ဦးဘစံ ဒေါ်ကြွယ်အေး-ဥပမာပြ။
ကုသိုလ် တိုးတာ ပြန် စဉ်းစားကြဦးစို့။ ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်။ ကုန်သည်အနေနဲ့ ကိုယ်က အကြွေး ပေးထားတာ။ ကိုယ်က တစ်သိန်းဖိုး တစ်ကြိမ် တောင်းလည်း မရ နှစ်ကြိမ် တောင်းလည်း မရ။ သုံးကြိမ် တောင်း မရ။ စိတ်ဆိုးတော့တာ။ စိတ်ဆိုးပြီ။
မင်းတို့ ကိုယ်ချင်းစာဦးကွဲ့။ အတိုးချထားရင် ခုနေကာ ဘယ်လောက်တိုးမှာ။ မင်းတို့ အခု ခြောက်လရှိပြီ။ မင်းတို့ ဘယ်လိုလဲ။ အဲလိုပြောတဲ့အခါ ပေးရမယ့်လူက စိတ်ချမ်းသာမလား စိတ်ပူမလား။ စိတ်ပူတယ်နော်။ ဓာတ်ဘူးထဲရေနွေးထည့်ထားတော့ ပူမလာဘူးလား။ ရေအေးထည့်တော့ အေး မလာဘူးလား။ ဓာတ်ဗူး ပမာဏ ကဲ့သို့။ စေတနာ အတိုင်း အကျိုး ပေးတယ်။ စိစစ်။ စိစစ်ဖို့ မကောင်းလား။ ကဲ အဲလို ဟိုလူက နောက်ကို ခဏ ခဏ တောင်း။ ရပါ့ရဦး မပေးသေးဘူးဟေ့ စိတ်ဆိုးပြီ။ ကုသိုလ်လား အကုသိုလ်လား။အကုသိုလ်။
ဘုန်းကြီးတို့ ဆီမှာရှိတယ်။ ဂန့်ဂေါနယ်က ရွာက မွှေ့လယ်ရွာ။ အိမ်ခြေရှစ်ရာလောက်ရှိမယ်။ ဦးဘစံ ဒေါ်ကြွယ်အေးတဲ့။ ကြွေးတောင်းသွားတာ ကြွေးတောင်းသွား ကြွေးတောင်းတာဟဲ့။ အားလုံး နေကောင်းကြရဲ့လား။ နေလို့ ထိုင်လို့ ပြေကြလား။ ဟ စားဝတ်နေရေးက ဘယ်လိုလဲ ဟဲ့။ ကျန်းမာရေးက ဘယ်လိုလဲဟ။
ဦးလေးရယ် ကျန်းမာရေးလည်း ကောင်းပါတယ်။ စားဝတ်နေရေးက အသင့်အတင့် ဦးလေးကို ပေးရအောင်လို့ ရှာတာလေ ရကိုမရဘူး ဦးလေးရယ် မပေးနိုင် ရှာလို့မရဘူး။ မရတာတော့ မတတ်နိုင်ဘူးဟဲ့။ အဲတာ သောကမစိုက်နဲ့။ ရမှမရတာ ဘယ်တတ်နိုင်မလဲ။ နင်တို့စိတ်ချမ်းသာအောင်နေကြ။ ဒီ့အတွက် သောက မစိုက်နဲ့။
အဲဒီစကားမျိုးလေးပြောတော့ ဟိုလူစိတ်ဆင်းရဲမလား စိတ်ချမ်းသာမလား။ ဓာတ်ဗူးထဲ ရေအေးထည့်ရသလိုနေတာဟဲ့ စဉ်းစားဖို့မကောင်လား။ သူ့ဆီက တစ်သိန်း မရဘူး။ နှစ်ချုပ်တာ ။တစ်ခါ နှစ်ချုပ်တာ။ တစ်နှစ်မှာ ဆယ့် ငါးသိန်းလောက် အမြတ် ထွက်တယ်။ သူ့ဆီက တစ်သိန်း မရတော့ကာ ဆယ့်လေးသိန်းလောက် ရ။ ရမှာပေါ့။ ခုတော့ အဲဒီနှစ် သူ့ဆီကသာ မရတာ သိန်းနှစ်ဆယ်ဗျာ။ ဟိုမှာ တိုးလာခဲ့သေးတာ။ မလျော့တဲ့ အပြင် တိုးလာခဲ့သေးတာ။ ဟိုမှာ ကြည့် ။
ကုသိုလ်က ကဲ သူ့စေတနာ အတိုင်း အကျိုးပေး မနေဘူးလား။ အဲလို စိတ်ထားဖို့ လိုတယ်။ ယုံကြည်ဖို့ မကောင်းလား။ ယုံကြည်ဖို့ လိုတယ်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၈-ရက်၊တနင်္ဂနွေနေ့
(၁၅.၅.၂ဝဝ၅)၊နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment