မိမိက ရှေးကနေပြီးတော့
ဆွမ်းတော်မကပ်ခင် ကျီးကနေဝင်စားတာကိုး။
အဲဒီကျီးဟာ ကျီးပြိတ္တာ ဖြစ်တယ်ဆိုတာ ကြားဖူးရဲ့လား။
စဉ်းစားကွဲ့ ကြားရဲ့လား။
သေးသေး မထင်နဲ့နော်။
သာသနာနဲ့ ပတ်သက် တဲ့ ကိစ္စတွေ
သုံးစွဲမိရင်တော့ကာ သွားပြီသာ အောက်မေ့။ ကြားလား။
အင်မတန် ဆိုးတာကွဲ့။
သာသနာဆိုတာတွေဟာ အဆုံးအမ။
မိမိက အတိုင်းအတာ မရှိဘူး နော်။
ဘယ်လောက်ထိ စည်ကားဦးမလဲ မသိဘူး ပေါ့။
အဲဒီ သွားမည့်လမ်းကို ကဖျက်ကရက် လုပ်သလို နေတာပေါ့။
လူတရာလောက်စားမယ့်ဟာကို တယောက် စာ နှုတ်ထားရင် တယောက် စာ လျော့မသွားဘူးလား။
ဥပမာ-ဥပမာ။
တဝက်လောက်သာဆိုရင် ဒါ တဝက်လျော့တာပေါ့။
အကုန်လုံး အပျောက်ဖျောက်မယ် ဆိုရင်တော့ ပြီးတော့တာဟေ့။
စဉ်းစားဖို့ မကောင်းလား။
တရားတွေသိအောင်လို့ ဟောရတာ။
အကုသိုလ်တရားသိဖို့ မလိုလား။
ကုသိုလ်တရားသိဖို့ မလိုလား။
ရှောင်ကြဉ်တော့ -ကုသိုလ်ကွဲ့။
ကျုးလွန်တော့-အကုသိုလ်။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး။
(၂၈/၇/၂၀၀၁-ည ၇နာရီ)
၁၃၆၃-ဒု ဝါဆိုလဆန်း ၈-ရက် စနေနေ့ ဟောကြားသောတရားတော်မှ
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ
No comments:
Post a Comment