အခုဘုန်းကြီးပြောတာဟောတာ မြင်တာလား၊ ကြားတာလား။ ကြားတယ်ဆိုတာ နားအကြည် မရှိဘူးလား၊ ဒီက ဘုန်းကြီးကအသံနဲ့ မတိုက်လား။ ကြားသိစိတ်လေး မပေါ်လား-၊ လူလား။ ကြားသိစိတ်၊နတ်လား ကြားသိစိတ်။ဗြဟ္မာလား ကြားသိစိတ်။ ကြားသိစိတ်က နာမ်တရားမရလား-၊ သောတအကြည်နှင့် အသံက ရုပ်တရားမရလား။ နာမ်ရုပ်နှစ်ပါး- နာမ်ရုပ်ပဲတွေ့တယ်နော်၊ လူ တွေ့သလား၊ နာမ်ရုပ်တွေ့သလား။ နတ် တွေ့သလား၊ နာမ်ရုပ်တွေ့သလား။ ၊ဗြဟ္မာ တွေ့သလား၊ နာမ်ရုပ်တွေ့သလား။ နာမ်ရုပ်က ပရမတ်၊ လူက ပညတ်၊နာမ်ရုပ်က ပရမတ် နတ်က ပညတ်၊နာမ်ရုပ်က ပရမတ် ဗြဟ္မာက ပညတ်။ဟော ကဲ နာမ်ရုပ်တွေ့တဲ့အခါ လူတွေ့သေးရဲ့လား၊နတ်ကားတွေ့ရဲ့လား၊ဗြဟ္မာကားတွေ့ရဲ့လား။ ဘာဖြစ်လို့ မတွေ့တာလဲ။ မရှိရင် ဘယ်လိုစွဲမလဲ- အဲဒါကို သက္ကာယဒိဋ္ဌိဖြုတ်တယ်လို့ခေါ်တာ။
အဲဒီ နာမ်ရုပ်နှစ်ပါးအပေါ်မှာ ဌာနူပစာရအားဖြင့် တင်စားပြီးတော့ လူအစားစား၊ နတ်အစားစား၊ ဗြဟ္မာအစားစား၊ တိရစ္ဆာန်အစားစား၊ ၊ပြိတ္တာ၊ အသူရကာယ် အစားစား ငရဲအစားစား လို့ မခေါ်ကြဘူးလား။ အဲဒါ သမုတ်ရှိ အခေါ်ရှိ ။ မသမုတ်လည်းရှိ၊ သမုတ်လည်းရှိက နာမ်ရုပ်ရှိတာ။ ဘယ်ပုံရှိတာလဲ အနိစ္စ၊ ဘယ်ပုံရှိတာလဲ ဒုက္ခ၊ ဘယ်ပုံရှိတာလဲ အနတ္တ ။အနိစ္စ၊ဒုက္ခ၊ အနတ္တ အနေနဲ့ရှိတာ၊ အဲလို စိစစ်ဖို့် မကောင်းလား။ အဲဒါပွားလို့သိတာ ဟော- ပရမတ်တွေ့ပြီ၊ ပရမတ်တွေ့သွားပြီ။ ပရမတ်တွေ့တော့ ပညတ်မပျောက်ဘူးလား။ လူလား နာမ်နဲ့ရုပ်၊နတ်လား နာမ်နဲ့ရုပ်၊ဗြဟ္မာလား နာမ်နဲ့ရုပ်လား။ နာမ်ရုပ်က ပရမတ်၊ လူ က ပညတ်၊နာမ်ရုပ်က ပရမတ်၊နတ် က ပညတ်၊နာမ်ရုပ်က ပရမတ်၊ဗြဟ္မာက ပညတ်၊ ဟော-နာမ်ရုပ်ပဲတွေ့တယ်။ အဲဒီ အဖုံးကိုဖွင့်ကြည့်လိုက်တာ။ ထင်တာနဲ့ တွေ့တာလေ။
ကဲ သမီးလေးအနေနဲ့ သားကလေးအနေနဲ့ ပွေ့ပြီးတော့ နမ်းကြည့်လိုက် ၊ သမီးတွေ့သလား-အနံ့တွေ့သလား၊သား တွေ့သလား-အနံ့တွေ့သလား၊ အနံ့ကိုသာ သမီး၊ အနံ့ကိုသာ သားဆိုရင် အနံ့ဟူသမျှတွေ သမီးလို့ ခေါ်ရမှာ ဒီလိုကားဖြစ်ပါ့မလား။ သားလို့ခေါ်ဖြစ်ပါ့မလား၊ အနံ့လို့နံသိတာက ဃာနဝိညာဏ် နာမ်တရားမရလား။ အနံ့ကရုပ်တရားမရလား၊ နာမ်ရုပ်နှစ်ပါး။ သမီးလား-နာမ်နှင့်ရုပ်။သားလား-နာမ်နှင့်ရုပ်-၊ မင်းသမီးလား-နာမ်နှင့်ရုပ်-၊ မင်းသားလား-နာမ်နှင့်ရုပ်-။ နာမ်ရုပ်က ပရမတ်၊မင်းသမီးကပညတ်၊နာမ်ရုပ်က ပရမတ် သားကပညတ်၊နာမ်ရုပ်က ပရမတ် သမီးကပညတ်၊၊နာမ်ရုပ်က ပရမတ် မင်းသားကပညတ်၊၊ ပညတ်ဆိုတာ ခေါ်တာပြောတာ၊ ရှိတာမှ မဟုတ်ဘဲ၊ တွေ့တာက နာမ်ရုပ်တွေ့တယ်နော်။ သမီး တွေ့သလား၊ နာမ်ရုပ်တွေ့လား။ ၊သား တွေ့သလား၊ နာမ်ရုပ်တွေ့လား။ ဒါဆိုသားတွေ၊သမီးတွေ ဘာကြောင့်မတွေ့တာလဲ-။ အဲဒါ ယုံကြည်ရင် စွဲစရာလိုသေးရဲ့လား-။ ကဲ- စွဲရမှာက နာမ်ရုပ်ကို စွဲဖို့လိုတာ။ နာမ်ရုပ်ကို စွဲဖို့ လိုတယ်။ရှိတာစွဲရမှာနော်။
ရုပ်တရားကြီးက ဖောက်ပြန်ပြီးတော့ မပျက်လား။ နာမ်တရားက သိပြီးတော့ မပျက်လား။ ပျက်ရင် နာမ်ရုပ်တွေ့သလား၊ မရှိတာတွေ့သလား-။ မရှိတာ အနိစ္စ၊ သိတာ မဂ္ဂလို့ မဟောဘူးလား။ကဲ နာမ်ရုပ်တွေ့သလား မရှိတာတွေ့သလား။ မရှိတာ အနိစ္စနော်။သိတာ မဂ္ဂ မဟောဘူးလား။ ကဲဖြစ်ပြီးတော့ပျက်သွားတာ ဘာသစ္စာလဲ။ ဒုက္ခသစ္စာနော်၊ ချမ်းသာတဲ့ တရားလား၊ ဆင်းရဲတဲ့တရားလား။ ဆင်းရဲတဲ့တရားလို့ အမှန်သိတဲ့အချိန် လူချမ်းသာနတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာတွေ့သေးရဲ့လား-၊ တွေ့တာက လူချမ်းသာလား၊ဒုက္ခသစ္စာ နတ်ချမ်းသာလား၊ဒုက္ခသစ္စာ ဗြဟ္မာချမ်းသာလား၊ ဒုက္ခသစ္စာ။ သိပယ်လို့ မဟောလား-၊ ဒုက္ခသစ္စာလို့ သိတဲ့အချိန် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာလို့ ယူဦးမလား-။ ရှိမှမရှိဘဲနော်။ တွေ့တာကို အမှန်မယူရဘူးလား-။ ကဲ ဆင်းရဲတဲ့ တရားတွေ့တယ်။ ဆင်းရဲတဲ့ တရားသိတယ်ဆိုကတည်းက တဏှာလာသေးရဲ့လား၊ ဥပါဒါန် လာသေးရဲ့လား၊ ကံလာသေးရဲ့လား၊ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးမပြတ်လား-၊ နောက်ခန္ဓာ ဇာတ်မသိမ်းလား၊ နိရောဓသစ္စာ၊ စဉ်းစားဖို့ မကောင်းလား-။
ကဲ နိရောဓဆိုတာ ကိလေသာ မချုပ်ဘူးလား-၊ ခန္ဓာမချုပ်ဘူးလား။ အဲဒါ နိဗ္ဗာန်လို့ မဟောဘူးလား-၊ ခန္ဓာသာရှိရင် နိဗ္ဗာန်မြင်ရပါ့ မလား- ခန္ဓာကပရမတ်၊ နာမ်ရုပ်ကပရမတ်။ အဲဒီ ပရမတ်ကဖုံးနေတော့တာ၊ နိဗ္ဗာန်မမြင်ရတာ ခု နာမ်ရုပ်လည်းမတွေ့၊ ခန္ဓာလည်းမတွေ့၊ တွေ့တာက အနိစ္စလက္ခဏာ ဒုက္ခသစ္စာ၊ဒုက္ခလက္ခဏာ ဒုက္ခသစ္စာ၊အနတ္တလက္ခဏာ ဒုက္ခသစ္စာ သိပြီ-ကဲ သိတယ်ဆိုတော့ နှလုံးသွင်းမှားတဲ့ အဝိဇ္ဇာမချုပ်လား၊ လိုချင်တဲ့ တဏှာလာသေးလား၊ စွဲလန်းတဲ့ ဥပါဒါန်လာသေးလား-၊ ကဲကိလေသဝဋ်မချုပ်ဘူးလား-၊ တရားနာတာ၊ တရားအားထုတ်တာ ကိလေသဝဋ်ချုပ်ဖို့ အဓိက၊ ကိလေသဝဋ်ချုပ်ရင် ကမ္မဝဋ် လာသေးရဲ့လား-၊ ကမ္မဝဋ်မလာရင် ဝိပါကဝဋ်လာသေးရဲ့လား။ ဝဋ်သုံးပါး ကျွတ်တာ ဘယ်လိုခေါ်မလဲ- နိဗ္ဗာန်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၈-ရက်၊တနင်္ဂနွေနေ့(၁၅.၅.၂ဝဝ၅)၊ည (၇)နာရီ အချိန်တွင် ဟောကြားတော်မူသော ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်။ မှစာစီပူဇော်ပါသည်
မုံလယ်ဇ
No comments:
Post a Comment