################
ခန္ဓာ ၅ပါးကို ဘယ်လို သိရမှာလဲ....လို့ စိစစ်ဖို့ မကောင်းလား။
ရူပက္ခန္ဓာလို့ သိ အနိစ္စလို့သိ....
ရူပက္ခန္ဓာကို ဘယ်လို ဥပမာ ပေးသလဲ...
ချောင်းထဲ မြစ်ထဲမှာရှိတဲ့ ရေမြှုပ်ကြီး ကဲ့သို့လို့ ဥပမာပေး မဟောလား...
ရေမြှူပ်ကဲ့သို့ မြင်တဲ့ ပုဂ္ဂိုလ်က လိုချင်တဲ့ လောဘတွေ ဖြစ်သေးရဲ့လား...
ခံပြင်းတဲ့ ဒေါသကား ဖြစ်သေးရဲ့လား...
ဘယ်လောက်ပါ့ ကြီးကြီး လက်နဲ့ ကိုင်စမ်းကြည့်နော်
လက်ညိုးနဲ့ လက်မဘဲ ထိသွားမယ် ခုခံလို့ နေရဲ့လား...
အနှစ်သာရ မရှိဘူးနော်...အဲဒါသိဖို့ လိုတာ...
လေကတိုက် နှင်းလေးကကျ... နှာက စေးလာပြီ
အနှစ် ရှိလို့လား မရှိလို့လား...။
မခံပါတကားကွဲ့။
အခုနှာက စေးလာပြီ ။
တော်ကြာ ဆေးတိုက်ရ ပြန်ပြီ ။
တော်ကြာ ဟိုမှာ သွားတဲ့အခါ ဆူးက စူးပြန်ပြီကွဲ့
အနှစ်ရှိလို့လား မရှိလို့လား ....မရှိဘူးကွဲ့
ဘယ်က အောင့်တယ် ဘယ်ကနာတယ် မလာဘူးလား။
အနှစ်ရှိလို့လား မရှိလို့လား ။
အခုနေ့စဉ်နဲ့တကွ မကောင်းတဲ့ခန္ဓာနဲ့ နေရတာပါတကား...ဟေ့။
အဲဒါကြီးကိုများ တွယ်နေကြတာ။
ငါ အံ့ဩလို့ မကုန်...စဉ်းစား။
အဲဒါ သူ့ကို အနှစ်သာရ ရှိတယ် ထင်လို့ တွယ်တာ မဟုတ်လား။
အဲလို အနှစ်သာရ မရှိ။
ရူပက္ခန္ဓာလို့ သိ အနိစ္စ လို့သိ။
ဝေဒနာက္ခန္ဓာလို့ သိ အနိစ္စလို့သိ။
သညာက္ခန္ဓာလို့ သိ အနိစ္စလို့သိ။
သခါင်္ရက္ခန္ဓာလို့ သိ အနိစ္စလို့သိ။
ဝိညာဏက္ခန္ဓာလို့ သိ အနိစ္စလို့သိ။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
7-1-2007/2:00pmတွင် ဟောကြားတော်မူသော တရားတော်မှ ထုတ်နှုတ် စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ
No comments:
Post a Comment