###############
ပါဏာတိပါတာအစ သုရာမေရယအဆုံး၊ပါဏာတိပါတာအစ မိစ္ဆာဒိဋ္ဌိအဆုံးကို ရှောင်ကြဉ်ရင် ကုသိုလ် ၊ ကျူးလွန်ရင် အကုသိုလ်လို့ မဟောဘူးလား။ အဲဒီကျုးလွန်တဲ့ ပုဂ္ဂိုလ်တွေကျ ...အနာတည်တာ အဖျားအနာထူတာ ၊
ငါ ခဏ ခဏ ဖျားတယ်လို့ မပြောနဲ့ အကုသိုလ် ကြီးတယ်ဆိုတာ အကုန်ပေါ်နေတာ ကွဲ့။မပေါ်ဘူးလား။
ခေါင်းမူးတယ်ကွာ... ခေါင်းခဏ ခဏ မူးတယ် မပြောဘူးလား၊အသာလေးသာ မှိန်းနေ ... ဟိုဘဝက အသောက်သမား(အရက်သမား)...ဆိုတာ အကုန် သိတယ်ကွဲ့။ ကြားလား။
တရားဖက်က ကြည့်တော့ အကုန် သိတော့တာ။စဉ်းစားဖို့ မကောင်းလားဟေ့။
အေး ... လိမ်လို့ မရဘူးကွဲ့။
အကြောင်းကြောင့် အကျိုးတရား ပေါ်တာနော်။
ဟိုး... ရှေးထက်ကျော်ကာရီက ကျပ်ပြင်ဆရာတော်ဆိုတာ ဘောလုံးကြီးကို ဆွမ်းစဉ်သွားကြတယ်ကွဲ့နော်။ မိုးကုတ် ကျပ်ပြင်လေ။ ဖိနပ်က အသစ်ကြီး စီးသွားတာကိုးကွဲ့။
ဆွမ်းစဉ် သူ့ တရားတွေ ဟောလို့ပြီးတော့ ကိစ္စအားလုံးပြီးတဲ့အခါမှာ...ပြန်ကြွတော့ ခွေးအိပ်မှာ ချွတ်ထားခဲ့တဲ့ ဖိနပ်က မရှိပြီ။
ဘုန်းကြီး ဖိနပ်ကလေ။ ကပ္ပိယက ဒကာတွေ မေးမလို့...။ မမေးနဲ့...လာ အောက်ကို လိုက်ခဲ့။ လမ်းကျတော့... အသာနေ။ ဘာဖြစ်သလဲ ။ သူခိုးပေါ်ကုန်လိမ့်မယ်... အသာနေတဲ့၊ကြားလား။
တရားသိတဲ့ပုဂ္ဂိုလ်က ...သြော် အဲဒီ ဘုန်းကြီး ဟာ ဟိုဘဝတုန်းက သူများဖိနပ် ခိုးခဲ့တာကိုးလို့ သိသွားတော့တာပေါ့ကွဲ့။ ကဲ...ဆိတ်ဆိတ်နေတော့ သိပါမလား။
ကိုယ်ကလည်း ဒီအဓိပ္ပါယ်သိတော့ကာ ကျေနပ် ပြီးတော့မှ ကြွေးဟောင်းက မကျေ လား။
ဒေါသစိတ် ဖြစ်သေးရဲ့လား။ မဖြစ်တော့ဘူးနော်။ အဲဒီလို တရားနာတာ အကျိုးအပြစ်ကို သိဖို့မလိုလား။အဲဒါ မိမိက ဖိနပ်ပျောက်သွားပြီဆိုတော့... ကိုယ့်ဟာနဲ့ ကိုယ်ပေါ်တော့တာလေ။
မှန်ထဲ လူတပ်ကြည့်တော့ ကိုယ့်မျက်နှာ ရိပ်တွေ မထင်ရဘူးလား။ ယုံရဲ့လား။ ဒီလိုဆိုတော့... အကြောင်းရှိလို့ အကျိုးတရားတွေ ပေါ်တာပေါ့။ အခုခံရတာ ဘဝအဆက်ဆက်က ကိုယ်က ခိုးခဲ့တော့ ကိုယ့်အလှည့် လွတ်ပါမလား။
ဘဝအဆက်ဆက် လိမ်ခဲ့ရင် ကိုယ့်အလှည့်ကော အလိမ်ခံ လွတ်ပါ့မလား။ အကြောင်းရှိလို့ အကျိုးတရားပေါ်တာနော်။
အဲဒါ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးကို စိစစ်ဖို့ မကောင်းလား။ အေး...အဲလို စိစစ်ဖို့ လိုတယ်နော်။ အဲတော့...သိတဲ့အချိန်က စပြီးတော့ သိပယ်ဆိုက်ပွား လေးပါးကိစ္စ မဂ်တစ်ခဏလို့ မဟောဘူးလား။
အဲဒါ သမ္မုတိသစ္စာ အနေနဲ့လည်း သိဖို့၊ ပညာမြင် ပရမတ္ထသစ္စာ ဘက်ကလည်း သိဖို့ လိုတယ်နော်။ သိမှ ရှောင်ကြဉ်နိုင်တာပေါ့။ သိမှ ပယ်နိုင်တာပေါ့။
အဲလို အကျိုးအပြစ်တွေကို တိုက်ဆိုင်လာတဲ့အခါ ခန္ဓာ ဖက် ဉာဏ်လှည့်တဲ့အခါ အကုသိုလ် အသစ်ဖြစ်သေးရဲ့လားဟေ့။
ကြွေးဟောင်း မကျေလား။ ကြွေးသစ်တင်သေးရဲ့လား။ မတင်ဘူးကွဲ့နော်။ အကုသိုလ် ကုသိုလ် တရားနှစ်ပါးကိုလည်း သေသေချာချာ စိစစ်ဖို့လိုတယ်နော်။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ
၈.၁၀.၂၀၀၂...နေ့ ၂နာရီတရားတော်မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။
No comments:
Post a Comment