Tuesday, February 23, 2016

ဥစ္စာရင်း မှန်တယ်။


#############

လောကကြီး ထဲမှာ ရှေးကနေပြီးတော့... ချောင်းထဲကို မြစ်ထဲ ကို ရေချိုးသွားတဲ့အခါ လက်စွပ်လေးကို  မေ့လိုက် လက်ပတ်နာရီလေး မေ့လိုက် ။

အိမ်ကိုရောက်မှ သတိရ...။
ဟေ့ မေ့ခဲ့ပြီဟေ့။ ချောင်းထဲ  ပြန် ပြီးတော့မှ အရှာ မသွားဘူးလား ။
နောက်တော့ တွေ့ခဲ့တာပေါ့နော် ။

အင်း ဥစ္စာရင်း မှန်သေးသကွာ လို့ မပြောလား ဟေ့။
ဒါ... #ကိုယ့်ပစ္စည်း မှန်လို့ပေါ့။

တဦးတယောက်ကနေ  ရငြားသော်လည်း..
ဘာတွေ ရတယ် ညာတွေရ တယ်လို့ မကြေငြာဘူးလား။
#ဥစ္စာရင်းမှန်တယ် လို့မပြောဘူးလား ။

တချို့ ပြန်ပြီးတော့ ပျောက်လို့ အရှာသွားတော့ မတွေ့ ဘူးပေါ့။
စူးစမ်းလို့လည်း မရဘူးပေါ့။

#ကိုယ်ကလည်း ဖြစ်တဲ့ဘဝက သန့်သန့်ရှင်းရှင်း မဖြစ်ခဲ့ဘဲကိုးကွဲ့။ ကြားလား ။

ဒါမို့ ...
#ကမ္မဿကတာ သမ္မာဒိဋ္ဌိ ---ကံ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်နော်။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး

တိပ်တရားတော်မှ ထုတ်နှုတ် စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။

အနှစ်သာရ မရှိဘူးနော်


################

ခန္ဓာ ၅ပါးကို ဘယ်လို သိရမှာလဲ....လို့ စိစစ်ဖို့ မကောင်းလား။
ရူပက္ခန္ဓာလို့ သိ အနိစ္စလို့သိ....

ရူပက္ခန္ဓာကို ဘယ်လို ဥပမာ ပေးသလဲ...
ချောင်းထဲ မြစ်ထဲမှာရှိတဲ့ ရေမြှုပ်ကြီး ကဲ့သို့လို့ ဥပမာပေး မဟောလား...

ရေမြှူပ်ကဲ့သို့ မြင်တဲ့ ပုဂ္ဂိုလ်က လိုချင်တဲ့ လောဘတွေ ဖြစ်သေးရဲ့လား...
ခံပြင်းတဲ့ ဒေါသကား ဖြစ်သေးရဲ့လား...

ဘယ်လောက်ပါ့ ကြီးကြီး လက်နဲ့ ကိုင်စမ်းကြည့်နော်
လက်ညိုးနဲ့ လက်မဘဲ ထိသွားမယ် ခုခံလို့ နေရဲ့လား...
အနှစ်သာရ မရှိဘူးနော်...အဲဒါသိဖို့ လိုတာ...

လေကတိုက် နှင်းလေးကကျ... နှာက စေးလာပြီ
အနှစ် ရှိလို့လား မရှိလို့လား...။
မခံပါတကားကွဲ့။
အခုနှာက စေးလာပြီ ။
တော်ကြာ ဆေးတိုက်ရ ပြန်ပြီ ။

တော်ကြာ ဟိုမှာ သွားတဲ့အခါ ဆူးက စူးပြန်ပြီကွဲ့
အနှစ်ရှိလို့လား မရှိလို့လား ....မရှိဘူးကွဲ့

ဘယ်က အောင့်တယ် ဘယ်ကနာတယ် မလာဘူးလား။
အနှစ်ရှိလို့လား မရှိလို့လား ။
အခုနေ့စဉ်နဲ့တကွ မကောင်းတဲ့ခန္ဓာနဲ့ နေရတာပါတကား...ဟေ့။

အဲဒါကြီးကိုများ တွယ်နေကြတာ။
ငါ အံ့ဩလို့ မကုန်...စဉ်းစား။
အဲဒါ သူ့ကို အနှစ်သာရ ရှိတယ် ထင်လို့ တွယ်တာ မဟုတ်လား။

အဲလို အနှစ်သာရ မရှိ။
ရူပက္ခန္ဓာလို့ သိ အနိစ္စ လို့သိ။
ဝေဒနာက္ခန္ဓာလို့ သိ အနိစ္စလို့သိ။
သညာက္ခန္ဓာလို့ သိ အနိစ္စလို့သိ။
သခါင်္ရက္ခန္ဓာလို့ သိ အနိစ္စလို့သိ။
ဝိညာဏက္ခန္ဓာလို့ သိ အနိစ္စလို့သိ။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး

7-1-2007/2:00pmတွင် ဟောကြားတော်မူသော တရားတော်မှ ထုတ်နှုတ် စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ

မြှုပ်သွားမယ်...။


###########

သိမှ ပယ်နိုင်တာ။ သိအောင် ကြိုးစား။
ပေါ့ပေါ့တန်တန် နေလို့ မရဘူးနော်...။
လူတသိန်းသေလို့ တယောက် ပြန်မဖြစ်ဘူး...ဆိုတာ ကြားဖူးကြတယ်မလား။
မြှူပ်သွားမယ်...အဝီစိကို။

လူဖြစ်ဖို့ မလွယ်ဘူး...
လွယ်ပါမလား မလွယ်ဘူးကွဲ့။
အဲလောက်ထိ ကြောက်စရာကောင်းတယ် ထိထိမိမိ အဲဒါ သဘောပေါက်ဖို့ လိုတယ်။

ခန္ဓာသိတဲ့ စိတ်ကလေးနဲ့ ဝိညာဏ်ချုပ်ဖို့ လိုတာ...။
ခန္ဓာပါ့ မသိနဲ့ဦး....။
ရှေ့ပိုင်းက ကံဘက်က သီလနဲ့ပြည့်စုံ ဖို့ လိုတာ...။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး

7-1-2007/2:00pm ဟောကြားတော်မူသော တရားတော်မှ ထုတ်နှုတ်စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ

မသိခင်​*သိကာ

မသိခင်ကတော့ ပြုကြရတယ်နော်
သိကာ ပယ်ရတယ် ရှောင်ရတယ်....
အင်္ဂုလိမာလ လူသတ်ယောက်ျားကြီး ကြားဖူးရဲ့လား...
ဒါ သတ်နေတာ သိလို့လား မသိလို့လား
မသိတာ=အပြစ်ဖြစ်မယ်လို့ မသိတာ...အဝိဇ္ဇာ
သတ္တာ သခါၤရ ...အဝိဇၨာပစၥယာ သခါၤရာ လို့ မဟောဘူးလား...
ဘုရားရှင်နဲ့တွေ့တော့ သစ္စာတရား ခန္ဓာတရား ပဋိစ္စသမုပ္ပါဒ်တရား ကို ဟောပြောတော့ကာ တမဂ်တဖိုလ် ရမသွားဘူးလား..
သိတော့ မပယ်လား...သတ်သေးသလား...
အဲလို လေ့လာကြ

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
7-1-2007/2:00pm

Monday, February 22, 2016

မြင်တဲ့သူနဲ့ မမြင်တဲ့သူ... ဘယ်သူကရှောင်ရမှာလဲ?။


############################

တရားနဲ့ဒါ ဆွေးနွေးတဲ့အခါလည်း
ငြင်းကြပြုကြ ရတယ်နော်။
အငြင်းကောင်းတာလည်းရှိတယ်။
မကောင်းတာ လည်း ရှိတာပေါ့။
ခဏ ခဏ စိတ်မဆိုးတမ်း ငြင်းရင်တော့ကာ သုတများတာပေါ့။

အဲလို ဖိပြီးတော့ ငြင်းတဲ့ကိစ္စတွေဟာ နှစ်ယောက်စလုံး---
ရှေး ဆရာတော်တွေ ဘယ်လိုပြောတာလဲလို့--
လမ်းက ကျဉ်းတာကိုး ။
အနောက်ကလာတဲ့သူက မျက်စိမမြင်ဘူးပေါ့
အရှေ့က အနောက်ကိုသွားတဲ့လူက မြင်တာပေါ့
မြင်တဲ့သူနဲ့ မမြင်တဲ့သူ ဘယ်သူကရှောင်ရမှာလဲ
မြင်တဲ့သူကရှောင်ရမှာနော်

ကဲတယောက်နဲ့တယောက် ငြင်းတယ်ဆိုကတည်းက
နှစ်ယောက်စလုံး မြင်လို့လား မမြင်လို့လား
တိုးမိတော့တာကွဲ့
တိုးမိတော့တာ
ငါပြောရင်လည်း လေကုန်ရုံပေါ့
ကဲ အဲလိုသိတဲ့အခါ ငြင်းသေးရဲ့လား
မြင်တဲ့သူကရှောင်တာ။
စိစစ်ဖို့မကောင်းလား

ဘုံဘေရှင်းတမ်းတဲ့ သုတကြားဖူးတယ်
ဦးအရိယဓမ္မ။
အဲဒါတက္ကသိုလ်ဘက်က ပါရဂူကြီး ပါမောက္ခ
သိပ္ပံပါရဂူ ပါမောက္ခ
အရှင်ဘုရားတို့ ဗုဒ္ဓဘာသာမှာ နိဗ္ဗာန် ဆိုတာ အင်မတန်ချမ်းသာတယ်လို့ ပြောကြတယ်တဲ့
အဲ့ဒါတပည့်တော်သိချင်တယ်တဲ့
ရှင်းပေးစမ်းပါတဲ့
အဲဒီခရစ်စယာန်ကြီးကလေ။

ရှင်းပါမယ်တဲ့
ဦးပဉ္ဇင်းမေးတာကို အရင်ဖြေဦးတဲ့
မေးပါတဲ့  ဖြေမယ်တဲ့
မွေးကတည်းက မျက်စိကန်းပြီးတော့ ကန်းလာခဲ့တဲ့သူ။ ၁၀-၁၅နှစ် အရွယ်ရောက်တော့ စပြီး နားလည်တာကိုး
မွေးကတည်းက ကန်းလာတာနော်။

အဲ့ဒီလူက ဒကာကြီးကိုနေ ဟာ ဘယ်လိုနေလဲ လို့မေးမယ်တဲ့
နီနီနေတယ်လို့ ဖြေမယ်တဲ့
ဟုတ်ပြီ
နီနီဟာ ဘယ်လိုနေလဲ လို့ပြန်မေးမယ်တဲ့
နီကြင်ကြင်နေတယ်လို့ ဖြေမယ်တဲ့
ဟုတ်ပြီ

နီကြင်ကြင်ဟာ ဘယ်လိုနေသလဲလို့ မေးမယ်တဲ့
တောက်လျှောက်ဖြေလို့ သူ့မှာ မြင် တဲ့ မျက်စိမပါဘူးတဲ့
မဆုံးတော့ဘူးတဲ့
ဘာပြောပြော သူ့မှာ မြင်တဲ့ မျက်စိမပါဘူးတဲ့။

အခုလည်း နိဗ္ဗာန် ကို မြင်ဖို့ရာ ဒကာကြီးမှာ တိမ်သလာတွေ ဖုံးနေတယ်တဲ့
ဝိပဿနာဆေးကို အရင်စားပါအုန်းတဲ့
အဲဒါပြီးကာ ဦးပဉ္ဇင်း ရှင်းပေးမယ်တဲ့
အဲလိုစိစစ်ဖို့မလိုဘူးလား
လေ့လာကြ။

ဒါထိထိမိမိ သဘောပေါက်ဖို့ လိုတယ်နော်
အခု နှစ်ယောက်ငြင်းတယ်ဆိုတာ
နှစ်ယောက်စလုံး မမြင်လို့ ပါပေါ့ကွယ်
လေ့လာဖို့မကောင်းလား
ဆုံးတော့မှာ မဟုတ်ဘူးတဲ့။
ဘာဖြစ်လို့လဲတဲ့ သူ့ပင်ကိုက
မြင်တဲ့ မျက်စိမပါဘူးတဲ့
ကျုပ်မောရုံပါ့ကွဲ့။

အဲဒါနဲ့တရားသမားတွေက စမ်းကြည့်တာပေါ့
နည်းအမျိုးမျိုးနဲ့စမ်းကြတာနော်
အဲဒါခန္ဓာဘက် ကို ဥာဏ်လှည့်တဲ့ ပုဂ္ဂိုလ်ကျတော့ စိတ်ဆိုးဦးမလား။
မဆိုးတော့ဘူးနော်။
ဒါခန္ဓာဘက်ကို လှည့်နေတာကိုး။

စိတ်ဆိုးတယ်ဆိုတာ ပုဂ္ဂိုလ်သတ္တဝါဘက်ကို ပညတ်အာရုံရောက်သွားတာကိုး။
ခန္ဓာဘက်ကို ဥာဏ်မရောက်လို့ပေါ့
ခန္ဓာဘက်ကို ရောက်ရင် စိတ်ဆိုးစရာ ရှိသေးရဲ့လား။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး

(၁၀/၁၁/၂၀၀၈-နေ့-၂နာရီ ဝန်းသိုမြို့
သံသေ မသေ တရားတော်တွင် အပြည့်အစုံ နာယူနိုင်ပါသည်။ထိုမှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ)

ငရဲကိုအပ ဝဋ်ကို အမြဲ


""""""""""""""""""""
ထင်တာကတော့ လူနတ်ဗြဟ္မာသတ္တဝါပေါ့။
တွေ့တဲ့တရားက ခန္ဓာငါးပါး။
ခန္ဓာ ငါးပါးလို့ အမှန်သိ...ဒိဋ္ဌိမပြုတ်လား။
ခန္ဓာ ငါးပါးလို့ အမှန်သိရင် ဝိစိကိစ္ဆာ ကား မချုပ်ဘူးလား။ သေချာချာလေ့လာနော်။
ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာ ချုပ်ပြီးသားပေါ့။
အာသဝအနေနဲ့ ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝပေါ့။

ဆက်ပြီးတော့ ကြည့်...ဤခန္ဓာက မြင်ပြီးရင်ပျက် ကြားပြီးရင်ပျက် နံပြီးရင်ပျက် စားပြီးရင်ပျက် ထိပြီးရင်ပျက် သိပြီးရင်ပျက်...။ ခန္ဓာ ငါးပါးတွေ့မလား မရှိတာတွေ့မလား။
ခန္ဓာ မရှိပါဘူးဆိုရင် လောင်စာ သိမ်းတယ်လို့ မဟောဘူးလား။ ခန္ဓာ မှ မရှိရင် တဏှာလာဦးမလား။ ဥပါဒါန်လာဦးမလား။

အဲဒါကြောင့် ခန္ဓာ က ရှိရာက ...မြင်ရာ ကြားရာက ချုပ်ခြင်းကြောင့် ဥပ္ပါဒနိရောဓလို့ မဟောဘူးလား။ တဏှာဥပါဒါန်က မလာဘဲနဲ့ ချုပ်ခြင်းကြောင့် အနုပ္ပါဒ နိရောဓလို့ မဟောလားဟေ့။ အဲလို စိစစ်ဖို့မကောင်းလား။

ဒီလိုဆိုတော့... အနိစ္စဆိုတော့ ခန္ဓာ တွေ့သေးရဲ့လား။အနိစ္စလက္ခဏာ ဒုက္ခသစ္စာ အမှန်ပိုင်းခြားသိ ကာမာသဝနဲ့ ဘဝါသဝ မချုပ်လား။
ရှေ့ပိုင်းက ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝ မချုပ်လား။ အာသဝေါတရား လေးပါး မကုန်လား။ ကုန်ရင် သမုဒယသစ္စာက မသေလား။ နောက်ခန္ဓာ ဇာတ်မသိမ်းလား။ အဲဒါ နိရောဓသစ္စာကွဲ့၊

အဲဒီ အသိဥာဏ်ရ... ကမ္ဘာလဆန်းတစ်ရက်ကစ တင်ခဲ့တဲ့ အကုသိုလ် ကံဟောင်းကြွေးဟောင်း အနန္တအကျိုးပေးခွင့်ရသေးရဲ့လား။
အဟောသိကံကွဲ့။ အဂုင်္လိမာလကြီးက သက်သေမခံလား။ လူသတ် ယောက်ျားကြီး ဘုရားရှင်နဲ့ တွေ့တဲ့အခါ ခန္ဓာ တရား သစ္စာတရား ပဋိစ္စသမုပ္ပါဒ်တရား ကို ကြားရနာရတော့ တစ်မဂ်တစ်ဖိုလ် မရလား ။လူသတ်သေးသလား။ ဆက်ပြီးတော့ ကြိုးစား ရဟန်းကိစ္စမပြီးလား။ သူပြုတဲ့ အကုသိုလ် ကံတွေကား အကျိုးပေးခွင့် ရရဲ့လား။ အဟောသိကံနော်။

အဲဒါကြောင့် ရှေးစကားလည်း ပြန်စဉ်းစား။
ငရဲကို အပ ဝဋ်ကို အမြဲဆိုတာ ကြားဖူးတယ်မို့လား။ဝိပဿနာဥာဏ်က မဂ်ဥာဏ်သာ ရလို့ရှိရင် ငရဲတွေက ပတာပေါ့ကွဲ့။ အဲလို စိစစ်ဖို့ မကောင်းလား။

နိဗ္ဗာန် ရငြားသော်လည်း မျက်မှောက်ပြုငြားသော်လည်း ဝိပါကဝဋ် ခန္ဓာ ကတော့ လွတ်ကဲ့လား။ မြတ်စွာဘုရား ဝမ်းတော်လားတာလေ။ မြေလျှိုး မိုးပျံ ဈာန်တန်ခိုးရတဲ့ အရှင်မောဂ္ဂလာန်... ခိုးသားငါးရာ ခန္ဓာ အပ်ရတာလေ ။
ဘာတွေ လွတ်တာလဲ။ ကိလေသာလွတ်တာကွဲ့ ကြားလား။ အဲလို စိစစ်ဖို့မကောင်းလား။ လိုရင်းက ကိလေသဝဋ် ချုပ်ဖို့နော်။ ကိလေသဝဋ် ချုပ်ရင် ကမ္မဝဋ် ချုပ်။ ကမ္မဝဋ် ချုပ်ရင် ဝိပါကဝဋ် ချုပ်တာပေါ့။ဝဋ်သုံးပါး ကျွတ်တာ နိဗ္ဗာန် ။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော် ဘုရားကြီး။
၂၈.၁၀.၉၇ နံနက် ၇နာရီ ခွဲ။
ရှမ်းပြည်နယ် တောင်ပိုင်း
မိုးနဲမြို့်  မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ ၈၃။
မုံလယ်တရားစခန်း

(အသံသွင်း ကြိုးတိပ်ခွေမှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ)
""""""""""""""""""""
ထင်တာကတော့ လူနတ်ဗြဟ္မာသတ္တဝါပေါ့။
တွေ့တဲ့တရားက ခန္ဓာငါးပါး။
ခန္ဓာ ငါးပါးလို့ အမှန်သိ...ဒိဋ္ဌိမပြုတ်လား။
ခန္ဓာ ငါးပါးလို့ အမှန်သိရင် ဝိစိကိစ္ဆာ ကား မချုပ်ဘူးလား။ သေချာချာလေ့လာနော်။
ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာ ချုပ်ပြီးသားပေါ့။
အာသဝအနေနဲ့ ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝပေါ့။

ဆက်ပြီးတော့ ကြည့်...ဤခန္ဓာက မြင်ပြီးရင်ပျက် ကြားပြီးရင်ပျက် နံပြီးရင်ပျက် စားပြီးရင်ပျက် ထိပြီးရင်ပျက် သိပြီးရင်ပျက်...။ ခန္ဓာ ငါးပါးတွေ့မလား မရှိတာတွေ့မလား။
ခန္ဓာ မရှိပါဘူးဆိုရင် လောင်စာ သိမ်းတယ်လို့ မဟောဘူးလား။ ခန္ဓာ မှ မရှိရင် တဏှာလာဦးမလား။ ဥပါဒါန်လာဦးမလား။

အဲဒါကြောင့် ခန္ဓာ က ရှိရာက ...မြင်ရာ ကြားရာက ချုပ်ခြင်းကြောင့် ဥပ္ပါဒနိရောဓလို့ မဟောဘူးလား။ တဏှာဥပါဒါန်က မလာဘဲနဲ့ ချုပ်ခြင်းကြောင့် အနုပ္ပါဒ နိရောဓလို့ မဟောလားဟေ့။ အဲလို စိစစ်ဖို့မကောင်းလား။

ဒီလိုဆိုတော့... အနိစ္စဆိုတော့ ခန္ဓာ တွေ့သေးရဲ့လား။အနိစ္စလက္ခဏာ ဒုက္ခသစ္စာ အမှန်ပိုင်းခြားသိ ကာမာသဝနဲ့ ဘဝါသဝ မချုပ်လား။
ရှေ့ပိုင်းက ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝ မချုပ်လား။ အာသဝေါတရား လေးပါး မကုန်လား။ ကုန်ရင် သမုဒယသစ္စာက မသေလား။ နောက်ခန္ဓာ ဇာတ်မသိမ်းလား။ အဲဒါ နိရောဓသစ္စာကွဲ့၊

အဲဒီ အသိဥာဏ်ရ... ကမ္ဘာလဆန်းတစ်ရက်ကစ တင်ခဲ့တဲ့ အကုသိုလ် ကံဟောင်းကြွေးဟောင်း အနန္တအကျိုးပေးခွင့်ရသေးရဲ့လား။
အဟောသိကံကွဲ့။ အဂုင်္လိမာလကြီးက သက်သေမခံလား။ လူသတ် ယောက်ျားကြီး ဘုရားရှင်နဲ့ တွေ့တဲ့အခါ ခန္ဓာ တရား သစ္စာတရား ပဋိစ္စသမုပ္ပါဒ်တရား ကို ကြားရနာရတော့ တစ်မဂ်တစ်ဖိုလ် မရလား ။လူသတ်သေးသလား။ ဆက်ပြီးတော့ ကြိုးစား ရဟန်းကိစ္စမပြီးလား။ သူပြုတဲ့ အကုသိုလ် ကံတွေကား အကျိုးပေးခွင့် ရရဲ့လား။ အဟောသိကံနော်။

အဲဒါကြောင့် ရှေးစကားလည်း ပြန်စဉ်းစား။
ငရဲကို အပ ဝဋ်ကို အမြဲဆိုတာ ကြားဖူးတယ်မို့လား။ဝိပဿနာဥာဏ်က မဂ်ဥာဏ်သာ ရလို့ရှိရင် ငရဲတွေက ပတာပေါ့ကွဲ့။ အဲလို စိစစ်ဖို့ မကောင်းလား။

နိဗ္ဗာန် ရငြားသော်လည်း မျက်မှောက်ပြုငြားသော်လည်း ဝိပါကဝဋ် ခန္ဓာ ကတော့ လွတ်ကဲ့လား။ မြတ်စွာဘုရား ဝမ်းတော်လားတာလေ။ မြေလျှိုး မိုးပျံ ဈာန်တန်ခိုးရတဲ့ အရှင်မောဂ္ဂလာန်... ခိုးသားငါးရာ ခန္ဓာ အပ်ရတာလေ ။
ဘာတွေ လွတ်တာလဲ။ ကိလေသာလွတ်တာကွဲ့ ကြားလား။ အဲလို စိစစ်ဖို့မကောင်းလား။ လိုရင်းက ကိလေသဝဋ် ချုပ်ဖို့နော်။ ကိလေသဝဋ် ချုပ်ရင် ကမ္မဝဋ် ချုပ်။ ကမ္မဝဋ် ချုပ်ရင် ဝိပါကဝဋ် ချုပ်တာပေါ့။ဝဋ်သုံးပါး ကျွတ်တာ နိဗ္ဗာန် ။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော် ဘုရားကြီး။
၂၈.၁၀.၉၇ နံနက် ၇နာရီ ခွဲ။
ရှမ်းပြည်နယ် တောင်ပိုင်း
မိုးနဲမြို့်  မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ ၈၃။
မုံလယ်တရားစခန်း

(အသံသွင်း ကြိုးတိပ်ခွေမှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ)

ဘုန်းကြီး အလုပ်က... ဆွမ်းသွတ် လွတ်အောင် လုပ်ရမှာ


*************************************

#ခန္ဓာ ငါးပါးသိဖို့ လိုတယ်နော်။

တွေ့တဲ့တရားက ခန္ဓာ ငါးပါးပေါ့။
ကိုယ်ထင်တဲ့ လူကော တွေ့ရဲ့လား။
ကိုယ်ထင်တဲ့ နတ်ကား တွေ့ရဲ့လား။ ဗြဟ္မာကား တွေ့ရဲ့လား။

ဘာဖြစ်လို့ မတွေ့တာလဲ။ တွေ့တာက လူလား ခန္ဓာ ငါးပါး။ ခန္ဓာ တွေ့တာ မထင်ရှားဘူးလား။ လူနတ်ဗြဟ္မာ သတ္တဝါ မတွေ့တာ ရှိလို့လား မရှိလို့လား။ မရှိရင် လူလို့ စွဲစရာ လိုသေးသလား။ မလိုတော့ဘူးကွဲ့ နော်။

အဲလိုသာ... အဲဒီစိတ်လေးနဲ့ သေမယ်ဆိုရင်တော့ သပိတ်သွတ် လွတ်တော့တာဟေ့။သပိတ်သွတ် လွတ်ပြီ။ ကြားလား။

သို့မဟုတ်ရင်တော့ ... သားလေးကို စွဲလိုက် သမီးလေးကို စွဲလိုက် ပစ္စည်း ကို စွဲလိုက်။ အိမ်ကို စွဲလိုက်နဲ့...အဲဒီ အစွဲ ကြောင့် ပြိတ္တာ ဖြစ်မယ်ကွဲ့။

ပြိတ္တာ ဖြစ်ရင် ဆွမ်းသွတ် ရဦးမှာ။ ဒါ ဆွမ်းသွတ် လို့ သူက...ခေါ်လို့ ကြားဦးမှ။ မကြားရင်... မင်းတို့ ငါကို အရင်အပတ်က ခေါ်တာ ငါမရှိဘူးပေါ့။ ပြန်လုပ်ကြဦး ပူးပြောချင်
ပြောဦးမှာ။ နောက်တခါ လုပ်ပြန်လည်း အဆင် ငြားချင်မှ ငြားဦးမှာ။အဲလို စိစစ်ဖို့ မကောင်းလား။ သေချာချာ လေ့လာနော်။

ဘုန်းကြီးတို့က ပြောစေချင်တာကတော့...
ဘုန်းကြီး ကလည်း ဒါ တရားနာတဲ့ ပုဂ္ဂိုလ်တွေကို "မင်းတို့ သေကာ ဆွမ်းမသွတ်ဘူး၊ ငရဲကိုပါ့ ရောက်ရောက် ပြိတ္တာပါ့ ဖြစ်ဖြစ် ၊ ပြိတ္တာ ဖြစ် လွတ်အောင် ကြိုးစား"လို့ ဘုန်းကြီး က ပြောချင်တာ။ဘယ်နှယ့် ဆွမ်းသွတ်ချည်းသာ ထည့်ထည့် နေကြတာကိုးကွဲ့။ ဟင်...။

ဒါ...ဘုန်းကြီး လည်း ပျံတော်မူသွားရင် ဘုန်းကြီး အတွက် ဆွမ်းမသွတ်နဲ့။ ဘုန်းကြီးက ပြောရမှာ။ ဘာကြောင့် မသွတ်နဲ့ ပြောရမှာလဲ။ ပြန်စဉ်းစားဖို့ မကောင်းလား။ သင်္ကန်း တွေကလည်း ဒကာတွေက လှူတာကွဲ့။ ဒကာတွေ လှူတာ။ ကိုယ်နေတဲ့ ကျောင်းကလည်း ဒကာတွေ လှူတာ။ ဆွမ်းကလည်း ဒကာတွေက လှူတာ။ ဆေးဝါးဓာတ်စာလည်း ဒကာတွေက လှူတာ။

ဘုန်းကြီး အလုပ်က ဆွမ်းသွတ် လွတ်အောင် လုပ်ရမှာ။ အဲဒါ တပည့်တော်တို့ တာဝန်က ကျေပြီ။ ဆွမ်းမသွတ်ပေးဘူး...လို့ ပြော ဘုန်းကြီး ကို။ အဲ ဒုက္ခ များတယ်ဘုရား၊ ဒါ ဘုန်းကြီး ပျံဆိုတာ ရွာနာတယ်။ မြို့နာတယ်လို့ ပြောဖို့ မကောင်းဘူးလား။ အဲဒါ အရှင်ဘုရား ကြိုးစား။ တပည့်တော်တို့ဘက်က ပစ္စည်း လေးပါး ဒကာပြည့်စုံပြီးပြီလို့ လျှောက်ဖို့ မကောင်းလား။

ဘုန်းကြီး ကလည်း ဘုန်းကြီး တာဝန်က ကျေပြီ၊ မင်းတို့...ဆွမ်းသွတ် ကာ ဘုန်းကြီး မလိုက်ဘူးပြောရမှာ။ ဟင် ...အဲလို ကြိုးစားဖို့ မကောင်းလားကွဲ့။ အေး ... ကြိုးစားဖို့ ကောင်းတယ်။ စဉ်းစားကြနော်။

ဟော... ဆင်ဖြူကျွန်းမှာ ဦးဓမ္မသာရ ပျံတော်မူသွားတာ၊ ပျံတော်မမူခင်က မှာခဲ့တဲ့ စကားတွေကြည့်။ ဘုန်းကြီး တို့ ဗွီဒီယို တိတ်ခွေထဲမှာ ပါတယ်ကွဲ့။ သူ...ပျံတော်မူတဲ့အခါ...
သူ့အလောင်းကို ဘယ်အဖွဲ့မှ မအပ်နဲ့။ မအပ်ရဘူးတဲ့။
သတင်းစာထဲကလည်း မထုတ်ရဘူးတဲ့။
ကူညီ လက်မခံရဘူးတဲ့။
သပိတ်လည်း မသွတ်ရဘူးတဲ့။
ဆိုင်းလည်း မငှါးရဘူးတဲ့။
ယာယီလည်း မရေးရဘူးတဲ့။
လောင်တိုက်ကိုတင် မီးသဂြိုဟ် လိုက်။
ပြာတွေကို ရေလယ်ခေါင် မြစ်ထဲကိုသာ မျှောလိုက်တဲ့။

