##################
#ငါးပါးသီလ ငါးပါးသီလ ခေါ်တော့ခေါ်တတ်တယ်၊ သဘောသွားကို ထိထိမိမိ မသိဘူးကွဲ့။
ရှေးထက်ကျော်က ဘုန်းကြီးတို့ သုတအနေနဲ့ ကြားဖူးတယ်။
မြင်သားတောရ ဆရာတော်ဘုရားကြီး... သာလင်းရွာ တဖက်ကမ်းမှာ မြစ်သာမြစ်အရှေ့ဖက်ကမ်းမှာ တောရဆောက်တည်လို့ နေတဲ့အခါ အဲဒီအချိန်တော့ အတန်းကျောင်းတွေ ပိတ်တဲ့အခါ ကျောင်းသူကျောင်းသား တွေက ကျောင်းပိတ်တဲ့အခါမှာ ရှင်ပြုဖို့ ထားကြတာပေါ့ကွဲ့နော်။
ဟဲ့... နင်က ဘယ်နှရက်ထားမှာလဲ။ တပည့်တော်က အိမ်မှာစားဝတ်နေရေးကလည်း မပြည့်စုံဘုရား၊ ကျွဲကျောင်း နွားကျောင်းက ခက်တယ်၊ ခုနစ်ရက် ဘဲ ထားနိုင်မှာတဲ့၊
နင်ကောဟဲ့...ဆိုတော့ တပည့်တော်တို့က တစ်လလောက်ပါဘုရား ၊
တပည့်တော်ကတော့ ဒါ ကျောင်းပိတ်ကာမှ နှုတ်တော့မယ်တဲ့၊ ကြားလား။
ရှင်ပြုဖို့ အပ်ကြတာ၊ ရှင်ပြုဖို့ အပ်ကြတာ။
တို့ကျောင်းမှာ ရှင်ပြုမယ်ဆိုရင်... သုံးဝါ အောက်ဆုံးမှ လက်ခံနိုင်မှာတဲ့၊ သုံးဝါ။ ငါးပါးသီလကို နားလည်မှာ မဟုတ်ဘူးတဲ့၊
တစ်ဝါ တစ်ချီနဲ့ ငါးပါးသီလ နားလည်ဖို့ မလွယ်ဘူးတဲ့နော်။
ခေါ်ရုံ ပြောရုံကတော့ အခုမနက်စာတင် သင်ပေးမယ်တဲ့။ ခေါ်ရုံပြောရုံလေ။ငါးပါးသီလ ခေါ်တတ်ပြောတတ်အောင် မနက်စာတင် သင်ပေးမတဲ့ကွဲ့။ အဓိပ္ပါယ် အတ္ထ သိမှာမဟုတ်ဘူးတဲ့နော်။
အခုလည်း တရားနာပရိသတ်တွေက ငါးပါးသီလ တော့ကာ ရပ်တိုင်းရွာတိုင်းမှာ ခံလို့ နေမှာပါ။ အဓိပ္ပါယ် သိကြရဲ့လားဟေ့။
တကယ် အဓိပ္ပါယ် သိလို့ ကျွမ်းကျင် လိမ်မာပြီးတော့မှ မြောက်ကျွန်းသူ မြောက်ကျွန်းသား ကဲ့သို့သာ ဖြစ်မယ်ဆိုရင် ပဒေသာပင် ဆွတ်စားရမှာ ကွဲ့။
အခု မိုးလေဝသတွေ မိမိက မမှန်တာ၊ ဥတုသုံးပါး ပျက်နေတာကွဲ့နော်။ ဥတု ဘာကြောင့် ပျက်သလဲ။ သီလအင်္ဂါနဲ့ မပြည့်စုံ ဘဲကိုးးကွဲ့။ အဲလို စိစစ်ဖို့ မကောင်းလားဟေ့။
အဲဒီ ငါးပါးသီလ အဓိပ္ပါယ် ထိထိမိမိ သဘောပေါက်ဖို့ လိုတယ်ကွဲ့။ သိမှ ပယ်နိုင်တာ။ မသိ မပယ်နိုင်ဘူးနော်။ သိအောင် ကြိုးစားပေါ့။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ။
၈.၈.၁၉၉၉ နေ့လည် ၂နာရီ
ဂန့်ဂေါ မုံလယ်တောရ ဓမ္မရိပ်သာ ပင်မတွင် ဟောကြားတော်မူသော တရားတော်မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ
No comments:
Post a Comment