Monday, August 22, 2016

လက် ဆောင် ယူ သွား ကြ။


###############

တို တို ကျဉ်း ကျဉ်း နဲ့ မှတ် လောက် အောင် လက် ဆောင် ယူ သွား ကြ။
ကိုယ့် ကိုယ် ကို အ ရှက် မ ခွဲ နဲ့။
ကိုယ့် ကိုယ် ကို အ ရှက် ခွဲ ကြ ပါ တ ကား။

ဘုန်း ကြီး က လည်း ကိုယ့် ကိုယ် ကို တော့ ဘယ် သူ မှ အ ရှက် မ ခွဲ ဘူး ဘု ရား။...(အဲ လို လျှောက် ရ မှာ...)။
ကိုယ့် ကိုယ် ကို အ ရှက် ခွဲ တာ။
ဘယ် လို အ ရှက် ခွဲ သ လဲ။
ငါ့ ကို လိမ် ခဲ့ တာ ...သုံး သိန်း ကွဲ့။ အ ခု ထိ မ ပေး ဘူး။
တ နှစ် နီး ပါး ရှိ ပြီ... ငါ တောင်း ခဲ့ တာ... မ ရ တာ။
ငါ့ လိမ် ထား တာ။ မ ပြော ဘူး လား။

ဒါ... အ လို လို ဖြစ် တာ လား၊ အ ကြောင်း ကြောင့် အ ကျိုး တ ရား ပေါ်တာ။
ကိုယ် က လိမ် ခဲ့ တော့ ကိုယ့် လိမ် မည့် လူ က လွတ် ပါ့ မ လား။
သူ ခိုး ပေါ် တော့ တာ။
ပ စ္စည်း ပျောက် တယ် လို့ မ ပြော ဘူး လား။
ကိုယ် ခိုး ခဲ့ တာ တွေ လွတ် ပါ မ လား ကွဲ့။
လွတ်... ဘူး... ကွဲ့။

အဲ ဒါ ဒီ က တော့ ဟို လူ အ ရှက် ကွဲ အောင် လို့ ပြော တာ။
ကိုယ့် ကိုယ် ကို ပက် လက် လှန် တံ တွေး ထွေး...
ကိုယ့် ကိုယ် ကို အ ရှက် ခွဲ တာ ပါ တ ကား။
အဲ လို သိ ဖို့ မ ကောင်း ဘူး လား။
အဲ လို ဆို ... ခြောက် ပြစ် ကင်း ပါ့ ကွဲ့။ ခြောက် ပြစ် ကင်း ပါ့။
လွယ် ပါ တယ်။
သိ ပယ် ဆိုက် ပွား လေး ပါး ကိ စ္စ မဂ် တစ် ခ ဏ တဲ့။
သိ ဖို့ လို တာ ကို...။
ဒါ ကြောင့် ခ န္ဓာ ဘက် ကို ဉာဏ် လှည့် ရင်.... လွတ် တဲ့ သူ ချည်း ပါ့။
ဉာဏ် မ လှည့် လို့ မ လွတ် တာ။
အဲ ဒါ အ လှည့် လွဲ တာ... အ လှည့် လွဲ တာ။

ကျေး ဇူး တော် ရှင် မုံ လယ် ဆ ရာ တော် ဘု ရား ကြီး။
အ ဂ္ဂ မ ဟာ က မ္မ ဋ္ဌာ နာ စ ရိ ယ ဘ ဒ္ဒ န္တ သံ ဝ ရ။
၁၈-၂-၂၀၁၁

(ဆရာသခင် ကျေးဇူးရှင် မုံလယ်ဆရာတော်ကြီး လွန်တော်မူခါနီး တပတ်အလို တပို့တွဲ လပြည့်တွင် ဟောမိန့်တော်မူခဲ့သော အသံဖိုင်မှ စာစီ ပူဇော်ပါသည်...။
တပည့် မုံလယ်ဇ.အရှင်တေဇနိယ။)

No comments:

Post a Comment