Friday, July 10, 2015

☆မြင်တဲ့သူနဲ့ မမြင် တဲ့သူ ဘယ်သူက ရှောင် ရမှာလဲ။☆


##########################

အခု တ ယောက်(နဲ့ )တ ယောက် ပြောတဲ့အခါ
ဘယ်လို ဥပမာ ပေးသလဲ။

လမ်းကျဉ်းတဲ့ နေရာပေါ့ ။
မျက်စိ မမြင် တဲ့သူက အ နောက်က အ ရှေ့ကို အလာ
မြင် တဲ့သူက အ ရှေ့က အ နောက်ကို အသွား။
မြင် တဲ့သူနဲ့ မမြင် တဲ့သူ ဘယ်သူက ရှောင် ရမှာလဲ။
မြင် တဲ့သူက ရှောင် ရမှာနော်။

အခု တရားဘဲ ငြင်း ငြင်း စီးပွားရေးဘဲ ငြင်း ငြင်း
ကျန်တဲ့ အရပ်စကားပါ့ ငြင်းငြင်း။
တ ယောက်  တ ယောက် ငြင်းတာတွေဟာ မြင် လို့လား မမြင် လို့လား။
မမြင် လို့ကွဲ့။
ဒါ ငြင်းတယ် ဆိုကတည်းက....
တ ယောက်နဲ့ တ ယောက် တိုးမိတော့တာ။
မြင် တဲ့သူက ဒါ အကုသိုလ်လို့သိတော့  မ ရှောင် ဘူးလား။
ပြော-ငြင်းဦးမလား ကဲ သူက ရှောင်နေ တော့တာ။
မြင် တာကိုး ။ အကုသိုလ်လို့သိတော့ ပြန်ပြောသေးရဲ့လား။
အဲဒီလို လိုတာကွဲ့ ။
စိစစ်ဖို့ မ ကောင်းလား
တရားငြင်းတဲ့အခါမှာလည်း အဲဒီလို ဘဲကွဲ့နော်။

သိတယ် မသိဘူး ဆိုတဲ့ပုဂ္ဂိုလ် တွေဟာ....
သိတဲ့ပုဂ္ဂိုလ်က ငြင်းပါ့မလား မငြင်းဘူးကွဲ့နော်။
ဒါ မြင် တဲ့သူက ရှောင်နေတာပေါ့
အတုယူဖို့ မ ကောင်းလား။
အဲဒီလို လေ့လာကြ။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ကြီး
အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ

(1-12-2008/2:00pm)
ပဲခူးတိုင်း ပြည်မြို့ မိုးကုတ် ဝိပဿနာ အဖွဲ့ခွဲ အမှတ် ၂၇ မင်္ဂလာဓမ္မာရုံ တွင် ဟောကြားတော်မူသော
သီလတန်ဖိုး အ ကြောင်း တရားတော်တွင် အပြည့်အစုံ
နာယူနိုင် ပါသည်

အရှင် တေဇနိယ မုံလယ်ဇ
ချမ်းသာခြင်း လက်ငင်းရကြပါစေ

No comments:

Post a Comment