Thursday, August 18, 2016

မရပ်လို့ အိုတာ ပေါ်ရတာ။


##################

ခန္ဓာကို အားမရပြီ။ စိတ်မချပြီ။
စိတ်မချတော့ကာ ဒီခန္ဓာနဲ့ ဇာတ်သိမ်းတော့မှာ...။
ခန္ဓာဘက်ကို ဉာဏ်လှည့်မယ်။
အလေ့အလာရှိတော့... လှည့်တော့ လွယ်တော့တာပ။
မလွယ်ဘူးလား။
အေး... အဲဒါ လိုတာ။

ဒါကြောင့်မို့လို့ မသေခင်က မဖြစ်ခင်က ပြင်ဆင်ထားကြပါ လို့
သေခါနီးကျကာမှ မလုပ်တတ် မကိုင်တတ်နဲ့ ဟိုကိုရောက်လိုက် ဒီကို ရောက်လိုက်
ပစ္စည်းကို မေးလိုက် ဟိုဟာ ရပြီးပြီလားဟေ့။ မရသေးဘူး။
အင်း... သွားရအောင် တောင်းချေ။
ပေးစရာ ဘယ်သူ့မှာကား ပေးပြီးပြီလား။
ပေးပြီးပြီ ။ ဘယ်လို။
မင်းတို့ ဟိုအလုပ်ဟာ မျက်ခြေမပြတ်စေနဲ့ လုပ်ကြ။
အဲသလိုဆိုတော့ကာ လောဘစိတ်တွေ မဟုတ်ဘူးလား။
ပြိတ္တာတော့ သေချာတယ်။
သွားတော့မှာပဲ။

အဲဒါကြောင့် အလေ့အကျင့် လိုတယ်ဗျာ့။
အဲဒါ အာရုံပြောင်းတတ်ဖို့ လိုတာ။
သြော် စင်စစ်ကတော့... ဘာမှ မဟုတ်ပါလား။
လောကကြီးဟာ...။ ခန္ဓာရတဲ့ ပုဂ္ဂိုလ် ဟူသရွေ့
ဘုရားက ချမ်းသာတယ်လို့ ဟော မဟော။
ချမ်းသာတယ်လို့ ဟောသလား။
လောကအနေနဲ့ သာ သူကချမ်းသာတယ် သူက ဆင်းရဲတယ်။ သူက အလတ်စားလို့ ပြောနေရတာ။

သူဌေးကြီးကလည်း အိုနာသေ။
အိုနာသေ လွတ်ကဲ့လား။ မွဲတဲ့လူကော...။အလတ်စားကော...။
တူပါတကား...သေတာ။အဲလိုတူတော့ ဘယ်သူကမှ မသာဘူး။
ဒါမှ သစ္စာထိုက်တော့တာ။
အဲဒါလိုတာ။ အခုလူတွေက .... မြစ်ရေများ စီးသလို
ခန္ဓာက တဖြုတ်ဖြုတ် တသုတ်သုတ်နဲ့
ဟိုကညောင်းလိုက် ဒီက ကိုက်လိုက် ဒီကနာလိုက် ဟိုကရွေ့လိုက်။
အောင့်လိုက် အင့်လိုက် အငြိမ်နေလို့ မရဘူး။

ရပါမလား... အဲဒါကြောင့် မြစ်ရေများ စီးသလိုလို့ မဟောဘူးလား။
ရပ်တယ်လို့မှ မရှိ။
အဲဒါကြောင့် အိုတယ်ဆိုတာ ပေါ်လာတာ။
ရပ်ရင် အိုတာ ပေါ်ပါမလား။
မရပ်လို့ အိုတာ ပေါ်ရတာ။
အိုတယ်ဆို  နာတာ တမင်ရှာစရာ လိုသေးရဲ့လား။
ဒီကလာခဲ့ပြီးပြီ...။
သေတယ်ဆို ဒီက လာခဲ့တော့တာ။ အဲသလို...။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး။
၂၀၀၉-ဧပြီ တောင်ကြီး
-၁-

အဖူးလာကြသော  တပည့် ဒကာ ဒကာမ တို့အား မိန့်ကြားတော်မူသော အသံဖိုင်မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ။
မုံလယ်ဇ။

No comments:

Post a Comment