဓာနဲ့  ပစ္စည်းက  တရားသဘောအားဖြင့်  မေးခွန်းထုတ်တယ်။ဆိုလိုတာ
ကတော့  ခန္ဓာ  နဲ့  ပစ္စည်းကို  အကြောင်းပြု ပြီး  ခင်ဗျားအောက်ဆင်းမှာလားဗျ ၊
ဟောဒီ  ခန္ဓာ နဲ့  ပစ္စည်းကို  အကြောင်းပြုပြီး  ခင်ဗျားအပေါ်တက်မှာလားဗျ ။ ဘယ်
လမ်းကို  ခင်ဗျားလိုက်မလဲလို့  တရားသဘော  အားဖြင့်မေးနေတာ။
      ဉာဏ်မျ က်လုံး  ကောင်းတဲ့ပုဂ္ဂို လ်တွေကျ တော့  ခန္ဓာကိုလဲ  အဖိုးတန်အောင်
သုံးမယ် ၊ လက်ထဲရောက်လာတဲ့  ဥစ္စာပစ္စည်းတွေကိုလဲ  အဖိုးတန်အောင်  သုံးမယ်
ကုန်သွားတဲ့  အထဲက  မကုန်တဲ့တရားစွမ်းအားတွေ  ကျ န်အောင်ယူမယ်။
        ဒါကြောင့်မို့   ယခု  သုမနဓမ္မဗိမာန်  မလွန်ဆန်လှူ  သင်းထောက်  ဒကာ ဒကာမအပေါင်း  သူတော်ကောင်းတွေ  ကုသိုလ်လုပ်ရတာ  ပျော်နေကြတာ ၊ဒါဟာ
အတက်လမ်းမှန်းသိလို့   ပျော်ကြတာ ၊ သာသနာ့  မျ က်လုံးကောင်းကောင်း  ရပြီး
တော့နေလို့  ပျော်နေကြတာပါ။
       အဆင်းအတက်လမ်းနှစ်ဖက်  ကွက်ကွက်မြင်အောင်ကြည့် ။
       အဆင်းခေါ်ဆိုအကုသိုလ်  ကုသိုလ်အတက်သိ ။
       အဆင်းရဲက  ဆင်းရဲရ ၊ အောက်ကျ မည်ဟုသိ။
       ကုသိုလ်ကိုကိုင် ၊ တက်ရောက်နိုင် ၊ ကိုယ်ပိုင်စွမ်းအားရှိ။
ဒါကြောင့်  သဗ္ဗေ--ခပ်သိမ်းဥဿုံ  အလုံးစုံကုန်သော ၊ တေ--ထိုကောင်းမှု  ကုသိုလ်
တရားတို့ သည်  ဥပရိဘာဂင်္ဂမနိယာ  အထက်တန်းသို့ သာ  တက်ရောက်နိုင်ကုန်
သည့် ၊ ဟောန္တိ--မုချ မသွေ  ဖြစ်ကြပါပေကုန်သတည်း။
စိတ်နိုင်သူ  နှင့်  စိတ်မနိုင်သူ
*********************
သာသနာကျေးဇူးကြောင့်  အဆင်းလမ်းရယ်  အတက်လမ်းရယ်လို့  လမ်းနှစ်ဖက်
(လမ်းနှစ်ခု) ပြတ်သားစွာ  သိမြင်နေရပြီ ၊ လမ်းကတော့  နှစ်လမ်းရှိတယ် ၊ အဲဒီ လမ်း(၂)လမ်းကို  သွားတဲ့  သတ္တဝါတွေ  ချိန်ကြည့်  ယှဉ်ကြည့်ပါ။  လမ်းကြီး(၂)
လမ်းကို  သွားနေတဲ့  သတ္တဝါတွေ  ယှဉ်ကြည့်လိုက်တဲ့အခါ  အဆင်းလမ်းသွားတာ
ပိုများတယ်။(  လွယ်တာကိုး  လျှောချ ရုံလေးပဲ)။
         အတက်လမ်းကိုသွားတဲ့  ပုဂ္ဂို လ်သတ္တဝါတွေ  သိပ်နည်းနေတယ် ။ သူက ကြိုးကြိုးစားစား  တက်ရတာဆိုတော့  စိတ်မနိုင်သူတွေ  တော်တော်ခက်ကြတာပဲ။
စိတ်မနိုင်သူတွေ  အဆင်းလမ်းကိုသာ  လိုက်နေကြတယ်၊  စိတ်နိုင်တဲ့  ပုဂ္ဂို လ်တွေ
သာ  အတက်လမ်းကို  တက်နိုင်ကြတယ်။
          လက်သည်းခွံပေါ်က  မြေမှုန့် နှင့်  မဟာပထဝီမြေကြီးပေါ်က  မြေမှုန့် 
           ************************************************
ဘုရားပေးတဲ့  ဥပမာလေးတစ်ခု---တစ်ချိန်က  မြတ်စွာဘုရားသည်  လက်သဲခွန်
ပေါ်မှာ  မြေမှုန့်လေးတွေ  တင်ပြတယ် ။ * ချ စ်သား  ရဟန်းတို့ ချ စ်သားတို့   ချ စ်
သမီးတို့  ဟောဒီလက်သည်းခွံပေါ်က  မြေမှုန့် လေးမြင်ရဲ့လား-?  မှန်ပါ  မြင်
ကြောင်းပါဘုရား ။ ဒီလက်သည်းခွံပေါ်က  မြေမှုန့် လေးတွေနဲ့  ဟောဟို  မဟာ
ပထဝီ  မြေကြီးပေါ်က  မြေမှုန့် တွေ  ဘယ်မြေမှုန့် က  များသလဲကွဲ့ ?။  မြတ်စွာဘု
ရား---နှိုင်းယှဉ်လို့  မရနိုင်အောင်  ကွာခြားလှကြောင်းပါဘုရား ။ လက်သည်းခွံပေါ်
က  မြေမှုန့် လေးတွေဆိုတာ  ဟောဟို  မဟာပထဝီမြေကြီးပေါ်က  မြေမှုန့် နဲ့သာ
ယှဉ်ကြည့်မယ်ဆိုရင်  အရေအတွက်တောင်  မပြု လုပ်လောက်အောင်  နည်းလှ
ကြောင်းပါဘုရား ၊ ဟောဟို  မဟာပထဝီ  မြေကြီးပေါ်က  မြေမှုန့် ဆိုတာက  တိုင်း
တာ  ကန့်သတ်လို့ မရအောင်  အလွန့် အလွန်  များလှကြောင်းပါဘုရား ။
          အေး---ဒီအတိုင်းပဲကွဲ့ ၊ ဘဝသံသရာမှာ  အဆင်းလမ်းရယ်  အတက်လမ်း
ရယ်လို့  လမ်းနှစ်သွယ်  ရှိတဲ့နေရာမှာ  အဆင်းလမ်းကို  လိုက်နေကြတဲ့  သတ္တဝါ
တွေဆိုတာက  မဟာပထဝီမြေကြီးပေါ်က  မြေမှုန့် လောက်များတာ ၊ အတက်လမ်း
ကို  လိုက်နေတဲ့  သတ္တဝါတွေဆိုတာက  လက်သည်းခွံပေါ်က  မြေမှုန့် လောက်
လေးသာ  ရှိတာဆိုတော့  သိပ်ကွာခြားသွားပြီ ။ ဒီလိုဆိုတော့  ပရိသတ်အပေါင်း
သူတော်ကောင်းတွေ  လက်သည်းခွံပေါ်က  မြေမှုန့် လေးတွေဗျ ။
အကောင်းမှန်ရင်  နည်းတာကြီးပဲ
*************************
ရှားရှားပါးပါးဆိုတာနဲ့  အားငယ်ရမှာလား  အားမငယ်ရပါဘူး ၊ ဘာလို့ တုန်းဆိုတော့
လောကမှာ  အကောင်းမှန်ရင်  နည်းတာချ ည်းပဲ ၊ မကောင်းတာဆို  များတာချ ည်း
ပဲ။ အဆိုးများပေမယ့်  အဆိုးသည်  အားမကိုးရပါ (စွမ်းအားမပါလို့   အားမကိုးရပါ)
အကောင်းသည်  နည်းသော်လဲ  စွမ်းအားပါလို့   အားကိုးရပါတယ်။
         လောကမှာ  ကြည့်စမ်းပါ ၊ * ဘုရားသည်  တစ်ခါပွင့်ရင်  တစ်ဆူတည်းပဲ
ပွင့်ပါတယ် ၊ ကမ္ဘာပေါင်းမြောက်များစွာ  အကြာကြီးလဲ  စောင့်ရတယ်။
အကြာကြီးလဲ  စောင့်ရတယ် ၊ ပွင့်လာတော့  တစ်ဆူတည်းပွင့်လို့  ဘုရားဟာ နည်း
လှချ ည်လားလို့  အားငယ်စရာမလိုပါဘူး။  ဘုရားတစ်ဆူ  တစ်ဆူရဲ့ စွမ်းအားဆို
တာ  သတ္တဝါအနန္တတွေ  ခိုလှုံလို့ ၊  စွမ်းအားကိုယူလို့   မကုန်နိုင်အောင်  စွမ်းအား
တွေ  အနန္တပြည့်စုံပါတယ် ။
         နည်းပေမယ့်  အင်အားကောင်းတယ် ၊ နည်းပေမယ့်  အားကိုးရလောက်
အောင်  စွမ်းအားပြည့်တယ် ။ မကောင်းတဲ့  အဆိုးတွေဆိုတာက  များပေမယ့်  စွမ်း
အားကမပါလို့  အားမကိုးရပါ ၊ အဆင်းလမ်းမှာ  သွားနေကြတဲ့  သတ္တဝါတွေ  များ
ပေမယ့်  အားမကိုးရပါ။
          အတက်လမ်းမှာ  သွားနေကြတဲ့  သတ္တဝါတွေ  အရေအတွက်အားဖြင့်  အ
လွန့် အလွန်နည်းသော်လဲပဲ  စွမ်းအားက  ပါတဲ့အတွက်  အားကိုးရတယ်။ ဒါကြောင့်
ယခု  သုခုမဓမ္မဗိမာန်  မလွန်ဆန်လှူ  သင်းထောက်  ဒကာ  ဒကာမအပေါင်း  သူ
တော်ကောင်းတွေ  သဒ္ဓါ ၊  ပညာ ၊  မေတ္တာ  ဆိုတဲ့  အကောင်းစိတ်တွေ  ကိုယ်
သန္တာန်မှာ  ပေါ်လာတော့  အတက်လမ်းက  သွားနိုင်ကြတယ်။
            သာသနာတော်မြတ်ကြီးကိုလဲ  ကြာကြာကြီးတည်အောင်  ချီးမြောက်နိုင်
ကြတယ်၊  စောင့်ရှောက်နိုင်ကြတယ် ၊ အားပေးနိုင်ကြတယ်။
အဆိုးဘက်ကို  ပါသွားတယ်။
********************
* ဆင်းကြသူငါ ၊ များလှစွာ ၊ မြေမှာရှိတဲ့  မြေမှုန့် လို။
အဆင်းလမ်းလိုက်တဲ့  သတ္တဝါတွေက  မဟာပထဝီ  မြေကြီးပေါ်က  မြေမှုန့် တွေ
လောက်  အလွန်များတယ်တဲ့။
  * တက်နိုင်သည့်ဇွဲ ၊ အလွန်နည်း၊  လက်သည်းပေါ်က  မြေမှုန့် လို။
အပေါ်ကိုတက်နိုင်တဲ့  သတ္တဝါက  နည်းလွန်းအားကြီးပါတယ်၊ လက်သည်းခွန်ပေါ်
က  မြေမှုန့် လေးလောက်ပဲရှိတယ် ၊ အရေအတွက်  အားဖြင့်သိပ်နည်းတယ်။ ကိုယ်
ဟာကိုယ်ပဲ  ယှဉ်ကြည့်တွက်ကြည့်ပါ ၊ (၅)မိနစ်လောက်ပဲ  တွက်ကြည့်စမ်းပါ၊ (၅)
မိနစ်  အချိန်အတွင်းမှာ  ကိုယ်စိတ်ကိုယ်နိုင်တာ  ဘယ်လောက်ပါလိုလ့လဲ။ ကိုယ်
စိတ်ကိုယ်မနိုင်ဘဲ  လွှတ်ချ လိုက်ရတာ  ဘယ်လောက်ပါသလဲလို့ (၅)မိနစ်လောက်
စမ်းကြည့်ပါ။
          တစ်ခါတစ်ရံ  သတိထားလွန်းလို့ (၁)မိနစ်  လောက်ဖမ်းမိတယ်၊ (၄)မိနစ်က
လွှတ်လိုက်ရတယ် ။ အတက်ဖက်ကို (၁)မိနစ်လောက်ပါတယ် ၊ အဲသလို စသည်ဖြင့်
ပေါ့ဗျာ၊ { သတိစိုက်ပြီး  ကြိုးကြိုးစားစား  ယူနိုင်တာတောင်မှ  အချိန်အားဖြင့် တိုင်းတာကြည့်ရင်  အဆိုးဘက်ကို  အေတာ္မ် ားမ် ား  ပါ-ပါသွားတယ်၊ အကောင်း
ဘက်ကို  ရောက်အောင်  အတော်ကြိုးစားကြရပါတယ်။ အထုံဓာတ်တွေ  များပြီး
တော့လာမှ  အကောင်းဓာတ်တွေ  များလာတာ။  ဒါကြောင့်မို့   အဆင်းအတက်
မှာ  အဆင်းကများတယ် ၊( သို့ သော်  အားမကိုးရ ) အတက်က  နည်းတယ်။
သို့ သော်အားကိုးရတယ်(  စွမ်းအားက  ပါတာကိုး။
)
ကိုယ်ဟာကိုယ်  အရှုံးပေးရတဲ့ပွဲ။
***********************
*  စိတ်ကိုမနိုင် ၊ စွမ်းအားယိုင်၊  ငေးမှိုင်လျှောကျ ၊ အောက်လမ်းကို။
စိတ်မနိုင်တဲ့  ပုဂ္ဂို လ်တွေ  တစ်ခါတည်း  ငေးမှိုင်ပြီး  အောက်ကို  လျောကျသွားရ
တယ်၊  စိတ်မနိုင်ဘူးဗျာ  စိတ်ဓာတ်တွေ  ကျပြီးတော့မှ  လိမ့်ကျသွားကြတယ်၊
အောက်တန်းကို  ရောက်သွားကြတယ်။ * ဒါနလုပ်မယ်လို့  စိတ်ထဲ  အားခဲထား
တယ်၊  စိတ်မနိုင်တာနဲ့ဘဲ အို-- နောက်မှလုပ်တော့မယ်၊( စိတ်ကို  အောက်လျောချ
လိုက်တာ) ၊ ဒီနေ့  ဥပုသ်စောင့်မယ်လို့  အားခဲထားတယ်။ ဟေ---နောက်မှ--၊ စိတ်
မနိုင်ပြန်တော့ဘူး။စောစောက  ဘုရားရှိခိုးမလို့   နောက်တော့ နောက်မှပဲ  ရှိခိုး
တော့မယ်၊  စောစောက  ဒီနေ့  မေတ္တာတွေ  နာရီဝက်လောက်  ပို့ ပွားနေမလို့ ၊
ဟေ---နောက်မှပဲ  လုပ်တော့မယ်၊  စောစောက  ခန္ဓာဉာဏ်စိုက်ပြီး  ဝိပဿ     နာအ
နည်းဆုံး (၁) နာရီလောက်  အားထုတ်မယ်လို့   အားခဲထားပါတယ်၊ (၁)မိနစ်တောင်
မလုပ်ဖြစ်ဘူး၊  ဟေ--နောက်မှပဲ  လုပ်ပါတော့မယ်၊ ( အဆင်းစိတ်တွေချ ည်း)။
             အဲသလိုချ ည်း  ဖြစ်ဖြစ်သွားတယ် ၊ စိတ်မနိုင်တာက  များတယ်။ ဒါကြောင့်  ကိုယ်ကိုကိုယ်  အရှုံးပေးရတဲ့  ရှုံးပွဲသာ  အနစ်နာဆုံး၊ *  သူများအရှုံး
ပေးရတာ  အပါယ်မကျ ပါဘူး၊  ကိုယ်ဟာကိုယ်  အရှုံးပေးရတာက  အပါယ်ကျတယ်
ကိုယ်ဟာကိုယ်  အရှုံးပေးရတာ  အနစ်နာဆုံး၊*  ကိုယ်ဟာကိုယ်  အရှုံးပေးရတာ
ကျ က်သရေ  အယုတ်ဆုံး ၊  ကိုယ်ဟာကိုယ်  အရှုံးပေးရတာ  အောက်တန်းအကျ
ဆုံး၊ *  စိတ်ကိုမနိုင်၊  စွမ်းအားယိုင် ၊  ငေးမှိုင်လျောကျ  အောက်လမ်းကို *၊ အောက်ကိုဆင်းချ င်လို့   ဆင်းကြရတာမှ  မဟုတ်ပဲဗျ  ၊ စိတ်မနိုင်လို့  ဆင်းကြရတာ
             *  စိတ်ကိုနိုင်မှ  တက်နိုင်ကျ ၊ ရောက်ရ  အထက်ကို ၊
အထက်ဆိုတာ  ရောက်စေသတည်းလို့  တစ်စုံတစ်ယောက်က  တွန်းပို့ လဲ  ရောက်
တာမဟုတ်ဘူး ၊ ကိုယ်ဟာကိုယ်  ရောက်ချ င်ရုံလေးနဲ့လဲ  ရောက်ရတာ  မဟုတ်ဘူး
*  စိတ်နိုင်သူတွေသာ  ရောက်တာ ။**  ဒါနနဲ့  တန်အောင်  စိတ်ကိုနိုင်တဲ့ပုဂ္ဂို လ်၊
ဒါနအလုပ်  လုပ်နိုင်ကြတယ် ။--သီလနဲ့  တန်အောင်  စိတ်ကိုနိုင်တဲ့ပုဂ္ဂို လ် ၊ သီလ
ကျ င့်သုံးနိုင်တယ် ၊ သမာဓိနဲ့တန်အောင်  စိတ်ကိုနိုင်တဲ့ပုဂ္ဂို လ်  သမာဓိပွားနိုင်တယ်။
ဝိပဿ     နာနဲ့တန်အောင်  စိတ်ကိုနိုင်တဲ့ပုဂ္ဂို လ်  ဝိပဿ     နာပွားနိုင်ကြတယ်။
         ဒါကြောင့် * လောကရှုံးပွဲ  ဟူသမျှတို့ မှာ  ကိုယ်ဟာကိုယ်  အရှုံးပေးရတဲ့ပွဲ
သာ  အနစ်နာဆုံး ၊ လောကအောင်ပွဲ  မှန်သမျှ တို့ တွင်  ကိုယ်ဟာကိုယ်  အနိုင်ယူ
တဲ့အောင်ပွဲသာ  အမြင့်မြတ်ဆုံးပါ ။* သူများကို  အနိုင်ယူရတဲ့  အောင်ပွဲက သုဂတိ
ရောက်အောင်  ပို့ ချ င်မှ  ပို့ နိုင်မှာပါ ၊ ကိုယ်ဟာကိုယ်  အနိုင်ယူရတဲ့  အောင်ပွဲက
