Thursday, August 25, 2016
ယောဆရာတော်-အဆင်းအတက် လမ်းနှစ်ဖက်
တိပိဋကဓရ--ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်ဘုရားကြီး  ၏
အဆင်းအတက်  လမ်းနှစ်ဖက်  တရားတော်
*******************************
"သတ္တဝါတွေ  ဆင်းရဲပြီး  နေကြတာ  အမှန်တော့  အဆင်းရဲလွန်းလို့  ဆင်းရဲတာ
မကောင်းမှု  ဒုစရိုက်  အကုသိုလ်အလုပ်တွေမှာ  အဆင်းရဲလွန်းလို့  ကိုယ်စိတ်ကိုယ်
မထိမ်းသိမ်းပဲနဲ့  လွတ်ထားကြလို့  အဆင်းတွေရဲလွန်းလို့  ဆင်းရဲတာ ။"
လောကကြီးထဲမှာ  လမ်းဟာ  အတိုချူံးလိုက်ရင် (၂) လမ်းပဲရှိပါတယ် ၊ အဆင်းက
တလမ်း၊ အတက်က  တလမ်း၊ ပရိသတ်အပေါင်း  သူတော်ကောင်းတွေ  သွားနေ
ကြတာက  အတက်လမ်း ၊ သာသနာဆိုတာကလဲ  အတက်လမ်းပါပဲ၊ ဒါကြောင့်
အဆင်းအတက်  လမ်းနှစ်ဖက်တရား။
       ယေကေစိ  အကုသလာဓမ္မာ ၊ သဗ္ဗေတေ  အဓောဘာဂင်္ဂမနိယာ၊
       ယေကေစိ  ကုသလာဓမ္မာ ၊ သဗ္ဗေတေ  ဥပရိဘာဂင်္ဂမနိယာ။
ယေကေစိ၊  ခပ်သိမ်းဥဿုံ  အလုံးစုံကုန်သော ၊ အကုသလာ ၊ အပြစ်နှင့်တကွ
မကောင်းကျိုးကို  ပေးတတ်သော ၊ ဓမ္မ--အကုသိုလ်တရားတို့ သည်  သန္တိ--ရှိကြ
ပါပေကုန်၏။
      သဗ္ဗေ--ခပ်သိမ်းဥဿုံ  အလုံးစုံကုန်သော ၊ တေ--ထိုအကုသိုလ်တရားတို့ 
သည်  အဓောဘာဂင်္ဂမနိယာ--အောက်တန်းတို့ သာ  သက်ဆင်းစေကြပါပေကုန်
သည် ၊ ဟောန္တိ--မုချမသွေ  ဖြစ်ကြပါပေကုန်၏။
        ယေကေစိ--ခပ်သိမ်းဥဿုံ  အလုံးစုံကုန်သော  ကုသလာ--အပြစ်မရှိ  ကောင်းကျိုးကို  ပေးတတ်ကုန်သော၊ ဓမ္မာ--ကောင်းမှုကုသိုလ်တရားတို့ သည်
သန္တိ--ရှိကြပါပေကုန်၏။
     သဗ္ဗေ--ခပ်သိမ်းဥဿုံအလုံးစုံကုန်သော၊ တေ--ထိုကောင်းမှုကုသိုလ်တရားတို့ 
သည်၊ ဥပရိဘာဂင်္ဂမနိယာ--အထက်တန်းသို့ သာ  ရောက်စေတတ်ကုန်သည်၊
ဟောန္တိ--မုချမသွေ  ဖြစ်ကြပါပေကုန်သတည်း။
************************************
{ ကံအကောင်းဆုံးလူ}
လောကမှာ  ကံအကောင်းဆုံးလူဆိုတာ  ဗုဒ္ဓသာသနာနဲ့  တွေ့ကြုံ တဲ့လူဖြစ်တယ်။
ဗုဒ္ဓသာသနာနဲ့  တွေ့ကြုံ ခွင့်ရတော့ လမ်းကြောင်းကြီး  ပြတ်ပြတ်သားသား  တွေ့
ခွင့်ရတယ်။ * ရှောင်ရမယ့်  လမ်းလဲသိသွားတယ်၊ သွားရမယ့်  လမ်းကိုလဲ  ပြတ်
ပြတ်ထင်ထင်  သိမြင်ခွင့်ရသွားတယ် *။
{  ကုသိုလ်  အကုသိုလ်}
*  အဆင်း  အတက်၊ လမ်းနှစ်ဖက်၊  ကွက်ကွက်မြင်အောင်ကြည့် ။
ကုသိုလ်ဆိုတာ  ကိုယ့်စိတ်ကိုယ်နိုင်လို့ ရတာ၊  ကိုယ်အပေါ် သြဇာညောင်းလို့ ရရှိ
လာတဲ့  စိတ်တန်ခိုးကို  ကုသိုလ်လို့  ခေါ်တယ်။
  အကုသိုလ်တရားဆိုတာ  စိတ်မနိုင်လို့ ရတာ၊ ကိုယ်အပေါ် သြဇာမညောင်းလို့ 
ရတာ။  အကုသိုလ်ဆိုတာ  အဆင်းလမ်း၊  ကုသိုလ်ဆိုတာ  အတက်လမ်း၊ ဒါကြောင့်  အဆင်းရယ်  အတက်ရယ်လို့   လမ်းနှစ်ဖက်ရှိတယ်။  မိမိတို့ တတွေဘဝ
သံသရာတစ်လျှောက်  လမ်းနှစ်ဖက်ရှိတဲ့အခါ  လမ်းမှား၊  မှားပြီးတော့  အဝိဇ္ဇာအ
မှောင်ထဲ  စမ်းတဝါးဝါး  သွားမိခဲ့လို့ သွားတာက  အထက်ကို၊  အောက်ရောက်ခဲ့တာ
ကျွ မ်းထိုးမှောက်ခုံ  လိမ့်ခဲ့ရတာ  အများကြီး။ အပေါ်ကို  ရည်မှန်းပြီး  တက်ပေမယ့်
လမ်းမှားပြီး  အောက်ကိုလိမ့်ကျ  ခဲ့ရတာတွေ ၊ ရှေ့ကိုတိုးပေမယ့်  အဝိဇ္ဇာအမှောင်
ထဲ  စမ်းတဝါးဝါး  လမ်းမှားခဲ့လို့  နောက်ကိုပြန်ရောက်  ခဲ့ရတာတွေ၊  ဖြစ်ချ င်သလို
ဖြစ်နေကြရတာ  မဟုတ်ဘဲ  ကိုယ့်မှာရှိသလို  ဖြစ်နေကြရတာတွေ။
********************
{ဖြတ်လမ်းကလာသူ}
သာသနာက  ဉာဏ်အလင်းရောင်  ညှိထွန်းပေးတုန်းလေး  သေသေချာချာကြည့်
ထား၊  ကုသိုလ်ကို  ထုံနေအောင် လုပ်ထားရမှာဗျ ။
  တချို့ ပုဂ္ဂို လ်တွေ  သုဂတိဘုံဘဝ  ရောက်လာတာ ၊ ဖြတ်လမ်းရောက်လာတဲ့
ပုဂ္ဂို လ်တွေရှိတယ် ၊ ဖြတ်လမ်းက  ရောက်လာတယ်ဆိုတာ(ဆိုကြပါစို့ ဗျာ)ဘဝတစ်
ခုမှာ  တစ်ဘဝလုံး  အကုသိုလ်တွေကြီးလုပ် ၊ အကုသိုလ်အပူ  အခိုးအငွေ့တွေကြီး
လုပ်၊ သေခါနီးလေးကျ မှ  ပညာရှိ  သူတော်ကောင်းတွေက သနားတာနဲ့ သူသတိရ
တုန်းလေး  ဒါနလုပ်ခွင့်ရအောင်  ကူညီပေးလိုက်တယ်၊ သီလကျ င့်ခွင့်ရအောင်  ကူ
ညီပေးလိုက်တယ်၊ တရားနာကြားခွင့်ရအောင်  ကူညီပေးလိုက်တယ်။(အာသန္နကံ
ခေါ်တာပေါ့)။
            သေခါနီးလေးမှာ  ကူညီပေးလိုက်တဲ့ ကုသိုလ်တွေကြောင့်  အပါယ်ကိုမ
ရောက်ဘဲ  လူဘုံ  လူ့ ပြည်၊ လူ့ ဘဝကို  ရောက်လာတာ ၊ ဒါမျိုးကို ဖြတ်လမ်းက
ရောက်လာတယ်လို့   ခေါ်တယ်။
           ဖြတ်လမ်းက  လူဖြစ်လာတဲ့  ပုဂ္ဂို လ်များဟာ  အထုံပါရမီ  အင်မတန် နည်း
တတ်ပါတယ်၊ ကုသိုလ်အထုံ  သိပ်နည်းတယ်၊ ဉာဏ်အထုံ  သိပ်နည်းတယ်၊ ဘယ်
ဟာဖြစ်ဖြစ်  သူများက  နောက်ကခိုင်းမှ  တော်ကာကျ၊ ၊ ပြောနိုင်မှ တော်ကာကျ
တယ်၊  လာဒ်မမြင်ဘူး။ စွမ်းအားကို  အကွက်စေ့အောင်  မယူတတ် ၊ ကုသိုလ်လုပ်
တော့လဲ  တက်တက်ကြွကြွ  ထက်ထက်သန်သန် တယ်မရှိလှ  လာခဲ့တာ သူကအ
ထုံနဲ့လာခဲ့တာ  မဟုတ်ဘူး။ ဖြတ်လမ်းက  ဝင်လာခဲ့တာ။ အဲသလို  ဖြတ်လမ်းက
ဝင်လာခဲ့တဲ့  ပုဂ္ဂို လ်ဆိုရင်(  အထုံနည်းတော့) ရှေ့သွားတော့လဲ  တယ်မသေချာလှ
ဘူးဗျ ။ အမြဲတမ်း  သူများဆီက  တွန်းအား  အကူအညီတွေ ပေးနိုင်မှ ၊ ရှေ့ကို တ
ရွှေ့ရွှေ့နဲ့  သူတက်နိုင်မှာ။
************************
{အထုံနဲ့လာသူ}
     အချို့ ပုဂ္ဂို လ်တွေကျတော့  အထုံနဲ့ကို  လာခဲ့တာဗျ ။ ကုသိုလ်လုပ်ရတာ  ပျော်
လို့ ၊ မကောင်းတဲ့  အကုသိုလ်တွေ  ရှောင်လို့ ၊ ကောင်းသောကုသိုလ်တွေကို  နေ့ စဉ်ပုံမှန်  ဝတ်ထားလို့ ။ * ဒီအချိန် ဘုရားရှိခိုးရမယ့်  အချိန်ဟဲ့ ၊ အားအား  မအား
အား  နေ့ စဉ်လုပ်ရမှာဟဲ့ ၊ * ဒီအချိန်  မေတ္တာပို့ ရမယ့်အချိန် ၊*ဒီအချိန်က ပဋ္ဌာန်း
ပရိတ်တွေ  ရွတ်ရမယ့်အချိ န် ၊* ဒီအချိန်က  ခန္ဓာဉာဏ်စိုက်  ဝိပဿ     နာပွားရမယ့်
အချိန်ဆိုပြီး  နေ့စဉ်ပုံမှန်  ဝတ်ထားပြီး  ကြိုးစားသွားတဲ့  ပုဂ္ဂို လ်တွေ ၊ အထုံတွေက
သိပ်အားကောင်း ။
          အဲသလို  အထုံစွမ်းအားတွေနဲ့  လူဖြစ်ခဲ့တဲ့  ပုဂ္ဂိုလ်တွေကျ တော့ (ဘယ်နေ
မဆိုပေါ့ဗျာ) အစစအရာရာ  သာလွန်ကြတယ် ၊ ရှေ့ကချ ည်းပဲ ၊ ကုသိုလ်ရေးကိစ္စ
မှာလဲ  သူများက  တယ်ပြီးတိုက်တွန်းရတယ်  မရှိလှဘူးဗျ ၊ ကိုယ်ဟာကိုယ်  အသိ
ကလေးတွေနဲ့  တက်တက်ကြွကြွ  ထက်ထက်သန်သန်  ကြိုးကြိုးစားစား  အား
ထုတ်တတ်တယ်၊ ပြုလုပ်တတ်တယ်ဗျ။
          ပညာရှိသူတော်ကောင်းတွေက  လမ်းညွှန်ပေးရုံလေးပဲ၊ တကယ်အလုပ်ပိုင်း
ကျ တော့  ခိုင်းမနေရဘူး ၊ တက်ကြွစွာ  ပြု လုပ်အားထုတ်တတ်တယ်၊ လုပ်တိုင်း
လုပ်တိုင်းလဲ  စိတ်ပါလက်ပါချ ည်း  လုပ်တယ်။  ဒါကြောင့်  ဖြတ်လမ်းက လူဖြစ်လာ
တဲ့  လူနဲ့ ၊ အထုံနဲ့  လူဖြစ်ခဲ့တဲ့လူတောင်မှ  ကွာကြတယ် ။ အဲဒီလို  မိမိတို့ သာသ
နာ့လမ်းကြောင်းကြီး  တွေ့တုန်းမှာတော့ "အထုံ" တွေရအောင်  နေ့စဉ်ပုံမှန်  ကြိုး
စားအားထုတ်  ကြရပေလိမ့်မယ်။
******************************
{   အဆင်းနှင့်အတက်}
အဆင်းခေါ်ဆို ၊ အကုသိုလ်၊
ကုသိုလ်  အတက်သိ ၊
အဆင်းဆိုတာ  အကုသိုလ်တရားကို  ပြောတာ၊ အတက်ဆိုတာက  ကုသိုလ်တရား
ကိုပြောတာ ။ အဆင်းဆိုတာ  စိတ်ကိုမနိုင်ပဲ  လွတ်ချ လိုက်လို့   စိတ်တွေပေါက်ကွဲ
ပြီး  ကျ သွားတာကို  အဆင်းလို့   ခေါ်တယ်။
        အတက်ဆိုတာ  ကိုယ်စိတ်  ကိုယ်နိုင်လို့   ကိုယ်စိတ်လေးကို  အစီအစဉ်လေ
နဲ့  ထိန်းသိမ်းပြီးတော့ * ရည်ရွယ်ချ က်ပါတယ် ။ * လမ်းကြောင်းပါတယ် ။ * အစီ
အစဉ်ပါတယ် ။  အစီအစဉ်လေးနဲ့  ထိန်းသိမ်းပြီးတော့  စွမ်းအားထုတ်လုပ်လို့  ပေါ်
လာတဲ့  စွမ်းအားကို  ကုသိုလ်လို့  ခေါ်တယ် ။ အဲဒါ  အတက်လမ်း။
 { အဆင်းရဲလွန်းလို့ }
အဆင်းရဲက  ဆင်းရဲ ၊
အောက်ကျ မည်ဟုသိ။
သတ္တဝါတွေ  ဆင်းရဲပြီးနေကြတာ  အမှန်တော့  အဆင်းရဲလွမ်းလို့ ဆင်းရဲတာ ၊
မကောင်းမှု  ဒုစရိုက်  အကုသိုလ်အလုပ်တွေမှာ  အဆင်းရဲကြလွန်းလို့  ကိုယ်စိတ်
ကိုယ်  မထိန်းသိမ်းပဲနဲ့  ပစ္စလက်ခတ်  လွတ်ပြီးထားကြလို့  အဆင်းတွေရဲလွန်းလို့ 
သတ္တဝါတွေ  ဆင်းရဲနေကြတာ။
အဆင်းရဲလွန်းရင်  ဆင်းရဲမယ်၊  အောက်ကျ နောက်ကျ   ဖြစ်မယ်၊  ဘယ်နေရာမှ
အဆင့်မမီဘူး။  
ဘယ်လမ်းလိုက်မလဲ
***************
ကုသိုလ်ကိုကိုင် ၊ တက်ရောက်နိုင် ၊ ကိုယ်ပိုင်စွမ်းအားရှိ။
ကုသိုလ်ကိုကိုင်တဲ့  ပုဂ္ဂို လ်တွေ  တက်ရောက်နိုင်ကြတယ်၊  ခန္ဓာရဲ့အနှစ် ၊ ပစ္စည်း
ဥစ္စာတွေရဲ့အနှစ် ၊ အကုန်လုံးအကွက်စေ့အောင် ၊ယူနိုင်ကြတယ်ဗျ ။  ပစ္စည်းကလဲ
ခန္ဓာလိုပါပဲ ၊  လက်ထဲရောက်လာရင်  စကားသုံးခွန်းမေးတယ်။  ခန္ဓာကမေးတဲ့  စ
ကားသုံးခွန်းကတော့  ၁ ။  ကျွန်တော်ကို  အဖိုးတန်အောင်  သုံးမှာလားဗျ ၊
၂  ။  ကျွန်တော့်ကို  အလကား  ဖြု န်းပစ်မှာလားဗျ  ။  ၃ ။ ကျွန်တော်နှိပ်စက်နေတာ
ကို  အချိန်ပြည့်  ခံနေမှာလားဗျ ။
ခန္ဓာက  စကားသုံးခွန်းမေးသလို  ပစ္စည်းကလဲ (၃) ခွင်းမေးပါတယ်။
၁ ။ ကျွန်တော်တို့ ကို  အဖိုးတန်အောင်  သုံးမှာလားဗျ (သုံးနိုင်တဲ့  စွမ်းအင်ကော  ရှိရဲ့လားဗျ ။ (၂) ကျွ န်တော်တို့ ကို  အလကားဖြု န်းပစ်မှာလားဗျ ။(၃) ကျွန်တော်တို့ 
နှိပ်စက်နေတာကို  အချိန်ပြည့်  ခံနေမှာလားဗျ ။
         ခန္ဓာနဲ့  ပစ္စည်းက  တရားသဘောအားဖြင့်  မေးခွန်းထုတ်တယ်။ဆိုလိုတာ
ကတော့  ခန္ဓာ  နဲ့  ပစ္စည်းကို  အကြောင်းပြု ပြီး  ခင်ဗျားအောက်ဆင်းမှာလားဗျ ၊
ဟောဒီ  ခန္ဓာ နဲ့  ပစ္စည်းကို  အကြောင်းပြုပြီး  ခင်ဗျားအပေါ်တက်မှာလားဗျ ။ ဘယ်
လမ်းကို  ခင်ဗျားလိုက်မလဲလို့  တရားသဘော  အားဖြင့်မေးနေတာ။
      ဉာဏ်မျ က်လုံး  ကောင်းတဲ့ပုဂ္ဂို လ်တွေကျ တော့  ခန္ဓာကိုလဲ  အဖိုးတန်အောင်
သုံးမယ် ၊ လက်ထဲရောက်လာတဲ့  ဥစ္စာပစ္စည်းတွေကိုလဲ  အဖိုးတန်အောင်  သုံးမယ်
ကုန်သွားတဲ့  အထဲက  မကုန်တဲ့တရားစွမ်းအားတွေ  ကျ န်အောင်ယူမယ်။
        ဒါကြောင့်မို့   ယခု  သုမနဓမ္မဗိမာန်  မလွန်ဆန်လှူ  သင်းထောက်  ဒကာ ဒကာမအပေါင်း  သူတော်ကောင်းတွေ  ကုသိုလ်လုပ်ရတာ  ပျော်နေကြတာ ၊ဒါဟာ
အတက်လမ်းမှန်းသိလို့   ပျော်ကြတာ ၊ သာသနာ့  မျ က်လုံးကောင်းကောင်း  ရပြီး
တော့နေလို့  ပျော်နေကြတာပါ။
       အဆင်းအတက်လမ်းနှစ်ဖက်  ကွက်ကွက်မြင်အောင်ကြည့် ။
       အဆင်းခေါ်ဆိုအကုသိုလ်  ကုသိုလ်အတက်သိ ။
       အဆင်းရဲက  ဆင်းရဲရ ၊ အောက်ကျ မည်ဟုသိ။
       ကုသိုလ်ကိုကိုင် ၊ တက်ရောက်နိုင် ၊ ကိုယ်ပိုင်စွမ်းအားရှိ။
ဒါကြောင့်  သဗ္ဗေ--ခပ်သိမ်းဥဿုံ  အလုံးစုံကုန်သော ၊ တေ--ထိုကောင်းမှု  ကုသိုလ်
တရားတို့ သည်  ဥပရိဘာဂင်္ဂမနိယာ  အထက်တန်းသို့ သာ  တက်ရောက်နိုင်ကုန်
သည့် ၊ ဟောန္တိ--မုချ မသွေ  ဖြစ်ကြပါပေကုန်သတည်း။
စိတ်နိုင်သူ  နှင့်  စိတ်မနိုင်သူ
*********************
သာသနာကျေးဇူးကြောင့်  အဆင်းလမ်းရယ်  အတက်လမ်းရယ်လို့  လမ်းနှစ်ဖက်
(လမ်းနှစ်ခု) ပြတ်သားစွာ  သိမြင်နေရပြီ ၊ လမ်းကတော့  နှစ်လမ်းရှိတယ် ၊ အဲဒီ လမ်း(၂)လမ်းကို  သွားတဲ့  သတ္တဝါတွေ  ချိန်ကြည့်  ယှဉ်ကြည့်ပါ။  လမ်းကြီး(၂)
လမ်းကို  သွားနေတဲ့  သတ္တဝါတွေ  ယှဉ်ကြည့်လိုက်တဲ့အခါ  အဆင်းလမ်းသွားတာ
ပိုများတယ်။(  လွယ်တာကိုး  လျှောချ ရုံလေးပဲ)။
         အတက်လမ်းကိုသွားတဲ့  ပုဂ္ဂို လ်သတ္တဝါတွေ  သိပ်နည်းနေတယ် ။ သူက ကြိုးကြိုးစားစား  တက်ရတာဆိုတော့  စိတ်မနိုင်သူတွေ  တော်တော်ခက်ကြတာပဲ။
စိတ်မနိုင်သူတွေ  အဆင်းလမ်းကိုသာ  လိုက်နေကြတယ်၊  စိတ်နိုင်တဲ့  ပုဂ္ဂို လ်တွေ
သာ  အတက်လမ်းကို  တက်နိုင်ကြတယ်။
          လက်သည်းခွံပေါ်က  မြေမှုန့် နှင့်  မဟာပထဝီမြေကြီးပေါ်က  မြေမှုန့် 
           ************************************************
ဘုရားပေးတဲ့  ဥပမာလေးတစ်ခု---တစ်ချိန်က  မြတ်စွာဘုရားသည်  လက်သဲခွန်
ပေါ်မှာ  မြေမှုန့်လေးတွေ  တင်ပြတယ် ။ * ချ စ်သား  ရဟန်းတို့ ချ စ်သားတို့   ချ စ်
သမီးတို့  ဟောဒီလက်သည်းခွံပေါ်က  မြေမှုန့် လေးမြင်ရဲ့လား-?  မှန်ပါ  မြင်
ကြောင်းပါဘုရား ။ ဒီလက်သည်းခွံပေါ်က  မြေမှုန့် လေးတွေနဲ့  ဟောဟို  မဟာ
ပထဝီ  မြေကြီးပေါ်က  မြေမှုန့် တွေ  ဘယ်မြေမှုန့် က  များသလဲကွဲ့ ?။  မြတ်စွာဘု
ရား---နှိုင်းယှဉ်လို့  မရနိုင်အောင်  ကွာခြားလှကြောင်းပါဘုရား ။ လက်သည်းခွံပေါ်
က  မြေမှုန့် လေးတွေဆိုတာ  ဟောဟို  မဟာပထဝီမြေကြီးပေါ်က  မြေမှုန့် နဲ့သာ
ယှဉ်ကြည့်မယ်ဆိုရင်  အရေအတွက်တောင်  မပြု လုပ်လောက်အောင်  နည်းလှ
ကြောင်းပါဘုရား ၊ ဟောဟို  မဟာပထဝီ  မြေကြီးပေါ်က  မြေမှုန့် ဆိုတာက  တိုင်း
တာ  ကန့်သတ်လို့ မရအောင်  အလွန့် အလွန်  များလှကြောင်းပါဘုရား ။
          အေး---ဒီအတိုင်းပဲကွဲ့ ၊ ဘဝသံသရာမှာ  အဆင်းလမ်းရယ်  အတက်လမ်း
ရယ်လို့  လမ်းနှစ်သွယ်  ရှိတဲ့နေရာမှာ  အဆင်းလမ်းကို  လိုက်နေကြတဲ့  သတ္တဝါ
တွေဆိုတာက  မဟာပထဝီမြေကြီးပေါ်က  မြေမှုန့် လောက်များတာ ၊ အတက်လမ်း
ကို  လိုက်နေတဲ့  သတ္တဝါတွေဆိုတာက  လက်သည်းခွံပေါ်က  မြေမှုန့် လောက်
လေးသာ  ရှိတာဆိုတော့  သိပ်ကွာခြားသွားပြီ ။ ဒီလိုဆိုတော့  ပရိသတ်အပေါင်း
သူတော်ကောင်းတွေ  လက်သည်းခွံပေါ်က  မြေမှုန့် လေးတွေဗျ ။
အကောင်းမှန်ရင်  နည်းတာကြီးပဲ
*************************
ရှားရှားပါးပါးဆိုတာနဲ့  အားငယ်ရမှာလား  အားမငယ်ရပါဘူး ၊ ဘာလို့ တုန်းဆိုတော့
လောကမှာ  အကောင်းမှန်ရင်  နည်းတာချ ည်းပဲ ၊ မကောင်းတာဆို  များတာချ ည်း
ပဲ။ အဆိုးများပေမယ့်  အဆိုးသည်  အားမကိုးရပါ (စွမ်းအားမပါလို့   အားမကိုးရပါ)
အကောင်းသည်  နည်းသော်လဲ  စွမ်းအားပါလို့   အားကိုးရပါတယ်။
         လောကမှာ  ကြည့်စမ်းပါ ၊ * ဘုရားသည်  တစ်ခါပွင့်ရင်  တစ်ဆူတည်းပဲ
ပွင့်ပါတယ် ၊ ကမ္ဘာပေါင်းမြောက်များစွာ  အကြာကြီးလဲ  စောင့်ရတယ်။
အကြာကြီးလဲ  စောင့်ရတယ် ၊ ပွင့်လာတော့  တစ်ဆူတည်းပွင့်လို့  ဘုရားဟာ နည်း
လှချ ည်လားလို့  အားငယ်စရာမလိုပါဘူး။  ဘုရားတစ်ဆူ  တစ်ဆူရဲ့ စွမ်းအားဆို
တာ  သတ္တဝါအနန္တတွေ  ခိုလှုံလို့ ၊  စွမ်းအားကိုယူလို့   မကုန်နိုင်အောင်  စွမ်းအား
တွေ  အနန္တပြည့်စုံပါတယ် ။
         နည်းပေမယ့်  အင်အားကောင်းတယ် ၊ နည်းပေမယ့်  အားကိုးရလောက်
အောင်  စွမ်းအားပြည့်တယ် ။ မကောင်းတဲ့  အဆိုးတွေဆိုတာက  များပေမယ့်  စွမ်း
အားကမပါလို့  အားမကိုးရပါ ၊ အဆင်းလမ်းမှာ  သွားနေကြတဲ့  သတ္တဝါတွေ  များ
ပေမယ့်  အားမကိုးရပါ။
          အတက်လမ်းမှာ  သွားနေကြတဲ့  သတ္တဝါတွေ  အရေအတွက်အားဖြင့်  အ
လွန့် အလွန်နည်းသော်လဲပဲ  စွမ်းအားက  ပါတဲ့အတွက်  အားကိုးရတယ်။ ဒါကြောင့်
ယခု  သုခုမဓမ္မဗိမာန်  မလွန်ဆန်လှူ  သင်းထောက်  ဒကာ  ဒကာမအပေါင်း  သူ
တော်ကောင်းတွေ  သဒ္ဓါ ၊  ပညာ ၊  မေတ္တာ  ဆိုတဲ့  အကောင်းစိတ်တွေ  ကိုယ်
သန္တာန်မှာ  ပေါ်လာတော့  အတက်လမ်းက  သွားနိုင်ကြတယ်။
            သာသနာတော်မြတ်ကြီးကိုလဲ  ကြာကြာကြီးတည်အောင်  ချီးမြောက်နိုင်
ကြတယ်၊  စောင့်ရှောက်နိုင်ကြတယ် ၊ အားပေးနိုင်ကြတယ်။
အဆိုးဘက်ကို  ပါသွားတယ်။
********************
* ဆင်းကြသူငါ ၊ များလှစွာ ၊ မြေမှာရှိတဲ့  မြေမှုန့် လို။
အဆင်းလမ်းလိုက်တဲ့  သတ္တဝါတွေက  မဟာပထဝီ  မြေကြီးပေါ်က  မြေမှုန့် တွေ
လောက်  အလွန်များတယ်တဲ့။
  * တက်နိုင်သည့်ဇွဲ ၊ အလွန်နည်း၊  လက်သည်းပေါ်က  မြေမှုန့် လို။
အပေါ်ကိုတက်နိုင်တဲ့  သတ္တဝါက  နည်းလွန်းအားကြီးပါတယ်၊ လက်သည်းခွန်ပေါ်
က  မြေမှုန့် လေးလောက်ပဲရှိတယ် ၊ အရေအတွက်  အားဖြင့်သိပ်နည်းတယ်။ ကိုယ်
ဟာကိုယ်ပဲ  ယှဉ်ကြည့်တွက်ကြည့်ပါ ၊ (၅)မိနစ်လောက်ပဲ  တွက်ကြည့်စမ်းပါ၊ (၅)
မိနစ်  အချိန်အတွင်းမှာ  ကိုယ်စိတ်ကိုယ်နိုင်တာ  ဘယ်လောက်ပါလိုလ့လဲ။ ကိုယ်
စိတ်ကိုယ်မနိုင်ဘဲ  လွှတ်ချ လိုက်ရတာ  ဘယ်လောက်ပါသလဲလို့ (၅)မိနစ်လောက်
စမ်းကြည့်ပါ။
          တစ်ခါတစ်ရံ  သတိထားလွန်းလို့ (၁)မိနစ်  လောက်ဖမ်းမိတယ်၊ (၄)မိနစ်က
လွှတ်လိုက်ရတယ် ။ အတက်ဖက်ကို (၁)မိနစ်လောက်ပါတယ် ၊ အဲသလို စသည်ဖြင့်
ပေါ့ဗျာ၊ { သတိစိုက်ပြီး  ကြိုးကြိုးစားစား  ယူနိုင်တာတောင်မှ  အချိန်အားဖြင့် တိုင်းတာကြည့်ရင်  အဆိုးဘက်ကို  အေတာ္မ် ားမ် ား  ပါ-ပါသွားတယ်၊ အကောင်း
ဘက်ကို  ရောက်အောင်  အတော်ကြိုးစားကြရပါတယ်။ အထုံဓာတ်တွေ  များပြီး
တော့လာမှ  အကောင်းဓာတ်တွေ  များလာတာ။  ဒါကြောင့်မို့   အဆင်းအတက်
မှာ  အဆင်းကများတယ် ၊( သို့ သော်  အားမကိုးရ ) အတက်က  နည်းတယ်။
သို့ သော်အားကိုးရတယ်(  စွမ်းအားက  ပါတာကိုး။
)
ကိုယ်ဟာကိုယ်  အရှုံးပေးရတဲ့ပွဲ။
***********************
*  စိတ်ကိုမနိုင် ၊ စွမ်းအားယိုင်၊  ငေးမှိုင်လျှောကျ ၊ အောက်လမ်းကို။
စိတ်မနိုင်တဲ့  ပုဂ္ဂို လ်တွေ  တစ်ခါတည်း  ငေးမှိုင်ပြီး  အောက်ကို  လျောကျသွားရ
တယ်၊  စိတ်မနိုင်ဘူးဗျာ  စိတ်ဓာတ်တွေ  ကျပြီးတော့မှ  လိမ့်ကျသွားကြတယ်၊
အောက်တန်းကို  ရောက်သွားကြတယ်။ * ဒါနလုပ်မယ်လို့  စိတ်ထဲ  အားခဲထား
တယ်၊  စိတ်မနိုင်တာနဲ့ဘဲ အို-- နောက်မှလုပ်တော့မယ်၊( စိတ်ကို  အောက်လျောချ
လိုက်တာ) ၊ ဒီနေ့  ဥပုသ်စောင့်မယ်လို့  အားခဲထားတယ်။ ဟေ---နောက်မှ--၊ စိတ်
မနိုင်ပြန်တော့ဘူး။စောစောက  ဘုရားရှိခိုးမလို့   နောက်တော့ နောက်မှပဲ  ရှိခိုး
တော့မယ်၊  စောစောက  ဒီနေ့  မေတ္တာတွေ  နာရီဝက်လောက်  ပို့ ပွားနေမလို့ ၊
ဟေ---နောက်မှပဲ  လုပ်တော့မယ်၊  စောစောက  ခန္ဓာဉာဏ်စိုက်ပြီး  ဝိပဿ     နာအ
နည်းဆုံး (၁) နာရီလောက်  အားထုတ်မယ်လို့   အားခဲထားပါတယ်၊ (၁)မိနစ်တောင်
မလုပ်ဖြစ်ဘူး၊  ဟေ--နောက်မှပဲ  လုပ်ပါတော့မယ်၊ ( အဆင်းစိတ်တွေချ ည်း)။
             အဲသလိုချ ည်း  ဖြစ်ဖြစ်သွားတယ် ၊ စိတ်မနိုင်တာက  များတယ်။ ဒါကြောင့်  ကိုယ်ကိုကိုယ်  အရှုံးပေးရတဲ့  ရှုံးပွဲသာ  အနစ်နာဆုံး၊ *  သူများအရှုံး
ပေးရတာ  အပါယ်မကျ ပါဘူး၊  ကိုယ်ဟာကိုယ်  အရှုံးပေးရတာက  အပါယ်ကျတယ်
ကိုယ်ဟာကိုယ်  အရှုံးပေးရတာ  အနစ်နာဆုံး၊*  ကိုယ်ဟာကိုယ်  အရှုံးပေးရတာ
ကျ က်သရေ  အယုတ်ဆုံး ၊  ကိုယ်ဟာကိုယ်  အရှုံးပေးရတာ  အောက်တန်းအကျ
ဆုံး၊ *  စိတ်ကိုမနိုင်၊  စွမ်းအားယိုင် ၊  ငေးမှိုင်လျောကျ  အောက်လမ်းကို *၊ အောက်ကိုဆင်းချ င်လို့   ဆင်းကြရတာမှ  မဟုတ်ပဲဗျ  ၊ စိတ်မနိုင်လို့  ဆင်းကြရတာ
             *  စိတ်ကိုနိုင်မှ  တက်နိုင်ကျ ၊ ရောက်ရ  အထက်ကို ၊
အထက်ဆိုတာ  ရောက်စေသတည်းလို့  တစ်စုံတစ်ယောက်က  တွန်းပို့ လဲ  ရောက်
တာမဟုတ်ဘူး ၊ ကိုယ်ဟာကိုယ်  ရောက်ချ င်ရုံလေးနဲ့လဲ  ရောက်ရတာ  မဟုတ်ဘူး
*  စိတ်နိုင်သူတွေသာ  ရောက်တာ ။**  ဒါနနဲ့  တန်အောင်  စိတ်ကိုနိုင်တဲ့ပုဂ္ဂို လ်၊
ဒါနအလုပ်  လုပ်နိုင်ကြတယ် ။--သီလနဲ့  တန်အောင်  စိတ်ကိုနိုင်တဲ့ပုဂ္ဂို လ် ၊ သီလ
ကျ င့်သုံးနိုင်တယ် ၊ သမာဓိနဲ့တန်အောင်  စိတ်ကိုနိုင်တဲ့ပုဂ္ဂို လ်  သမာဓိပွားနိုင်တယ်။
ဝိပဿ     နာနဲ့တန်အောင်  စိတ်ကိုနိုင်တဲ့ပုဂ္ဂို လ်  ဝိပဿ     နာပွားနိုင်ကြတယ်။
         ဒါကြောင့် * လောကရှုံးပွဲ  ဟူသမျှတို့ မှာ  ကိုယ်ဟာကိုယ်  အရှုံးပေးရတဲ့ပွဲ
သာ  အနစ်နာဆုံး ၊ လောကအောင်ပွဲ  မှန်သမျှ တို့ တွင်  ကိုယ်ဟာကိုယ်  အနိုင်ယူ
တဲ့အောင်ပွဲသာ  အမြင့်မြတ်ဆုံးပါ ။* သူများကို  အနိုင်ယူရတဲ့  အောင်ပွဲက သုဂတိ
ရောက်အောင်  ပို့ ချ င်မှ  ပို့ နိုင်မှာပါ ၊ ကိုယ်ဟာကိုယ်  အနိုင်ယူရတဲ့  အောင်ပွဲက
သာ  သုဂတိနိဗ္ဗာန်ရောက်ဖို့   သေချာပေါက်လမ်းကြီး ၊ သေချာပေါက်  စွမ်းအားကြီ
       *  ဆင်းကြသူငါ ၊ များလှစွာ ၊ မြေမှာရှိတဲ့  မြေမှုန့် လို၊
       *  တက်နိုင်သည့်ဇွဲ ၊ အလွန်နည်း ၊  လက်သည်းပေါ်က  မြေမှုန့် လို၊
       *  စိတ်ကိုမနိုင်  ၊ စွမ်းအားယိုင် ၊ ငေးမှိုင်လျှောကျ  အောက်လမ်းကို ၊
        *  စိတ်ကိုနိုင်မှ ၊ တက်နိုင်ကြ ၊  ရောက်ရ  အထက်ကို။
ဒါကြောင့်  သဗ္ဗေ--ခပ်သိမ်းဥဿုံ  အလုံးစုံသော ၊ တေ--ထိုကောင်းမှု  ကုသိုလ်တ
ရားတို့ သည် ၊ ဥပရိဘာဂင်္ဂမနိယာ--လူနတ်နိဗ္ဗာန်သုံးတန်  ချ မ်းသာ  ကောင်းစွာရ
အောင် ၊ အထက်တန်းသို့ သာ  ရောက်ရှိစေတတ်  ကြကုန်သည်၊  ဟောန္တိ--မုချ မ
သွေ  ဖြစ်ကြပါပေကုန်သတည်း။
သံသရာကြိုးကြီး(၂)ချောင်း
********************
စိတ်မနိုင်သူတွေ  အောက်ဆင်းကြရတာပဲ ၊ ဘဝသံသရာကြီး  တစ်ခုလုံးဆိုတာ
အဝိဇ္ဇာ နဲ့  တဏှာ(၂)ပါး  ထိန်းချူ ပ်ထားတာဗျ ၊ သံသရာ  ကြိုးကြီး(၂)ချောင်းဆို
တာ  အဝိဇ္ဇာ နဲ့ တဏှာ။
      အသိပညာ  အားနည်းရင်  အလှူ လေးလုပ်တာတောင်  သူတို့ က  ရှေ့ကကန့် လန့် ၊ ကန့် လန့်   တရားအားထုတ်တဲ့  အလုပ်လေးလုပ်တာတောင်မှ  သူတို့ က
ကန့် လန့်  ၊ ကန့် လန့် လုပ်ချ င်သေးတယ် ၊ အဝိဇ္ဇာနဲ့တဏှာဟာ  သံသရာမှာ  ချူ ပ်
ကိုင်ထားတဲ့  ကြိုး(၂)ချောင်း။
      အဝိဇ္ဇာဆိုတာ  ဆင်းရဲဒုက္ခ  အပူတည်ဆောက်ရေး  အဖွဲ့ကြီးရဲ့  ဥက္ကဋ္ဌလို  ခေါ်တယ် ၊ တဏှာဆိုတဲ့  လောဘက  ဆင်းရဲဒုက္ခ  အပူတည်ဆောက်ရေး  အဖွဲ့ကြီ
ရဲ့  အကျိုးဆောင်  အတွင်းရေးမှုးချူ ပ်ကြီး ။ သူတို့ (၂)ပါးက  ချ ယ်လှယ်နေပါတယ်။
သူတို့ (၂)ပါး  အဖြစ်များလာရင်  ကုသိုလ်တွေ  တစ်စ တစ်စ  အားနည်းပျောက်
ကွယ်သွားတယ် ။
  --တစ်ခါတစ်ရံ  စတောင်  မစဖြစ်ဘူး ၊ အစလေးကို  ပေါ်မလာဘူး။
  -- တစ်ခါတစ်ရံ  လုပ်မယ်လို့   အားခဲပြီးတော့  အစလေးဖေါ်  ပေးလိုက်တယ်
      မကြာခင် ၊ အစဖျောက်ပစ်လိုက်တယ်။
  -- တစ်ခါတစ်ရံ  စလိုက်တယ် ၊ နည်းနည်းလေး  လုပ်မိတယ် ၊ လမ်းဆုံးမရောက်ဖူ
     လမ်းတစ်ဝက်တင်  ပြတ်သွားတယ် ။
  -- တစ်ခါတစ်ရံ  ပြီးကာနီးလေးမှာ  ပြတ်သွားတယ်  စသည်ဖြင့်ပေါ့ ။
သံသရာထိန်းကြိုးကြီး(၂)ချောင်းရဲ့  အစွမ်းကြောင့်  စိတ်ကို  မနိုင်ကြဘူး ၊ ကိုယ်
လိုချ င်တဲ့  စွမ်းအားတွေ  လိုချ င်လျ က်သားနဲ့  လက်လွတ်ဆုံးရှုံး  ခံကြရတယ်။
           ဒါကြောင့်  အဝိဇ္ဇာ နဲ့ တဏှာက  ကြိုးချူ ပ်ကိုင်ထားတာ ၊ သံသရာလည်
နေကြတာ ၊ အမှန်တော့  သူတို့ (၂) ပါးကြောင့်။
သံသရာဆိုတာ
************
* ခန္ဓာအာဓာတ် ၊ ချားရဟတ်သို့  မပြတ်ဖြစ်ပေ ၊ ဆက်စပ်နေ ၊ မှတ်လေသံသရာ။
သံသရာဟာ  တခြားမှာ  ဘေးမှာလို့  မထင်နဲ့၊  ဒီခန္ဓာကိုယ်ကြီးကို  သံသရာလို့ ခေါ တာ၊ ခန္ဓာတွေ ၊ ဓာတ်တွေ ၊ ရုပ်တွေ ၊ နာမ်တွေ ၊ ချားရဟတ်လို  လည်ပတ်ပြီးနေ
သကဲ့သို့   အဆက်မပြတ်  ဖြစ်လိုက်  ပျ က်လိုက် ၊ အိုလိုက် ၊ နာလိုက် ၊ သေလိုက်
ဆင်းလိုက်၊  တက်လိုက် နဲ့  သံသရာကြီးမှာ  ခန္ဓာချ င်း စပ်ပြီး  လည်ပတ်လို့ သွား
နေကြတာ  အဲဒါ  သံသရာ ခေါ်တယ်။
* အဝိဇ္ဇာမှောင် ၊ ကင်းအောင်မပွား ၊ မကြိုးစားလတ် ၊ခန်အာဓာတ် ၊ နောက်ထပ်ဖြစ်
အုန်မှာ ။ အဝိဇ္ဇာ နဲ့ တဏှာကင်းအောင်  ဆင်းရဲ ဒုက္ခအပူ  တည်ဆောက်ရေးအဖွဲ့
ကြီးရဲ့ဥက္ကဋ္ဌ  အဝိဇ္ဇာဆိုတဲ့  မောဟအမှောင်  ကင်းအောင်  အားမထုတ်နိုင်သေးဘူး
ဆိုရင် (လာမှာပေါ့ ) အကျိုးဆောင်  အတွင်းရေးမှုးချူ ပ်ကြီး  တဏှာက  လာနေမှာပဲ
ပွားများအားထုတ်ခြင်း ၊ အထက်ကိုတက်နိုင်တဲ့  တရားစွမ်းအားတွေ  ရအောင်ယူ
နိုင်ခြင်း  မရှိသေးရင်တော့  နောက်ထပ်ခန္ဓာတွေ  လာအုန်းမှာပဲ ။
* ဖြစ်လာပြန်က  ပျ က်စီးရ ၊ မုချ ဆင်းရဲပါ ။
ဖြစ်လာပြန်တော့  ဘာထူးလဲ ၊ ပျ က်ရမယ့်အမျိုးပဲ  ဖြစ်လာဦးမှာပေါ့ ၊ တစ်ခါ တစ်ရံ
အပါယ်ကိုကျသွားမယ် ၊(အောက်ကို ရောက်သွားမယ်) တစ်ခါ တစ်ရံ  ကုသိုလ်အထုံ
လေးပါလာလို့  သုဂတိဘုံဘဝ  ရောက်တယ်ပဲထားဦးတော့ ၊ ပျ က်မယ့်အမျိုးပဲရမှာ
အချိန်တန်  ပျ က်ဦးမှာပဲ။
အစုန်နှင့်အဆန်  အဆင်းနှင့်အတက်
***************************
* အဝိဇ္ဇာမိုက် ၊ တဏှာကြို က်ကြောင့် ၊ မောဟိုက်မဆုံး ၊ အပူတုံးဖြင့်၊ နိမ့်ပြန် မြင့်ပြန်
အဖန်ဖန် ၊ စုန်ဆန်  မျောရပါ ။
အစုန် နဲ့  အဆန်၊ အဆင်း နဲ့ အတက် ဆိုတာ  အမှန်တော့  သူတို့ (အဝိဇ္ဇာနဲ့တဏှာ
ကြောင့်ပါ ၊) သူတို့ ကို  ပယ်ခွါမှုနည်းသလောက်  အဆင်းနောက်ကို  ပါရတာပဲ ။
သူတို့ ကို ပယ်ခွါမှုအားကောင်းရင်  ကောင်းသလောက်  အတက်နောက်ကို  ပါကြရ
မှာပဲ ။ ဆင်းတာနဲ့  တက်တာ ဆင်းတာကများ၊ ဆန်တာက  တစ်ခါတစ်ရံလေးပါ ၊
စိတ်နိုင်တဲ့  အချိန်  တစ်ခါ တစ်ရံလေးလောက်ပဲ  ဆန်နိုင်တက်နိုင် ကြတယ်။
      အဝိဇ္ဇာက  အရမ်းမိုက်တော့  တဏှာက  အရမ်းကြို က်၊ ခန္ဓာတွေအရမ်းလိုချ င်
စည်းမရှိ  ကမ်းမရှိလက်ခံ ၊ နောက်တော့ မောဟိုက်ပင်ပန်းပြီး  နိမ့်လိုက် မြင့်လိုက် ၊
ဆင်းလိုက် တက်လိုက်၊ ကိုယ်ဟာကိုယ်  ထိန်းနိုင်စွမ်း  သိမ်းနိုင်စွမ်း  လုံးဝမရှိ ၊မျော
ချ င်သလို  မျောပြီးတော့  သွားရမယ့်  သံသရာခရီးကြီး ။ အဲသလိုဆို  မိမိတို့ က
အမှတ်တမဲ့နေလို့   မဖြစ်ပေဘူးလေ ၊ သာသနာ့လမ်းကြောင်းကြီး  တွေ့တုန်းတော့
ကံထိန်းခလုတ်  အသိဉာဏ်  စနစ်တကျ  တပ်ဆင်ပြီးတော့  နိဗ္ဗာန်ရောက်သည်အ
ထိ  သေချာပေါက်  အလုပ်ကိုတော့  လုပ်ထားမှ  တော်ပေလိမ့်မယ်။
*  အဝိဇ္ဇာမှောင် ၊ ကင်းအောင်ဖြို ခွင်း ၊ ဉာဏ်အလင်း ၊ ထည့်သွင်းမြတ်ပညာ။
အဝိဇ္ဇာဆိုတာ  ကင်းအောင်လုပ်နိုင်မှ  ဉာဏ်အလင်းဆိုတာ  ပေါ်လာမယ်၊ ကံကို
ထိန်းချူ ပ်ပေးနိုင်တဲ့  စစ်မှန်တဲ့  ဉာဏ်အလင်းရမှ  ကိုယ်လမ်းကိုယ် ရှင်းနိုင်ကြမှာ ။
         {  ပစ္စု ပ္ပန်  အရေးအကြီးဆုံး}
*  ဗုဒ္ဓညွှန်ကြား ၊ မြတ်တရားကြောင့် ၊ အမှားကင်းစင် ၊ စိတ်ကြည်လင် ၊ အမြင်ရှင်း
    ၍လာ ။
ဘုရားသာသနာ  ကျေးဇူးကြောင့်  ကိုယ်သွားရမယ့်  လမ်းကြီး  ပြတ်ပြတ်သားသား
သိကြပြီ ၊ ကိုယ်လုပ်ရမယ့်  အလုပ်တွေသိကြပြီ ၊ သိတုန်းလေး  ကြိုးစားအားထုတ်
ကြရမှာပေါ့။ * သာသနာကတော့  ပစ္စု ပ္ပါန်  အရေးကြီးဆုံးပါ ၊ မနက်ဖြန်ထက်  ဒီနေ့ က  ပိုအရေးကြီးပါတယ်။  နောက်နှစ်ထက်  ဒီနှစ်က  ပိုအရေးကြီးပါတယ် ၊ နောက်
ဘဝထက်  အခုဘဝက  ပိုအရေးကြီးပါတယ် ၊ ဒီလို ပစ္စု ပ္ပန်အရေးကြီးဆုံး  ဖြစ်သော
ကြောင့်  ပစ္စု ပ္ပန်အခွင့်အရေးကို  လက်လွတ်မခံဘဲ  ကြိုးစားပါ။
   * ခန္ဓာအာဓာတ် ၊ ချားရဟတ်လို ၊ မပြတ်ဖြစ်ပေ ၊ ဆက်စပ်နေ မှတ်လေသံသရာ
   * အဝိဇ္ဇာမှောင်  ကင်းအောင်မပွား  မကြိုးစားလတ် ခန်အာဓာတ်  နောက်ထပ်
      ဖြ စ်အုံးမှာ။
   *  ဖြစ်လာပြန်က ၊ ပျ က်စီးရ ၊ မုချ ဆင်းရဲပါ ။
    * အဝိဇ္ဇာမိုက် ၊ တဏှာကြို က်ကြောင့် ၊ မောဟိုက်မဆုံး ၊ အပူတုံးဖြင့် ၊ နိမ့်ပြန်
      မြင့်ပြန် ၊ အဖန်ဖန် ၊ စုန်ဆန်မျောရပါ ။
    *  အဝိဇ္ဇာမှောင် ၊ ကင်းအောင်ဖြို ခွင်း ၊ ဉာဏ်အလင်း ၊ ထည့်သွင်းမြတ်ပညာ ။
    *  ဗုဒ္ဓညွှန်ကြား  မြတ်တရားကြောင့် ၊ အမှားကင်းစင် ၊ စိတ်ကြည်လင် ၊
       အမြင်ရှင်း၍လာ။
    *  ခန္ဓာ အာ ဓာတ်  ချားရဟတ်လို  မပြတ်ဖြစ်ပေ ဆက်စပ်နေ မှတ်လေသံသရာ
အဲသလို  လမ်းကြောင်းကြီး  တွေ့တုံးကြိုးစား  ကြရမယ် ၊ ကိုယ်ကို  လမ်းကြောင်း
ဖော်ပေးသော  ဗုဒ္ဓမြတ်စွာ  သာသနာတော်ကြီးကိုလဲပဲ  အဖိုးတန်လွန်းလှချ ည်လား
ဆိုပြီးတော့  ကြာကြာတည်စေချ င်တယ်  ပြန့် ပွားစေချ င်တယ် ။
       ဒါကြောင့်  ယခု ဒကာ  ဒကာမအပေါင်း  သူတော်ကောင်းတွေ  စစ်မှန်သော
သဒ္ဓါ ၊  ပညာ ၊  မေတ္တာ နဲ့ စုပေါင်းပြီး  ချီးမြှောက်အားပေး  စောင့်ရှောက် ထိန်းသိမ်း
နေကြတာပဲ ။
ဘယ်အပျော်နဲ့မှ  ယှဉ်လို့ မရ
**********************
ဘုရားလက်ထက်တုန်းက  သာဝတ္ထိမြို့မှာ  ဇနီးမောင်နှံနှစ်ဦး  ရှိခဲ့ဘူးတယ် မြန်မာလို
တော့  ကိုလုံးနဲ့ မပြုံးလို့ ခေါ်ရမှာပေါ့ ။ သဒ္ဓါတရား  အင်မတန်ကောင်းကြပါတယ် ၊
ဗုဒ္ဓသာသနာနဲ့  ကောင်းကောင်းကြီး  တွေ့ဆုံခွင့်  ရကြတော့ ( လမ်းကြောင်းလေး
တွေ့ခိုက်တော့) ကောင်းတဲ့လမ်းပဲ  လိုက်တော့မယ် ၊ အစွမ်းကုန်ကုသိုလ်ပဲ  အား
ထုတ်မယ်လို့   ဆုံးဖြတ်ပြီးတော့  ဇနီးမောင်နှံ(၂)ယောက်  နေ့ တိုင်း  ပုံမှန်ဝတ်ထား
ပြီး  ဆွမ်းတွေလောင်းလှူ  ၊ အလှူ ဒါနတွေ  နေ့ စဉ်လုပ် ၊* မိသားစုအချ င်းချ င်း ကျွေ
တာတောင်  အလှူ ပွဲကြီးတွေ  ဖြစ်အောင် ၊စစ်မှန်တဲ့  သဒ္ဓါ  ပညာ  မေတ္တာတွေနဲ့
ကြိုးစားအားထုတ်ကြတယ်  ။
         သီလကိုလည်း  လုံအောင်စောင့်ထိန်းလို့  ဥပုသ်နေ့ အခါမှာ  ဥပုသ်တွေလဲ
စောင့်သုံးလို့  နေ့ စဉ်မေတ္တာတွေပွား  တရားစွမ်းအားတွေ  ယူလို့   ပျော်ရွှင်ချ မ်းမြေ့ စွာ  နေထိုင်ကြတယ်။ * ဒို့ လောက်  အရတော်တဲ့သူ  ရှိသေးလို့ လားဟယ် * ဒီလို
တောင်  စိတ်ထဲမှာ  အားတက်ကြတယ်  အားရကြတယ်ဗျ ။ ဗုဒ္ဓ ဓမ္မ သံဃ ဆိုတဲ့
ရတနာသုံးပါးနဲ့  တွေ့တဲ့  ပုဂ္ဂို လ်ဆိုတာ  လောကမှာ  ဘာရှိတာနဲ့မှ  မတူဘူးလေ ၊
ပိုက်ဆံရှိတဲ့လူ  ပျော်တာနဲ့လဲ  ယှဉ်လို့ မရပါဘူး ၊ ပစ္စည်းပေါတဲ့  ပုဂ္ဂို လ်တွေပျော်
တဲ့  အပျော်နဲ့လဲ  ယှဉ်လို့ မရပါဘူး ၊ ဘာပေါတာနဲ့လဲ  ယှဉ်လို့ မရပါဘူး။
         ဗုဒ္ဓ  ဓမ္မ  သံဃ ဆိုတဲ့  ရတနာသုံးပါးနဲ့  တွေ့တဲ့ပုဂ္ဂို လ်သာ  တရားပေါမှာ
ပေါ့ ၊ အတက်လမ်းကို  လိုက်နိုင်မှာပေါ့ ၊ အဲဒါနဲ့ * သဒ္ဓါတရား  ကောင်းမွန်စွာနဲ့
ဉာဏ်ပညာပါ  တွဲ၍  ကြီးမားတဲ့  မေတ္တာစေတနာတွေနဲ့  ကုသိုလ်ကောင်းမှုတွေကို
ပျော်ပျော်ကြီး  အားထုတ်ပြု လုပ်နေကြတယ် ။ တစ်အိမ်လုံးလဲ  စိတ်ချ မ်းသာလို့ 
ပျော်လို့   ရပ်ကွက်ထဲမှာဆိုလဲ  ကိုလုံးတို့   မပြုံးတို့ ပါမှ  ကိစ္စပြီးတယ်၊ ကုသိုလ်
ရေးကိစ္စတွေမှာ  နေရာတိုင်းသူတို့ က  မျက်နှာပန်းလှလို့ ။ သဒ္ဓါတရား  မေတ္တာတ
ရား  အားကြီးတော့  ဟိုနား  ဒီနားဆိုလဲ  ကိုလုံးတို့   မပြုံးတို့ ပါမှ  ဘယ်နေရာမဆို
သူတို့ က  ကုသိုလ်တရားကို  ထက်ထက်သန်သန်  ပြု လုပ်အားထုတ်ကြတယ်၊အ
တက်လမ်းကို  ရဲရဲကြီး  လိုက်နေကြတဲ့  ဇနီးမောင်နှံ  နှစ်ယောက်ပါ။
အချိန်ကို  မဖြုံးဘူး
***************
တနေ့သောအခါ မှာ  သူတို့ အိမ်ရှေ့  ဆရာတော်တစ်ပါး  ဆွမ်းခံကြွလာတယ် ၊ ဆရာတော်ဘွဲ့အမည်က  ဦးတိဿ     တဲ့ ။ ဆရာတော်ဦးတိဿ       သူတို့ အိမ်ရှေ့
အိနြေ္ဒသိက္ခာ  တည်ငြိမ်ရင့်ကျ က်စွာနဲ့  လမ်းသွားတာတောင်မှ  အမှတ်တမဲ့မသွား
ဘယ်လှမ်းတယ်  ညာလှမ်းတယ် ၊ ဘယ်လှမ်းတယ်  ညာလှမ်းတယ် ၊နဲ့  အချိန်ကို
မဖြု န်းဘူး ။  သာသနာတွင်း  လူဖြစ်တဲ့ပုဂ္ဂို လ်ဟာ * ဖြု န်းရမယ့်  အချိန်  လုံးဝမပါ
ဘူးလေ ၊ အဝိဇ္ဇာ နဲ့ တဏှာ ဝင်ရှုပ်လို့ သာ  ဖြု န်းမိကြတာကိုးဗျ * သတိပညာ အား
ကောင်းတဲ့ ပုဂ္ဂို လ်တွေ  ဖြု န်းရမယ့်အချိန်လုံးဝမပါ ။
          စားချိန်လဲ  စားချိန်မို့ သုံးရမှာပဲ ၊ ချ က်ပြု တ်ချိန်လဲ  ချ က်ပြုတ်ချ န်မို့  သုံးရ
မှာပဲ ၊ ရောင်းဝယ်ချိန်လဲ  ရောင်းဝယ်ချိန်မို့  သုံးရမှာပဲ ။ ဘယ်အချိန်မှ  ဖြု န်းပစ်ရ
မယ့်  အချိန်ကမပါဘူး၊ * တရားသဘော  နားလည်သူ  တစ်ယောက်အနေနဲ့
အချိန်ဘယ်ဖြု န်းရက်တော့မလဲ၊* ဒါကြောင့်  ဆရာတော်ဦးတိဿ       လမ်းသွားတာ
တောင်မှ  အမှတ်တမဲ့မသွား ၊ ဘယ်လှမ်းတယ်  ညာလှမ်းတယ်နဲ့  တရားမှတ်လေး
နဲ့ကြွ  အိနြေ္ဒသိက္ခာကြီးစွာနဲ့ကြွ  မေတ္တာတွေ  လွမ်းခြုံ လို့ လဲကြွ *။
        ကိုလုံးတို့   မပြုံးတို့   အိမ်ရှေ့ကိုကြွ  ဆွမ်းရပ်တော်မူတော့  ဇနီးမောင်နှံ(၂)
ယောက်စလုံးမှာ  သဒ္ဓါတရား  တကယ်ကောင်းတာကိုး  (၂)ယောက်စလုံး  အတူ
တူပဲ  ပြေးလာ * အရှင်ဘုရား-အရှင်ဘုရား ၊ ကြွပါဦးဘုရား  ကြွပါဦးဘုရား* ဆွမ်း
များလောင်းလှူ ၊ ဝမ်းသာအားရ  လောင်းလှူ  ၊ နောက်နေ့ လဲ  ဒီလိုပဲကြွလာ ၊ဇနီး
မောင်နှံ(၂)ယောက်  ပျော်ပျော်ရွှင်ရွှင်လောင်းလှူ    အဲဒါနဲ့  ရက်ကလေးအတော်
ကြာလာတော့  သဒ္ဓါတရားတွေ  တဖွားဖွားဖြစ်လာတယ်။
        {  သြော်--အရှင်မြတ်တွေ  အချိန်မဖြု န်းကြဘူးနော်  မိမိခန္ဓာကိုယ်ကြီးကို
အဖိုးတန်အောင်  သုံးပြီးတော့မှ  တရားထဲမှာ  နှစ်မြှု ပ်ထားကြတာပဲ၊ ရသမျှအချိန်
ဟာ  တရားအတွက်ချ ည်းပါလား ၊ သာသနာအတွက်  ချ ည်းပါလား။}*
        *  သဒ္ဓါတရားတွေ  ပိုပြီးတော့တိုး ၊ မေတ္တာတရားတွေ  ပိုပြီးတော့အားကြီး
အသိပညာတွေ  ပိုပြီးတော့အားကောင်းလာတော့  ဆွမ်းလောင်းလှူ ပြီးရင် (၂)
ယောက်စလုံး  လျှောက်ကြတယ် *။
သဒ္ဓါ  ပညာ  မေတ္တာပေါလို့ 
**********************
*(  ဆရာတော်ဘုရား  မနက်ဖြန်ကစပြီး  တပည့်တော်  တပည့်တော်မတို့ အိမ်ကို
ဆွမ်းဘုန်းပေး  ကြွပါဘုရား ၊ ရာသက်ပန်ပါ ဘုရား ၊ ဘယ်အိမ်ကိုမှ  ဆွမ်းခံကြွဖို့ 
မလိုတော့ပါဘုရား ၊ တပည့်တော်  တပည့်တော်မတို့  အိမ်တစ်အိမ်ထဲကို  ကြွရုံ
လေးပါဘုရား ၊ ဆရာတော်ဘုရား  တစ်ပါးတည်းကို  တပည့်တော်တို့ အိမ်ကအကုန်
တာဝန်ယူနိုင်ပါတယ်ဘုရား၊ ဆွမ်းဘုဉ်းပေးချိန်ကျ ရင်  ကြွလာရုံလေးပါ  နေ့တိုင်းပုံ
မှန်  ကြွတော်မူပါဘုရား။)*
      သဒ္ဓါ  ပညာ  မေတ္တာတွေက (၂)ယောက်လုံး  ကောင်းနေကြတော့  ဒို့ နှစ်
ယောက်စလုံး  အတက်လမ်းကို  လိုက်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့  ဇနီးမောင်နှံ
(၂)ယောက်  စိတ်တူဆန္ဒတူ  ဆရာတော်ကို  ဝိုင်းလျှောက်ကြလို့   ဆရာတော်က
လက်ခံလိုက်ပါတယ်။ နောက်နေ့ကစပြီး  ဆရာတော်ဦးတိဿ       ကိုလုံးတို့ မပြုံးတို့ 
အိမ်  ဆွမ်းဘုဉ်းပေးရမယ့်  အချိန်ရောက်တော့  ကြွပြီး  ဆွမ်းဘုဉ်းပေးရုံလေးရယ်။
ဘယ်အိမ်မှ  ကြွစရာမလိုတော့ဘူး ။ ပစ္စည်းပေါလို့   မဟုတ်ဘူးလေ၊ သဒ္ဓါ  ပညာ
မေတ္တာပေါလို့  သာသနာပေါ်မှာ  အကြွင်းမဲ့  သက်ဝင်ယုံကြည်လို့ ။
          တရားစွမ်းအား  ဘယ်လောက်  အားကိုးရတယ်ဆိုတာ  သိမြင်နေကြလို့ 
ကိုယ်ရှိတဲ့  ပစ္စည်းလေး  ထုတ်ပြီးတော့  လဲလှယ်ကြတာပါ ၊* ဒို့ ကိုလမ်းကြောင်း
ဖေါ်ပေးတဲ့  သာသနာတော်ကြီးကိုလဲ  တတ်နိုင်တဲ့ဘက်က  ချီးမြှောက်စောင့်
ရှောက်ရမှာပဲ  ဆိုတဲ့(  တာဝန်ကိုသိတဲ့ ) အသိစိတ်လေးပါကြတယ်။
           အလှူ ခံပုဂ္ဂို လ်ဆိုတာ
            ***************
{  သူများပစ္စည်း  အလှူ ခံတဲ့  ပုဂ္ဂို လ်ဆိုတာ  လှူ သူအကျိုးရှိအောင်  ကြိုးစားရပါ
တယ် ၊ ဆရာတော်ဦးတိဿ     လဲ  သူကိုနေ့ စဉ်  လှူ ဒါန်းနေသူများ  အကျိုးရှိအောင်
ငါကျိုးစားမှ  ဖြစ်မယ်ဆိုတဲ့  စိတ်ကိုတင်းပြီးတော့  ကိုလုံးတို့   မပြုံးတို့ လဲ  အကျိုး
ရှိအောင်  သာသနာလဲ  ချီးမြှောက်ရာရောက်အောင်  ငါလဲပဲ  ဘဝကောင်း  ရကျိုး
နပ်အောင် * အတက်လမ်းကို  လမ်းဆုံးထိ  လိုက်တော့မယ်ဟဲ့လို့ * အဆင်းနဲ့အ
တက်  လမ်းနှစ်ဖက်မှာ  ဆရာတော်ဦးတိဿ     ကတော့  ပန်းတိုင်အထိ  ဒီဘဝမှာ
တင်  အရောက်တက်မယ်  ဆုံးဖြတ်ပြီးတော့  ပစ္စည်းလေးပါး  ပြည့်စုံစွာရနေခိုက်
သပ္ပါယပြည့်စုံမျှတနေခိုက်မှာ  ငါကြိုးစားမှ  ဖြစ်မယ်လို့   ဆုံးဖြတ်တယ် }
*(  ကျောင်းရောက်ရင်  အလကားမနေဘူး  အိမ်ကနေ ကျောင်းပြန်ရင်  ဘယ်လှမ်း
တယ်  ညာလှမ်းတယ်  ကစပြီး  အကုန်လုံးမှတ်  ကျောင်းရောက်တော့လဲ  အချိန်
တွေယူ  အိပ်ချိန်လျှော့  ကိလေသာနဲ့  အချိန်ဖြု န်းဖို့  အစွမ်းကုန်လျှော့ ၊ နေ့ တိုင်း
အတက်လမ်းကို  လိုက်လိုက်တော့  သဒ္ဓါတရားကလဲ ကောင်း  သတိကလဲ  အား
ကောင်း  ဝီရိယစိတ်ကလဲ  အစွမ်းကုန်တင်ထား  အသိဉာဏ်  ပညာမျ က်လုံးကို အ
စွမ်းကုန်  ဖွင့်ပြီးတော့  ကြိုးစားအားထုတ်လိုက်တာ  မကြာခင်  ရဟန္တာဖြစ်သွား
တယ်)* သြော်--ကိုလုံးတို့   မပြုံးတို့  ဆွမ်းလှူ ရကျိုး  နပ်ကြတာပေါ့ လေ။ ဆရာ
တော်  ဦးတိဿ      လဲပဲ  ဆုံးဖြတ်ချ က်ရှိတဲ့အတိုင်း  ပန်းတိုင်ရောက်သွားတော့  ရဟန်းပြု ရကျိုး  သာသနာနဲ့တွေ့ရကျိုး  နပ်တာပေါ့ ။
       အလှူ ဒကာ  အလှူ အစ်မတွေအနေနဲ့  ဝမ်းသာစရာပေါ့   ဆရာတော်ဦးတိဿ
အနေနဲ့လဲ  ဂုဏ်ယူစရာပေါ့ ။
အရတော်လိုက်တာ
****************
ရဟန္တာ ဖြစ်သွားတဲ့  ဆရာတော်ဦးတိဿ     လဲ  ကိုလုံး မပြုံးတို့ အိမ်  ဆက်ပြီးတော့  အ
ချိန်တန်ကြွ  ဆွမ်းဘုန်းပေး  အလှူ ခံနေလိုက်တာ  (၁၂)နှစ်တောင်  ကြာသွားပါ
တယ်တဲ့ ။ ကိုလုံးတို့   မပြုံးတို့ ကလဲ  ဆရာတော်ဦးတိဿ     ကို  ဖခင်အရင်းလိုပဲ ချ စ်
မြတ်နိုးတာလဲပါတယ် ၊ သံဃာတော်အရှင်မြတ်လို  လေးစားတယ်ဆိုတာလဲပါတယ်
ဆရာတော်ဘုရား  တပည့်တော်  တပည့်တော်မ  တို့ ကိုသားအရင်း  သမီးအရင်း
လို  သဘောထားပြီး  ဆုံးမတော်မူပါဘုရား ၊ မတော်တာတွေ့လဲ  သွန်သင်တော်မူ
ပါ  တားမြစ်တော်မူပါ  လမ်းမှန်ရောက်အောင်လဲ  ညွှန်ကြားတော်မူပါဘုရား။
           နေ့တိုင်းဆရာတော်ကို  ဆုံးမဖို့  လမ်းညွှန်ဖို့  လျှောက်ကြ *{ ဆရာတော်
ဦးတိဿ     ကလဲ  အခွင့်သင့်ရင်  သင့်သလို  ဘဝနေနည်းတွေ  ဘဝအသုံးချ နည်း
တွေ  အချိန်ကိုမဖြု န်းဘဲနဲ့  ဘဝကိုအဖိုးတန်အောင်  သုံးနည်းတွေ အဆင်းလမ်းကို
မပါဘဲ  အတက်လမ်းကိုပါအောင်  သွားပုံလေးတွေ  အခါအားလျှော်စွာ  တရားစ
ကားတွေပြောပြီး  လမ်းညွှန်ပေးတော်မူတယ် }* အဲဒါနဲ့(၁၂)နှစ်တောင်  ကြာသွား
တယ်  ကိုလုံးတို့   မပြုံးတို့ ကလဲ *{ ဒို့ များအရတော်လိုက်တာ  ဖခင်အရင်းပမာ
မေတ္တာ ကရုဏာအားကြီးတော်မူတဲ့  ဆရာတော်နဲ့  တွေ့ရပေတယ် ၊ တရားလမ်း
ကောင်း  လမ်းမှန်တွေ  ညွှန်ပြပေးတော်မူတဲ့  ဆရာသမားကောင်းကြီးနဲ့  တွေ့ရတာ
ဒို့ များအရတော်လိုက်တာ }* ဆိုပြီး  ဝမ်းသာဂုဏ်ယူမဆုံးကြပါဘူး။
           လောကရတနာ
           ***********
(၁၂)နှစ် ပြည့်ပြီးတဲ့နောက်  တစ်နေ့သောအခါ  ရောက်တော့  ဆရာတော်ဦးတိဿ
က  မနက်ပိုင်း  ဆွမ်းဘုဉ်းပေး  ရမယ့်အချိ န်ရောက်တော့  အိမ်ကိုကြွလာ  ခင်းထား
တဲ့နေရာမှာ  သီတင်းသုံးနေပါပြီ ။ မပြုံးက  ဆွမ်းကပ်ဖို့   စီမံတုန်း  ကိုလုံးကဆရာ
တော်ဦးတိဿ     နဲ့  မလှမ်းမကမ်းမှာ  စင်းတီတုံးပေါ်  အမဲသားတွေ  စင်းခုတ်လို့ နေ
ပါတယ်၊  အဲဒီအချိန်မှာ  သာဝတ္တိပြည့်ရှင်  ပသေနဒီကောသလမင်းကြီးက  ကိုလုံး
တစ်ယောက်  ပတ္တမြားသွေးတတ်တယ်  ထွင်းတတ်  ဖောက်တတ်တဲ့  အရာမှာ
ကျွ မ်းကျ င်တယ်ဆိုတာ  သိထားတာဖြစ်လို့  ပတ္တမြားတစ်လုံးကို  ထွင်းဖို့  ဖောက်ဖို့ သွေးဖို့  မင်းချ င်းယောက်ျား  တစ်ယောက်ကို  လွှတ်လိုက်ပါတယ်။
           ဒီပတ္တမြားကို  မောင်လုံးထံ  ခပ်မြန်မြန်ပြေးပြီး  သွားပေးစမ်း ၊ ဟောဒီလို
ဟောဒီလို  သွေးပါလို့  ပြောနော် ၊ ဟောဒီနေရာက  ဒီလို ဒီလို  ဖောက်ပါလို့လဲ
ပြောချေ ။)(  မှန်ပါ  ဘုရင်မင်းတရား  အမိန့် တော်အတိုင်းပါ) မင်းချ င်းယောက်ျား
က  ပတ္တမြားလုံးယူ  ကိုလုံးတို့ မပြုံးတို့ အိမ်  ခပ်သုတ်သုတ်  ပြေးတော့တာပဲ ၊
ရောက်ပြီ ၊ ကိုလုံးတစ်ယောက်  အလုပ်တွေရှုပ်လို့  အမဲသားတွေ  စင်းခုတ်နေတယ်
မင်းချ င်းယောက်ျားက  လက်ထဲမှာပါလာတဲ့  ပတ္တမြားကို  ကိုလုံးရဲ့လက်ထဲ  အပ်
တယ် ( ဒီမှာကိုလုံးခင်ဗျား  ဘုရင်မင်းတရားကြီးက  အမိန့် တော်ရှိလိုက်ပါတယ် ၊
ဟောဒီပတ္တမြားလုံးကို  ဟောဒီလို  ဟောဒီလို  သွေးပါတဲ့ ၊ ဒီနေရာက  ဟောဒီလို
ဟောဒီလို  ဖောက်ပါတဲ့ ၊  ဘယ်နှစ်ရက်အတွင်း  ပြီးအောင်လဲ  လုပ်ပါတဲ့ခင်ဗျာ) ဆိုပြီးပြောတော့  ကိုလုံးကလဲ  အမဲသား  စင်းနေတုန်းဆိုတော့  လက်ဆေးဖို့ သတိ
မရဘူး  သွေးစွန်းနေတဲ့လက်နဲ့  ပတ္တမြားလုံးကို  လှမ်းယူထားလိုက်တယ်  မင်းချ င်း
ယောက်ျားကလဲ  နန်းတော်ကို  ပြန်သွားပြီ  ကိုလုံးလက်ထဲမှာ  ပတ္တမြားရောက်နေ
ပြီ ၊ * ပတ္တမြားဆိုတာ  လောကရဲ့  ရတနာလို့  ပြောကြတယ် ၊ သို့ သော်ကိုလုံးအ
တွက်တော့  ရတနာဖြစ်ချ င်မှ  ဖြစ်လိမ့်မယ် ၊ သွေးစွန်းနေတဲ့  လက်နဲ့  ပတ္တမြားကိုင်
ကတည်းက  ရတာနာဖြစ်လိမ့်မယ်နဲ့  တူတယ်။
အသိကို  ထိန်းတာသတိ
*******************
*  သတိမပါ  သိစရာ  ရှိတာမပြည့်ဝ  သတိတွဲကာ  အသိပါ  ရှိတာအပြည့်ရ ။
အသိတရားကို  ထိန်းထားတာက  သတိဗျ ၊ သတိလွတ်သွားရင်  အသိပြတ်သွား
တယ် ၊ အသိဟာ  မှောင်သွားတယ်။ ကိုလုံးကို  ကြည့်ပါဦး  သွေးစွန်းတဲ့  လက်နဲ့
ပတ္တမြားလုံးကို  ယူထားလိုက်တယ်  ပြီးတော့မှ  ကြု တ်ကလေး  အုပ်ကလေးတစ်ခု
ပေါ်တင်ထားလိုက်တယ်။ ပြီးတော့မှ  လက်ဆေးဖို့  ရေရှိတဲ့နေရာကို  ထသွားတယ်
ဟောဒီနေရာမှာ  သတိလွတ်သွား  ဆေးရမှာက  လက်ဆေးရမှာ  မဟုတ်ဘဲ
ပတ္တမြားလုံးမှာ  သွေးစွန်းနေပါပြီကော  ပတ္တမြားလုံးပါဆေးရမှာကို  သတိလွတ်သွား
တယ် ၊ အဲဒီအချိန်မှာ  သူတို့ အိမ်မှာ  မွေးထားတဲ့  ကြိုးကြာငှက်ကလဲ  ကြာလှပြီ
တဲ့ဗျာ ၊ ရင်းနှီးယဉ်ပါးပြီး( သားရင်းလို)နေတာ ၊ ကိုလုံး  အမဲသားစင်းတဲ့နားမှာ ကြိုး
ကြာငှက်က  ရောက်နေတယ်၊  ကြု တ်ကလေးပေါ်  တင်ထားတဲ့ (သွေးစွန်းနေတဲ့)
ပတ္တမြားလုံးကလဲ  သွေးတွေပေကျံနေတော့  ပတ္တမြားလို့   မထင်ရ ၊ အသားလုံးလို့ ရ ။ အသားလုံးလို့   ထင်တော့  ကြိုးကြာငှက်က  သွေးနံ့နဲ့  အသားတုံးမှတ်ပြီး ပတ္တ
မြားလုံးကို  ကပြာကရာမျို   ချ လိုက်ပါရော  ဆရာတော်ဦးတိဿ       မြင်လိုက်တယ်ဗျ
*(  မြင်ပေမယ့်  ရဟန္တာများဟာ  ကိုယ်တာအသေခံမှာ  ပြောမှာမဟုတ်ဘူး)*
                 ရတာနာ
                 *******
လက်ဆေးပြီးလို့   ကိုလုံးက  ပတ္တမြားလုံးရှိတဲ့နေရာ  ပြန်လာခဲ့ပြီ ၊ သို့ သော်ပတ္တမြာ
လုံးမရှိတော့ဘူး ၊ ပတ္တမြားရတနာကြောင့်  ကိုလုံးတို့ မိသားစု  ရတာနာ  ဖြစ်ကုန်
တော့မယ် ၊ ပတ္တမြား  ဝင်မလာရင်ရှင်းနေသား ၊ ပတ္တမြားဝင်လာတာ သူတို့ အနှောင့်
အယှက်  အန္တရာယ်ဖြစ်ဖို့ နဲ့  တူတယ်၊  ရတနာဖြစ်ဖို့ တော့  ဟုတ်ပုံမပေါ်ဘူး ၊
(   ရတာနာ )တွေ  ဖြစ်ကုန်တော့မယ်။ ပတ္တမြားလုံး  လာကြည့်တော့  မတွေ့ဘူး။
သူ့ ဇနီး  လှမ်းမေးရတယ် ( ဟဲ့---မပြုံး၊  ဒီကပတ္တမြား  မင်းယူလား)(ဟာ ကိုလုံးက
လဲ  ဘယ်လိုလုပ်  ကျွ န်မယူရမှာလဲ  ပတ္တမြားလုံးရှိမှန်း  ဘယ်လိုလုပ်သိရမှာလဲ)။
အဲဒါနဲ့  တစ်အိမ်လုံး  ဟိုလူမေး  ဒီလူမေး  ဘယ်သူမှမယူ ၊ ပတ္တမြားလုံး  ဘယ်နား
ရောက်တယ်ဆိုတာ  ဆရာတော်ဦးတိဿ     ပဲ  သိတယ်။ သို့ သော်  ပြောမှာမဟုတ်
ဘူး ။ သူပြောလိုက်ရင်  ကြိုးကြာငှက်ကို  ဟိုကသတ်မှာလေ *{  ရဟန္တာများဟာ
ကိုယ်တာအသေခံမယ်  ကိုယ်ကြောင့်  သူများသေအောင်  ဘယ်တော့မှ  မလုပ်
ဘူး}*။  ကိုလုံးရဲ့  ခေါင်းတွေ  ထူပူလာပြီဗျ ၊ *{  အသိလွတ်သွားတော့  ဉာဏ်တွေ
လဲ  မှောင်သွား ၊ ဉာဏ်တွေမှောင်သွားတော့  အသိစိတ်တွေက  ပူလေ  ထူလေ
ထူလေ  ပူလေ  ပူလေ  ထူလေ ။ စဉ်းစားဉာဏ်တွေ  အသိတွေ  ဘာမှမရှိတော့ဘူး
လမ်းပျောက်ကုန်ပြီ ၊ အဲဒါနဲ့  မပြုံးအနားကပ်ပြီးတော့  ပြောတယ်။
           (  ငါထင်တယ်ကွာ  ဆရာတော်ဦးတိဿ       ယူတယ်လို့  ထင်တယ်)( ကိုလုံးကလဲ  မပြောကောင်း  ပြောကောင်း ၊ ဆရာတော်ဦးတိဿ     က  ဒီပတ္တမြား
ယူပမလား၊ ဒီအိမ်မှာ  ဆွမ်းဘုဉ်းပေးနေတာ(၁၂)နှစ်တောင်ရှိပြီကော ၊ ဘယ်တုန်က
များ  အပြစ်အနာအဆာ  တွေ့ဖူးလဲ  မပြောကောင်းတာ  ကိုလုံးရယ်မပြောပါနဲ့)
(ဘုန်းကြီးလဲ  မယုံရဘူးကွ၊ စိတ်ချ ရတာ  မဟုတ်ဘူး၊ ငါ့အထင်တော့  ဒီနားမှာ ဒီ
ဘုန်းကြီးပဲရှိတာ  သူယူလိမ့်မယ်လို့  ငါ့စိတ်ထဲက  ထင်တယ် )( မပြောကောင်းတာ
ကိုလုံးရယ်  ဆရာတော်က  ဘာဖြစ်လို့ယူမလဲ ၊ ကိုလုံးအထားမှားတာများလား။)
(မမှားဘူး  ငါဒီနားမှာ ထားတာ) ။ အဲဒါနဲ့  စိတ်တွေမှာ  သတိတွေ  ပညာတွေ ကင်း
ပျောက်လာတော့   မှောင်ပြီး  ပူလောင်လာတယ်။ မပြုံးတားဆီးတာလဲမရ ၊ မမေးဖို
ပြောလဲမရ။ ( မမေးလို့  မဖြစ်ဘူး ၊ ငါ့ ပတ္တမြားဆိုရင်  ကိစ္စမရှိဘူး ၊ ဒီပတ္တမြားက
ရှင်ဘုရင်ပစ္စည်း  ပတ္တမြားပျောက်ရင်  ငါအသတ်ခံရမှာ) အဲဒါနဲ့  သွားမေးတယ် ၊
(  အရှင်ဘုရား  ဒီနားက  ပတ္တမြားအရှင်ဘုရား  ယူသလားဘုရား)
                တရားရတနာ  ရှိတယ်
                 ****************
(မောင်လုံး  ဘုန်းကြီးက  ပတ္တမြားဘာလုပ်မှာတုန်း  မယူပါဘူး)( ယူရင်ပေးပါ  ရှင်
ဘုရင်ပစ္စည်း  တပည့်တော်ပစ္စည်း  မဟုတ်ဘူးဘုရား)( မောင်လုံး  ငါမယူဘူး ပတ္တ
မြားကို  ဘုန်းကြီးက  ဘာလုပ်ရမှာတုန်း  ဘုန်းကြီးမှာ  သီလ  သမာဓိ  ဝိပဿ     နာ
ပညာ  တရားရတနာတွေ  အကုန်ရှိတယ် ၊ အပြင်ဘက်က  လောကရတနာနဲ့  ဘုန်
ကြီးက  အလှမဆင်ပါဘူး ၊ ဘုန်းကြီးမှာ  အဇ္ဇတ္တရတနာ  အင်အားတွေ  အကုန်ရှိ
တယ် ၊ ပတ္တမြားဟာ  ဘုန်းကြီးအတွက်  ဘာမှအသုံးမကျလို့  မယူပါဘူး)
(  မဟုတ်ဘူးနော်  ဒီနားမှာ  ကိုယ်တော်ပဲ  ရှိတာနော်)  အရှင်ဘုရားကနေ  ကိုယ်
