+++++++#++++++++++
အနိစ္စမြင်မှ စိတ်ချရတယ် လို့ ဟော/မဟော။
စဉ်းစားနော်---။
အနိစ္စတစ်ချက် မြင်သွားရင် စိတ်ချရပြီ။ ( ကြားလား)။
ဘယ်လိုများ စိတ်ချရသလဲ? စီစစ်ဖို့မကောင်းဘူးလား။
အနိစ္စ မမြဲခြင်းတရားသည် ----
ဆင်းရဲတဲ့တရား လား ချမ်းသာတဲ့တရား လား ။
ဆင်းရဲတဲ့တရားက သုခလား ဒုက္ခလား။
ဟော---အနိစ္စမြင်တာနဲ့ ဒုက္ခ အကျုံးဝင်မလာဘူးလား။
အဲဒီဒုက္ခကို ပိုင်သူ ရှိရဲ့လား။
သတ္တဝါအလိုသို့ လိုက်ရဲ့လား။
အကြိုက်သို့ ပါရဲ့လား။
အနတ္တလို့ မဟောဘူးလား။
အနတ္တကား အကျုံးဝင်မလာဘူးလား။
“အနိစ္စ-ဒုက္ခ-အနတ္တနော်”။
ကဲ---အနိစ္စ တချက် မြင်တဲ့အခါ
အနိစ္စ ဒုက္ခ အနတ္တ အကျုံးဝင်မလာဘူးလား။
ချမ်းသာတဲ့တရားဟုတ်ရဲ့လား။
ဆင်းရဲတဲ့တရား။
အဲဒီ အနိစ္စ ဒုက္ခ အနတ္တ စုလိုက်တော့ ဖြစ်ပျက်လို့ မဟောဘူးလား။
ဘာသစ္စာလဲ။
ဒုက္ခသစ္စာနော်။
ဒုက္ခသစ္စာလို့ အမှန် ပိုင်းခြားသိ သမ္မာဒိဋ္ဌိ လို့မဟောဘူးလား။
သမ္မာဒိဋ္ဌိ ဝင်လာပြီနော်။
မိစ္ဆာဒိဋ္ဌိ မချုပ်လား။
လေ့လာကြ-စဉ်းစားနော်။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ။
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ။
(၂၅/၄/၂၀၀၈-ည ၇နာရီ)
ရှမ်းပြည်နယ် တောင်ကြီးမြို့။
ဓမ္မရတနာ ကျောင်းတိုက်။
https://www.facebook.com/pages/ကျေးဇူးတော်ရှင်-မုံလယ်ဆရာတော်ကြီး-ဟောကြားတော်မူခဲ့သောတရားတော်များ/1596325990614582?ref=bookmarks
No comments:
Post a Comment