Wednesday, July 8, 2015

ဒီမကောင်းတဲ့တရားကြီးက ဘယ်ဆီကများ လာပါလိမ့်မလဲဟဲ့

ဘုန်းကြီးဟောတာက အပြောလောက်နေတယ်
အခု ခန္ဓာက အဟုမ်း အဟုမ်းနဲ့ ပြတာ မထင်ရှားလားဟေ့
ဝါး.... တရားတွေ ပြတာဟေ ကြားလား
ကောင်းတဲ့ တရားလား မကောင်းတဲ့ တရားလား
တကယ် ထင်ရှားတယ်နော်

ဒီမကောင်းတဲ့တရားကြီးက ဘယ်ဆီကများ လာပါလိမ့်မလဲဟဲ့ ဟုတ်ပါတယ်
ဘုန်ကြီးတော့ မလိုချင်ဘူးကွဲ့...ကဲ ရောက်လာတာ...
သေချာ လေ့လာနော်

တကယ်လေ့လာကြည့်တော့ အခု ပဋိစ္စသမုပ္ပါဒ် အကွက် ဘယ်နှကွက်ရှိ...
အခုရောက်နေတာ ဘယ်အကွက်ထဲမှာလဲ
ပစ္စုပ္ပန် ၂ အကွက်နော်...
၂အကွက် က ဘာဘာတွေလဲ။
ဝိဉာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာ ။
ခန္ဓာဖွဲ့ကြည့်တော့ ခန္ဓာငါးပါးမရလား။
ခန္ဓာငါးပါး အကြောင်းတရားလား အကျိုးတရားလား။

အဲ... အကြောင်းရှာရမှာပေါ့။
အတိတ်ကို ကြည့်တော့ အဝိဇ္ဇာ သင်္ခါရ မတွေ့လား။
အဝိဇ္ဇာသင်္ခါရကြောင့် ဖြစ်တာကိုး။
သစ္စာလေးပါးကို မသိတာ...။
ခန္ဓာငါးပါးကို မသိတာ....။ ခန္ဓာငါးပါး တပါးပါးပေါ်မှာ လူနတ်ဗြဟ္မာသတ္တဝါလို့ နှလုံးသွင်းမှားတာ ...။
နှလုံးသွင်းမှားတော့ လိုချင်တာ ဘယ်သူလဲ။
စွဲလမ်းတာ ဘယ်သူလဲ။
အဝိဇ္ဇာ တဏှာ ဥပါဒါန် ဤသုံးခုကို ချုံ့လိုက်တော့....
အဝိဇ္ဇာ ပေါ့။
အတိတ်က သမုဒယသစ္စာ ဘယ်သူ ဦးစီးလဲ။
ပစ္စုန်ပ္ပန် သမုဒယသစ္စာ ဘယ်သူ ဦးစီးလဲ။
မူလနှစ်ဖြာ ဆိုတာ ....ဘာနဲ့ ဘာလဲ။

အဲဒါလိုရင်းအချက်တွေနော်။ အဲဒီ ရေသောက်မြစ်ကိုသာ ဖြတ်လိုက်မယ်ဆိုခဲ့လို့ရှိရင် နောက်ခန္ဓာ အပင်ပေါက်ဦးမလား။
မပေါက်တော့ဘူး။ အဲလို စိစစ်ဖို့မကောင်းလား။ သေချာချာ လေ့လာကြ။

အမျိုးမျိုး ခန္ဓာကြီးကပြနေတာနော်။
နေမကောင်း ဆေးဝါးဓာတ်စာတွေ မကျွေးရဘူးလား။
ကျွေးငြားသော်လည်း အအိုက ရပ်ကဲ့လား။ တော်ကြာ ပျောက်သွားလိုက် တလ နှစ်လနေ ပြန်ဖြစ်လိုက် ဒီလိုကား မနေဘူးလား။
ဘယ်သူ့ အလိုမှ မလိုက်ဘူးနော်။

အဝတ်အစားတွေက အမျိုးမျိုး သူ့ကို ဆင်ပြီးတော့ မပေးရဘူးလား။
ဘယ်လောက်ပါ့ဆင်ဆင် အလိုလိုက်ကဲ့လား
မလိုက်ဘူး ဘယ်သူ့ မျက်နှာမှ မထောက်တာကွာ
သေချာချာလေ့လာနော်။
အေး အဲဒါလိုရင်းအချက်တွေ။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ
ရှေးတိပ်တရားတော် mc.22 မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ....

No comments:

Post a Comment