######################
မိမိက ဒါနကုသိုလ် သီလကုသိုလ် မပြုဘဲနဲ့ လူ့အဖြစ်ကို ရနိုင်ပါ့မလား။
မရနိုင်ဘူးကွဲ့။
လူဖြစ်ပြီးတော့ အကောင်အထည် တူငြားသော်လည်း ...
သီလနဲ့ ပြည့်စုံတဲ့လူ ၊
သီလ ကြောင်ကြောင်ကျားကျား နေတဲ့လူ ၊
သီလ မရှိတဲ့လူ...၊
ဒီလိုကျတော့ မခြားနားဘူးလား။
အမြင်ကတော့ တူတယ်နော်၊
ပခုံးနှစ်ဖက် ကြား ခေါင်းပေါက်တာ တူတယ်နော်။
သီလ ရှိတာနဲ့ မရှိတာ တူပါ့မလား။
သီလကုသိုလ် ကြောင့် ဘယ်ပုဂ္ဂိုလ်တွေ တရားဟောသလဲ။ဘယ်ဆီမှာ တရားစခန်းဖွင့်သလဲ။ အဲဒီ ကုသိုလ်ကြောင့် တရားနာ လာနိုင်တာကွဲ့။
တရားနာ မလာနိုင်တာတွေက အကုသိုလ် ဘက်ကို များတာကိုး။
အဲသလိုလည်း တွက်ကြဦး။
ပြန်စဉ်းစားဦးကွဲ့။
အဲဒါ တရားနာ သွားပျင်းတာ လာပျင်းတာတွေဟာ အကုသိုလ်လား ကုသိုလ်လား။
စဉ်းစား.... တရားဟောရတာလည်း အားတော့ နာတယ်ကွဲ့။
ဟုတ်တယ်.... အဲလို စိစစ်ကြည့်ကာ တရားနာချင်တဲ့ကိစ္စ ကုသိုလ်တွေများတာ။
မထင်ရှားလားဟေ့။ အဲဒီအခါမှ သီလဆိုတာပေါ်တာကိုးကွဲ့။
သီလအားနည်းတဲ့ ပုဂ္ဂိုလ်က သွားပျင်း လာပျင်းတယ်ကွဲ့။ အေး လေ့လာကြဦးကွဲ့။
တချို့က လှူတယ် တန်းတယ် ဘယ်ပုဂ္ဂိုလ်တွေ ပိုက်ဆံပေါတယ် ။
ပိုက်ဆံပေါတိုင်း လှူနိုင်လိမ့်မယ် မထင်နဲ့။
သူတို့ သဒ္ဓါတရား ရှိတဲ့ ပုဂ္ဂိုလ်မှ လှူနိုင်တာ။
သဒ္ဓါ ရှိတာနဲ့ မရှိတာလည်း ပိုင်းခြားဦး။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ
၁၁.၉.၂၀၀၁ နေ့ ၂နာရီ ။
ပဲခူးဆယ်မိုင်ကုန်း မုံလယ်တောရ ဓမ္မရိပ်သာ။
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ
No comments:
Post a Comment