Saturday, March 19, 2016

သန့်သန့်ရှင်းရှင်း လိုတယ်။

################

ကြားဖူးတော့ နားဝတာ။
နားဝတော့ စဉ်းစားတယ်နော်။

ကိုယ်လုပ်တဲ့အလုပ်တွေဟာ... ဘယ်လိုလဲ လို့ စိစစ်ဖို့ မကောင်းလား။

ဒီနေ့ စားရတဲ့ ထမင်း ဟင်းလျာသည် သန့်ရှင်းသလား မရှင်းဘူးလား...
စိစစ်ဖို့ မကောင်းလား။
သီလနဲ့ ပြည့်စုံတာလား မပြည့်စုံတာလား...
စိစစ်ဖို့ မကောင်းလား။
သီလနဲ့ပြည့်စုံရင် အင်မတန် သန့်ရှင်းတာပေါ့...။

အဲတော့ သန့်ရှင်းတဲ့ အစာအာဟာရ မှီဝဲတဲ့ ပုဂ္ဂိုလ်ဟာ...
အဲဒီကုသိုလ် ဓာတ်က ကျေးဇူးပြုတယ်။
ကုသိုလ်ဓာတ်က ကျေးဇူးပြုတဲ့အတွက် မသန့်ရှင်းတာ ဟူသရွေ့ လိုကို မလိုတာကွဲ့။
အဲလို လေ့လာဖို့မကောင်းလား။

အကုသိုလ် ဘက်ကလည်း... ကျေးဇူးပြုတယ်။
အကုသိုလ် လုပ်ရမှာနော် ။ အဲဒီအာဟာရက  အကုသိုလ် လုပ်ဖို့ကိုပဲ သူ့မှာ တိုက်တွန်းနေတော့တာ။

သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ လို့ မဟောဘူးလား။ အကုသိုလ် နဲ့ ရလာတဲ့ပစ္စည်း စားသုံးတဲ့ဟာ... အဲဒီဟာတွေက အကုသိုလ်ဘက်ကို တိုက်တွန်းတာ။

သီလနဲ့ ပြည့်စုံ... ကုသိုလ်ဘက်က ကုသိုလ်ဘက်ကိုပဲ တိုက်တွန်းတာ။ ယုံကြည်ဖို့ မကောင်းလား။ အဲဒီလို ယုံကြည်ဖို့လိုတယ်။
သန့်သန့်ရှင်းရှင်း လိုတယ်။
အဲဒီ ဝိပဿနာ ဉာဏ်ဆိုတာတွေဟာ သီလက ကျေးဇူးပြုတာတွေနော်။

ကိုယ်နေရာဌာနနဲ့ ပတ်သက်ပြီးတော့ ရောက်ရာအရပ် ဖြစ်လေရာ ဘဝမှာ စားဝတ်နေရေး ပြည့်စုံတာ ....ဒါနကုသိုလ်ပေါ့။
ဒါ... ယုံကြည်ဖို့ မကောင်းလား။
ကျန်းမာရေး ကောင်းတာ... သီလကုသိုလ် ပေါ့။
အဲလို စိစစ်ဖို့ လိုတယ်။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး
၁၁.၀၉.၂၀၀၁ နေ့ ၂နာရီ...တရားတော်မှ စာစီပူဇော်ပါသည်။

အရှင်တေဇနိယ မုံလယ်ဇ

No comments:

Post a Comment