Thursday, August 18, 2016

သီ လ က အ ဖိုး တန် တာ။


#################

ဒါ န တ ရား သီ လ တ ရား  သ မ ထ တ ရား။
ဒါ န တ ရား ထက် သီ လ တ ရား က အ ဖိုး တန် တယ် လို့
ဆ ရာ တော် တွေ မ ဟော လား။
ဒါ န ထက် သီ လ က အ ဖိုး တန် တယ် နော်။

သီ လ က ပိုက် ဆံ ကုန် သေး ရဲ့ လား ဟေ့။
ငါး ပါး သီ လ ထိန်း တာ ၊ ရှစ် ပါး သီ လ ထိန်း တာ ၊
ကိုး ပါး ဆယ် ပါး ထိန်း တာ ... ပိုက် ဆံ ကုန် ရဲ့ လား။

ပိုက် ဆံ မ ကုန် ဘဲ နဲ့ ရ တဲ့ ကု သိုလ် ကွဲ့။
ပိုက် ဆံ ကုန် လို့ ရ တဲ့ ကု သိုလ် နော်။
အဲ သ လို ခြား နား ဖို့ မ လို လား။

များ သော အား ဖြင့်...
ပိုက် ဆံ ကုန် ပြီး တော့ ရ တဲ့ အ လှူ လုပ် တာ များ တယ် နော်။
ပိုက် ဆံ မ ကုန် တဲ့ ကု သိုလ် ဟာ လူ တိုင်း မ လုပ် နိုင် ဘူး။
လေ့ လာ ဖို့ မ ကောင်း လား။
အဲ... စဉ်း စား ဖို့ ကောင်း တယ် နော်။

ဒါ န ထက် သီ လ က အ ဖိုး တန် တယ်။
သီ လ ထက် သ မ ထ က အ ဖိုး တန် တယ် နော်။
သ မ ထ ထက် ဝိ ပ ဿ နာ က အ ဖိုး တန် တယ် လို့
မ ဟော ဘူး လား။
လူ တိုင်း ပြော တတ် တယ် ၊ ခေါ် တတ် တယ် မ သိ။

ဘယ် လို တွေ မ သိ တာ လဲ စိ စစ် ဖို့ မ ကောင်း လား။
ရှေး က နေ ပြီး တော့ ဥ ပ မာ အား ဖြင့်
န ယုန် လ က စ ပြီး တော့ မိုး က မ ရွာ ဘူး ပေါ့။
ပျိုး ခင်း က မ ထောင် ရ သေး ဘူး နော်။
နှမ်း မ ကြဲ ရ သေး ဘူး နော်။

နက် ဖြန် ခါ ဝါ ဝင် ကိုး။
ကဲ မိုး လည်း ခေါင် တယ်။ ဥ ပုသ် စောင့် ရ အောင် ....
တိုင် ပင် ကြ တာ ပေါ့။
သူ တို့ အ သုတ် က ဆယ် ယောက် လောက် ရှိ တယ် နော်။
ဒိ ပြင် အ သုတ် တွေ က လည်း ရှိ သေး တာ ကိုး။
ဥ ပုသ် စောင့် ဖို့ အ ဆင် သင့် လုပ် ထား တယ်။

ည ကျ တော့ တ ည လုံး ရွာ တော့ တာ ဟေ့။
မ နက် လင်း တဲ့ အ ခါ လူ ဆယ် ယောက် မှာ ၇- ယောက် က လယ် ထွန် သွား တော့ တာ။
ပျိုး ခင်း ထွန် သွား တော့ တာ။ ကြား လား။
၃- ယောက် က သီ လ အ ပျက် မ ခံ ဘူး နော်။
ဟို ၇- ယောက် က အ ပျက် ။
 နောက် တစ် ပတ် မှ စောင့် တော့ မယ် တဲ့။

အဲ ဒီ နေ ရာ ကျ တော့ ....
သီ လ နဲ့ ဟို က လယ် ထွန် တဲ့ အ လုပ် ကို
နှိုင်း ယှဉ် ဖို့ မ ကောင်း လား။
ဘယ် က အ ဖိုး တန် လဲ စိ စစ် ဖို့ မ ကောင်း လား။
သီ လ က အ ဖိုး တန် တာ။
လေ့ လာ ဖို့ မ ကောင်း လား ဟေ့။

ကျေး ဇူး တော် ရှင် မုံ လယ် ဆ ရာ တော် ဘု ရား ကြီး။
အ ဂ္ဂ မ ဟာ က မ္မ ဋ္ဌာ နာ စ ရိ ယ ဘ ဒ္ဒ န္တ သံ ဝ ရ။

ပဲခူး ဆယ် မိုင် ကုန်း မုံ လယ် (၄၃) ကြိမ် မြောက် တ ရား စ ခန်း
၃၁ - ၇ - ၂၀၀၈ နေ့ ၂ နာရီ အ ချိန် ဟော ကြား တော် မူ သော
တ ရား တော် မှ စာ စီ ပူဇော် ပါ သည်။
အ ပြည့် အ စုံ ဆက် လက် နာ ယူ နိုင် ပါ သည်။

အရှင်တေဇနိယ မုံလယ်ဇ။

No comments:

Post a Comment