°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကိုယ်လာတဲ့ ဘဝအသီးသီးဟာ ပြန်လေ့လာကြ။ ဘယ်ဆီ ဘယ်ဌာနလို့ ပြောမနေနဲ့။ လူတွေ ပြန်စဉ်းစားကြည့်တော့ သုံးဆယ့်တစ်ဘုံမှာတော့ကာ သုဒ္ဓါဝါသဘုံကလွဲရင် ... မရောက်တဲ့ဘုံများ ရှိပါမလားကွဲ့။ မရောက်တဲ့နေရာလို့ ရှိမှာ မဟုတ်ဘူးနော်။
ဒါတော့...ဟိုမြို့ ဒီမြို့ သွားချင်သလားလို့ မေးကြတယ်။
ဘုန်းကြီးတော့ မကြွချင်ဘူး လို့။
စဉ်းစားမယ်ဆို ကိုယ်မရောက်တဲ့ နေရာမှ မရှိဘဲကိုးကွဲ့၊ သေချာချာ စဉ်းစားဖို့ မကောင်းလား။ အဲသလို နွားများ ကျွဲများလို စားမြုံတော့ မပြန်ချင်တော့ဘူးဟေ့။ သေချာချာလေ့လာနော်။အင်း မရောက်သေး မရသေးတဲ့ သန္တိသုခ နိဗ္ဗာန် သာ အလိုရှိတယ်၊ ကြားလား။ ဟိုဟာ ဒီဟာတွေဟာ ကိုယ်ရောက်ခဲ့တဲ့နေရာတွေ ။ အဲလို စိစစ်ဖို့ မကောင်းလား။
ဘုန်းကြီး တို့ သုတအနေနဲ့ ကြားမိတာ ။
မြတ်စွာဘုရား ရှင် ကိုယ်တော်မြတ်ကြီး...ဘုရားဖြစ်ပြီးတော့။ သချိုင်းလွတ်တဲ့နေရာမှာ သွားဆွမ်းဘုဉ်းပေးမယ်ဆို ရေပြင်ကြီးမှာ ကျောက်တုံးကြီး ရှိတယ်တဲ့ကွဲ့။ အဲဒီ ကျောက်တုံးပေါ်မှာ ဆွမ်းဘုဉ်းပေး တာတဲ့ မြတ်စွာဘုရား ။အဘိညာဉ်နဲ့ ကြည့်တော့ ဟင် ငါ ဘယ်နှဘဝတုန်းက သေခဲ့တာ ဒီနေရာကိုးတဲ့။ ကြားလား။ ကဲ သချိုင်း ကင်းတာများ ရှိရဲ့လားဟေ့။ ရှိပါဘူးကွဲ့ ။
အဲဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားက မင်းတို့ ရွတ်ချင်တဲ့ ပရိတ်ရွတ်၊ သချိုင်း ကင်းတာ တခုမှ မရှိဘူးတဲ့။ သချိုင်း ကင်းတာ ရှိပါမလား။ မရှိဘူးကွဲ့၊ ကြားလား။ ဘုရားပွင့်တာ ဘယ်လောက်ကြာသွားပြီလဲ၊ ဘုန်းကြီးတို့ သချိုင်း ချင်းကို ထပ်နေတော့မှာဟေ့။ သေချာချာ လေ့လာနော်။ အဲလို စိစစ်ဖို့ မကောင်းလား။
ဒါ လိုရင်းအချက်ကတော့ သစ္စာသိဖို့ပေါ့။ ခန္ဓာ သိဖို့ပေါ့။ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး သိဖို့ပေါ့။
#အကြောင်း အကျိုးသိရင် ကိလေသာအသစ် ဖြစ်ခွင့် မရဘူး ကွဲ့။
ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ကြီး
၂၈.၁၀.၉၇.နံနက် ၇နာရီ
အသံကြိုးတိပ်ခွေမှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ
Friday, February 5, 2016
သချိုင်းကင်းတာ တခုမှ မရှိ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment