Thursday, March 17, 2016

မိုးကုတ် နာမည် တပ်တိုင်းလည်း....

######################

မိုးကုတ် ဆရာတော်ဘုရားရဲ့ ခြေရာကို လိုက်တဲ့ ပုဂ္ဂိုလ်ကတော့ကာ...
အခုပြောသလိုပေါ့။
အနည်းဆုံး ခန္ဓာ မပုပ်မသိုးတဲ့ အပိုင်း ရောက်မယ်ကွဲ့။
သို့မဟုတ်လည်း ဓာတ်တော်ကျမယ်ကွဲ့။

ခြေရာ မမီရင်တော့ မကျသေးဘူးပေါ့။
သို့သော်လည်း မင်း ဘယ်သူ့သားလဲ ဆိုရင်တော့ ပြောရဦးမှာပေါ့။
မိုးကုတ်ဆရာတော် ရဲ့ တပည့်ပေါ့။
ဟုတ်တယ်မို့လား။ ဒါလည်း လိမ္မာတဲ့ဟာက ရှိသေးတာကိုး။မလိမ္မာတဲ့ဟာလည်း ရှိဦးမှာပါ့ကွဲ့။  စဉ်းစားဖို့ မကောင်းလား။
အဲသလိုလည်း လေ့လာဦး။

မိုးကုတ် နာမည် တပ်တိုင်းလည်း ဒါ... သူ့ခြေရာ မီမှနော်။ မမီ...မရသေးဘူး။
မိဘဆိုတော့ကာ သားသမီး လေးယောက် ငါးယောက်မွေး တူပါမလားဟေ့။ တူဘူးကွဲ့။
အဲလိုလည်း ရှိတယ်။ အဲဒါ နားလည်အောင် ဥပမာပေးတာ။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ
၁၁.၉.၂၀၀၁ နေ့ ၂နာရီ ။
ပဲခူးဆယ်မိုင်ကုန်း မုံလယ်တောရ ဓမ္မရိပ်သာ။

စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ

No comments:

Post a Comment