Wednesday, July 8, 2015

ခန္ဓာက ပြတာကို မသိတာ ခက်တယ်ကွဲ့

လက်တွေ့ မျက်တွေ့ပေါ့
ဘုန်းကြီး ဟောတာထက် ခန္ဓာက ပြတာ
ဘယ်လောက်များ ရှင်းသလဲ 
အော့လိုက် အန်လိုက်နဲ့- အိုနာလို့ ဘုရားက မ ဟောဘူးလား
ဘယ်လောက်များ ထင် ရှားသလဲကွာ
ခန္ဓာကပြတာ အဲဒါလေးတခု သိတာနဲ့တောင်
၂က ၃ကို မကူးတော့ဘူး
အဲဒီလို လေ့လာဖို့ မ ကောင်းလား
ကျဉ်တယ် ကိုက်တယ် နာတယ် ခဲတယ် မ တွေ့ဘူးလား
ကြည့်တော့ ဘုရားဟောတာ တခုမှ မ ကောင်းဘူးပြောတာ မှန်ပါတကား
ကဲ အဲဒါ ကျဉ် ချင် သလား နာချင် သလား အကိုက်အခဲ ခံချင် ရဲ့လား
အဲဒါ ညောင်းတာ ညာတာ ကိုက်တာတွေဟာ
ကိုယ့်သ ဘောအတိုင်း ဖြစ် ရဲ့လား
အဲဒါ ငါဟုတ်လို့လား မဟုတ်လို့လား
တော်တော်ကြာ ညောင်းတယ် ညာတယ် ငါ ဘာလိုတယ် ညာလိုတယ် ပြောစရာ လိုသေးရဲ့လား
ခန္ဓာက ပြ နေတာ
ခန္ဓာက ပြတာကို မသိတာ ခက်တယ်ကွဲ့
ဘယ်လောက်များ ထင် ရှားသလဲနော်
ကျေးဇူး တော်ရှင် မုံလယ် ဆရာတော်ကြီး
အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ
(14-12-2008/3:00pm)
ရန်ကုန်မြို့ မိုးကုတ် ဝိပဿနာ အဖွဲ့ချုပ် ဓမ္မာရုံ တွင် ဟောကြားတော်မူသော
ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် အ ကြောင်း တရားတော်တွင် အပြည့်အစုံ
နာယူနိုင် ပါသည်
အရှင် တေဇနိယ မုံလယ်ဇ
ချမ်းသာခြင်း လက်ငင်းရကြပါစေ

No comments:

Post a Comment