Thursday, August 18, 2016

ကားစီးတတ်ဖို့...။


🙏🙏🙏🙏🙏🙏🙏

သွားတဲ့ လာတဲ့အခါမှာလည်း စဉ်းစားကြ။
ကားစီးတတ်ဖို့ လိုတယ်။ လေယာဉ်စီးတတ်ဖို့ လိုတယ်။
သင်္ဘောစီးတတ်ဖို့ လိုတယ်။ ရထားစီးတတ်ဖို့ လိုတယ်နော်။
ကားပေါ်တက်ပြီတဲ့ ရန်ကုန်က နေပြီးတော့မှ ဥပမာအားဖြင့် မန္တလေးသွားမယ်။ တချို့ တောင်ကြီးသွားမယ်။ တချို့က မိတ္ထီလာ သွားမယ်။

အဲဒါ ကားပေါ်တက်တာနဲ့ ဒါ ရတနာသုံးပါး ဦးထိပ်ထား ပန်ဆင်ပြီးတော့မှ
စိတ်ထဲက ခန္ဓာဖွဲ့ သစ္စာဖွဲ့ကို နှလုံးသွင်းပြီးတော့ သွားမယ်ဆိုရင် အကုသိုလ် လား ကုသိုလ်လား။
မတော်လို့ ကားမှောက်ပြီးတော့ သေသွားမယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်တွေဟာ  သုဂတိကွဲ့နော်။ လူ့အဖြစ် နတ်အဖြစ်ကို မရဘူးလား။

အဲ မိမိက အစားအသောက်ကို ပြောတာ ဈေးအကြောင်း ကို ပြောတာက တမျိုး အရောင်းအဝယ်နဲ့ ပတ်သက်လို့ လောဘ ကိစ္စတွေ မဖြစ်ပေဘူးလား။ အဲလိုသာ သေသွားမယ်ဆိုရင် ပြိတ္တာတော့ သေချာတယ် ကွဲ့နော်။
အပါယ်က လွတ်ပါမလား။
အေး... အဲဒါ ကားမစီးတတ်သေးတာ ရထား မစီးတတ်သေးတာကွဲ့နော်။
အဲလို လေ့လာဖို့ မကောင်းလား။

အဲဒါကြောင့် သွားလေရာ အရပ်တွေမှာ မိမိက သွားတဲ့လမ်းမှာ ကြောင်သေကောင် တွေ့မယ်။ ပုပ်ဆော်နံမယ်။ နှာခေါင်း ပိတ်သွားကြရတယ်နော်။
သိတဲ့ပုဂ္ဂိုလ်က အဲဒါ အဝေးကို ယူပြီးတော့ အပုပ်နံ့ လွတ်တဲ့နေရာမှာ မြေကြီးလေး ဖို့ပြီးတော့ မထားရပေဘူးလား။
သွားတဲ့လူတွေ မချမ်းသာဘူးလား။
အဲ... သိတဲ့ ပုဂ္ဂိုလ်တွေကျတော့ သွားလေရာမှာ အကုန်လုံး ကုသိုလ်တွေ ဖြစ်တာ ကွဲ့နော်။

တခါ မိမိက လိုင်းကားစီးမယ် အဘိုးကြီး အဘွားကြီး တွေက နောက်ကျ။
နောက်ကျမှ စီးတော့ မတ်တပ်ရပ်ပြီးတော့ လိုက်ပြီး စီးတာတွေ မရှိဘူးလား။
သိတဲ့ ပုဂ္ဂိုလ်က အဲဒီ အဖိုးကြီး အဖွားကြီး ကြည့် ပြီးတော့မှ ဦးရယ် ကျုပ်နေရာလေး လှူစမ်းပါရစေ ။လို့ မပြောရဘူးလား။

အဲဒါ သူမတ်တပ် ရပ်ပြီးတော့ နေတဲ့ကိစ္စတွေမှာ .....
ကျုပ်နေရာ ထိုင်ပါ ဆို ကိုယ့်နေရာ လဲလိုက်တော့ ကုသိုလ် မဖြစ်ဘူးလား။
အဲလိုတွေ သွားလေရာ အရပ်မှာ ကုသိုလ်တွေ တိုးနေတာပေါ့ကွဲ့။
စဉ်းစားဖို့ မကောင်းလား။

အဲဒါ သိတဲ့ ပုဂ္ဂိုလ်က အကုန်လုံး အဆင်ပြေတယ်နော်။
သွားတဲ့အခါ ခေါင်းရွက်သမား ဖြစ်စေ ပုခုံး ထမ်းဖြစ်စေ မိမိက ကိုယ့်ထက်ကြီးတဲ့ ပုဂ္ဂိုလ်တွေ နတဲ့ ပုဂ္ဂိုလ်တွေကျ....
ကဲ ဦး တအောင့် တပြတော့ ကုသိုလ်ယူပါရစေ ထမ်းပါရစေလို့ ကူပေးလို့ ရှိရင် ကုသိုလ် မဖြစ်ဘူးလား။
အရွက် သမားကလည်း အရွက်ဘက်က ပေါ့နော်။
အဲလိုတွေ လေ့လာဖို့ မကောင်းလား။
အဲဒါ လိုရင်းအချက်တွေ။
ကံကို ယုံကြည်ရမယ်နော်။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး

၂၁-၆-၂၀၀၈ နေ့-၂နာရီ
ဂန့်ဂေါ မုံလယ်တောရ တွင် ဟောကြားတော်မူသော တရားတော်မှ
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။

No comments:

Post a Comment