တော်ဖြစ်ပြီ ။( ဘယ်သူမှ  ဒီနားမရှိဘူး ၊ ကိုယ်တော်ယူတာပဲ  ဖြစ်မယ် ၊ ပေးပါ )
ဆိုပြီး  ပေးပါလို့  တပေးပေးလုပ်နေတော့--( ရှိရင်ပေးမှာပေါ့  ယူရင်ပေးမှာပေါ့  ငါမ
ယူပါဘူး) လို့ ဘယ်လိုမှ  ပြောမရ  သတိ  ပညာတွေ  ကင်းပျောက်နေပြီ ၊ကိုလုံး
တစ်ယောက်  သတိလွတ်နေပြီ ၊ စောစောက  သဒ္ဓါတရားကောင်းလိုက်တာ  သတိ
ပညာကောင်းလိုက်တာ  အတက်လမ်းကို  လိုက်တော့မယ်  အားခဲနေတဲ့  ကိုလုံး
တစ်ယောက်  အဆင်းသွားဖို့   ခြေလှမ်းနေပြီ ၊ စိတ်တွေပူထူနေပြီ ။ ကိုယ်တော်ပေး
မှာလား ၊ မပေးဘူးလား  တစ်ခွန်းထဲပြော (ငါ မယူဘဲ)( အို--သိရမှာပေါ့ ) အဲသလို
ဆိုပြီး  ကပြာကရာ  ကျွဲ တွေ  နွားတွေ ချ ည်တဲ့  ကြိုးကြီးသွားယူ ၊ ကျွဲ တွေ နွား
တွေရိုက်တဲ့  တုတ်ကြီးသွားယူ *(  စိတ်တွေနော်  အရမ်းကြောက်ဖို့ ကောင်းတယ်
သဒ္ဓါတွေ  ပညာတွေ  သတိတွေ  လွတ်သွားပြန်တော့ ပုထုဇဉ်စိတ်များ  သိပ်ပြီး
တော့ကြောက်ဖို့   ကောင်းတယ်)*။
         ကြိုးကြီးယူလာခဲ့   ဆရာတော်ဦးတိဿ      ကိုချ ည်တုတ်ပြီဗျ ၊ တိုင်မှာချီ ပြီး
ကျွဲ  နွား ရိုက်တဲ့  တုတ်ကြီးနဲ့  ရိုက်ပြီ ၊ ခေါင်း နားရွက်  ပါးစပ်  မျက်နှာ ခန္ဓာအနှံ့
အပြား  ရိုက်ပေမယ့်  ဟိုကရဟန္တာဆိုတော့  အော်လဲမအော်ပါဘူး  ကိုယ်ဝေဒနာ
ကိုယ်ရှုမှတ်ပြီးတော့  နေတာပါပဲ။ *{ ရဟန္တာများဟာ  ခန္ဓာနှိပ်စက်တာ  မခံဘူး ၊
ခန္ဓာကို  အသုံးချ တဲ့အပိုင်းပဲ  လုပ်တယ် }* ရိုက်လိုက်တာ  နားထဲ  နှာခေါင်းထဲ  ပါးစပ်ထဲက  သွေးတွေထွက်  ခေါင်းကလဲ  ပေါက်ကွဲပြီး  သွေးတွေကျ  မျ က်လုံးတွေ
သွားတွေလဲ  ကြည့်မကောင်း  ရှုမကောင်း ။ မပြုံးကအတန်တန်  ငိုပြီးတောင်းပန်
တယ်မရ ၊ ဒါနဲ့  ရိုက်ဖန်များတော့  မူးပြီးခေါင်းငိုက်စိုက်  ကျ သွားတယ် ၊ သွေးတွေ
ကကတော့  ကြိုးကြာကတိရစ္ဆာန်ဆိုတော့  တိရ စ္ဆာန်လောက်ပဲ  သိတာပေါ့ ။
သွေးတွေကို  လာသောက်တယ်  ဆရာတော်ဦးတိဿ     ကို  စိတ်ဆိုးနေတဲ့  ကိုလုံး
က( နင်က  ဘာလုပ်တာလဲဟဲ့)ဆိုပြီး  ကြိုးကြာကို  စိတ်ဆိုး  တအားဆောင့်ကန်
ရိုက်ချ သတ်လိုက်တာ  ကြိုးကြာသေရောဗျ ။
သံသရာဝဋ်  ဆင်းရဲရဲ့အပြစ်
*********************
ကြိုးကြာသေသွားတော့  ခေါင်းငိုက်စိုက်မူးနေတဲ့  ဆရာတော်ဦးတိဿ     က *( မောင်
လုံး  ကြိုးလေးနည်းနည်း  လျှော့စမ်းကွယ်  ကြိုးကြာသေပြီလား  မသေသေးဘူး
လား  ကြည့်လိုက်စမ်းပါကွယ် )*( သေပြီကိုယ်တော်  ကိုယ်တော့်ကိုလဲ သေအောင်
အသေသတ်နေတာ  မဟုတ်လား)( ဟုတ်ပါဘူးကွယ်  မင်းအခု  ဒေါင်းတောက်
အောင်ရှာနေတဲ့  ပတ္တမြားလုံးက  ဟောဒီကြိုးကြာငှက်  မျို ချ သွားပြီ ၊ သူ့ ဗိုက်ထဲ
ရောက်နေတယ်  မယုံရင်  ခွဲကြည့်  မသေသေးရင်  ငါမပြောပါဘူး  သေပြီဆိုရင်
တော့  ငါပြောတယ် ၊ ကိုလုံးဟာ  သေသွားတဲ့  ကြိုးကြာငှက်ကို  ခွဲကြည့်လိုက်
တော့  တွေ့ပါပြီ  ပတ္တမြားလုံး ၊ အို--ဘာပြောကောင်းမလဲ  ခြေမကိုင်မိ  လက်မကိုင်
မိ  အငိုငို  အယိုယိုနဲ့။ ( ဆရာတော်ဘုရား  တပည့်တော် မှားပါပြီ  သည်းခံခွင့်လွှတ်
တော်မူပါ   တပည့်တော်  အမိုက်ကောင်ကြီးမှားပါပြီ )ဆိုပြီးတော့  တောင်းပန်ငိုယို
နဲ့   ဆရာတော်ဦးတိဿ     က *(  မောင်လုံး  ငါသည်းခံပါတယ်  ခွင့်လွှတ်ပါတယ်  ဒီ
ကိစ္စမှာ  ငါအပြစ်လဲမဟုတ်ဘူး  မင်းအပြစ်လဲမဟုတ်ဘူး ၊ တကယ်တော့  သံသရာ
ဝဋ်ဆင်းရဲရဲ့  အပြစ်ကြီးပါ { ပညာရှိများ  ပြောတတ်တယ်ဗျ })*( ဆရာတော်ဘုရား
ခွင့်လွှတ်တယ်ဆိုရင်  ခါတိုင်းလိုပဲ  ဘုရားတပည့်တော်တို့  အိမ်ကို  ဆွမ်းဘုဉ်းပေး
ကြွတော်မူပါဘုရား){ မောင်လုံးငါအခု  အိမ်ထဲဆွမ်းခံကြွလို့  ဒီကိစ္စတွေ  ပေါ်လာ
တာ  မဟုတ်လား ၊ ဒီနေ့ ကစပြီး  အိမ်ထဲမဝင်တော့ပါဘူး ၊ အိမ်အပြင်ကသာ  ဆွမ်း
ရပ်တော့မယ် ၊ ဆွမ်းခံကြွတော့မယ် ၊အိမ်ထဲဘယ်တော့မှ  မဝင်ပါဘူး} ပြောသာ
ပြောရ  ဒီဒဏ်ရာနဲ့ပဲ  ပရိနိဗ္ဗာန်  စံတော်မူရတယ်ဗျ ။
                ကိုလုံးတစ်ယောက်  ပြောတုန်းက  အတက်လမ်းလိုက်မယ်တဲ့ ၊ အခု
တော့  မထိန်းနိုင်  မသိမ်းနိုင်  စိတ်တွေ  ကယောင်ချောက်  ခြားတွေဖြစ်လို့   အလွဲ
တွေ  အမှားတွေလုပ်မိတော့  သူ့ ခမြာ  ကွယ်လွန်သွားတဲ့အခါ  ငရဲကိုရောက်သွား
ရှာတယ်ဗျ ၊(  အပေါ်ကိုမတက်တော့ဘူး ၊ အောက်ဆင်းသွားတယ်) ကြိုးကြာငှက်
ကတော့  ရိုက်သတ်ခံရတာတောင်မှ  စိတ်မဆိုးရှာဘဲ  ချ စ်ခင်တဲ့စိတ်နဲ့  သေသွား
တာဖြစ်တာကြောင့်  မပြုံးရဲ့ ဝမ်းထဲမှာ  လူကလေးဖြစ်တယ်တဲ့ ။( သူကတော့ တက်သွားတယ်ဗျ ) မပြုံးတစ်ယောက်ကတော့ဖြင့်  ဘယ်သူတွေ  ဘယ်လိုသွား
ကြပေမယ့် *{  သတိ  ပညာ ကြီးစွာထားပြီး  အတက်လမ်းကို  လိုက်တော့မယ်လို့
ကြိုးစားအားထုတ်  သွားတဲ့အတွက်  စုသေပြတ်ကြွေ  ကွယ်လွန်သွားတော့  နတ်
ပြည်ကို  ရောက်တယ်တဲ့။  ဒါကြောင့်  ဆရာတော်ဦးတိဿ       ပရိနိဗ္ဗာန်စံသွားပြီ ၊ သံ
သရာလမ်း  ဆုံးသွားပြီ ၊ အပေါ်ကိုတက်မယ့်  ကိုလုံးတစ်ယောက်  လမ်းမှားပြီး  ငရဲ
ကိုရောက်နေရှာပြီ   အောက်တန်းရောက်တဲ့  တိရ စ္ဆာန်လေးက  လူဖြစ်တယ်၊  သဒ္ဓါ
တရားကောင်းတဲ့  မပြုံးကနတ်ပြည်ကို  တက်သွားတယ် (တစ်လမ်းစီပေါ့ )။
           ဒါကြောင့်  ကတပုညတံ--ပြု အပ်ပြီးသော  ကောင်းမှုရှိသည်၏အဖြစ်ကို
ကတပုညတံ--အဆင်းအတက်လမ်းနှစ်ဖက်ကြောင့်  မြင့်တက်ထူးဆန်း  ကောင်းမှု
စွမ်းကို  ပဏ္ဍိတာ--ဘုရားအစရှိသော  ပညာရှိ  သူတော်ကောင်းတို့ သည်  ပသံသန္တိ
ကောင်းစွာမသွေ  ချီးမွမ်းတော်မူကြလေကုန်သတည်း။
          *{ ဤသို့   အဆင်းအတက် လမ်းနှစ်ဖက်တရား  နာကြားကြရတဲ့  ဓမ္မသဝ
နာမင်္ဂလာနဲ့  ကောင်းမှုစွမ်းအား  မြတ်တရားတွေကြောင့်  ဘေးရန်အပူခပ်သိမ်း
လွတ်ငြိမ်းကြ၍  ကောင်းကျိုးချ မ်းသာ  မင်္ဂလာများကြီးပွားတိုးတက်  ပြည့်စုံကြပြီး
လျှ င်  သူတော်ကောင်းတရား  တိုးပွားအောင်  ကြိုးစားနိုင်လွယ်ကြပြီး  ဘေးရန်ခပ်
သိမ်း  လွတ်ငြိမ်းရာ  အသင်္ခတဓာတ်  နိဗ္ဗာန်ရွှေပြည်မြတ်ကို  လွယ်ကူသောအကျ င့်
လျှ င်မြန်သော  အသိဉာဏ်ဖြင့်  အရဟတ္တဖိုလ်ပေါက်  မျက်မှောက်ပြုလွယ်  ရလွယ်
နိုင်ကြပါစေကုန်သတည်း}*။
ကုသိုလ်  အမျှ  အမျှ  အမျှ
စာစီကုသိုလ်ပြု ပူဇော်ပါသည်။
ဒေါ်ညွန့် ပခုက္ကူ ။
No comments:
Post a Comment