Thursday, August 18, 2016

ထိုင် တာ ထဲ ငါ မ ပါ။


###############

တ ရား ထိုင် တဲ့ အ ခါ စ ကာ စ...
တ ခါ မှ မ ထိုင် ဖူး တဲ့ လူ ... ၁၅ မိ နစ် ပေါ့။
၁၅ မိ နစ် က ၂- ရက် ၃-ရက် နော်။

၁၅ မိ နစ် က မိ နစ် ၃၀ ပေါ့။
မိ နစ် ၃၀ က ၄၅ ပေါ့။
၄၅ က တစ် နာ ရီ ပေါ့။

တစ် နာ ရီ က ၂- နာ ရီ ပေါ့။
၂- နာ ရီ က ၁- ရက် ပေါ့။
၁- ရက် က နောက် ၂- ရက် ပေါ့။

ထိုင် တဲ့ အ လေ့ အ ကျင့်။
တ ရား သိ တာ မ ပါ သေး ဘူး နော်။
ထိုင် တဲ့ အ လေ့ အ ကျင့် ပဲ ရှိ သေး တယ်။
အဲ လို စိ စစ် ဖို့ မ ကောင်း လား ။

တစ် နာ ရီ လို့ သတ် မှတ် သွား ပြီ နော်။
တစ် နာ ရီ ပြည့် တဲ့ အ ခါ ကျ တော့ ကိုယ့် ရဲ့ နေ ရာ ဌာ န တဲ ကျောင်း ကို သွား ဖို့ ... စိတ် ကူး မ ထည့် ရ ဘူး လား။
ဒါ နာ ရီ က အ ချက် ပေး လိုက် တော့ တာ ကိုး။

အဲ ဒီ အ ခါ ရပ် ချင် တဲ့ စိတ် လေး တွေ မ ပေါ် လား။
ထ ချင် တဲ့ စိတ် လေး တွေ မ ပေါ် လား ။
သူ တွေ ငါ တွေ လား ၊ နာမ် တ ရား။
ရပ် လိုက် တာ သူ တွေ ငါ တွေ လား ၊ ရုပ် တ ရား။
နာမ် ရုပ် ၂- ပါး ပေါ့။

ကြွ ချင် တဲ့ စိတ် လေး တွေ မ ပေါ် လား။
သူ တွေ ငါ တွေ လား ၊ နာမ် တ ရား။
ကြွ လိုက် တာ သူ တွေ ငါ တွေ လား ၊ ရုပ် တ ရား။
နာမ် ရုပ် ၂- ပါး ပေါ့။

လှမ်း ချင် တဲ့ စိတ် လေး တွေ မ ပေါ် လား။
သူ တွေ ငါ တွေ လား ၊ နာမ် တ ရား။
လှမ်း လိုက် တာ သူ တွေ ငါ တွေ လား ၊ ရုပ် တ ရား။
နာမ် ရုပ် ၂- ပါး ပေါ့။

အဲ လို တစ် လှမ်း ချင်း သွား တဲ့ အ ခါ ... ကိုယ် နေ တဲ့ နေ ရာ တဲ ကျောင်း ကို ရောက် သွား ပြီ နော်။
ရပ် ချင် တဲ့ စိတ် တွေ မ ပေါ် လား။
သူ တွေ ငါ တွေ လား ၊ နာမ် တ ရား။
ရပ် လိုက် တာ သူ တွေ ငါ တွေ လား ၊ ရုပ် တ ရား။
နာမ် ရုပ် ၂- ပါး ပေါ့။

နောက် ... ထိုင် ချင် တဲ့ စိတ် လေး တွေ မ ပေါ် လား။
သူ တွေ ငါ တွေ လား ၊ နာမ် တ ရား။
ထိုင် လိုက် တာ သူ တွေ ငါ တွေ လား ၊ ရုပ် တ ရား။
နာမ် ရုပ် ၂- ပါး ပေါ့။

လျောင်း ချင် တဲ့ စိတ် လေး တွေ မ ပေါ် လား။
သူ တွေ ငါ တွေ လား ၊ နာမ် တ ရား။
လျောင်း တာ သူ တွေ ငါ တွေ လား ၊ ရုပ် တ ရား။
နာမ် ရုပ် ၂- ပါး ပေါ့။

ကဲ ... နာမ် ရုပ် က လွဲ လို့ တ ခြား တွေ့ သေး ရဲ့ လား ။
ဘယ် လောက် မှ မ ကြာ ပါ လား ကွဲ့။
နာမ် ရုပ် ပဲ တွေ့ တယ် နော်။
ထင် တော့ ခြေ တွေ လက် တွေ မ ထင် ဘူး လား။
သူ တွေ ငါ တွေ လို့ မ ထင် ဘူး လား။
တွေ့ တာ က သူ တွေ ငါ တွေ လား နာမ် နှင့် ရုပ်။
လူ လား နာမ် နှင့် ရုပ်။
နတ် လား နာမ် နှင့် ရုပ်။
 ဗြ ဟ္မာ လား နာမ် နှင့် ရုပ်။
အဲ ဒါ လို ရင်း အ ချက် ။

နာမ် ရုပ် သိ ဖို့ လို့ တ ရား နာ ရ တာ။
စဉ်း စား ။
စဉ်း စား တာ အ လုပ် လုပ် တယ် လို့ ခေါ် တယ် နော်။

ကဲ ... အား လုံး လိုက် ဆို ကြ။

ထိုင် ချင် တာ က နာမ် တ ရား။
ထိုင် တာ က ရုပ် တ ရား။
နာမ် ရုပ် နှစ် သင်း အ ချင်း ချင်း
ထိုင် ရင်း အ လုပ် လုပ်။
ထိုင် တာ ငါ မ ဟုတ်၊ သူ မ ဟုတ်။
ထိုင် တာ နာမ် နှင့် ရုပ်။

သူ တွေ ငါ တွေ လား ။ နာမ် နှင့် ရုပ်။
လူ နတ် ဗြ ဟ္မာ လား ။ နာမ် နှင့် ရုပ်။
မြို့ ရွာ တိုင်း ပြည် လား ။ နာမ် နှင့် ရုပ်။
နာမ် ရုပ် ပဲ တွေ့ တယ် နော်။
ဉာ တ ပ ရိ ညာ ပိုင်း ခြား လို့ သိ ပါ လို့ မ ဟော ဘူး လား။
အဲ ဒါ အ ရေး ကြီး ဆုံး အ ချက် ကွဲ့။

နာမ် ရုပ် ကို မ သိ ဘဲ နဲ့ အ နိ စ္စ လုပ် လို့ ဖြစ် ပါ့ မ လား။
နာမ် ရုပ် ကို မ တွေ့ ဘဲ နဲ့ ဒု က္ခ လုပ် လို့ ဖြစ် ပါ့ မ လား။
နာမ် ရုပ် သိ ဖို့ အ ရေး ကြီး တယ် နော်။
အဲ လို စိ စစ် ဖို့ မ ကောင်း လား။

နာမ် ရုပ် က ဘယ် ပုံ ဘယ် နည်း ရှိ တာ လဲ ...
စိ စစ် ဖို့ မ ကောင်း လား။
အ နိ စ္စ အ နေ နဲ့ ရှိ တာ ပေါ့။
ဒု က္ခ အ နေ နဲ့ ရှိ တာ ပေါ့။
အ န တ္တ အ နေ နဲ့ ရှိ တယ်။

ထိုင် တာ မ မြဲ၊ ထိုင် ဆင်း ရဲ၊ ထိုင် တာ ထဲ ငါ မ ပါ။
အဲ ဒါ ဝိ ပ ဿ နာ။
ထိုင် တာ မ မြဲ ဆို တာ ... အ နိ စ္စ ပေါ့။
ထိုင် ဆင်း ရဲ ဆို တာ... ဒု က္ခ ပေါ့။
ထိုင် တာ ထဲ ငါ မ ပါ ဆို တာ ... အ န တ္တ။

အ နိ စ္စ ၊ ဒု က္ခ ၊ အ န တ္တ ပဲ တွေ့ တယ် နော်။
ပွား လို့ သိ တာ။

ကျေး ဇူး တော် ရှင် မုံ လယ် ဆ ရာ တော် ဘု ရား ကြီး။
အ ဂ္ဂ မ ဟာ က မ္မ ဋ္ဌာ နာ စ ရိ ယ ဘ ဒ္ဒ န္တ သံ ဝ ရ။

ပဲခူး ဆယ် မိုင် ကုန်း မုံ လယ် (၄၃) ကြိမ် မြောက် တ ရား စ ခန်း
၃၁ - ၇ - ၂၀၀၈ နံ နက် ၄ နာရီ အ ချိန် ဟော ကြား တော် မူ သော
တ ရား တော် မှ စာ စီ ပူဇော် ပါ သည်။
အ ပြည့် အ စုံ ဆက် လက် နာ ယူ နိုင် ပါ သည်။

အရှင်တေဇနိယ မုံလယ်ဇ။

No comments:

Post a Comment