သာ  သုဂတိနိဗ္ဗာန်ရောက်ဖို့   သေချာပေါက်လမ်းကြီး ၊ သေချာပေါက်  စွမ်းအားကြီ
       *  ဆင်းကြသူငါ ၊ များလှစွာ ၊ မြေမှာရှိတဲ့  မြေမှုန့် လို၊
       *  တက်နိုင်သည့်ဇွဲ ၊ အလွန်နည်း ၊  လက်သည်းပေါ်က  မြေမှုန့် လို၊
       *  စိတ်ကိုမနိုင်  ၊ စွမ်းအားယိုင် ၊ ငေးမှိုင်လျှောကျ  အောက်လမ်းကို ၊
        *  စိတ်ကိုနိုင်မှ ၊ တက်နိုင်ကြ ၊  ရောက်ရ  အထက်ကို။
ဒါကြောင့်  သဗ္ဗေ--ခပ်သိမ်းဥဿုံ  အလုံးစုံသော ၊ တေ--ထိုကောင်းမှု  ကုသိုလ်တ
ရားတို့ သည် ၊ ဥပရိဘာဂင်္ဂမနိယာ--လူနတ်နိဗ္ဗာန်သုံးတန်  ချ မ်းသာ  ကောင်းစွာရ
အောင် ၊ အထက်တန်းသို့ သာ  ရောက်ရှိစေတတ်  ကြကုန်သည်၊  ဟောန္တိ--မုချ မ
သွေ  ဖြစ်ကြပါပေကုန်သတည်း။
သံသရာကြိုးကြီး(၂)ချောင်း
********************
စိတ်မနိုင်သူတွေ  အောက်ဆင်းကြရတာပဲ ၊ ဘဝသံသရာကြီး  တစ်ခုလုံးဆိုတာ
အဝိဇ္ဇာ နဲ့  တဏှာ(၂)ပါး  ထိန်းချူ ပ်ထားတာဗျ ၊ သံသရာ  ကြိုးကြီး(၂)ချောင်းဆို
တာ  အဝိဇ္ဇာ နဲ့ တဏှာ။
      အသိပညာ  အားနည်းရင်  အလှူ လေးလုပ်တာတောင်  သူတို့ က  ရှေ့ကကန့် လန့် ၊ ကန့် လန့်   တရားအားထုတ်တဲ့  အလုပ်လေးလုပ်တာတောင်မှ  သူတို့ က
ကန့် လန့်  ၊ ကန့် လန့် လုပ်ချ င်သေးတယ် ၊ အဝိဇ္ဇာနဲ့တဏှာဟာ  သံသရာမှာ  ချူ ပ်
ကိုင်ထားတဲ့  ကြိုး(၂)ချောင်း။
      အဝိဇ္ဇာဆိုတာ  ဆင်းရဲဒုက္ခ  အပူတည်ဆောက်ရေး  အဖွဲ့ကြီးရဲ့  ဥက္ကဋ္ဌလို  ခေါ်တယ် ၊ တဏှာဆိုတဲ့  လောဘက  ဆင်းရဲဒုက္ခ  အပူတည်ဆောက်ရေး  အဖွဲ့ကြီ
ရဲ့  အကျိုးဆောင်  အတွင်းရေးမှုးချူ ပ်ကြီး ။ သူတို့ (၂)ပါးက  ချ ယ်လှယ်နေပါတယ်။
သူတို့ (၂)ပါး  အဖြစ်များလာရင်  ကုသိုလ်တွေ  တစ်စ တစ်စ  အားနည်းပျောက်
ကွယ်သွားတယ် ။
  --တစ်ခါတစ်ရံ  စတောင်  မစဖြစ်ဘူး ၊ အစလေးကို  ပေါ်မလာဘူး။
  -- တစ်ခါတစ်ရံ  လုပ်မယ်လို့   အားခဲပြီးတော့  အစလေးဖေါ်  ပေးလိုက်တယ်
      မကြာခင် ၊ အစဖျောက်ပစ်လိုက်တယ်။
  -- တစ်ခါတစ်ရံ  စလိုက်တယ် ၊ နည်းနည်းလေး  လုပ်မိတယ် ၊ လမ်းဆုံးမရောက်ဖူ
     လမ်းတစ်ဝက်တင်  ပြတ်သွားတယ် ။
  -- တစ်ခါတစ်ရံ  ပြီးကာနီးလေးမှာ  ပြတ်သွားတယ်  စသည်ဖြင့်ပေါ့ ။
သံသရာထိန်းကြိုးကြီး(၂)ချောင်းရဲ့  အစွမ်းကြောင့်  စိတ်ကို  မနိုင်ကြဘူး ၊ ကိုယ်
လိုချ င်တဲ့  စွမ်းအားတွေ  လိုချ င်လျ က်သားနဲ့  လက်လွတ်ဆုံးရှုံး  ခံကြရတယ်။
           ဒါကြောင့်  အဝိဇ္ဇာ နဲ့ တဏှာက  ကြိုးချူ ပ်ကိုင်ထားတာ ၊ သံသရာလည်
နေကြတာ ၊ အမှန်တော့  သူတို့ (၂) ပါးကြောင့်။
သံသရာဆိုတာ
************
* ခန္ဓာအာဓာတ် ၊ ချားရဟတ်သို့  မပြတ်ဖြစ်ပေ ၊ ဆက်စပ်နေ ၊ မှတ်လေသံသရာ။
သံသရာဟာ  တခြားမှာ  ဘေးမှာလို့  မထင်နဲ့၊  ဒီခန္ဓာကိုယ်ကြီးကို  သံသရာလို့ ခေါ တာ၊ ခန္ဓာတွေ ၊ ဓာတ်တွေ ၊ ရုပ်တွေ ၊ နာမ်တွေ ၊ ချားရဟတ်လို  လည်ပတ်ပြီးနေ
သကဲ့သို့   အဆက်မပြတ်  ဖြစ်လိုက်  ပျ က်လိုက် ၊ အိုလိုက် ၊ နာလိုက် ၊ သေလိုက်
ဆင်းလိုက်၊  တက်လိုက် နဲ့  သံသရာကြီးမှာ  ခန္ဓာချ င်း စပ်ပြီး  လည်ပတ်လို့ သွား
နေကြတာ  အဲဒါ  သံသရာ ခေါ်တယ်။
* အဝိဇ္ဇာမှောင် ၊ ကင်းအောင်မပွား ၊ မကြိုးစားလတ် ၊ခန်အာဓာတ် ၊ နောက်ထပ်ဖြစ်
အုန်မှာ ။ အဝိဇ္ဇာ နဲ့ တဏှာကင်းအောင်  ဆင်းရဲ ဒုက္ခအပူ  တည်ဆောက်ရေးအဖွဲ့
ကြီးရဲ့ဥက္ကဋ္ဌ  အဝိဇ္ဇာဆိုတဲ့  မောဟအမှောင်  ကင်းအောင်  အားမထုတ်နိုင်သေးဘူး
ဆိုရင် (လာမှာပေါ့ ) အကျိုးဆောင်  အတွင်းရေးမှုးချူ ပ်ကြီး  တဏှာက  လာနေမှာပဲ
ပွားများအားထုတ်ခြင်း ၊ အထက်ကိုတက်နိုင်တဲ့  တရားစွမ်းအားတွေ  ရအောင်ယူ
နိုင်ခြင်း  မရှိသေးရင်တော့  နောက်ထပ်ခန္ဓာတွေ  လာအုန်းမှာပဲ ။
* ဖြစ်လာပြန်က  ပျ က်စီးရ ၊ မုချ ဆင်းရဲပါ ။
ဖြစ်လာပြန်တော့  ဘာထူးလဲ ၊ ပျ က်ရမယ့်အမျိုးပဲ  ဖြစ်လာဦးမှာပေါ့ ၊ တစ်ခါ တစ်ရံ
အပါယ်ကိုကျသွားမယ် ၊(အောက်ကို ရောက်သွားမယ်) တစ်ခါ တစ်ရံ  ကုသိုလ်အထုံ
လေးပါလာလို့  သုဂတိဘုံဘဝ  ရောက်တယ်ပဲထားဦးတော့ ၊ ပျ က်မယ့်အမျိုးပဲရမှာ
အချိန်တန်  ပျ က်ဦးမှာပဲ။
အစုန်နှင့်အဆန်  အဆင်းနှင့်အတက်
***************************
* အဝိဇ္ဇာမိုက် ၊ တဏှာကြို က်ကြောင့် ၊ မောဟိုက်မဆုံး ၊ အပူတုံးဖြင့်၊ နိမ့်ပြန် မြင့်ပြန်
အဖန်ဖန် ၊ စုန်ဆန်  မျောရပါ ။
အစုန် နဲ့  အဆန်၊ အဆင်း နဲ့ အတက် ဆိုတာ  အမှန်တော့  သူတို့ (အဝိဇ္ဇာနဲ့တဏှာ
ကြောင့်ပါ ၊) သူတို့ ကို  ပယ်ခွါမှုနည်းသလောက်  အဆင်းနောက်ကို  ပါရတာပဲ ။
သူတို့ ကို ပယ်ခွါမှုအားကောင်းရင်  ကောင်းသလောက်  အတက်နောက်ကို  ပါကြရ
မှာပဲ ။ ဆင်းတာနဲ့  တက်တာ ဆင်းတာကများ၊ ဆန်တာက  တစ်ခါတစ်ရံလေးပါ ၊
စိတ်နိုင်တဲ့  အချိန်  တစ်ခါ တစ်ရံလေးလောက်ပဲ  ဆန်နိုင်တက်နိုင် ကြတယ်။
      အဝိဇ္ဇာက  အရမ်းမိုက်တော့  တဏှာက  အရမ်းကြို က်၊ ခန္ဓာတွေအရမ်းလိုချ င်
စည်းမရှိ  ကမ်းမရှိလက်ခံ ၊ နောက်တော့ မောဟိုက်ပင်ပန်းပြီး  နိမ့်လိုက် မြင့်လိုက် ၊
ဆင်းလိုက် တက်လိုက်၊ ကိုယ်ဟာကိုယ်  ထိန်းနိုင်စွမ်း  သိမ်းနိုင်စွမ်း  လုံးဝမရှိ ၊မျော
ချ င်သလို  မျောပြီးတော့  သွားရမယ့်  သံသရာခရီးကြီး ။ အဲသလိုဆို  မိမိတို့ က
အမှတ်တမဲ့နေလို့   မဖြစ်ပေဘူးလေ ၊ သာသနာ့လမ်းကြောင်းကြီး  တွေ့တုန်းတော့
ကံထိန်းခလုတ်  အသိဉာဏ်  စနစ်တကျ  တပ်ဆင်ပြီးတော့  နိဗ္ဗာန်ရောက်သည်အ
ထိ  သေချာပေါက်  အလုပ်ကိုတော့  လုပ်ထားမှ  တော်ပေလိမ့်မယ်။
*  အဝိဇ္ဇာမှောင် ၊ ကင်းအောင်ဖြို ခွင်း ၊ ဉာဏ်အလင်း ၊ ထည့်သွင်းမြတ်ပညာ။
အဝိဇ္ဇာဆိုတာ  ကင်းအောင်လုပ်နိုင်မှ  ဉာဏ်အလင်းဆိုတာ  ပေါ်လာမယ်၊ ကံကို
ထိန်းချူ ပ်ပေးနိုင်တဲ့  စစ်မှန်တဲ့  ဉာဏ်အလင်းရမှ  ကိုယ်လမ်းကိုယ် ရှင်းနိုင်ကြမှာ ။
         {  ပစ္စု ပ္ပန်  အရေးအကြီးဆုံး}
*  ဗုဒ္ဓညွှန်ကြား ၊ မြတ်တရားကြောင့် ၊ အမှားကင်းစင် ၊ စိတ်ကြည်လင် ၊ အမြင်ရှင်း
    ၍လာ ။
ဘုရားသာသနာ  ကျေးဇူးကြောင့်  ကိုယ်သွားရမယ့်  လမ်းကြီး  ပြတ်ပြတ်သားသား
သိကြပြီ ၊ ကိုယ်လုပ်ရမယ့်  အလုပ်တွေသိကြပြီ ၊ သိတုန်းလေး  ကြိုးစားအားထုတ်
ကြရမှာပေါ့။ * သာသနာကတော့  ပစ္စု ပ္ပါန်  အရေးကြီးဆုံးပါ ၊ မနက်ဖြန်ထက်  ဒီနေ့ က  ပိုအရေးကြီးပါတယ်။  နောက်နှစ်ထက်  ဒီနှစ်က  ပိုအရေးကြီးပါတယ် ၊ နောက်
ဘဝထက်  အခုဘဝက  ပိုအရေးကြီးပါတယ် ၊ ဒီလို ပစ္စု ပ္ပန်အရေးကြီးဆုံး  ဖြစ်သော
ကြောင့်  ပစ္စု ပ္ပန်အခွင့်အရေးကို  လက်လွတ်မခံဘဲ  ကြိုးစားပါ။
   * ခန္ဓာအာဓာတ် ၊ ချားရဟတ်လို ၊ မပြတ်ဖြစ်ပေ ၊ ဆက်စပ်နေ မှတ်လေသံသရာ
   * အဝိဇ္ဇာမှောင်  ကင်းအောင်မပွား  မကြိုးစားလတ် ခန်အာဓာတ်  နောက်ထပ်
      ဖြ စ်အုံးမှာ။
   *  ဖြစ်လာပြန်က ၊ ပျ က်စီးရ ၊ မုချ ဆင်းရဲပါ ။
    * အဝိဇ္ဇာမိုက် ၊ တဏှာကြို က်ကြောင့် ၊ မောဟိုက်မဆုံး ၊ အပူတုံးဖြင့် ၊ နိမ့်ပြန်
      မြင့်ပြန် ၊ အဖန်ဖန် ၊ စုန်ဆန်မျောရပါ ။
    *  အဝိဇ္ဇာမှောင် ၊ ကင်းအောင်ဖြို ခွင်း ၊ ဉာဏ်အလင်း ၊ ထည့်သွင်းမြတ်ပညာ ။
    *  ဗုဒ္ဓညွှန်ကြား  မြတ်တရားကြောင့် ၊ အမှားကင်းစင် ၊ စိတ်ကြည်လင် ၊
       အမြင်ရှင်း၍လာ။
    *  ခန္ဓာ အာ ဓာတ်  ချားရဟတ်လို  မပြတ်ဖြစ်ပေ ဆက်စပ်နေ မှတ်လေသံသရာ
အဲသလို  လမ်းကြောင်းကြီး  တွေ့တုံးကြိုးစား  ကြရမယ် ၊ ကိုယ်ကို  လမ်းကြောင်း
ဖော်ပေးသော  ဗုဒ္ဓမြတ်စွာ  သာသနာတော်ကြီးကိုလဲပဲ  အဖိုးတန်လွန်းလှချ ည်လား
ဆိုပြီးတော့  ကြာကြာတည်စေချ င်တယ်  ပြန့် ပွားစေချ င်တယ် ။
       ဒါကြောင့်  ယခု ဒကာ  ဒကာမအပေါင်း  သူတော်ကောင်းတွေ  စစ်မှန်သော
သဒ္ဓါ ၊  ပညာ ၊  မေတ္တာ နဲ့ စုပေါင်းပြီး  ချီးမြှောက်အားပေး  စောင့်ရှောက် ထိန်းသိမ်း
နေကြတာပဲ ။
ဘယ်အပျော်နဲ့မှ  ယှဉ်လို့ မရ
**********************
ဘုရားလက်ထက်တုန်းက  သာဝတ္ထိမြို့မှာ  ဇနီးမောင်နှံနှစ်ဦး  ရှိခဲ့ဘူးတယ် မြန်မာလို
တော့  ကိုလုံးနဲ့ မပြုံးလို့ ခေါ်ရမှာပေါ့ ။ သဒ္ဓါတရား  အင်မတန်ကောင်းကြပါတယ် ၊
ဗုဒ္ဓသာသနာနဲ့  ကောင်းကောင်းကြီး  တွေ့ဆုံခွင့်  ရကြတော့ ( လမ်းကြောင်းလေး
တွေ့ခိုက်တော့) ကောင်းတဲ့လမ်းပဲ  လိုက်တော့မယ် ၊ အစွမ်းကုန်ကုသိုလ်ပဲ  အား
ထုတ်မယ်လို့   ဆုံးဖြတ်ပြီးတော့  ဇနီးမောင်နှံ(၂)ယောက်  နေ့ တိုင်း  ပုံမှန်ဝတ်ထား
ပြီး  ဆွမ်းတွေလောင်းလှူ  ၊ အလှူ ဒါနတွေ  နေ့ စဉ်လုပ် ၊* မိသားစုအချ င်းချ င်း ကျွေ
တာတောင်  အလှူ ပွဲကြီးတွေ  ဖြစ်အောင် ၊စစ်မှန်တဲ့  သဒ္ဓါ  ပညာ  မေတ္တာတွေနဲ့
ကြိုးစားအားထုတ်ကြတယ်  ။
         သီလကိုလည်း  လုံအောင်စောင့်ထိန်းလို့  ဥပုသ်နေ့ အခါမှာ  ဥပုသ်တွေလဲ
စောင့်သုံးလို့  နေ့ စဉ်မေတ္တာတွေပွား  တရားစွမ်းအားတွေ  ယူလို့   ပျော်ရွှင်ချ မ်းမြေ့ စွာ  နေထိုင်ကြတယ်။ * ဒို့ လောက်  အရတော်တဲ့သူ  ရှိသေးလို့ လားဟယ် * ဒီလို
တောင်  စိတ်ထဲမှာ  အားတက်ကြတယ်  အားရကြတယ်ဗျ ။ ဗုဒ္ဓ ဓမ္မ သံဃ ဆိုတဲ့
ရတနာသုံးပါးနဲ့  တွေ့တဲ့  ပုဂ္ဂို လ်ဆိုတာ  လောကမှာ  ဘာရှိတာနဲ့မှ  မတူဘူးလေ ၊
ပိုက်ဆံရှိတဲ့လူ  ပျော်တာနဲ့လဲ  ယှဉ်လို့ မရပါဘူး ၊ ပစ္စည်းပေါတဲ့  ပုဂ္ဂို လ်တွေပျော်
တဲ့  အပျော်နဲ့လဲ  ယှဉ်လို့ မရပါဘူး ၊ ဘာပေါတာနဲ့လဲ  ယှဉ်လို့ မရပါဘူး။
         ဗုဒ္ဓ  ဓမ္မ  သံဃ ဆိုတဲ့  ရတနာသုံးပါးနဲ့  တွေ့တဲ့ပုဂ္ဂို လ်သာ  တရားပေါမှာ
ပေါ့ ၊ အတက်လမ်းကို  လိုက်နိုင်မှာပေါ့ ၊ အဲဒါနဲ့ * သဒ္ဓါတရား  ကောင်းမွန်စွာနဲ့
ဉာဏ်ပညာပါ  တွဲ၍  ကြီးမားတဲ့  မေတ္တာစေတနာတွေနဲ့  ကုသိုလ်ကောင်းမှုတွေကို
ပျော်ပျော်ကြီး  အားထုတ်ပြု လုပ်နေကြတယ် ။ တစ်အိမ်လုံးလဲ  စိတ်ချ မ်းသာလို့ 
ပျော်လို့   ရပ်ကွက်ထဲမှာဆိုလဲ  ကိုလုံးတို့   မပြုံးတို့ ပါမှ  ကိစ္စပြီးတယ်၊ ကုသိုလ်
ရေးကိစ္စတွေမှာ  နေရာတိုင်းသူတို့ က  မျက်နှာပန်းလှလို့ ။ သဒ္ဓါတရား  မေတ္တာတ
ရား  အားကြီးတော့  ဟိုနား  ဒီနားဆိုလဲ  ကိုလုံးတို့   မပြုံးတို့ ပါမှ  ဘယ်နေရာမဆို
သူတို့ က  ကုသိုလ်တရားကို  ထက်ထက်သန်သန်  ပြု လုပ်အားထုတ်ကြတယ်၊အ
တက်လမ်းကို  ရဲရဲကြီး  လိုက်နေကြတဲ့  ဇနီးမောင်နှံ  နှစ်ယောက်ပါ။
အချိန်ကို  မဖြုံးဘူး
***************
တနေ့သောအခါ မှာ  သူတို့ အိမ်ရှေ့  ဆရာတော်တစ်ပါး  ဆွမ်းခံကြွလာတယ် ၊ ဆရာတော်ဘွဲ့အမည်က  ဦးတိဿ     တဲ့ ။ ဆရာတော်ဦးတိဿ       သူတို့ အိမ်ရှေ့
အိနြေ္ဒသိက္ခာ  တည်ငြိမ်ရင့်ကျ က်စွာနဲ့  လမ်းသွားတာတောင်မှ  အမှတ်တမဲ့မသွား
ဘယ်လှမ်းတယ်  ညာလှမ်းတယ် ၊ ဘယ်လှမ်းတယ်  ညာလှမ်းတယ် ၊နဲ့  အချိန်ကို
မဖြု န်းဘူး ။  သာသနာတွင်း  လူဖြစ်တဲ့ပုဂ္ဂို လ်ဟာ * ဖြု န်းရမယ့်  အချိန်  လုံးဝမပါ
ဘူးလေ ၊ အဝိဇ္ဇာ နဲ့ တဏှာ ဝင်ရှုပ်လို့ သာ  ဖြု န်းမိကြတာကိုးဗျ * သတိပညာ အား
ကောင်းတဲ့ ပုဂ္ဂို လ်တွေ  ဖြု န်းရမယ့်အချိန်လုံးဝမပါ ။
          စားချိန်လဲ  စားချိန်မို့ သုံးရမှာပဲ ၊ ချ က်ပြု တ်ချိန်လဲ  ချ က်ပြုတ်ချ န်မို့  သုံးရ
မှာပဲ ၊ ရောင်းဝယ်ချိန်လဲ  ရောင်းဝယ်ချိန်မို့  သုံးရမှာပဲ ။ ဘယ်အချိန်မှ  ဖြု န်းပစ်ရ
မယ့်  အချိန်ကမပါဘူး၊ * တရားသဘော  နားလည်သူ  တစ်ယောက်အနေနဲ့
အချိန်ဘယ်ဖြု န်းရက်တော့မလဲ၊* ဒါကြောင့်  ဆရာတော်ဦးတိဿ       လမ်းသွားတာ
တောင်မှ  အမှတ်တမဲ့မသွား ၊ ဘယ်လှမ်းတယ်  ညာလှမ်းတယ်နဲ့  တရားမှတ်လေး
နဲ့ကြွ  အိနြေ္ဒသိက္ခာကြီးစွာနဲ့ကြွ  မေတ္တာတွေ  လွမ်းခြုံ လို့ လဲကြွ *။
        ကိုလုံးတို့   မပြုံးတို့   အိမ်ရှေ့ကိုကြွ  ဆွမ်းရပ်တော်မူတော့  ဇနီးမောင်နှံ(၂)
ယောက်စလုံးမှာ  သဒ္ဓါတရား  တကယ်ကောင်းတာကိုး  (၂)ယောက်စလုံး  အတူ
တူပဲ  ပြေးလာ * အရှင်ဘုရား-အရှင်ဘုရား ၊ ကြွပါဦးဘုရား  ကြွပါဦးဘုရား* ဆွမ်း
များလောင်းလှူ ၊ ဝမ်းသာအားရ  လောင်းလှူ  ၊ နောက်နေ့ လဲ  ဒီလိုပဲကြွလာ ၊ဇနီး
မောင်နှံ(၂)ယောက်  ပျော်ပျော်ရွှင်ရွှင်လောင်းလှူ    အဲဒါနဲ့  ရက်ကလေးအတော်
ကြာလာတော့  သဒ္ဓါတရားတွေ  တဖွားဖွားဖြစ်လာတယ်။
        {  သြော်--အရှင်မြတ်တွေ  အချိန်မဖြု န်းကြဘူးနော်  မိမိခန္ဓာကိုယ်ကြီးကို
အဖိုးတန်အောင်  သုံးပြီးတော့မှ  တရားထဲမှာ  နှစ်မြှု ပ်ထားကြတာပဲ၊ ရသမျှအချိန်
ဟာ  တရားအတွက်ချ ည်းပါလား ၊ သာသနာအတွက်  ချ ည်းပါလား။}*
        *  သဒ္ဓါတရားတွေ  ပိုပြီးတော့တိုး ၊ မေတ္တာတရားတွေ  ပိုပြီးတော့အားကြီး
အသိပညာတွေ  ပိုပြီးတော့အားကောင်းလာတော့  ဆွမ်းလောင်းလှူ ပြီးရင် (၂)
ယောက်စလုံး  လျှောက်ကြတယ် *။
သဒ္ဓါ  ပညာ  မေတ္တာပေါလို့ 
**********************
*(  ဆရာတော်ဘုရား  မနက်ဖြန်ကစပြီး  တပည့်တော်  တပည့်တော်မတို့ အိမ်ကို
ဆွမ်းဘုန်းပေး  ကြွပါဘုရား ၊ ရာသက်ပန်ပါ ဘုရား ၊ ဘယ်အိမ်ကိုမှ  ဆွမ်းခံကြွဖို့ 
မလိုတော့ပါဘုရား ၊ တပည့်တော်  တပည့်တော်မတို့  အိမ်တစ်အိမ်ထဲကို  ကြွရုံ
လေးပါဘုရား ၊ ဆရာတော်ဘုရား  တစ်ပါးတည်းကို  တပည့်တော်တို့ အိမ်ကအကုန်
တာဝန်ယူနိုင်ပါတယ်ဘုရား၊ ဆွမ်းဘုဉ်းပေးချိန်ကျ ရင်  ကြွလာရုံလေးပါ  နေ့တိုင်းပုံ
မှန်  ကြွတော်မူပါဘုရား။)*
      သဒ္ဓါ  ပညာ  မေတ္တာတွေက (၂)ယောက်လုံး  ကောင်းနေကြတော့  ဒို့ နှစ်
ယောက်စလုံး  အတက်လမ်းကို  လိုက်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့  ဇနီးမောင်နှံ
(၂)ယောက်  စိတ်တူဆန္ဒတူ  ဆရာတော်ကို  ဝိုင်းလျှောက်ကြလို့   ဆရာတော်က
လက်ခံလိုက်ပါတယ်။ နောက်နေ့ကစပြီး  ဆရာတော်ဦးတိဿ       ကိုလုံးတို့ မပြုံးတို့ 
အိမ်  ဆွမ်းဘုဉ်းပေးရမယ့်  အချိန်ရောက်တော့  ကြွပြီး  ဆွမ်းဘုဉ်းပေးရုံလေးရယ်။
ဘယ်အိမ်မှ  ကြွစရာမလိုတော့ဘူး ။ ပစ္စည်းပေါလို့   မဟုတ်ဘူးလေ၊ သဒ္ဓါ  ပညာ
မေတ္တာပေါလို့  သာသနာပေါ်မှာ  အကြွင်းမဲ့  သက်ဝင်ယုံကြည်လို့ ။
          တရားစွမ်းအား  ဘယ်လောက်  အားကိုးရတယ်ဆိုတာ  သိမြင်နေကြလို့ 
ကိုယ်ရှိတဲ့  ပစ္စည်းလေး  ထုတ်ပြီးတော့  လဲလှယ်ကြတာပါ ၊* ဒို့ ကိုလမ်းကြောင်း
ဖေါ်ပေးတဲ့  သာသနာတော်ကြီးကိုလဲ  တတ်နိုင်တဲ့ဘက်က  ချီးမြှောက်စောင့်
ရှောက်ရမှာပဲ  ဆိုတဲ့(  တာဝန်ကိုသိတဲ့ ) အသိစိတ်လေးပါကြတယ်။
           အလှူ ခံပုဂ္ဂို လ်ဆိုတာ
            ***************
{  သူများပစ္စည်း  အလှူ ခံတဲ့  ပုဂ္ဂို လ်ဆိုတာ  လှူ သူအကျိုးရှိအောင်  ကြိုးစားရပါ
တယ် ၊ ဆရာတော်ဦးတိဿ     လဲ  သူကိုနေ့ စဉ်  လှူ ဒါန်းနေသူများ  အကျိုးရှိအောင်
ငါကျိုးစားမှ  ဖြစ်မယ်ဆိုတဲ့  စိတ်ကိုတင်းပြီးတော့  ကိုလုံးတို့   မပြုံးတို့ လဲ  အကျိုး
ရှိအောင်  သာသနာလဲ  ချီးမြှောက်ရာရောက်အောင်  ငါလဲပဲ  ဘဝကောင်း  ရကျိုး
နပ်အောင် * အတက်လမ်းကို  လမ်းဆုံးထိ  လိုက်တော့မယ်ဟဲ့လို့ * အဆင်းနဲ့အ
တက်  လမ်းနှစ်ဖက်မှာ  ဆရာတော်ဦးတိဿ     ကတော့  ပန်းတိုင်အထိ  ဒီဘဝမှာ
တင်  အရောက်တက်မယ်  ဆုံးဖြတ်ပြီးတော့  ပစ္စည်းလေးပါး  ပြည့်စုံစွာရနေခိုက်
သပ္ပါယပြည့်စုံမျှတနေခိုက်မှာ  ငါကြိုးစားမှ  ဖြစ်မယ်လို့   ဆုံးဖြတ်တယ် }
*(  ကျောင်းရောက်ရင်  အလကားမနေဘူး  အိမ်ကနေ ကျောင်းပြန်ရင်  ဘယ်လှမ်း
တယ်  ညာလှမ်းတယ်  ကစပြီး  အကုန်လုံးမှတ်  ကျောင်းရောက်တော့လဲ  အချိန်
တွေယူ  အိပ်ချိန်လျှော့  ကိလေသာနဲ့  အချိန်ဖြု န်းဖို့  အစွမ်းကုန်လျှော့ ၊ နေ့ တိုင်း
အတက်လမ်းကို  လိုက်လိုက်တော့  သဒ္ဓါတရားကလဲ ကောင်း  သတိကလဲ  အား
ကောင်း  ဝီရိယစိတ်ကလဲ  အစွမ်းကုန်တင်ထား  အသိဉာဏ်  ပညာမျ က်လုံးကို အ
စွမ်းကုန်  ဖွင့်ပြီးတော့  ကြိုးစားအားထုတ်လိုက်တာ  မကြာခင်  ရဟန္တာဖြစ်သွား
တယ်)* သြော်--ကိုလုံးတို့   မပြုံးတို့  ဆွမ်းလှူ ရကျိုး  နပ်ကြတာပေါ့ လေ။ ဆရာ
တော်  ဦးတိဿ      လဲပဲ  ဆုံးဖြတ်ချ က်ရှိတဲ့အတိုင်း  ပန်းတိုင်ရောက်သွားတော့  ရဟန်းပြု ရကျိုး  သာသနာနဲ့တွေ့ရကျိုး  နပ်တာပေါ့ ။
       အလှူ ဒကာ  အလှူ အစ်မတွေအနေနဲ့  ဝမ်းသာစရာပေါ့   ဆရာတော်ဦးတိဿ
အနေနဲ့လဲ  ဂုဏ်ယူစရာပေါ့ ။
အရတော်လိုက်တာ
****************
ရဟန္တာ ဖြစ်သွားတဲ့  ဆရာတော်ဦးတိဿ     လဲ  ကိုလုံး မပြုံးတို့ အိမ်  ဆက်ပြီးတော့  အ
ချိန်တန်ကြွ  ဆွမ်းဘုန်းပေး  အလှူ ခံနေလိုက်တာ  (၁၂)နှစ်တောင်  ကြာသွားပါ
တယ်တဲ့ ။ ကိုလုံးတို့   မပြုံးတို့ ကလဲ  ဆရာတော်ဦးတိဿ     ကို  ဖခင်အရင်းလိုပဲ ချ စ်
မြတ်နိုးတာလဲပါတယ် ၊ သံဃာတော်အရှင်မြတ်လို  လေးစားတယ်ဆိုတာလဲပါတယ်
ဆရာတော်ဘုရား  တပည့်တော်  တပည့်တော်မ  တို့ ကိုသားအရင်း  သမီးအရင်း
လို  သဘောထားပြီး  ဆုံးမတော်မူပါဘုရား ၊ မတော်တာတွေ့လဲ  သွန်သင်တော်မူ
ပါ  တားမြစ်တော်မူပါ  လမ်းမှန်ရောက်အောင်လဲ  ညွှန်ကြားတော်မူပါဘုရား။
           နေ့တိုင်းဆရာတော်ကို  ဆုံးမဖို့  လမ်းညွှန်ဖို့  လျှောက်ကြ *{ ဆရာတော်
ဦးတိဿ     ကလဲ  အခွင့်သင့်ရင်  သင့်သလို  ဘဝနေနည်းတွေ  ဘဝအသုံးချ နည်း
တွေ  အချိန်ကိုမဖြု န်းဘဲနဲ့  ဘဝကိုအဖိုးတန်အောင်  သုံးနည်းတွေ အဆင်းလမ်းကို
မပါဘဲ  အတက်လမ်းကိုပါအောင်  သွားပုံလေးတွေ  အခါအားလျှော်စွာ  တရားစ
ကားတွေပြောပြီး  လမ်းညွှန်ပေးတော်မူတယ် }* အဲဒါနဲ့(၁၂)နှစ်တောင်  ကြာသွား
တယ်  ကိုလုံးတို့   မပြုံးတို့ ကလဲ *{ ဒို့ များအရတော်လိုက်တာ  ဖခင်အရင်းပမာ
မေတ္တာ ကရုဏာအားကြီးတော်မူတဲ့  ဆရာတော်နဲ့  တွေ့ရပေတယ် ၊ တရားလမ်း
ကောင်း  လမ်းမှန်တွေ  ညွှန်ပြပေးတော်မူတဲ့  ဆရာသမားကောင်းကြီးနဲ့  တွေ့ရတာ
ဒို့ များအရတော်လိုက်တာ }* ဆိုပြီး  ဝမ်းသာဂုဏ်ယူမဆုံးကြပါဘူး။
           လောကရတနာ
           ***********
(၁၂)နှစ် ပြည့်ပြီးတဲ့နောက်  တစ်နေ့သောအခါ  ရောက်တော့  ဆရာတော်ဦးတိဿ
က  မနက်ပိုင်း  ဆွမ်းဘုဉ်းပေး  ရမယ့်အချိ န်ရောက်တော့  အိမ်ကိုကြွလာ  ခင်းထား
တဲ့နေရာမှာ  သီတင်းသုံးနေပါပြီ ။ မပြုံးက  ဆွမ်းကပ်ဖို့   စီမံတုန်း  ကိုလုံးကဆရာ
တော်ဦးတိဿ     နဲ့  မလှမ်းမကမ်းမှာ  စင်းတီတုံးပေါ်  အမဲသားတွေ  စင်းခုတ်လို့ နေ
ပါတယ်၊  အဲဒီအချိန်မှာ  သာဝတ္တိပြည့်ရှင်  ပသေနဒီကောသလမင်းကြီးက  ကိုလုံး
တစ်ယောက်  ပတ္တမြားသွေးတတ်တယ်  ထွင်းတတ်  ဖောက်တတ်တဲ့  အရာမှာ
ကျွ မ်းကျ င်တယ်ဆိုတာ  သိထားတာဖြစ်လို့  ပတ္တမြားတစ်လုံးကို  ထွင်းဖို့  ဖောက်ဖို့ သွေးဖို့  မင်းချ င်းယောက်ျား  တစ်ယောက်ကို  လွှတ်လိုက်ပါတယ်။
           ဒီပတ္တမြားကို  မောင်လုံးထံ  ခပ်မြန်မြန်ပြေးပြီး  သွားပေးစမ်း ၊ ဟောဒီလို
ဟောဒီလို  သွေးပါလို့  ပြောနော် ၊ ဟောဒီနေရာက  ဒီလို ဒီလို  ဖောက်ပါလို့လဲ
ပြောချေ ။)(  မှန်ပါ  ဘုရင်မင်းတရား  အမိန့် တော်အတိုင်းပါ) မင်းချ င်းယောက်ျား
က  ပတ္တမြားလုံးယူ  ကိုလုံးတို့ မပြုံးတို့ အိမ်  ခပ်သုတ်သုတ်  ပြေးတော့တာပဲ ၊
ရောက်ပြီ ၊ ကိုလုံးတစ်ယောက်  အလုပ်တွေရှုပ်လို့  အမဲသားတွေ  စင်းခုတ်နေတယ်
မင်းချ င်းယောက်ျားက  လက်ထဲမှာပါလာတဲ့  ပတ္တမြားကို  ကိုလုံးရဲ့လက်ထဲ  အပ်
တယ် ( ဒီမှာကိုလုံးခင်ဗျား  ဘုရင်မင်းတရားကြီးက  အမိန့် တော်ရှိလိုက်ပါတယ် ၊
ဟောဒီပတ္တမြားလုံးကို  ဟောဒီလို  ဟောဒီလို  သွေးပါတဲ့ ၊ ဒီနေရာက  ဟောဒီလို
ဟောဒီလို  ဖောက်ပါတဲ့ ၊  ဘယ်နှစ်ရက်အတွင်း  ပြီးအောင်လဲ  လုပ်ပါတဲ့ခင်ဗျာ) ဆိုပြီးပြောတော့  ကိုလုံးကလဲ  အမဲသား  စင်းနေတုန်းဆိုတော့  လက်ဆေးဖို့ သတိ
မရဘူး  သွေးစွန်းနေတဲ့လက်နဲ့  ပတ္တမြားလုံးကို  လှမ်းယူထားလိုက်တယ်  မင်းချ င်း
ယောက်ျားကလဲ  နန်းတော်ကို  ပြန်သွားပြီ  ကိုလုံးလက်ထဲမှာ  ပတ္တမြားရောက်နေ
ပြီ ၊ * ပတ္တမြားဆိုတာ  လောကရဲ့  ရတနာလို့  ပြောကြတယ် ၊ သို့ သော်ကိုလုံးအ
တွက်တော့  ရတနာဖြစ်ချ င်မှ  ဖြစ်လိမ့်မယ် ၊ သွေးစွန်းနေတဲ့  လက်နဲ့  ပတ္တမြားကိုင်
ကတည်းက  ရတာနာဖြစ်လိမ့်မယ်နဲ့  တူတယ်။
အသိကို  ထိန်းတာသတိ
*******************
*  သတိမပါ  သိစရာ  ရှိတာမပြည့်ဝ  သတိတွဲကာ  အသိပါ  ရှိတာအပြည့်ရ ။
အသိတရားကို  ထိန်းထားတာက  သတိဗျ ၊ သတိလွတ်သွားရင်  အသိပြတ်သွား
တယ် ၊ အသိဟာ  မှောင်သွားတယ်။ ကိုလုံးကို  ကြည့်ပါဦး  သွေးစွန်းတဲ့  လက်နဲ့
ပတ္တမြားလုံးကို  ယူထားလိုက်တယ်  ပြီးတော့မှ  ကြု တ်ကလေး  အုပ်ကလေးတစ်ခု
ပေါ်တင်ထားလိုက်တယ်။ ပြီးတော့မှ  လက်ဆေးဖို့  ရေရှိတဲ့နေရာကို  ထသွားတယ်
ဟောဒီနေရာမှာ  သတိလွတ်သွား  ဆေးရမှာက  လက်ဆေးရမှာ  မဟုတ်ဘဲ
ပတ္တမြားလုံးမှာ  သွေးစွန်းနေပါပြီကော  ပတ္တမြားလုံးပါဆေးရမှာကို  သတိလွတ်သွား
တယ် ၊ အဲဒီအချိန်မှာ  သူတို့ အိမ်မှာ  မွေးထားတဲ့  ကြိုးကြာငှက်ကလဲ  ကြာလှပြီ
တဲ့ဗျာ ၊ ရင်းနှီးယဉ်ပါးပြီး( သားရင်းလို)နေတာ ၊ ကိုလုံး  အမဲသားစင်းတဲ့နားမှာ ကြိုး
ကြာငှက်က  ရောက်နေတယ်၊  ကြု တ်ကလေးပေါ်  တင်ထားတဲ့ (သွေးစွန်းနေတဲ့)
ပတ္တမြားလုံးကလဲ  သွေးတွေပေကျံနေတော့  ပတ္တမြားလို့   မထင်ရ ၊ အသားလုံးလို့ ရ ။ အသားလုံးလို့   ထင်တော့  ကြိုးကြာငှက်က  သွေးနံ့နဲ့  အသားတုံးမှတ်ပြီး ပတ္တ
မြားလုံးကို  ကပြာကရာမျို   ချ လိုက်ပါရော  ဆရာတော်ဦးတိဿ       မြင်လိုက်တယ်ဗျ
*(  မြင်ပေမယ့်  ရဟန္တာများဟာ  ကိုယ်တာအသေခံမှာ  ပြောမှာမဟုတ်ဘူး)*
                 ရတာနာ
                 *******
လက်ဆေးပြီးလို့   ကိုလုံးက  ပတ္တမြားလုံးရှိတဲ့နေရာ  ပြန်လာခဲ့ပြီ ၊ သို့ သော်ပတ္တမြာ
လုံးမရှိတော့ဘူး ၊ ပတ္တမြားရတနာကြောင့်  ကိုလုံးတို့ မိသားစု  ရတာနာ  ဖြစ်ကုန်
တော့မယ် ၊ ပတ္တမြား  ဝင်မလာရင်ရှင်းနေသား ၊ ပတ္တမြားဝင်လာတာ သူတို့ အနှောင့်
အယှက်  အန္တရာယ်ဖြစ်ဖို့ နဲ့  တူတယ်၊  ရတနာဖြစ်ဖို့ တော့  ဟုတ်ပုံမပေါ်ဘူး ၊
(   ရတာနာ )တွေ  ဖြစ်ကုန်တော့မယ်။ ပတ္တမြားလုံး  လာကြည့်တော့  မတွေ့ဘူး။
သူ့ ဇနီး  လှမ်းမေးရတယ် ( ဟဲ့---မပြုံး၊  ဒီကပတ္တမြား  မင်းယူလား)(ဟာ ကိုလုံးက
လဲ  ဘယ်လိုလုပ်  ကျွ န်မယူရမှာလဲ  ပတ္တမြားလုံးရှိမှန်း  ဘယ်လိုလုပ်သိရမှာလဲ)။
အဲဒါနဲ့  တစ်အိမ်လုံး  ဟိုလူမေး  ဒီလူမေး  ဘယ်သူမှမယူ ၊ ပတ္တမြားလုံး  ဘယ်နား
ရောက်တယ်ဆိုတာ  ဆရာတော်ဦးတိဿ     ပဲ  သိတယ်။ သို့ သော်  ပြောမှာမဟုတ်
ဘူး ။ သူပြောလိုက်ရင်  ကြိုးကြာငှက်ကို  ဟိုကသတ်မှာလေ *{  ရဟန္တာများဟာ
ကိုယ်တာအသေခံမယ်  ကိုယ်ကြောင့်  သူများသေအောင်  ဘယ်တော့မှ  မလုပ်
ဘူး}*။  ကိုလုံးရဲ့  ခေါင်းတွေ  ထူပူလာပြီဗျ ၊ *{  အသိလွတ်သွားတော့  ဉာဏ်တွေ
လဲ  မှောင်သွား ၊ ဉာဏ်တွေမှောင်သွားတော့  အသိစိတ်တွေက  ပူလေ  ထူလေ
ထူလေ  ပူလေ  ပူလေ  ထူလေ ။ စဉ်းစားဉာဏ်တွေ  အသိတွေ  ဘာမှမရှိတော့ဘူး
လမ်းပျောက်ကုန်ပြီ ၊ အဲဒါနဲ့  မပြုံးအနားကပ်ပြီးတော့  ပြောတယ်။
           (  ငါထင်တယ်ကွာ  ဆရာတော်ဦးတိဿ       ယူတယ်လို့  ထင်တယ်)( ကိုလုံးကလဲ  မပြောကောင်း  ပြောကောင်း ၊ ဆရာတော်ဦးတိဿ     က  ဒီပတ္တမြား
ယူပမလား၊ ဒီအိမ်မှာ  ဆွမ်းဘုဉ်းပေးနေတာ(၁၂)နှစ်တောင်ရှိပြီကော ၊ ဘယ်တုန်က
များ  အပြစ်အနာအဆာ  တွေ့ဖူးလဲ  မပြောကောင်းတာ  ကိုလုံးရယ်မပြောပါနဲ့)
(ဘုန်းကြီးလဲ  မယုံရဘူးကွ၊ စိတ်ချ ရတာ  မဟုတ်ဘူး၊ ငါ့အထင်တော့  ဒီနားမှာ ဒီ
ဘုန်းကြီးပဲရှိတာ  သူယူလိမ့်မယ်လို့  ငါ့စိတ်ထဲက  ထင်တယ် )( မပြောကောင်းတာ
ကိုလုံးရယ်  ဆရာတော်က  ဘာဖြစ်လို့ယူမလဲ ၊ ကိုလုံးအထားမှားတာများလား။)
(မမှားဘူး  ငါဒီနားမှာ ထားတာ) ။ အဲဒါနဲ့  စိတ်တွေမှာ  သတိတွေ  ပညာတွေ ကင်း
ပျောက်လာတော့   မှောင်ပြီး  ပူလောင်လာတယ်။ မပြုံးတားဆီးတာလဲမရ ၊ မမေးဖို
ပြောလဲမရ။ ( မမေးလို့  မဖြစ်ဘူး ၊ ငါ့ ပတ္တမြားဆိုရင်  ကိစ္စမရှိဘူး ၊ ဒီပတ္တမြားက
ရှင်ဘုရင်ပစ္စည်း  ပတ္တမြားပျောက်ရင်  ငါအသတ်ခံရမှာ) အဲဒါနဲ့  သွားမေးတယ် ၊
(  အရှင်ဘုရား  ဒီနားက  ပတ္တမြားအရှင်ဘုရား  ယူသလားဘုရား)
                တရားရတနာ  ရှိတယ်
                 ****************
(မောင်လုံး  ဘုန်းကြီးက  ပတ္တမြားဘာလုပ်မှာတုန်း  မယူပါဘူး)( ယူရင်ပေးပါ  ရှင်
ဘုရင်ပစ္စည်း  တပည့်တော်ပစ္စည်း  မဟုတ်ဘူးဘုရား)( မောင်လုံး  ငါမယူဘူး ပတ္တ
မြားကို  ဘုန်းကြီးက  ဘာလုပ်ရမှာတုန်း  ဘုန်းကြီးမှာ  သီလ  သမာဓိ  ဝိပဿ     နာ
ပညာ  တရားရတနာတွေ  အကုန်ရှိတယ် ၊ အပြင်ဘက်က  လောကရတနာနဲ့  ဘုန်
ကြီးက  အလှမဆင်ပါဘူး ၊ ဘုန်းကြီးမှာ  အဇ္ဇတ္တရတနာ  အင်အားတွေ  အကုန်ရှိ
တယ် ၊ ပတ္တမြားဟာ  ဘုန်းကြီးအတွက်  ဘာမှအသုံးမကျလို့  မယူပါဘူး)
(  မဟုတ်ဘူးနော်  ဒီနားမှာ  ကိုယ်တော်ပဲ  ရှိတာနော်)  အရှင်ဘုရားကနေ  ကိုယ်
တော်ဖြစ်ပြီ ။( ဘယ်သူမှ  ဒီနားမရှိဘူး ၊ ကိုယ်တော်ယူတာပဲ  ဖြစ်မယ် ၊ ပေးပါ )
ဆိုပြီး  ပေးပါလို့  တပေးပေးလုပ်နေတော့--( ရှိရင်ပေးမှာပေါ့  ယူရင်ပေးမှာပေါ့  ငါမ
ယူပါဘူး) လို့ ဘယ်လိုမှ  ပြောမရ  သတိ  ပညာတွေ  ကင်းပျောက်နေပြီ ၊ကိုလုံး
တစ်ယောက်  သတိလွတ်နေပြီ ၊ စောစောက  သဒ္ဓါတရားကောင်းလိုက်တာ  သတိ
ပညာကောင်းလိုက်တာ  အတက်လမ်းကို  လိုက်တော့မယ်  အားခဲနေတဲ့  ကိုလုံး
တစ်ယောက်  အဆင်းသွားဖို့   ခြေလှမ်းနေပြီ ၊ စိတ်တွေပူထူနေပြီ ။ ကိုယ်တော်ပေး
မှာလား ၊ မပေးဘူးလား  တစ်ခွန်းထဲပြော (ငါ မယူဘဲ)( အို--သိရမှာပေါ့ ) အဲသလို
ဆိုပြီး  ကပြာကရာ  ကျွဲ တွေ  နွားတွေ ချ ည်တဲ့  ကြိုးကြီးသွားယူ ၊ ကျွဲ တွေ နွား
တွေရိုက်တဲ့  တုတ်ကြီးသွားယူ *(  စိတ်တွေနော်  အရမ်းကြောက်ဖို့ ကောင်းတယ်
သဒ္ဓါတွေ  ပညာတွေ  သတိတွေ  လွတ်သွားပြန်တော့ ပုထုဇဉ်စိတ်များ  သိပ်ပြီး
တော့ကြောက်ဖို့   ကောင်းတယ်)*။
         ကြိုးကြီးယူလာခဲ့   ဆရာတော်ဦးတိဿ      ကိုချ ည်တုတ်ပြီဗျ ၊ တိုင်မှာချီ ပြီး
ကျွဲ  နွား ရိုက်တဲ့  တုတ်ကြီးနဲ့  ရိုက်ပြီ ၊ ခေါင်း နားရွက်  ပါးစပ်  မျက်နှာ ခန္ဓာအနှံ့
အပြား  ရိုက်ပေမယ့်  ဟိုကရဟန္တာဆိုတော့  အော်လဲမအော်ပါဘူး  ကိုယ်ဝေဒနာ
ကိုယ်ရှုမှတ်ပြီးတော့  နေတာပါပဲ။ *{ ရဟန္တာများဟာ  ခန္ဓာနှိပ်စက်တာ  မခံဘူး ၊
ခန္ဓာကို  အသုံးချ တဲ့အပိုင်းပဲ  လုပ်တယ် }* ရိုက်လိုက်တာ  နားထဲ  နှာခေါင်းထဲ  ပါးစပ်ထဲက  သွေးတွေထွက်  ခေါင်းကလဲ  ပေါက်ကွဲပြီး  သွေးတွေကျ  မျ က်လုံးတွေ
သွားတွေလဲ  ကြည့်မကောင်း  ရှုမကောင်း ။ မပြုံးကအတန်တန်  ငိုပြီးတောင်းပန်
တယ်မရ ၊ ဒါနဲ့  ရိုက်ဖန်များတော့  မူးပြီးခေါင်းငိုက်စိုက်  ကျ သွားတယ် ၊ သွေးတွေ
ကကတော့  ကြိုးကြာကတိရစ္ဆာန်ဆိုတော့  တိရ စ္ဆာန်လောက်ပဲ  သိတာပေါ့ ။
သွေးတွေကို  လာသောက်တယ်  ဆရာတော်ဦးတိဿ     ကို  စိတ်ဆိုးနေတဲ့  ကိုလုံး
က( နင်က  ဘာလုပ်တာလဲဟဲ့)ဆိုပြီး  ကြိုးကြာကို  စိတ်ဆိုး  တအားဆောင့်ကန်
ရိုက်ချ သတ်လိုက်တာ  ကြိုးကြာသေရောဗျ ။
သံသရာဝဋ်  ဆင်းရဲရဲ့အပြစ်
*********************
ကြိုးကြာသေသွားတော့  ခေါင်းငိုက်စိုက်မူးနေတဲ့  ဆရာတော်ဦးတိဿ     က *( မောင်
လုံး  ကြိုးလေးနည်းနည်း  လျှော့စမ်းကွယ်  ကြိုးကြာသေပြီလား  မသေသေးဘူး
လား  ကြည့်လိုက်စမ်းပါကွယ် )*( သေပြီကိုယ်တော်  ကိုယ်တော့်ကိုလဲ သေအောင်
အသေသတ်နေတာ  မဟုတ်လား)( ဟုတ်ပါဘူးကွယ်  မင်းအခု  ဒေါင်းတောက်
အောင်ရှာနေတဲ့  ပတ္တမြားလုံးက  ဟောဒီကြိုးကြာငှက်  မျို ချ သွားပြီ ၊ သူ့ ဗိုက်ထဲ
ရောက်နေတယ်  မယုံရင်  ခွဲကြည့်  မသေသေးရင်  ငါမပြောပါဘူး  သေပြီဆိုရင်
တော့  ငါပြောတယ် ၊ ကိုလုံးဟာ  သေသွားတဲ့  ကြိုးကြာငှက်ကို  ခွဲကြည့်လိုက်
တော့  တွေ့ပါပြီ  ပတ္တမြားလုံး ၊ အို--ဘာပြောကောင်းမလဲ  ခြေမကိုင်မိ  လက်မကိုင်
မိ  အငိုငို  အယိုယိုနဲ့။ ( ဆရာတော်ဘုရား  တပည့်တော် မှားပါပြီ  သည်းခံခွင့်လွှတ်
တော်မူပါ   တပည့်တော်  အမိုက်ကောင်ကြီးမှားပါပြီ )ဆိုပြီးတော့  တောင်းပန်ငိုယို
နဲ့   ဆရာတော်ဦးတိဿ     က *(  မောင်လုံး  ငါသည်းခံပါတယ်  ခွင့်လွှတ်ပါတယ်  ဒီ
ကိစ္စမှာ  ငါအပြစ်လဲမဟုတ်ဘူး  မင်းအပြစ်လဲမဟုတ်ဘူး ၊ တကယ်တော့  သံသရာ
ဝဋ်ဆင်းရဲရဲ့  အပြစ်ကြီးပါ { ပညာရှိများ  ပြောတတ်တယ်ဗျ })*( ဆရာတော်ဘုရား
ခွင့်လွှတ်တယ်ဆိုရင်  ခါတိုင်းလိုပဲ  ဘုရားတပည့်တော်တို့  အိမ်ကို  ဆွမ်းဘုဉ်းပေး
ကြွတော်မူပါဘုရား){ မောင်လုံးငါအခု  အိမ်ထဲဆွမ်းခံကြွလို့  ဒီကိစ္စတွေ  ပေါ်လာ
တာ  မဟုတ်လား ၊ ဒီနေ့ ကစပြီး  အိမ်ထဲမဝင်တော့ပါဘူး ၊ အိမ်အပြင်ကသာ  ဆွမ်း
ရပ်တော့မယ် ၊ ဆွမ်းခံကြွတော့မယ် ၊အိမ်ထဲဘယ်တော့မှ  မဝင်ပါဘူး} ပြောသာ
ပြောရ  ဒီဒဏ်ရာနဲ့ပဲ  ပရိနိဗ္ဗာန်  စံတော်မူရတယ်ဗျ ။
                ကိုလုံးတစ်ယောက်  ပြောတုန်းက  အတက်လမ်းလိုက်မယ်တဲ့ ၊ အခု
တော့  မထိန်းနိုင်  မသိမ်းနိုင်  စိတ်တွေ  ကယောင်ချောက်  ခြားတွေဖြစ်လို့   အလွဲ
တွေ  အမှားတွေလုပ်မိတော့  သူ့ ခမြာ  ကွယ်လွန်သွားတဲ့အခါ  ငရဲကိုရောက်သွား
ရှာတယ်ဗျ ၊(  အပေါ်ကိုမတက်တော့ဘူး ၊ အောက်ဆင်းသွားတယ်) ကြိုးကြာငှက်
ကတော့  ရိုက်သတ်ခံရတာတောင်မှ  စိတ်မဆိုးရှာဘဲ  ချ စ်ခင်တဲ့စိတ်နဲ့  သေသွား
တာဖြစ်တာကြောင့်  မပြုံးရဲ့ ဝမ်းထဲမှာ  လူကလေးဖြစ်တယ်တဲ့ ။( သူကတော့ တက်သွားတယ်ဗျ ) မပြုံးတစ်ယောက်ကတော့ဖြင့်  ဘယ်သူတွေ  ဘယ်လိုသွား
ကြပေမယ့် *{  သတိ  ပညာ ကြီးစွာထားပြီး  အတက်လမ်းကို  လိုက်တော့မယ်လို့
ကြိုးစားအားထုတ်  သွားတဲ့အတွက်  စုသေပြတ်ကြွေ  ကွယ်လွန်သွားတော့  နတ်
ပြည်ကို  ရောက်တယ်တဲ့။  ဒါကြောင့်  ဆရာတော်ဦးတိဿ       ပရိနိဗ္ဗာန်စံသွားပြီ ၊ သံ
သရာလမ်း  ဆုံးသွားပြီ ၊ အပေါ်ကိုတက်မယ့်  ကိုလုံးတစ်ယောက်  လမ်းမှားပြီး  ငရဲ
ကိုရောက်နေရှာပြီ   အောက်တန်းရောက်တဲ့  တိရ စ္ဆာန်လေးက  လူဖြစ်တယ်၊  သဒ္ဓါ
တရားကောင်းတဲ့  မပြုံးကနတ်ပြည်ကို  တက်သွားတယ် (တစ်လမ်းစီပေါ့ )။
           ဒါကြောင့်  ကတပုညတံ--ပြု အပ်ပြီးသော  ကောင်းမှုရှိသည်၏အဖြစ်ကို
ကတပုညတံ--အဆင်းအတက်လမ်းနှစ်ဖက်ကြောင့်  မြင့်တက်ထူးဆန်း  ကောင်းမှု
စွမ်းကို  ပဏ္ဍိတာ--ဘုရားအစရှိသော  ပညာရှိ  သူတော်ကောင်းတို့ သည်  ပသံသန္တိ
ကောင်းစွာမသွေ  ချီးမွမ်းတော်မူကြလေကုန်သတည်း။
          *{ ဤသို့   အဆင်းအတက် လမ်းနှစ်ဖက်တရား  နာကြားကြရတဲ့  ဓမ္မသဝ
နာမင်္ဂလာနဲ့  ကောင်းမှုစွမ်းအား  မြတ်တရားတွေကြောင့်  ဘေးရန်အပူခပ်သိမ်း
လွတ်ငြိမ်းကြ၍  ကောင်းကျိုးချ မ်းသာ  မင်္ဂလာများကြီးပွားတိုးတက်  ပြည့်စုံကြပြီး
လျှ င်  သူတော်ကောင်းတရား  တိုးပွားအောင်  ကြိုးစားနိုင်လွယ်ကြပြီး  ဘေးရန်ခပ်
သိမ်း  လွတ်ငြိမ်းရာ  အသင်္ခတဓာတ်  နိဗ္ဗာန်ရွှေပြည်မြတ်ကို  လွယ်ကူသောအကျ င့်
လျှ င်မြန်သော  အသိဉာဏ်ဖြင့်  အရဟတ္တဖိုလ်ပေါက်  မျက်မှောက်ပြုလွယ်  ရလွယ်
နိုင်ကြပါစေကုန်သတည်း}*။
ကုသိုလ်  အမျှ  အမျှ  အမျှ
စာစီကုသိုလ်ပြု ပူဇော်ပါသည်။
ဒေါ်ညွန့် ပခုက္ကူ ။