ဒီလိုတွေမှာတယ် မို့လား။ သက်သာတာကွာ ချမ်းသာတဲ့အလုပ်ဟေ့။ အလွန်ချမ်းသာ။ မချမ်းသာဘူးလား။ ရွာထဲက ဘာမှ သိပ်ပြီးတော့ ပင်ပန်းတာ ပါသေးရဲ့လား။ ပါဘူးကွာ။ ချမ်းသာတဲ့အလုပ်၊ အလွန်အဆင်ပြေပါ့ဟ။ ကြည့်ဖူးတယ်မို့လား...။အေး... အဲဒါ အတုယုဖို့ကောင်းတယ်။ သေချာချာ စဉ်းစားနော်။

အခုတော့ ဆွမ်းသွတ်ရတာနဲ့ ယာယီရေးရတာနဲ့ ကုန်လိုက်တဲ့ ပိုက်ဆံကွာ။ မီးရှို့ပစ်....ပြုတ်သွားပြန်တော့တာပါ့၊ယာယီတွေ။ နည်းဘူး။ ဘုန်းကြီး တပါးဆို လောင်တိုက်တွေဘာတွေ စံကျောင်းချမယ်ဆို တစ်သိန်းလောက်မယ် မထင်ပါဘူး။ လောက်ပါမလား။ လောက်ဘူး။

အဲဒီတစ်သိန်းတော့ ဟိုမှာ မိမိရဟန်းတပါး နေစရာ နေဖို့ထိုင်ဖို့ရာ ခုတင်ဖြစ်စေ သူရဲ့အသုံးအဆောင် ဖြစ်စေ ကျောင်းလေး အဆောင်လေး ဖြစ်စေ ဆောက်လုပ်ရင် မပြေဘူးလားဟေ့။ မီးရှို့ပစ် မည့်အစားလေ။ အဲသလို လုပ်ဖို့ မကောင်းဘူးလား။

ကုသိုလ် ကို မလုပ်နဲ့လို့ ဘုန်းကြီး မပြောဘူး မီးရှို့ပစ် လို့ ကုန်မည့်အစား ဒီမှာ အစားထိုးလိုက်။  ဒီလို မကောင်းဘူးလားဟေ့။ အေး...အဲသလို လေ့လာရမှာ။ စဉ်းစားနော်။ စဉ်းစားတာ အလုပ်လုပ်တယ်လို့ ခေါ်တယ်။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ။

၂.၉.၁၉၉၉ နေ့လည် ၂နာရီတွင် ဟောကြားတော်မူသော တရားတော်မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ

Sunday, February 21, 2016

ပါဏာတိပါတာ အစ မိစ္ဆာဒိဋ္ဌိ အဆုံး


#######################

ဝိညာဏ်မြင် သမ္မုတိသစ္စာ အားဖြင့်....
ကမ္မဿကတာ သမ္မာဒိဋ္ဌိ ...အကုသိုလ်ကံ ကုသိုလ်ကံ တရားနှစ်ပါးကို ယုံကြည်ရမယ်လို့ မဟောလား။ အကုသိုလ်ကံနဲ့ကုသိုလ်ကံ တရားနှစ်ပါးကို ယုံကြည်ရမယ်နော်။

ပါဏာတိပါတာအစ သုရာမေရယအဆုံးကို ကျူးလွန်ရင် ကုသိုလ်လား အကုသိုလ်။
ဒါတော့... ပါဏာတိပါတာ ဆိုတဲ့ကိစ္စ၊ သက်ရှိသတ္တဝါ ကမျဉ်းနီကစ ဆင်ကောင်ကြီးထိ သတ်ရင် ပါဏာတိပါတာကံ မထိုက်ဘူးလား။

သေချာ စဉ်းစားနော်။ ဒါတော့....ကာယကံနဲ့ ပတ်သက်တဲ့ အကုသိုလ်။ ဒါ စိစစ်ဖို့။ ကာယကံ နဲ့ ပတ်သက်တဲ့ အကုသိုလ်က သုံးပါးပေါ့။
ပါဏာတိပါတာ... သက်ရှိသတ္တဝါ သတ်တာလေ။

ဒါပြီးတော့...ကာယကံနဲ့ ပတ်သတ်တဲ့အကုသိုလ်...၊ သစ်သီးတစ်လုံး ပန်းတပွင့် ဟင်းတညွန့်ကစ ရွှေငွေကျောက်သံ ပတ္တမြား အထိ ပိုင်ရှင်က အခွင့်မပြုဘဲနဲ့ ယူရင် အဒိန္နာကံ မထိုက်ဘူးလား။ အဲဒါလည်း ကာယကံနဲ့ ပတ်သက်တဲ့ အကုသိုလ် ပေါ့ကွဲ့။

သူများလင်သားမယားတွေ စော်ကားတာလည်း ...ကာမေသုမိစ္ဆာစာရ ကံလို့ မဟောဘူးလား။
ဒါ...ကာယကံနဲ့ ပတ်သက်တဲ့ တရားတွေနော်။
ကျုးလွန်ရင် ကုသိုလ်လား အကုသိုလ် ။

ဝစီကံနဲ့ ပတ်သက်တဲ့ အကုသိုလ်တရားက...
စားဝတ်နေရေး နဲ့ ပတ်သက်ပြီးတော့မှ နည်းအမျိုးမျိုးနဲ့ မလိမ်ဘူးလား။မုသားတွေ မသုံးဘူးလား။ အဲဒါ မုသာဝါဒကံထိုက်တာပေါ့။

သူနှစ်ဦးရဲ့ အချစ်ကို ဖျက်ဆီးတာ ...ပိသုဏဝါစာ လို့ မဟောဘူးလား။ ဒါလည်း ဝစီကံပေါ့နော်။

တယောက် နဲ့ တယောက် အဆင်မပြေတဲ့အခါ ကော်ပြီးတော့မှ ဆဲလိုက်တာတွေ၊ အော်ပြီးတော့မှ ဆဲလိုက်တာတွေ၊ ဒါ ဖရုသဝါစာလို့ မဟောဘူးလား။

တခါ မိမိ လောကီလည်း အကျိုးမရှိ လောကုတ္တရာ လည်း အကျိုးမရှိ ပြိန်ဖျင်း တဲ့စကား အရပ်စကား ဇာတ်စကား ပြောတာ...သမ္ဖပလာပ လို့ မဟောဘူးလား။ ဒါ..ဝစီကံပေါ့ကွဲ့။
ဒါ ဝစီကံနဲ့ ပတ်သတ်တာ လေးပါးပေါ့။

ကိုယ့်ထက်သာ မနာလိုဘူးဆိုတာ...အဘိဇ္ဈာ ၊
သူတစ်ပါးပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တာလေ။ ကိုယ့်ထက်သာ မနာလိုတာ။

ရန်ငြိုးဖွဲ့တာ...ဗျာပါဒတွေပေါ့။ဒီလိုတွေ မရှိဘူးလား။

မိစ္ဆာ... မှားသော အယူကို ယူတာတွေ။
အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိ... မနောကံနဲ့ ပတ်သက်တဲ့ တရားက သုံးပါး ၊
အားလုံး ဒုစရိုက်တရား ဆယ်ပါးနော်။
အဲဒါကို ကျုးလွန်ရင်...ပါဏာတိပါတာ အစ မိစ္ဆာဒိဋ္ဌိအဆုံးကို ကျုးလွန်ရင်....
ကုသိုလ်လား အကုသိုလ်။ စဉ်းစားနော်။

အဲဒီ အကုသိုလ် ကံ အကြောင်းတရားကြောင့် အကျိုးတရားက ဘယ်မှာ ဖြစ်တာလဲလို့ စိစစ်ဖို့ မကောင်းလား။ ငရဲကို မရောက်လား။ တိရစ္ဆာန် မဖြစ်ဘူးလား။ ပြိတ္တာအသူရကာယ် မဖြစ်ဘူးလား။ ငရဲ တိရစ္ဆာန် ပြိတ္တာအသူရကာယ် တဲ့နော်။ အပါယ်လေးဘုံ ပေါ့။ အပါယ်ကိုကျတဲ့ ပုဂ္ဂိုလ်ဟာ... ချမ်းသာမလား ဆင်းရဲမလား။ အဲဒါကြောင့် အကုသိုလ်ကံလို့ မဟောဘူးလား။

ပါဏာတိပါတာအစ သုရာမေရယအဆုံး၊ ပါဏာတိပါတာ အစ မိစ္ဆာဒိဋ္ဌိအဆုံးကို ရှောင်ကြဉ်ရင် ကုသိုလ်လို့ မဟောဘူးလား။
အဲဒီ ရှောင်ကြဉ်တဲ့ ကုသိုလ် အကြောင်းတရားကြောင့် အကျိုးတရားက လူပြည် နတ်ပြည်ခြောက်ထပ်လို့ မဟောဘူးလား။
လူဖြစ်တာ....အဲဒါ ရှောင်ကြဉ်တဲ့သီလကုသိုလ် ကွဲ့။ နတ်ဖြစ်တာ...သီလကုသိုလ် ၊ အဲဒါ ယုံကြည်ဖို့ မကောင်းလားဟေ့။

အဲဒါ ကမ္မဿကတာ သမ္မာဒိဋ္ဌိ... ကံ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်နော်။ စဉ်းစားစရာတွေ။ ငါးပါးသီလ ....ငါးပါးသီလက အခေါ်တော့ လွယ်တယ်၊ လေးလေးနက်နက် မစဉ်းစားတော့ အဓိပ္ပါယ်သိတဲ့လူက ရှားတယ်ကွဲ့ ။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ။

၂.၉.၁၉၉၉ နေ့လည် ၂နာရီတွင် ဟောကြားတော်မူသော တရားတော်မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