သမာဓိရတော့ကာ အဲဒီလူကို အမျိုးမျိုး ပြောကြည့်။ ကိလေသာနဲ့ ပတ်သက်တဲ့ တရားတွေ ပြောကြည့်လိုက်။ ဥပမာ ပြောလိုက်ကြစို့။ အဟမ်း။
အမျိုးသား တစ်ယောက် လူပျိုကြီး၊လူပျိုကြီး။ အသက် ငါးဆယ်-ခြောက်ဆယ် လူပျိုကြီး။ အိမ်ထောင် မပြုဘူး။ ကျောင်းကန် ဘုရားလည်း သွားတယ်၊ ဥပုသ်စောင့်လည်း မှန်တယ်။ ကုသိုလ်ကောင်းမှုတွေလည်း လေ့လာတယ်။ အဲဒီ လူပျိုကြီးက။ အဲတော့ အဲဒီ လူပျိုကြီးကို သူခိုင်းစေနေတဲ့ အမျိုးသ္မီးလေး မရူးမကောင်းလေးရှိတယ်။ အင်း မင်းတို့လူပျိုကြီးက အထင်ကြီးနေတာ။ အဲဒီအမျိုးသ္မီးလေးနဲ့ ချစ်နေတာကွဲ့။
အဲလိုလေး ပြောလိုက်ရင် အဲဒီ လူပျိုကြီးက ၀မ်းမြောက်ဝမ်းသာ ဖြစ်မလား။ စိတ်ဆိုးမလား။ စိတ်ဆိုးမှာ။ ငါ့ကို ဒီလို ပြောရမလား ဟမ်။ စိတ်ဆိုး မလာဘူးလား။ ကုသိုလ်လား အကုသိုလ်လား။ အဲဒီ အကုသိုလ်က ဘယ်ဆ်ီက လာတာလဲ ဟေ့။ ဟင် “တရားပျောက်တော့ ကိုယ်မှာရှာ၊တရားရှာတော့ ကိုယ်မှာတွေ့တယ်”လို့ မဟောဘူးလား။ အဲဒါ ကိလေသာကို ပယ်ရမယ်လို့ဟော မဟော။ ဒေါသကိလေသာ မဖြစ်ဘူးလား။
ဒေါသကိလေသာ ဘယ်ဆီက လာတာလဲ ။ ဟင် ဘယ်ဆီက လာတာလဲ။ ဟော ဟင်။ စဉ်းစား။ အဲလို ပြောတဲ့ ဆိုတဲ့ အခါ မရူးမကောင်း အမျိုးသ္မီးလား အသံလား။ လူပျိုကြီးလား အသံလား။ နားက ကြားတာကွဲ့။ စဉ်းစားဖို့ မကောင်းလား။မြင်တာလား ကြားတာလား။ ကြားတာ။ ရွယ်တူနဲ့ တို့စား(ကျီစား)ရင်တော့ နည်းနည်း ခံသာသေးတယ်ကွဲ့။ မဟုတ် တရုတ်နဲ့ တို့တော့ မခံချင်တော့ဘူး။ ကြားရဲ့လား။ ကင်းကိုက်သလို လာတော့တာ။ ကဲ ဒေါသစိတ် ဘယ်ပေါ်မှာ ဖြစ်တာလဲ။ နှလုံးသွင်း မှားတာ။
အသံ ရူပက္ခန္ဓာမှာ မရူးမကောင်း အကောင်မလို့ မှားတာ။ အသံ ရူပက္ခန္ဓာမှာ လူပျိုကြီးလို့ မှားတာ။ သညာဝိပလ္လာသ အမှတ်မှားပြီ။ အသံက ရူပက္ခန္ဓာ မရလား။ အသံလို့ ကြားသိစိတ်လေးက သောတ၀ိညာဏ်က နာမ် တရား မရလား။ နာမ်ရုပ်နှစ်ပါး။ ကဲ ၀ိပလ္လာသအနေနဲ့ အမှတ်မမှားလား။ သညာဝိပလ္လာသ။ အမှတ်မှားတော့ အသိမမှားလား။ စိတ္တ၀ိပလ္လာသ။ အသိမှားတော့ အယူအဆ မမှားလား။ ဒိဋ္ဌိဝိပလ္လာသ။ ဤ၀ိပလ္လာသတရား သုံးပါးကြောင့် သက္ကာယဒိဋ္ဌိ ဖြစ်တာဗျာ့။
နှလုံးသွင်းမှန်မှ အသံလို့သိ အနိစ္စလို့သိ။ နာမ်ရုပ်လို့သိ အနိစ္စလို့သိ။ နာမ်ရုပ်လို့ သိတော့ ဒိဋ္ဌိ မပြုတ်လား။ အနိစ္စသိတော့ တဏှာ မသေလား။ ဟော နှလုံးသွင်းမှန်ပြီ။ စဉ်းစားဖို့ မကောင်းလား။ အဲတော့ “ကြားတိုင်း ကြားတိုင်း နိဗ္ဗာန် တဒိုင်းဒိုင်း”လို့ ရှေးက ဆရာတော် သမားတော်တွေ မဟောဘူးလား။ ကဲ “ကြားတိုင်းကြားတိုင်း နိဗ္ဗာန် တဒိုင်းဒိုင်း” နော်။
အခု ဒီ အလေ့အလာ မရှိတော့ နှလုံးသွင်းမှားတော့ ကြားတိုင်း ဒေါသဖြစ်လိုက် လောဘဖြစ်လိုက် မောဟဖြစ်လိုက်ပေါ့ဟ။ အဲ စဉ်းစားဖို့ မကောင်းလား။ ဒါတော့ နားမှာ အလုပ် လုပ်တာ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ ။
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅) နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment