Wednesday, July 8, 2015

ဦးဘစံ ဒေါ်ကြွယ်အေး တို့၏ ဗိမာန်

¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥
ကဲ တစ်ခါပြန်စဉ်းစားဦး။ ကုသိုလ်ကံ အကုသိုလ်ကံ ကုသိုလ်ဟာ ဆင်းရဲတဲ့ တရားလား ချမ်းသာတဲ့ တရားလား။ ချမ်းသာတဲ့တရားနော်။ အဲတာ လူတွေက ခေါ်တော့ ခေါ်တတ်တယ် ချမ်းသာတယ်လို့ ကြားဖူးတယ် ယုံကြည်တဲ့ ပုဂ္ဂိုလ်က နည်းတယ်။ မယုံကြည်ဘူး။ ကုသိုလ်ဟာ ချမ်းသာတာ ယုံကြည်ရမယ်။ ကဲ လူတစ်ယောက်မှာ ပြန်ပြီးတော့ စဉ်းစားကြဦးစို့။ ကြွေးရစရာရှိတယ်။ တစ်လလောက် နေရင် ပေးမယ်လို့ ယူသွားတာ တစ်သောင်းဖိုး။ သွားတောင်းချေ။ တစ်လကျော်  တစ်လခွဲကျတော့ မပေး... မပေးတာနဲ့ သွားတောင်းတာ။ အကွက်မလည်တဲ့ အကြောင်း ပြောပြတယ်။ တစ်ကြိမ်က နှစ်ကြိမ်သွားတောင်း ကိုယ်ချင်းစာဦးကွဲ့။ အတိုးချ ဘယ်လောက်တိုးပြီ။ မင်းတို့ဘယ်လိုဟာလဲ။ အားနာရမှန်းလည်းမသိ။ မင်တို့ ဒီလိုလုပ်ထားလို့ ဘယ်သင့်တော်လိမ့်မလဲ ကွဲ့။ တစ်ခုခုကို လှည့်ပြီးတော့ လုပ် လုပ်ပေးဦးမှပါ။ အဲလိုပြောတဲ့အခါ ပေးရမယ့်သူက စိတ်ချမ်းသာမလား စိတ်ဆင်းရဲမလား။ စိတ်ဆင်းရဲမယ်နော်။ အဲလို စိစစ်ဖို့မကောင်းလား။ စဉ်းစား။
ကဲ တစ်ခါ ထိထိမိမိစဉ်းစားကြ။ ဘုန်းကြီးတို့ ဒေသန္တရမှာ အခုတော့ မရှိဘူးသေပြီ။ ဦးဘစံတဲ့ ဒေါ်ကြွယ်အေးတဲ့။ သူအဖေ မိဘကလည်းတော် သားသ္မီးလက်ထက်ကလည်းတော်။ ကြွေးတောင်းသွားတာ လေးငါးခြောက်လကြာလို့ မပေးလာတော့ သွားတောင်းတာ။ တစ်အိမ်သွား မျက်နှာလေးက ခပ်ရွှင်ရွှင်နဲ့ အားလုံး နေလို့ ထိုင်လို့ ကောင်းကြရဲ့လားဟ။ ကျန်းမာရေးဘယ်လိုနေကြလဲဟ။ ကျန်းမာရေးကလည်း အသင့်အတင့်ပဲ ဦးလေးရယ် အသင့် အတင့် စားဝတ်နေရေးကလည်း မပြေ့တပြေပေါ့။ ဦးလေးကို ပေးရအောင်လို့ ရှာတာ ဘယ်လိုမှ ရှာလို့မရဘူး ဦးလေးရဲ့။ မရတာတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒီဟာအတွက် သောကမစိုက်နဲ့။ စိတ်ချမ်းသာအောင် နေကြ။ ရမှ မရတာ ဘယ်လိုတတ်နိုင်မလဲဟဲ့။ အဲဒါ သောကမစိုက်နဲ့။ စိတ်ချမ်းချမ်းသာသာ နေကြ အဲဒါအတွက် သောက မစိုက်ကြနဲ့။ အဲလို စကားလေးပြောလိုက်တော့ သူတို့စိတ်ထဲမှာ စိတ်ပူမလား ချမ်းသာမလား။ ဒါကုသိုလ်နော်။ ဟိုက အပြောကအဆင်မပြေတော့ စိတ်ပူမလာဘူးလား။ အကုသိုလ်။ အပြော အဆင်ပြေတော့ စိတ်မချမ်းသာဘူးလား။ ကုသိုလ်ဗျ။ သည်အတွက် သောကမစိုက်နဲ့ အေးအေးဆေးဆေး နေကြ။ အဲဒါ မင်းတို့မရတာ ဘယ်လိုမှ မတတ်နိုင်ဘူးကွဲ့။
နှစ်ချုပ်ကြည့်လိုက်တာ။ သူ့ဆီက ရစရာရှိတာက ငါးသောင်း။ တစ်နှစ်မှာ နှစ်ပတ်လည် ချုပ်ကြည့်တော့ ငါးသိန်းလောက် အမြတ်က ပေါ်တာ။ အဲဒီနှစ်ကျတော့ကာ သူ့ဆီက လျော့သွားတာ လျော့သွားပြီ။ ဟိုမှာကျတော့ ခုနှစ်သိန်းလောက် ဖြစ်နေတာ။ သူ့ဆီက ငါးသောင်းက မရ ဟော ခုနှစ်သိန်း နှစ်သိန်း တိုးလာခဲ့တာ။ မတိုးဘူးလား။ ကဲ ကုသိုလ်က လျော့သလား တိုးသလား။ အဲဒါ ယုံကြည်ဖို့ မကောင်းလား။ ကုသိုလ်က တိုးတာဗျ။
အခုတော့ အဲဒီ အကျိုး အပြစ်ကို မသိတော့ ခပ်ကြမ်းကြမ်း ပြောတော့ အကုသိုလ်တွေ မဖြစ်ဘူးလား။ ပစ္စည်းကလည်းမရ ခဏခဏတောင်းတော့ ဟိုကစိတ်ဆိုး။ ရပါ့ရဦးတော့ မပေးသေးဘူးတဲ့။ စိတ်ကတိုလာပြီ ကြားလား။ ဟား ဟားဟား။ ပေးသေးဘူးတဲ့ကွဲ့။ အဲလိုလေ့လာဖို့မကောင်းလား။ အေး အဲတာကြောင့် ဈေးတောင်း တောင်းတတ်တာနော်။ ကုသိုလ်က ချမ်းသာတဲ့တရားဗျ။ ကုသိုလ်က ဆင်းရဲတဲ့တရား မဟုတ် ချမ်းသာတယ်။ အဲလို လေ့လာဖို့မကောင်းလား။
မြတ်စွာဘုရားရှင်ရှိစဉ်က နန္ဒိယကျောင်းဒကာ နန္ဒိယသူဌေး ကျောင်းဆောက်တုန်းမှာ ဟော နတ်သမီးက နေပြီးတော့မှ လူ့ပြည်မှာရှိတဲ့ အိုးတွေ ခုပြောနေတဲ့ ရွှေအိုး ငွေအိုးတွေပစ်ပြီးတော့ နတ်ပြည်မှာ လာပြီးတော့မှ ဟိုဒင်းပြုတဲ့ အကြောင်းတွေကို မမှာရပေ ဘူးလားဟဲ့ မှာရတယ်နော်။  နန္ဒိယသူဌေး အခု ဦးဘစံတို့ လင်မယားကတော့ခါ သူတို့နဲ့ ရွယ်တူ အိမ်နားချင်း တစ်ယောက်က နေထိုင်မကောင်းတော့ သေငယ်ဇောနဲ့ မျှောသွားတာ ရေချိုးရအောင်လို့ လူတွေစောင့်နေတာ။ မချိုးနဲ့ဦး မချိုးနဲ့ဦး ကိုယ်ကောင်ကြီးက ပူနွေးနွေးနေတယ် မချိုးနဲ့ဦး။ အတန်ငယ်ကြာ နာရီဝက်လောက်ကြာတော့ လှုပ်လာတော့တာ။
လှုပ်လို့ သတိရလို့ ရေပေးစမ်း ရေတောင်း ရေသောက်လို့ပြီးတော့ နတ်ပြည် ရောက်သွားတာဟေ့။ ကောင်းလိုက်တဲ့ ဗိမာန်ကြီး နည်းတဲ့ ဗိမာန်ကြီးမဟုတ်ဘူး။ နင့် နေရာ မဟုတ်ဘူး ပြန် ပြန် ပြန်။ ဘစံ နဲ့ ကြွယ်အေးဟာ ဟုတ်တယ်လို့ ဟိုက ပြောလိုက်ပြီးပြီ။ သူ့ရွာမှာရှိတဲ့ ဘစံနဲ့ ကြွယ်အေးက ဖျားလည်း မဖျား ဘာမှ မဖြစ်ဘူး။ သုံးနှစ်ကြာခါမှ လင်ကသေ။ သုံးလလောက် ခြားပြီးကာမှ မယားကသေတော့တာ။ ဗိမာန်ပေါက်နေပြီးပြီ။ ကြားလား။ အဲဒါစေတနာကောင်းတဲ့ ပုဂ္ဂိုလ်တွေ။
သားသ္မီးတွေလည်း တော်တယ်။ မိဘတွေလည်း တော်တယ်။ အကုန်လုံး အဆင်ပြေတာ သူတို့အဆက်တွေက အလွန်ကောင်း။ အလွန်တော်တာ။ ဝယ်တာခြမ်းတာတွေကလည်း အများပေါက်ဈေး ဈေးဖောက်လို့ မဝယ်ဘူး။ သူများတကာ ဟိုမှာ ဈေးတက်တယ်တဲ့။ ဘယ်ဈေးဖြစ်တယ်။ ဟိုမှာ ပဲ တစ်တင်းမှ နှစ်သောင်း။ နှစ်သောင်း ပေးရင် ငါက သုံးသောင်း ပေးမယ်။ ဒီလိုတွေ မဝယ်ဘူး။ သူများဝယ်တဲ့ နှုန်းနောက်မှ လိုက်ဝယ်တာ။ သူ အများဆုံးရတာ။ ဒီ့ပြင်လူက သူ့ထက်ငါ ဦးအောင် သွားရတာ။ ဟိုလူ သွားတုန်းကတော့ ဈေးမကြိုက်လို့ မရောင်းဘူး။ သူနဲ့ကျတော့ အဆင်ပြေလို့ ကြားရဲ့လား။ စေတနာအတိုင်း အကျိုးပေးတာဗျ။ အဲဒီလို စိစစ်ဖို့မကောင်းလား။
အင်း တစ်နေ့သ၌ကျတော့ မိုးခေါင်ရေရှားလို့ သူတို့ ဝယ်ထားတဲ့ စပါးတွေက ငါးဆယ်ဈေး သုံးဆယ်ဈေး ဝယ်ထားတာ။ စပါး သုံးရာဈေး ဖြစ်သွားတာ။ သုံးရာဈေး။ အဲဒီမှာ တစ်ရွာလုံး စာရင်းယူပြီးခါမှ သူတို့ဝယ်တဲ့ စာရင်းအတိုင်း နှုန်း သူတို့အရင်း အတိုင်းကို အကုန် ပြန်ဝေချလိုက်တာ။ ကဲဘယ်လောက်များ အားရစရာကောင်းသလဲနော်။ အဲဒီလိုတွေ အတုယူဖို့ မကောင်းလား။ အတုယူဖို့ ကောင်းတယ်။ စဉ်းစားကြ။ စဉ်းစားကြ။ စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ စေတနာအတိုင်း အကျိုးပေးတာ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ

အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၃-ရက်၊သောကြာနေ့
၂ဝ.၅.၂ဝဝ၅၊နံနက် (၈) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော် မှစာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment