Wednesday, July 8, 2015

မင်္ဂလာရှိ ပါစေ

မင်္ဂလာရှိ ပါစေ
❀◕ ‿ ◕❀

မသိတာ သေသေချာချာ စိစစ်ဖို့ မကောင်းလား
အသေဝနာစ ဗာလာနံ လို့မဟောဘူးလား ဟော
သေသေချာချာ လေ့လာ သူငါပါရဲ့လားဟေ့
အဲဒီ ဗာလာနံ ဆိုတာ လူမိုက် လူမိုက်လို့တော့ခေါ်ကြတယ် စင်စစ်လူမယူနဲ့ အဝိဇ္ဇာ ယူပါ

အဲဒီ မိုက်တဲ့ ပုဂ္ဂိုလ် တွေဟာ မိမိက ဆရာကောင်း သမားကောင်းနဲ့ တွေ့သွားတာပေါ့။
တွေ့သွားတဲ့အခါ အသိဥာဏ်တွေ မရလားဟေ့။
ရတဲ့ အခါ လိမ္မာတယ်လို့ မပြောဘူးလား။
တော်တုန်းက မိုက်တဲ့ အဝိဇ္ဇာ ရှိသေးရဲ့လား။
ဒီကိုယ်ကြီးကိုယူက မှားမှာပေါ့ကွဲ့။

ခန္ဓာကိုယ်ကြီး သာဆို မိုက်တဲ့ သူကြီးက မိုက်လို့ဘဲနေရမှာပေါ့။
လိမ္မာတယ်လို့ ရှိပါ့မလား
အဲလို သိ မသိတရားနှစ်ပါးကို စိစစ်ပါ။
မသိတာ ....အဝိဇ္ဇာ သိတာ... ဝိဇ္ဇာ
အဝိဇ္ဇာ နဲ့ ဝိဇ္ဇာ ကွဲ့ ။
နှလုံးသွင်းမှားတာ... အဝိဇ္ဇာ နှလုံးသွင်း မှန်တာ...ဝိဇ္ဇာ
ဝိဇ္ဇာ ဆို အဝိဇ္ဇာ မချုပ်ဘူးလား။ အဝိဇ္ဇာ ချုပ်ရင် ဒီသင်္ခါရ လာသေးရဲ့လား။အသင်္ခါရကွဲ့။
အဲလို သိဖို့ မလိုဘူးလား။
နောက်ခန္ဓာ ဇာတ်မသိမ်းလား။ အေး သိတော့ ပဏ္ဍိတာနဉ္စ သေဝနာ ၊ပူဇာ စ ပူဇနေယျာနံ ၊ဧတံ မင်္ဂလမုတ္တမံ လို့ မဟောလားဟေ့။
အဲဒါ မင်္ဂလာတရား လို့မဟောလား။

မင်္ဂလာ ဆိုတာ အင်မတန် ချမ်းသာတဲ့တရားဗျ။
မနက်စာလင်းလာတဲ့အခါ လင်းလို့ ရှိရင်  သူတို့ ဆရာ့ဆရာတွေက မင်္ဂလာ ရှိပါစေ လို့ နှုတ်မဆက်ကြလား။
သေချာချာ လေ့လာနော်။
လောဘဖြစ် ဒေါသဖြစ် မောဟဖြစ်ရင် အမင်္ဂလာကွဲ့။
အလောဘ အဒေါသ အမောဟဆို... မင်္ဂလာ ပေါ့ကွဲ့။
အဲဒါ ခန္ဓာ သိတာ မင်္ဂလာဗျား
အနိစ္စသိတာ မင်္ဂလာဗျ ....ဒုက္ခသိတာ မင်္ဂလာ.. အနတ္တသိတာ မင်္ဂလာ..အဲဒီမင်္ဂလာကို ဒါ လိုရင်းအချက်ပေါ့နော်။
ပဏ္ဍိတာနဉ္စ သေဝနာလို့မဟောဘူးလား
အဲဒီစိတ်အစဉ်နဲ့ တမဂ်တဖိုလ် နှစ်မဂ်နှစ်ဖိုလ် သုံးမဂ်သုံးဖိုလ် လေးမဂ်လေးဖိုလ်ရမယ်ဆို ဟေယ မီးသဂြိုဟ် ရင် ဓာတ်တော်ကျတယ်ဗျား။.
အဲဒီအခါကျတော့ မပူဇော်ကြဘူးလား။
ပူဇာစ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ လို့ မဟောလားကွဲ့။
အဲဒီနေရာရောက်အောင်ကြိုးစားကြ။အဲဒါ  သိဖို့ လိုရင်းအချက်ဘဲနော်။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ
ရှေးတိပ် တရားတော် mc25 မှ မုံလယ်သာဝကများအတွက် စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment