ကျေးဇူးတော်ရှင် နမ္မားဆရာတော်ဘုရားကြီး၏ ဒေသနာ ပန်းခိုင်မှ စာစီ ပူဇော်ပါသည်။
မင်္ဂလာတရားတော်(၁)-/ အပိုင်း-၂
****************
ရှေးအခါက ငါတို့ ဘုရားအလောင်းဟာ ကုန်သည်မျိုး၌ ဖြစ်တယ် ။ ဒေဝဒတ်အလောင်းဟာလဲ ကုန်သည်မျိုးမှာပင် ဖြစ်သတဲ့။
တနေ့သောအခါ ဘုရားအလောင်းဟာ ကုန်ရောင်းသွားရန်အတွက် လှည်းငါးရာကို ပြင်လျ က် ကုန်တွေကို လှည်းပေါ်သို့ တင်တယ်။
ထိုအချိန်အခါမှာ ဒေဝဒတ်အလောင်းကလည်း ဘုရားလောင်း နည်းတူ လှည်းငါးရာကိုပြင်လျ က် ကုန်တွေကို လှည်းပေါ်တင်သတဲ့။
ဒီသတင်းကိုကြားတဲ့ ဘုရားအလောင်းဟာ ဒေဝဒတ်အလောင်းထံ သွားပြီး မေးမြန်းတယ်။
* မိတ်ဆွေ ၊ ဘယ်တော့လောက် လှည်းထွက်ဖို့  ရည်ရွယ်ပါသလဲ *
လို့  မေးတော့
ဒေဝဒတ် အလောင်းက--
ဘယ်လ ဘယ်ရက်လောက် ထွက်ဖို့  ရည်ရွယ်ပါတယ်--လို့  ပြောတယ်*။
ထိုအခါ ဘုရားအလောင်းက စဉ်းစားတယ်။
*အင်း--သူ့ လှည်းက ငါးရာ ၊ငါ၏လှည်က ငါးရာ ။ ပေါင်းလှည်းပေါင်း တထောင် ၊ နွားနှစ်ထောင် ဖြစ်တယ် ။
အတူတူသာ သွားယင် မြက်တို့ ရေတို့  ကျပ်မယ် ၊ တသုတ်စီ သွားမှ ကောင်းမယ်*လို့ ကြံစည်ပြီး....
*မိတ်ဆွေ ၊ ခင်ဗျားလှည်းက ငါးရာ၊ကျွ န်တော့်လှည်းက ငါးရာပေါင်းတော့... လှည်းပေါင်းတထောင် ၊ လူပေါင်းတထောင် ၊ နွားပေါင်းနှစ်ထောင် ၊ဖြစ်တယ်၊ ဒီတော့ လမ်းခရီးမှာ ရေတို့ မြက်တို့ မလောက်မင ဖြစ်လိမ့်မယ် ။
သို့ အတွက် မိတ်ဆွေယင်လဲ အရင်ထွက်ပါ သို့ မဟုတ် ကျွန်တော်ယင်လဲ အရင်ထွက်ပါမယ်။)* လို့ ပြောတယ်။
ဒီလိုပြောတော့ ဒေဝဒတ်အလောင်းက စဉ်းစားတယ်။
အရင်ထွက်မှသာ ဈေးဦးပေါက်မှာ ၊ ဈေးကောင်းကောင်း ရောင်းရမယ်။ နွားတွေလဲ လမ်းခရီးမှာ မြက်သစ်ပင်တွေကို ဦးဦးဖျားဖျား စားရမယ်။ ရေတွေလဲ မနောက်သေးခင် ဦးဦးဖျားဖျား သောက်ရမယ်။ အရင်ထွက်တာ ကောင်းတယ် လို့ အကြံဖြစ်ပြီး
* ကျွန်တော် အရင်ထွက်မယ်* လို့ ပြောသတဲ့။
ဘုရားအလောင်းကလဲ စဉ်းစားတဲ့အခါ နောက်မှ ထွက်ခြင်း၏ အကျိုးကို မြင်တယ်။
ဘယ်လိုမြင်သလဲ ဆိုတော့ ...
အရင်ထွက်သောသူဟာ လမ်းမကောင်းယင်ပြင်ရမယ် ၊ တံတားမရှိယင် တံတားခင်းရမယ်။ သစ်ပင်တွေ လမ်းတွေပေါ်မှာ လဲနေယင် ရှင်းရမယ်။ နောက်လူကား အရင်လူပြင်ထားသော လမ်းအတိုင်းသွားရုံသာ ။
အရင်သွားနှင့်တဲ့ နွားတို့ ဟာ ကြမ်းတမ်းရင့်ရော်သော မြက်သစ်ရွက်ကိုစားရမယ် ၊ နောက်နွားများဟာ အတက်ပေါက် အနုကလေး များကို စားရမယ်။
အရင်သွားတဲ့လူဟာ စခန်းမှာ ရေတွင်းမရှိက တူးရမယ်၊ နောက်သွားတဲ့လူက တူးပြီးသား ရေတွင်းကို ခပ်ရုံသာဖြစ်တယ်။
ဈေးနှုံးကန့်သတ်ခြင်းဟာ သတ္တဝါတို့ ရဲ့အသက်ရှင်မှုနှင့် ဆက်စပ်တယ်၊ သတ္တဝါတို့အား နှိပ်စက်သည်မမည်လို ...ဆင်ခြင်ပြီး
နောက်မှ သွားဖို့ ရာတာဝန်ယူတယ်။
*****************
အဲဒီလို ဘုရားအလောင်း နှင့် ဒေဝဒတ်အလောင်းတို့  ကုန်ရောင်း ထွက်ဖို့ ရာ အချိန်ကိုသတ်မှတ်ကြပြီးနောက်....
ဒေဝဒတ်အလောင်းဟာ လှည်းငါးရာကို ကုန်နှင့်လူစာနွားစာ များကိုတင်၍ ခရီးထွက်တယ်။
သူတို့ ဖြတ်သန်းပြီး သွားရမယ့်ခရီးဟာ....ရေ မရှိသော နိရုဒက ကန္တာရ ခရီးကို ခုနှစ်ရက် ဖြတ်သန်းပြီး သွားရမယ့် ခရီးဖြစ်တယ် ။
သို့ အတွက် နိရုဒကကန္တာရ နှင့် နီးသောအခါ လူအတွက်နှင့် နွာအ
တွက်ပါ ခုနှစ်ရက်စာရေကို စည်ကြီးတို့ ဖြင့် ထည့်၍တင်ကြရတယ်။ အဲဒီလို စည်ကြီးတို့ ကို လှည်းပေါ်တင်ပြီး ခရီးခဲကို မောင်းနှင်လာ၍ တရက် နှစ်ရက်လောက်ရှိသောအခါ ခရီးခဲ၌ နေသောဘီလူးတို့ ဟာ လူယောင်ဖန်ဆင်း၍ လှည်းနှင့်နွားတို့ ကို ရွှံ့နွံဗွက်ထဲမှ လာခဲ့သည့်ပုံ ၊ ရေတွေစိုကာ ရွှံ့တွေလိမ်းကျံစေလျက် ၊ လူတွေက ကြာပန်းအစည်းကြီးတို့ ကို ထမ်းလျ က် ခရီးရင်ဆိုင်လာကြတယ်။
ဒေဝဒတ်အလောင်း၏ လှည်းတွေနှင့် တွေ့သောအခါ ...
*လှည်းပေါ်က စည်ကြီးတွေဟာ ဘာတွေလဲ* လို့ မေးတယ်။
ထိုအခါ လှည်းသမားတွေက--ရေတွေ ပါ--လို့ ပြောတယ် ။ ဘီလူးတွေက *ရေတွေ ဘာပြု လို့ အလေးခံပြီး ယူခဲ့ကြသတုန်း ၊ လမ်းတလျှောက်လုံးမှာ ရေတွေဟာ ပြည့်လျှံနေတာပဲ ၊ ငါတို့ ကြည့်ပါ့လား၊ ရေတောထဲက လာခဲ့တာပဲ ။ ကြာပန်း ယူကြအုံးမလား ၊ အလကား အလေး
ခံပြီး ရေတွေကိုမယူပါနှင့် သွန်ပစ်ကြပါ ၊ ဝန်ကလေး ခပ်ပေါ့ပေါ့နှင့် မောင်းသွားလိုက်ယင် မကြာခင်ရေတွေကို တွေ့ပါလိမ့်မယ်။* လို့ ပြောသတဲ့။
ဒီတော့ လှည်းသမားတွေက ဒေဝဒတ်အလောင်းကို သွားပြီး ရေတွေသွန်ဖို့ ပြောကြတယ်။ ဒေဝဒတ်အလောင်းကလဲ လိုက်လာပြီး လူယောင်ဆောင်တဲ့ ဘီလူးတွေကို လမ်းခရီး အကြောင်းကို မေးရာ ...
ဘီလူးတွေက ....*လမ်းခရီးမှာ ဘာမှပူစရာမရှိ၊ ရေတွေဆိုတာ လမ်းတလျှောက်လုံး ရေချ ည်းပဲ ၊ ထင်းတွေလဲ ပေါတယ် ၊ ခင်ဗျားတို့  လှည်းပေါ်မှာပါတဲ့ ရေတွေ ထင်းတွေ နွားစာတွေကို အကုန်ပစ်ချထားခဲ့ပြီး ဝန်ကလေး ခပ်ပေါ့ပေါ့နှင့်သာ မောင်းသွားကြပါ ။ မကြာခင် ရေတွေ ထင်းတွေ နွားစာတွေ ကို တွေ့ရပါလိမ့်မယ်* လို့ ပြောသတဲ့။
အဲဒီလို ပြောတဲ့စကားကို စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ ဒေဝဒတ်အလောင်းဟာ ယုံကြည်ပြီး ရေတွေ ထင်းတွေ နွားစာတွေကို အပစ်ခိုင်းပြီး ဝန်ကလေး ခပ်ပေါ့ပေါ့နှင့် မောင်းနှင်သွားကြတယ် ။ မောင်းနှင်သွား၍ တရက် နှစ်ရက် ရှိသော်လည်း ရေဆို၍ တစ်ပေါက်မှ မတွေ့ရ ၊ ထင်းလည်း တချောင်းမျှ မမြင်ရ ၊ နွားစာလဲ ဗလာနတ္တိဖြစ်နေတော့ နွားတွေလဲ အားပြတ်၍လဲ ၊ လူတွေလဲ အားအင်ကုန်ခမ်း၍ ရှေ့သို့ တလှမ်းမှ မသွားနိုင်ကြတော့ပဲ ၊ နေပူကြဲကြဲ သဲပြင်ထဲမှာ တုံးလုံးပက်လက်နှင့်
အားပြတ်ပြီး လဲနေကြတယ် ။ ထိုအခါ ဘီလူးတွေဟာ အုပ်နှင့်ချီ လာပြီး အားပြတ်တဲ့ နွားတွေ လူတွေကို စားသောက်ကြသတဲ့ ။
ကဲ--ဒေဝဒတ်အလောင်း ဉာဏ်မရှိတဲ့ အတွက် အကုန်လုံးဒုက္ခမရောက်လား ။ ဒါကြောင့် မြတ်စွာဘုရားက ...
* ဗာလာနံ ၊ ကျိုးကြောင်းမသိ မရှိဉာဏ်အား လူမိုက်များကို ။ ယာ အသေဝနာစ ၊ မမှီဝဲမဆည်းကပ် ရခြင်းသည်၎င်း * လို့  မင်္ဂလသုတ်မှာ ဟောတော်မူတာပေါ့။
ယေဒုမ္မေဓာ နဇာနန္တိ ၊ အတ္ထာ နတ္တဉ္စ ဒုပ္ပညာ ။
တေ ပဋိ သေဝတော ဒုက္ခာ ၊ ဝဍ္ဎန္တိ လောကဓမ္မတာ။
ယေ ဒုမ္မေဓါ ၊ ကျိုးကြောင်းမသိ မရှိဉာဏ်အား အကြင် လူမိုက်များတို့သည်။ ဒုပ္ပညာ ဒုပ္ပညာယ ၊ ကြောင်းကျိုးကိုမြင် သမ္ပဇဉ်မရှိကြ လေသောကြောင့် ။ အတ္တဉ္စ၊ အကျိုးရှိသည်ကို၎င်း ။ အနတ္တဉ္စ၊ အကျိုးမရှိသည်ကို၎င်း ။ နဇာနန္တိ ၊ မသိလေကုန်။
တေ ၊ ထိုကြောင်းကျိုး မမြင်သမ္ပဇဉ်ဖြင့် ဉာဏ်မယှဉ်တဲ့ လူတို့ ကို။ ပဋိသေဝတော၊ မှီဝဲသော သူအား ။ ဒုက္ခာ၊ ဆင်းရဲဒုက္ခ အနန္တတို့ သည်။ ဝဍ္ဎန္တိ ၊ ကောက်ရိုးမီးနှယ်ကြီးကျ ယ်ကြလေကုန်၏။
သော ၊ ဤကဲ့သို့  လူမိုက်ကိုမှီဝဲ၍ ဆင်းရဲရခြင်းသည် ။ လောကဓမ္မတာ လူတို့ ၏ထုံးစံ ရိုးရာ ဓမ္မတာကြီးသာလျှ င်တည်း။
သာဓု သာဓု သာဓု။
ဘုရားအလောင်းဟာ ဒေဝဒတ်အလောင်း ထွက်သွား၍ တလကြာသောအခါ ...လှည်းငါးရာ ကုန်အပြည့်တင်လျ က် ထွက်လာခဲ့တယ်။
နိရုဒက ကန္တာရသို့ ရောက်ခါနီးလတ်သော် လှည်းတို့ ၌ ရေစည်ကြီးများတင်၍ သဲကန္တာရသို့  ဝင်လာတယ်။
ထိုအခါ ဘီလူးတို့ ဟာ ရှေးနည်းတူစွာ လူယောင်ဖန်ဆင်းလျ က် လှည်းနှင့်နွားတို့ ကို ရွှံ့နွံများ လူးစေပြီး ကြာပန်းစည်းကြီးတို့ကို ထမ်းကာ ခရီးရင်ဆိုင် လာပြန်တယ် ။
ဘုရားအလောင်း၏ လှည်းများနှင့်တွေ့သောအခါ ...
*လှည်းပေါ်က စည်ကြီးတွေ ဟာ ဘာတွေလဲ * လို့  မေးကြသတဲ့ ။ လှည်းသမားတွေက * ရေတွေပါ *လို့ ပြောလျှ င်
* ရေတွေကို ဘာပြု လို့  အလေးခံပြီး ယူရသလဲ ၊ ငါတို့ ကို ကြည့်ပါလား ၊ ရေတောထဲက လာခဲ့တာပဲ ၊ ရေတွေကို သွန်ပစ်ပြီး ဝန်ကလေး ခပ်ပေါ့ပေါ့နှင့် မောင်းနှင်သွားယင် မကြာမတင် ရေတွေကိုတွေ့ရမှာပဲ* လို့ ပြောသတဲ့။
ထိုအခါ ဘုရားအလောင်းထံ သွားပြီး လှည်းသမားတွေက ရေတွေကို
သွန်ဖို့  ပြောကြလျှ င် ဘုရားအလောင်းလိုက်လာခဲ့ပြီး လူယောင်ဖန်ဆင်းလာတဲ့ ဘီလူးတို့ ကို ကြည့်ရှုလတ်သော် ...
ဖနောင့်တို သည်ကို၎င်း ၊ မျ က်ထောင့်နီ သည်ကို၎င်း ၊ မျ က်တောင်မခတ် သည်ကို၎င်း ၊ အရိပ်မထွက် သည်ကို၎င်း မြင်၍
*ဤသူတို့ ကား လူယောင်ဖန်ဆင်းသော ဘီလူးတို့ သာတည်း* ဟု အတတ်သိသဖြင့်လှည်းသမားတို့ ကို စည်းဝေးစေပြီးလျှ င် ....
*အမောင် လှည်းသမားတို့  ....
တိမ်တေ လေအက် လျှ ပ်စက်ပဉ္စော သံတယော ဟု
ရှေးလူကြီးများ အဆိုရှိတယ်။
တိမ်- မိုးတိမ်ကို ။ တေ- သုံးယူဇနာက မြင်ရတယ် လို့ ဆိုရာ၊
သင်တို့ မိုးတိမ်ကို မြင်ကြ၏လော* လို့ မေးတယ်။
လှည်းသမားတို့ က* မမြင်ပါ * လို့ ပြောရာ
* လေ- မိုးထဲက လာသော လေအေးဟာ ၊ အက်- တယူဇနာတိုင်အောင် အေးတယ်တဲ့၊
မိုးထဲက လာသောလေအေးဟာ မင်းတို့ ၏ ကိုယ်ကောင်ကို တိုက်ခိုက်၏လော* လို့ မေးပြန်ရာ *မတိုက်ခိုက်ပါ* လို့ ဖြေကြတယ်
* လျှပ်စစ်နွယ်ရောင်ကို ပဉ္စော--ငါး ယူဇနာက မြင်ရ၏လို့  ဆိုရာ
*မင်းတို့ မြင်ကြသလော* လို့ မေးရာ*မမြင်ကြပါ* လို့ ဖြေကြသတဲ့ *
သံ--မိုးခြိမ်းသံကို ၊ တယော-သုံးယူဇနာက ကြားရ၏လို့ 
ဆိုရာ ၊ မင်းတို့  ကြားကြသလော* လို့ မေးပြန်ရာ*မကြားပါ* လို့ ဖြေကြတယ်။
* အမောင်တို့ ငါးယူဇနာ အတွင်းမှာ မိုးမရွာဘူး ၊ မရွာလျှ င် ရေမရနိုင်ဘူး ၊ ဒီခရီးဟာ သဲကန္တာရ ခရီးဖြစ်တယ်၊ ဒီလူတွေဟာလဲ လူအစစ်မဟုတ်ဘူး၊ လူယောင်ဖန်ဆင်းထားသော ဘီလူးတွေသာ ဖြစ်တယ်၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ ဟာ....ဖနောင့်တိုတယ် ၊ မျက်ထောင့်နီတယ် ၊ မျက်တောင်မခတ်ဘူး ၊ အရိပ်လဲ မထွက်ဘူး။ ငါတို့  ရှေ့ကသွားတဲ့ လှည်းငါးရာကို ဒီနည်းဖြင့် လှည့်စား၍ စားပြီးတော့မယ်၊
ဒါကြောင့် ငါတို့ ကိုလဲ စားရအောင်လို့  လှည့်စားကြတာ ဖြစ်တယ်။ ရေတွေကို မသွန်ကြနှင့် ၊ ထင်းတချောင်းမှ မပစ်ခဲ့နှင့် ၊ ကဲ---မောင်းသာမောင်းကြ* လို့ ဆုံးမကာ ဘီလူးတွေကို ဂရုမစိုက်ပဲ မောင်းနှင်သွားကြတယ်။
ဘီလူးတွေလဲ လိမ်၍မရသည့်အတွက် ရှေ့ကိုဆက် သွားဟန်ဆောင်ကာပျောက်ကွယ်သွားကြသတဲ့။ ဘုရားအလောင်းတို့  ခရီးဆက်၍ တစ်ရက် နှစ်ရက်ကြာလျှင်ဒေဝဒတ်အလောင်းရဲ့ လှည်းငါးရာတို့  ပျ က်စီးသေကြေ နေကြတာကို တွေ့မြင်ကြရတော့တယ်။
*အမောင်တို့ ၊ ငါတို့ ၏ လှည်းအသင်းထဲက မကောင်းတဲ့လှည်းကို ပစ်၍ ဒီလှည်းသင်းက ကောင်းတဲ့လှည်းတွေကို ယူကြ။ ငါတို့ ၏ လှည်းအသင်းက အဖိုးမတန်တဲ့ ကုန်ကိုပစ်၍ သူတို့ ၏ လှည်းက ကောင်းတဲ့အဖိုးတန်တဲ့ ကုန်တွေကိုယူကြ * လို့  အမိန့် ပေးတယ်။
လှည်းသမားတို့ လည်း ဘုရားလောင်းရဲ့အမိန့် အတိုင်း မကောင်းသော လှည်းကိုပစ်၍ ထင်းခွဲမီးဆိုက်ကာ ကောင်းသောလှည်းကို ယူပြီးလျှ င် အဖိုးမတန်သော ပစ္စည်းကိုပစ်၍ ကောင်းသောအဖိုးတန်သော ပစ္စည်းကိုယူကာ ခရီးဆက်လက် ထွက်ခွါကြရာ ရေမရှိသော သဲကန္တရခရီး
ခဲကို လွန်မြောက်ခဲ့ပြီး ရည်ရွယ်ရင်း တိုင်းပြည်မြို့ရွာတို့ ၌ ဥစ္စာပစ္စည်းများကို ရောင်းချ ကြရသဖြင့် ငွေမြောက်မြားစွာ ရရှိကြတယ်။
၎င်းငွေတို့ဖြင့် မိမိတို့ ရပ်ရွာဒေသ၌ ရောင်းရွှေ့ကောင်းမည့် ပစ္စည်းများကို ဝယ်ချ မ်းပြီး လှည်းပေါ်သို့ တင်ကာ ထွက်ခဲ့ကြရာ ...
မိမိတို့ နေရာ အရပ်ဒေသသို့ ကောင်းမွန်စွာ ပြန်ရောက်ကြ၍ သားမယားများနှင့် ပျော်ရွှင်စွာ စားသောက်ကြရတယ်။
ကဲ-စဉ်းစားကြပါ။ ဘာကြောင့် ဒီလှည်းအသင်းက လူတွေရော နွားတွေပါ မိမိတို့ နေရာသို့ ရောက်ပြီး ပျော်ရွှင်စွာ နေကြရသလဲ။
ဘုရားလောင်းတည်းဟူသော ပညာရှိပုဂ္ဂို လ်အား မှီဝဲ ဆည်းကပ်ရခြင်းကြောင့် ဘီလူးတို့ ၏ ဘေးရန်မှ လွတ်မြောက်ပြီး ချ မ်းသာစွာပြန်၍ ရောက်ကြရတာ မဟုတ်ပါလား၊ ဒါကြောင့်မြတ်စွာဘုရားက ...
*ပဏ္ဍိတာနံ--ကျိုးကြောင်းမြင်သိ ပညာရှိတို့ အား ။ ယာ သေဝနာစ
အကြင်မှီဝဲ ဆည်းကပ်ရခြင်းသည်၎င်း * လို့  မင်္ဂလသုတ်မှာ ဟောတော်မူခဲ့တယ်။
ဘုရားအလောင်း ဘုရားဖြစ်တဲ့အခါ ဒီလှည်းသမားတွေလဲ မြတ်စွာဘုရား၏တပည့်သာဝကတွေ ဖြစ်၍ နိဗ္ဗာန်ကိုသွားကြပြီး ဒေဝဒတ်အလောင်း၏ လှည်းသမားတွေလဲ ဒေဝဒတ်၏ အပင်းအသင်း တွေဖြစ်ပြီး ဘုရားကို ပြစ်မှားကြသဖြင့် ငရဲသို့ သွားကြရတယ် ။
ဒါကြောင့် မြတ်စွာဘုရားက *ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော * လို့  ဟောတော်မူတယ် ။
ပုဂ္ဂလောပိ--ပုဂ္ဂိုလ်သည်လည်း။ ဥပနိဿယ ပစ္စယေန--ဥပနိဿယ ပစ္စည်းဖြင့် ၊ ပစ္စယော--ကျေးဇူးပြုတတ်သည်။ ဟောတိ ဖြစ်၏ ။
ပုဂ္ဂို လ်သည် ဥပနိဿယ ပစ္စည်းဖြင့် ဘယ်လိုကျေးဇူးပြုသလဲ ဆိုတော့....
အမှီပြု ခံပုဂ္ဂို လ်သည် သူတော်ကောင်းဖြစ်လျှင် မှီဝဲသော ပုဂ္ဂို လ်သည်လည်း သူတော်ကာင်းဖြစ်သွားတာပဲ ။
အမှီဝဲခံ ပုဂ္ဂို လ်သည် သူယုတ်မာ ဖြစ်လျှ င် မှီဝဲသောပုဂ္ဂို လ်သည်လည်း သူယုတ်မာဖြစ်သွားတာပဲ။
အမှီဝဲခံ ပုဂ္ဂို လ်သည် ပညာရှိဖြစ်လျှင် မှီဝဲသော ပုဂ္ဂို လ်သည်လည်း ပညာရှိဖြစ်တာပဲ။
အမှီဝဲခံ ပုဂ္ဂိုလ်သည် ပညာမရှိသော ပုဂ္ဂို လ်ဖြစ်လျှင် မှီဝဲသော ပုဂ္ဂို လ်လည်း ပညာမရှိသော ပုဂ္ဂို လ်ဖြစ်တာပဲ။
ဗမာစကားနှင့် ပြောရလျှင် * တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး * လို့ ပြောလေ့ရှိကြတယ်။ အဲဒီစကားဟာ ဥပနိဿယ ပစ္စည်းကို ပြောတာပဲ ။ ဥပမာပြောရမယ်ဆို လျှင် ...
ငှက်ပျောဖက်ဖြင့် မြတ်လေးပန်းတို့  စံပယ်ပန်းတို့ ကို ထုပ်လျှင် ဖက်မှာ ဘာအနံစွဲသလဲ မောင်စိန်ရဲ့ (မွေးကြိုင်သော အနံ့စွဲပါတယ်ဘုရား) ငှက်ပျောဖက်ဖြင့် ငါးပိထုပ်တော့ ဖက်မှာဘာအနံ့စွဲမတုန်း (ငါးပိပုပ်နံ့ စွဲပါတယ်ဘုရား)။
အဲလိုပဲ မကောင်းတဲ့လူနှင့် ပေါင်းယင် မကောင်းကျိုးကိုခံရမှာပဲ ။ကောင်းတဲ့လူနှင့်ပေါင်းလျှ င် ကောင်းကျိုးကို စံရမှာပဲ။
စာစီပူဇော်ပါသည်။
ဒေါ်ညွန့် ပခုက္ကူ။
No comments:
Post a Comment