လောကမှာ မိမိက နေပြီးတော့ သင်္ခတနယ်ဆိုတဲ့ သူ့နယ်မှာ နေလို့ရှိရင်
ချီးမွမ်းတဲ့ ပုဂ္ဂိုလ်နဲ့ ကဲ့ရဲ့တဲ့ ပုဂ္ဂိုလ် ဒီ၂ဦးသာ ရှိတယ်ကွဲ့
အဲဒါ မိမိ အကဲ့ရဲ့လွတ် အောင် နေနိုင်ပါ့မလား
ချီးမွမ်းလွတ်အောင်ကား နေနိုင်ပါ့မလား
သူ့နယ်ကွဲ့နော်
လွတ်အောင်က ကိလေသာ လွတ်အောင်လုပ်ဖို့ လိုတာ ကြားလား
အဲလို စိစစ်ဖို့ မကောင်းလား
မြတ်စွာဘုရား ဘုရားဖြစ်ပါလျက် ၄၅ဝါ တရားဟောတာ စိဉ္စမာန က တရားပွဲမှာ လိပ်ခွံကြီး တပ်ပြီးတော့ ဗိုက်ကြီး ပေါ်တယ်လို့ မစွပ်စွဲလား ဟေ့
စဉ်းစားကွဲ့နော်
ကြောက်စရာမကောင်းဘူးလား
အကဲ့ရဲ့ အပြစ်တင်ဆိုတာ လောကကြီးထဲမှာ မိမိ သူ့နယ် ကိုးကွဲ့ နော်
ကိုယ့်မှာ ကိလေသာလွတ်အောင် နေဖို့သာ အဓိက
ဒီလိုဆိုတော့ အကြောင်းအကျိုး သိဖို့လိုတာပေါ့
ဘ၀အဆက်ဆက်က ကိုယ်ကနေပြီးတော့ မှ သူများအနှောက့်အယှက် ပေးခဲ့တာ ရှိတယ်ကွဲ့နော်
ဒီဘဝမှာ ဘယ်လောက်ပါ့ သန့်ရှင်းငြားသော်လည်း ဟို အတိတ်က ကိုယ်ပြုတဲ့ကံက မှီလာရင် လွတ်နိုင်ပါ့မလား
ဥတ္တရလုလင် ဥတ္တရသာမဏေကို ထောက်ကွဲ့နော်
ကျေးဇူးတော်ရှင်မုံလယ်ဆရာတော်ဘုရားကြီး
No comments:
Post a Comment