Tuesday, February 9, 2016

တရားသိပြီး​တော့ လှူတာနဲ့ မသိဘဲလှူတာ

မိုးကုတ်​ဆရာ​တော်​ဘုရားကြီး က ...
"တရားသိဖို့ နံပါတ်​.၁၊
စားဝတ်​​နေ​ရေး ရှာဖို့ နံပါတ်​.၂"လို့ သတိမ​ပေးလား။
လှူဖို့ တန်းဖို့နဲ့ ပတ်​သက်​လို့ ...
"တရားသိဖို့က နံပါတ်​.၁
လှူဖို့တန်းဖို့က နံပါတ်​.၂" လို့ သတိမ​ပေးလား။

တရားသိပြီး​တော့ လှူတာနဲ့ မသိဘဲလှူတာ မခြားနားဘူးလား။ မသိလို့ လှူတဲ့ အလှူက​တော့ သမုဒယကိုးကွဲ့။

သမုဒယဆိုကတည်းက အဝိဇ္ဇာ တဏှာ ဥပါဒါန်​ မရဘူးလား။ အဲလို စိစစ်​ဖို့ လိုတယ်​​နော်​။ သိတဲ့ပုဂ္ဂိုလ်​ကျ​တော့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ပညာမဂ္ဂင်​ နှစ်​ပါး​ပေါ့ကွဲ့။ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ချုံ့လိုက်​​တော့ သတိတစ်​လုံးမရလား။ သတိ+ပညာ ကိုးကွဲ့။ ကြားလား။

အဲ​တော့... သတိပညာဦးစီးတဲ့အတွက်​ သမုဒယသစ္စာ ​သေတယ်​​နော်​။ ဒုက္ခသစ္စာအမှန်​ ပိုင်းခြားသိတာ သမ္မာဒိဋ္ဌိ လို့ မ​ဟောဘူးလား။

သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ ဝင်​တဲ့အချိန်​ နှစ်​က သုံးကို ကူး​သေးရဲ့လား။
မကူးရင်​... အဲဒါ ကိ​လေသဝဋ်​ ချုပ်​တာ​ပေါ့။
ကိ​လေသဝဋ်​ ချုပ်​​တော့ ကမ္မဝဋ်​ မချုပ်​လား။
ကမ္မဝဋ်​ ချုပ်​ရင်​... ဇာတိဇရာမရဏ ဝိပါကဝဋ်​ မချုပ်​လား။
ဝဋ်​သုံးပါးချုပ်​တာ...ဘာတဲ့လဲ။ နိဗ္ဗာန်​ ။
အေး...အဲဒါ လိုရင်း​ပေါ့​နော်​။

ကျေးဇူး​တော်​ရှင်​ မုံလယ်​​တောရ ဆရာ​တော်​ဘုရားကြီး ။
၂၇.၁၀.၉၇...ည​နေ ၆နာရီ၃၀
ရှမ်းပြည်​နယ်​ ​တောင်​ပိုင်း မိုးနဲမြို့။

စာစီကုသိုလ်​ပြုပါသည်​၊
အရှင်​​တေဇနိယ မုံလယ်​ဇ


No comments:

Post a Comment