ငရုတ်ပင် စိုက်ကြည့်...
ငရုတ်ပင်စိုက်ကြည့်ရင်...ပိန္နဲပင် ပေါက်မလား ငရုတ်ပင်ပေါက်မလား။
အဲဒါ ယုံသလားဟေ့။ ယုံတယ်နော်။
အကုသိုလ်လုပ်တဲ့အခါ ကုသိုလ်ရမလား အကုသိုလ်ရမလား။
သြော် ငရုတ်ပင် စိုက် ငရုတ်ပင်ပေါက်သလို
အကုသိုလ်လုပ်ရင် အကုသိုလ်အပင် ပေါက်မှာပေါ့။ အပါယ်ခန္ဓာ ပေါက်မယ်နော်။
ကုသိုလ်လုပ်ရင် ကုသိုလ် အပင်ပေါက်မှာပေါ့။
အဲသလို ယုံကြည်ဖို့ မကောင်းလား။
ပိန္နဲပင်စိုက်ကြည့် ငရုတ်ပင် ပေါက်ပါမလား။
ငရုတ်ပင် စိုက်ကြည့် ပိန္နဲပင် ပေါက်ပါမလား။
သူ့မျိုးစေ့ အတိုင်းဖြစ်တာဟေ့။
အဲဒါ ယုံကြည်သလား။
ယုံကြည်ရင် ကာယကံနဲ့ ပတ်သက်တဲ့ အကုသိုလ် မဖြစ်အောင် ဆင်ခြင်ပေါ့
ဝစီကံနဲ့ ပတ်သက်တဲ့ အကုသိုလ် မဖြစ်အောင် ဆင်ခြင်ပေါ့
မနောကံနဲ့ ပတ်သက်တဲ့ အကုသိုလ် မဖြစ်အောင် ဆင်ခြင်ရမှာပေါ့
သေချာချာလေ့လာနော် အဲဒါ ကာယကံ ဝစီကံ မနောကံပေါ့။ အဲဒီကံတွေ မဖြစ်အောင် ဘယ်လိုလုပ်ပြီးတော့ ဆင်ခြင်မလဲဟေ့။ထိထိမိမိစဉ်းစားကြ။
ဆင်ခြင် သုံးသပ်လိုက်တဲ့အခါကျ ဘာကို သိဖို့လိုတာလဲ။ စိစစ်ဖို့မကောင်းလား။
ပဋိစ္စသမုပ္ပါဒ် အကွက် ဘယ်နှကွက်ရှိ...
အခုရောက်နေတာ ဘယ်အကွက်ထဲမှာလဲ
ပစ္စုပ္ပန် ၂ အကွက်နော်။
၂အကွက်ဆိုတာ ဘာဘာတွေလဲ။
ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာ ။
ခန္ဓာဖွဲ့ကြည့်တော့ ခန္ဓာငါးပါးပေါ့။
အဲဒီခန္ဓာကို သိဖို့ လိုတာပါလား။ခန္ဓာ ကို သိဖို့ မလိုဘူးလား။အခု ခန္ဓာကို သိတာတော့ သိတော့ သိကြတယ်နော်။
လူလို့သိတာနဲ့ ခန္ဓာလို့ သိတာတူရဲ့လား။
ဝေဒနာ လို့ သိတာနဲ့ သားလို့ သိတာ တူရဲ့လား။
သညာလို့ သိတာနဲ့ သမီးလို့ သိတာ တူရဲ့လား။
သင်္ခါရ က္ခန္ဓာ လို့ သိတာနဲ့ ပုဂ္ဂိုလ် သတ္တဝါလို့  သိတာ တူရဲ့လား။
ဝိညာ ဏက္ခန္ဓာ လို့ သိတာနဲ့ လူနတ်ဗြဟ္မာလို့ သိတာ တူရဲ့လား။
ရူပက္ခန္ဓာ လို့ သိတာနဲ့ သုံးဆယ်တစ်ဘုံ သိတာ တူရဲ့လား။
ဒါ အသိမှားနေကြတာပေါ့ နှလုံးသွင်းမှားနေကြတယ်နော်
အဲဒါကြောင့်မို့လို့ အကုသိုလ်ဖြစ်လိုက် သံသရာလည်တဲ့ ကုသိုလ်ဖြစ်လိုက် ဒီလို မနေဘူးလား။
ကုသိုလ်ကတော့ ပြုရမှာနော်။ သံသရာက ထွက်တဲ့ ကုသိုလ်ပေါ့။လည်တဲ့ကုသိုလ်နဲ့ ထွက်တဲ့ကုသိုလ် ဘယ်ဟာကြိုက်သလဲ။ အေး အဲသလို လေ့လာနော်။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ
ရှေးတိပ်တရားတော် mc.22 မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ....
No comments:
Post a Comment