တခါ တခါ နင်တို့ စိတ်မဆိုးဘူးလား။
စိတ်ဆိုးတဲ့အခါ ...
လူ့စိတ်လား တိရစ္ဆာန် စိတ်လား။
တရားဟောရတာလည်း အားတော့ နာတယ် မှန်တာ ဟောရတာကွဲ့။
စိတ်ဆိုးတာ တိရစ္ဆာန် စိတ်တွေ။
ပြုံးပြုံးလေးနေတာ လူ့စိတ်။
ဓာတ်ပုံ ရိုက်ကြည့်။
စိတ်ဆိုးတဲ့ မျက်နှာနဲ့ စိတ်ကောင်းတဲ့ မျက်နှာ တူပါမလား။
တူဘူး။ အဲ ...ကြည်ပြီးတော့ ဝိညာ ဏ်ချုပ်ရင် လူဖြစ်နိုင်တယ်။ စိတ်ဆိုးဆိုးနဲ့ ဆို တိရစ္ဆာန် အပါယ်လေးဘုံ ဖြစ်မယ်။
အဲဒါတွေဟာ စိတ်ကို ကြည့်... ဟောရတာ။
အဲဒါကြောင့်မို့လို့ အကောင်အထည်ကိုပဲ မကြည့်နဲ့။ အကောင်ကတော့ ပုံစံက တူတယ်။
စိတ်ကို ကြည့်ရတယ်။
ငါးပါးသီလ နဲ့ ပြည့်စုံတာ သူတော်ကောင်း လို့ မပြောကြဘူးလား။
သီလနဲ့ ပြည့်စုံတာ သူတော်ကောင်းပေါ့။
အဲဒါ လူ့စိတ်တွေ။
သီလနဲ့ မပြည့်စုံရင် တိရစ္ဆာန် စိတ်တွေ။
အပါယ်ကိုကျတာ ကုသိုလ်ကြောင့်ကျတာလား အကုသိုလ်ကြောင့် ကျတာလား ။
ကဲအခု အပါယ်ကျတာ အကုသိုလ်ဆိုတော့ကာ တိရစ္ဆာန် စိတ်နဲ့သေတာတွေ။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တဲ့။
လူဖြစ်တာ နတ်ဖြစ်တာ သီလကုသိုလ်။
အဲဒီ ကုသိုလ်ကြောင့် လူဖြစ်တာ နတ်ဖြစ်တာ။
မဟောဘူးလား။
အင်္ဂုလိမာလ ဆိုတာ ကြားဖူးတယ်မလား။
လူသတ်ယောက်ျား လူသတ်တယ်ဆိုတာ တိရစ္ဆာန် သတ်တာထက် အပြစ် မကြီးဘူးလား။
ဘုရားရှင်နဲ့တွေ့တော့ ကဲ သစ္စာတရား ခန္ဓာ တရား ပဋိစ္စသမုပ္ပါဒ်တရား ကို ကြားရနာရတော့ တမဂ်တဖိုလ် ရမသွားလား။
သူပြုတဲ့ အကုသိုလ်တွေ ခံရသေးရဲ့လား။
ရဟန်းကိစ္စ ပြီးသွားတာ။
အဲသလို ကြည့်ကြ။
အခုလည်း ဒကာကြီး တို့က အင်္ဂုလိမာလ လောက်တော့ မမိုက်ဘူး။ကြားလား။
တကယ်ကြိုးစားရင် မဖြစ်နိုင်ဘူးလား။
အေး... အဲသလို ကြိုးစားကြ။
အဲဒါ လူ့စိတ်နဲ့ တိရစ္ဆာန် စိတ်ကို သိအောင်လို့ ဘုန်းကြီး ပြောပြတာ။
ဒါကြောင့်မို့လို့ စိတ်ဆိုးတာ အကုသိုလ် စိတ်မဆိုးတာ ကုသိုလ် လို့ မဟောဘူးလား။
ဒါကြောင့် ပွဲထဲမှာ ဇာတ်ပြတဲ့အခါ ...
ဒေါသကြီးတယ် တိရစ္ဆာန် နဲ့ တူတယ်တဲ့။
ပွဲထဲက လက်စွဲ( လူရွှင်တော်) တွေက ပြောတာ။
ဒေါသကြီးတဲ့လူ တိရစ္ဆာန် နဲ့တူတယ်တဲ့။
ကိုယ်ကောင်ကတော့ လူဗျ။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
၁၇.၁၁.၂၀၀၉ အသံဖိုင်မှ
စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment