Thursday, August 18, 2016
ကျွဲကူးဆရာတော်နှင့် နန်းဦးဆရာတော် ။
****************************
အလေ့အလာကမရှိ အသိဉာဏ်ကမပါ တရားကို မြင်တဲ့ မျက်စိက မပါတော့...
ဆင်းရဲတာကို ချမ်းသာတယ်လို့ မြင်နေတာ။
ချမ်းသာတဲ့တရားကို ဆင်းရဲတယ်လို့ မြင်တာ။
ပြောင်းပြန် ဖြစ်နေတာ။အဲလိုတွေ။
အဲဒါကြောင့် ထင်ထင်ရှားရှား ပြောရမယ်ဆိုရင်တဲ့။
နန်းဦးဆရာတော် ကျွဲကူး ဆရာတော်။
ကျွဲကူး ဆရာတော်က ရွာက ကိုးကွယ်တာ။
တောရ ကိုယ်တော်။
နန်းဦးက ရှင်ဘုရင် ကိုးကွယ်တာ။ နန်းဦးဆရာတော် ။
ကျောင်းက ဆင်းလာခဲ့။
တောရဆောက်တည်တဲ့ ကျွဲကူးက ငါးဝါ ကြီးတယ်။ ပညာက တူတယ်။
အရှင်ဘုရား သတင်းကို စုံစမ်းတာ။ လေးငါးရက်ကမှ တွေ့တယ်တဲ့။ ဆယ်နှစ်ကြာသွားပြီတဲ့ စုံစမ်းတာ မရ။
အခု သတင်းမှန်ကို တွေ့လို့ စာရေးပေးလိုက်ပါတယ် တဲ့။ နက်ဖြန် ဘယ်မှ မကြွပါနဲ့။ တပည့်တော် ဖူးမြော် ကန်တော့ပါရစေ။
ဖိုးသူတော်က ဆွမ်းခံသွားတော့ ရွာထဲကို ။ စာတွေ့တော့တာ။ စာယူခဲ့။
စာပါတယ်ဘုရား။ အေး...။ဖောက်စမ်း ဖောက်စမ်း။ နက်ဖြန် အရှင်ဘုရား ဘယ်မှ မကြွနဲ့။ တပည့်တော် ဖူးမြော် ကန်တော့ပါရစေ။
ဟာ .... နန်းဦးဆရာတော် ဆိုတော့ ရှင်ဘုရင်ပါမှာ။ မှူးကြီးမတ်ရာ သေနာပတိတွေ ပါမှာ။ ဝန်ကြီးတွေ ပါမှာ။ ထိုင်ရအောင် ဖျာလည်း မရှိပါတကား ဘုရား။ ဘယ်လို လုပ်မလဲ။
ရွာထဲ ငှါးရင် မကောင်းဘူးလား ။
တောရ ကျောင်းကွယ်။ မငှါးပါနဲ့။ ဘယ်လို ထိုင်မှာလဲ။ ဖြစ်သလို ထိုင်ပါလိမ့်မယ်။ ငါတို့လည်း ခရီးသွားတဲ့အခါ တောထဲမှာ ဖျာ မရှိဘူး ကွဲ့။
ညောင်းတဲ့နေရာမှာ ထိုင်လိုက်ရတာပ ကြားလား။ ဖျာမရှိဘူးတဲ့။
ရေဆာလို့ သောက်တဲ့အခါလည်း ဖလားလည်း မရှိတဲ့။ ရေခွက်လည်း မရှိတဲ့။ အုန်းသီး ကို မှုတ်လုပ်ထားတာ။ ဘယ်တော်မလဲဘုရား။
ဆာခါ သောက်ပါတယ်တဲ့။ ဆာခါ သောက်ပါတယ်။ တောရ ... ဘာမှ မရှာနဲ့။
အဲလို ပြောပြီးရင် ရောက်လာတော့တာ။
တခါတည်း ရှင်ဘုရင် လည်း ပါတယ်။ မှူးကြီးမတ်ရာ သေနာပတိတွေ ပါတယ်။ ရောက်... ရှိခိုး ဖူးမြော် ကန်တော့ကြ။
သင်္ကန်း အကောင်းစားတွေ လှူ။ ခြုံစောင်တွေ အမျိုးမျိုး လှူ။ စားစရာတွေ အမျိုးမျိုး လှူ။
လက်ခံ .... ဘုရားကို လှူ။ လက်ခံပြီးတော့ ဘုရားပဲ လှူတယ်။
အချိန်တန်တော့ ဆွမ်းကပ်ကြ။ စားစရာလည်း ဟိုက စုံအောင် ပါလာခဲ့။ ငါးကြီးကြော်တို့ ကြက်ပေါင်ကြော်တို့ ဝက်အူချောင်းတို့ စုံနေတာ။ စားရတာက ဒုက္ခ ဝါးရတာက ဒုက္ခ မျိုရတာက ဒုက္ခ ....ကျွဲကူး ဆရာတော်။
ဖိုးသူတော်က ကျောင်းအောက်က ထိုင်ရတာ။ အဲဒီဒုက္ခမျိုး ကို ဖိုးသူတော် ရစမ်းချင်တာတဲ့။ အဲဒီ ဒုက္ခမျိုးကို လိုချင်တာတဲ့။ ကဲ ဟိုက ဒုက္ခ တဲ့။ ဖိုးသူတော်က အဲဒါ လိုချင်တာတဲ့။ တူရဲ့လား။
မတူဘူးဗျား။ ဖိုးသူတော်က သုခလို့ မြင်တာ။ ဟိုက ဒုက္ခ လို့ မြင်တာ။ မတူတော့ဘူး။
အဲဒါနဲ့ ညနေကျတော့ အချိန်တန်တော့ ပြန်တော့မယ်။ ကန်တော့လို့။
အရှင်ဘုရားက ငါးဝါလည်း ကြီးတယ်။ အသက်လည်း ကြီးတယ်။ ရှေ့က ကြွပါဘုရား။
နန်းဦးဆရာတော် က....။
ကိုယ်တော်.... သုတ မရှိဘဲကိုး။
အမိန့်ရှိပါဘုရား။
အိမ်ရှင်နဲ့ ဧည့်သည်ဆိုတာ... ဧည့်သည်ကို ဦးစားပေးရတယ်ကွဲ့။ ဧည့်သည်က တစ်ဝါ ကြီးသတဲ့။ ဧည့်သည်ဆို တစ်ဝါကြီးတော့တာ ဘုရား။ ကဲ ဧည့်သည်က ရှေ့ကကြွ။ ကျောင်းထိုင် ပုဂ္ဂိုလ်က နောက်က လိုက်ရတာ။
ဖိုးသူတော်က မကျေနပ်ဘူး။ သူ့ဆရာကို ရှေ့က ထားချင်တာ။ သွားတော့တာ။ လမ်းတစ်ဝက်လောက်ကျတော့ ပြန်လာခဲ့။
ဖိုးသူတော်က ပြော။
သင်္ကန်း လှူရင်လည်း ဘုရားကို ကပ်။ စောင်အမျိုးမျိုး လှူရင်လည်း ဘုရားကို ကပ်။ စားစရာ လည်း ဘုရားကပ်။ ကိုယ့်အတွက်မှ မချန်ပါပြီတကား ဘုရား။ ဘယ်နှယ့်လဲ။
နန်းဦးဆရာတော် မွဲတယ်ကွဲ့။ ဆင်းရဲတယ်တဲ့။ သူ့မှာ။ အဲဒါကြောင့် ငါ သူ့ကို ချီးမြောက်တာ။
ကိုယ်တော်... အခုလှူတဲ့ သင်္ကန်း ဟာ ကြည့်စမ်းတဲ့။ အရှင်ဘုရား ကျောင်းမှာ မရှိဘူးတဲ့။ အကောင်းစားကြီး။ စောင်တွေ ကြည့်စမ်းတဲ့။ အရှင်ဘုရား ကျောင်းမှာ မရှိဘူးတဲ့။ အကောင်းစား။ စားစရာတွေ ကြည့်စမ်းတဲ့။ ဘယ်နှယ့် ဆင်းရဲရမှာလဲ။ ချမ်းသာလို့ ဒါတွေ လုပ်နိုင်တာ။
မင်း မျက်စိက တိမ်တွေ ဖုံးတာကိုးတဲ့။
တိမ်ဖုံးတော့ မမြင်ဘူးပေါ့။ အဲလို။
ငါချီးမြောက်တာ သိချင်ရင် သွား လိုက်ချေ။
သူ့ကျောင်းကို မဝင်တော့ဘူး။ ဒီနေရာကစ တောထွက်တော့မှာ။
မီတော့တာ တညလောက် သွားပြီးရင်...။
အဲတော့ ကျောင်းဝန်းကို မဝင်တော့ဘူး။ လမ်းကနေ ... ရေမြေ့ရှင် ဒကာတော်တို့ ကျေနပ်တဲ့ ကိုယ်တော်ကို ပင့်ပြီးရင် ကိုးကွယ် ကြ။
ဘုန်းကြီးက ဒါ နောက်ဆုံးပါပဲလို့ သူ့ကိုယ်ကောင်မှာ ပါတဲ့ သပိတ်နဲ့ ဝတ်ထားတဲ့ သင်္ကန်း နဲ့ ထွက်သွားလေတော့တာဗျ။ ကျောင်းကို မသွားတော့ဘူး။
ဟုတ်တယ်ဘုရား ဟုတ်တယ်၊ မဝင်တော့ဘူး ဘုရား ထွက်သွားပြီးပြီ။
သူ့မှာ ရှိတာက ရွှေတွေ ငွေတွေ ကျောက်သံပတ္တမြား စိန်တွေ အဲဒါ လောကီရတနာ ကွဲ့။
သူ့မှာ ဘုရားရတနာ မရှိဘူး။ တရား ရတနာ မရှိဘူး။ သံဃာရတနာ မရှိဘူးတဲ့။ သေသွားကာ ပြိတ္တာ ကြီး ဖြစ်မှာ။
ကျောင်းကြီး ကြည့်လိုက်စမ်းတဲ့။ အဝေးက ကြည့်ကြည့် အနီးက ကြည့်ကြည့် သာယာစရာ။ ကြည့်ချင်စရာ။ လိုချင်စရာ ကျောင်းကြီးက။ ရှင်ဘုရင် ဆောက်ထားတာဆိုတော့ အကောင်းစားကိုး။ အဆောင်တွေ အဆောင်တွေ ကြည့်စမ်း။ ကြည့်ချင်စရာတွေ လိုချင်စရာတွေ။
အထဲမှာ ဗီရိုတွေ သေတ္တာ တွေ အမျိုးမျိုး ဖွင့်ကြည့်လိုက် ပစ္စည်း အဖိုးတန်တွေ ။ အဲ ပစ္စည်း တွေ အကုန် လိုချင်စရာတွေ။
လိုချင်စရာဆိုတာ လောဘတဏှာ။
တဏှာ မဟုတ်ဘူးလား။ တဏှာ ချမ်းသာတဲ့တရားလား ဆင်းရဲတဲ့တရားလား။
ဟော အဲဒါနဲ့ နေတော့တာတဲ့။ ဘုရားရတနာ တရားရတနာ မရှိတော့ဘူးတဲ့။ ပြိတ္တာ ဖြစ်မယ်။ဒါကြောင့် ငါ သနားလို့ မတာ တဲ့။ ကျွဲကူး ဆရာတော်က ဖျာပါ့ မရှိ ခင်းရအောင်။ ဘာမှ ကိရိယာ မရှိဘူး။ ဖျာမရှိတော့ ဖျာပျောက်တယ်လို့ ရှိပါဦးမလား။ ကဲ မချမ်းသာဘူးလား။ အဲဒီ ချမ်းသာကို လိုတာ။
အခုဟိုက အများက... မြင်လို့ လိုချင်တယ်၊ ကြားလို့ လိုချင်တယ် ဆိုတာ၊ တဏှာ သမုဒယ လောကီ။ ဒါ သေ... ပြိတ္တာ ဖြစ်မယ်။ ငရဲ သွားမယ်။ မခြားနားဘူးလား။ အေး အဲဒီအခါမှ နန်းတော် စွန့်ပြီးတော့ ထွက်သွားလေတော့တာဗျာ။ အဲဒီလိုတွေ မျက်စိကောင်းသွားတာ။ ကဲ အမြင်ချင်း တူရဲ့လား ဒကာကြီး။
မတူဘူး။
မနက်မိုးလင်းရင် ခွေးခြေထောက် မီးလောင်သလို ရှာရတာ။ အိပ်ရာဝင်မှ အေးတော့တယ်။ နိုးလာရင် သွားရပြန်ပြီ။ ဘဝသံသရာသီချင်း ပါ့။ အဲလိုနဲ့ အချိန်ကုန်သေရတော့တာ။ ဘယ်လောက်များ နစ်နာသလဲလို့။ မဂ်စိတ် ဖိုလ်စိတ်နဲ့သေတာက ရှားတယ်။ သီလနဲ့ သေတာက ရှားတယ်။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
29.01.2010 -14:36
ပဲခူးဆယ်မိုင်ကုန်း မုံလယ်တောရ စံကျောင်း တွင် တပည့် ဒကာ ဒကာမများအား ဆုံးမမိန့်ကြားသော အသံဖမ်းဖိုင်မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment