Saturday, March 19, 2016

နာမည်မှာ အကောင်အထည် ထင်လို့ စွဲတော့တာဗျာ့။

###########

စဉ်းစားဖို့ ....။ တဦးတယောက်ကနေပြီးတော့မှ ကိုယ်လုပ်တဲ့ အလုပ်လေးတွေကို သန့်ရှင်းတယ် မသန့်ရှင်းတယ်.... စိစစ်သလိုနော်။

ကုသိုလ်နဲ့ အကုသိုလ် က သန့်ရှင်းတယ် မသန့်ရှင်းတယ်... စိစစ်သလို
ဒီဘက်က ... ဝိပဿနာ ဉာဏ်ဘက်ကလည်း ကိုယ်လေ့လာတဲ့ဟာတွေက ပညတ် ပရမတ်ကို စိစစ်ဖို့ မကောင်းလား။ စဉ်းစား။ ဉာတပရိညာလို့ မပါလား။
ပါတယ်ဗျ။

ဒါတော့... ပညတ် ပရမတ်ဆိုတော့....
#ခန္ဓာ ငါးပါးက ပရမတ်နော်။
ပုဂ္ဂိုလ် သတ္တဝါက ပညတ်ပေါ့။
#စိတ်စေတသိက်ရုပ် က ပရမတ်နော်။
လူနတ်ဗြဟ္မာ က ပညတ်ပေါ့။
#နာမ်ရုပ်က ပရမတ်နော်။
သုံးဆယ့်တစ်ဘုံက ပညတ်ပေါ့။
အဲလို စိစစ်ဖို့ မကောင်းလား။

ဒါကြောင့်
မရှိ ပညတ်က လူနတ်ဗြဟ္မာ သတ္တ၀ါ တဲ့။
မရှိ ပညတ်နော်။ လူနတ်ဗြဟ္မာ သတ္တဝါလို့ မဟောဘူးလား။
ဒါတော့ ဘယ်လိုတွေ စဉ်းစားရမှာလဲလို့ စိစစ်ဖို့ မကောင်းလား။လွယ်လွယ် လွယ်တဲ့နည်းပေါ့ကွယ်။

အိမ်ထောင်ရက်သားကျတဲ့အခါ သားတွေ သမီးတွေ မထွန်းကားဘူးလား။
ငါးယောက် ဆယ်ယောက်ပေါ့နော်။
သားသမီးတွေ ကို နာမည် မပေးလား။
အဲဒီ သားသမီး ဆယ်ယောက်က နာမည် ဆယ်မျိုးပေါ့။

မွေးကတည်းက ပါတာလား...မိဘနှစ်ပါးက ပေးတာလား။သြော်...ဒါ စဉ်းစားနော်။
မွေးကတည်းက ပါတာ မဟုတ်ဘူး။
မိဘနှစ်ပါးက ပေးတာကွဲ့။
ဒါတော့ အဲဒီ နာမပညတ်က အောင်စိန် တို့ အောင်ကျော်တို့ ကြာတော့ကာ စွဲပြီး လို့ နှုတ်ဖျားကနေ....။ နှုတ်ဖျားတွေမှာ မကတော့ဘူးနော် အသဲစွဲလာခဲ့တော့တာ။

အောင်ကျော်က ဘယ်လို အလုံးအပေါက်က ဘယ်လို သူက ဝတယ်။
အောင်စိန်က နည်းနည်း ပိန်တယ်။ ဒီလို မပြောဘူးလား။ ဝတာတွေ ပိန်တာတွေ သဏ္ဌာန် တွေ ပေါ်တော့တာဟေ့။

အောင်စိန်ဆိုတာ နာမပညတ်နော်။
အောင်စိန်ထင်လို့ ကိုင်စမ်းကြည့် တွေ့ပါမလား။
တွေ့တာက မာတာပဲတွေ့မှာပေါ့။
တနည်းအားဖြင့် ပူတာတွေ့မှာပေါ့။
တနည်းအားဖြင့် လှုပ်ရှားတာတွေ့မှာပေါ့။
အောင်စိန် တွေ့ပါမလား။

ဘာဖြစ်လို့ မတွေ့တာလဲ။
ဒါဖြင့် နှုတ်ဖျားမှာ ခေါ်ရုံပေါ့။
အဲဒါကြောင့်မို့ ပညတ်လို့ ခေါ်တာ။ ဒါ စဉ်းစားရတယ်နော်။

မခေါ်လည်း ရှိ ခေါ်လည်းရှိက စိစစ်ဖို့ မကောင်းလား။
နာမ်ရုပ်က ပရမတ်ပေါ့။ စိတ်စေတသိက်ရုပ် က ပရမတ်ပေါ့။ ခန္ဓာ ငါးပါးက ပရမတ် ။
အဲလို စိစစ်ဖို့ မကောင်းလား။ နာမပညတ်နော်။ အဲလိုလေ့လာဖို့ လိုတယ်ကွဲ့။

ထိထိမိမိ အဲဒီတရားကို သိဖို့ လိုတယ်။
ဉာတပရိညာ ပိုင်းခြား လို့ သိပါလို့ မဟောဘူးလား။
အဲလို ပိုင်းခြား တဲ့အခါ ကိုယ့်စိတ်ထဲမှာ သြော်...ကိုယ်ပေးတဲ့ နာမည်တွေကိုးလို့ ဉာဏ်ထဲမှာ ရှင်းသွားတော့တာနော်။
မွေးကတည်းက ပါတာ မဟုတ်ဘူး။ ပေါ့။
သို့...ဆို စွဲစရာလိုသေးရဲ့လား။

ကိုယ့်သားသမီးတွေကို ...သို့မို့
နာမည်မှာ အကောင်အထည် ထင်လို့် စွဲတော့တာဗျာ့။
အဲလိုဆို ကိုယ်ပေးတဲ့နာမည်လို့ အကွက်ပေါ်မလာဘူးလား။ စွဲစရာ လိုသေးရဲ့လား။
အဲ... ရှင်းသွားတာကွဲ့။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး
၁၁.၀၉.၂၀၀၁ နေ့ ၂နာရီ...တရားတော်မှ စာစီပူဇော်ပါသည်။

အရှင်တေဇနိယ မုံလယ်ဇ

No comments:

Post a Comment