Tuesday, February 23, 2016

ဥစ္စာရင်း မှန်တယ်။


#############

လောကကြီး ထဲမှာ ရှေးကနေပြီးတော့... ချောင်းထဲကို မြစ်ထဲ ကို ရေချိုးသွားတဲ့အခါ လက်စွပ်လေးကို  မေ့လိုက် လက်ပတ်နာရီလေး မေ့လိုက် ။

အိမ်ကိုရောက်မှ သတိရ...။
ဟေ့ မေ့ခဲ့ပြီဟေ့။ ချောင်းထဲ  ပြန် ပြီးတော့မှ အရှာ မသွားဘူးလား ။
နောက်တော့ တွေ့ခဲ့တာပေါ့နော် ။

အင်း ဥစ္စာရင်း မှန်သေးသကွာ လို့ မပြောလား ဟေ့။
ဒါ... #ကိုယ့်ပစ္စည်း မှန်လို့ပေါ့။

တဦးတယောက်ကနေ  ရငြားသော်လည်း..
ဘာတွေ ရတယ် ညာတွေရ တယ်လို့ မကြေငြာဘူးလား။
#ဥစ္စာရင်းမှန်တယ် လို့မပြောဘူးလား ။

တချို့ ပြန်ပြီးတော့ ပျောက်လို့ အရှာသွားတော့ မတွေ့ ဘူးပေါ့။
စူးစမ်းလို့လည်း မရဘူးပေါ့။

#ကိုယ်ကလည်း ဖြစ်တဲ့ဘဝက သန့်သန့်ရှင်းရှင်း မဖြစ်ခဲ့ဘဲကိုးကွဲ့။ ကြားလား ။

ဒါမို့ ...
#ကမ္မဿကတာ သမ္မာဒိဋ္ဌိ ---ကံ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်နော်။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး

တိပ်တရားတော်မှ ထုတ်နှုတ် စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။

No comments:

Post a Comment