Wednesday, July 8, 2015

ဆေးလိပ်သောက်ရင်းနဲ့ အပါယ်ကျပုံ။


=========================

ကံကို ယုံကြည်ရမယ် ဉာဏ်အားကိုးရမယ်။ ဒါအကုသိုလ်ကံ ကုသိုလ်ကံ စဉ်းစား။ ဒါမို့ထိထိမိမိ သဘောပေါက်ဖို့လိုတယ်။ ထပ်ခါ ထပ်ခါ ထပ်ခါ စဉ်းစားကြ။ ခဏ ခဏ အလိမ် ခံရတဲ့ပုဂ္ဂိုလ် အကျိုး အပြစ်ကို ရေလည်အောင် ပြောပြီးတော့ တောင်း။ နှစ်ကြိမ်က သုံးကြိမ် သုံးကြိမ်က တောင်းလို့ မရရင် အင်း အကြောင်းရှိလို့ အကျိုးတရားပေါ်တာ။ ဘဝအဆက်ဆက်က ငါကလည်း အဲသလို မပေးခဲ့တာရှိမှာ။ ကြားရဲ့လား။ ဒါတော့ ငါ့မပေး ကိုယ်က မပေးတော့ ကိုယ့်ပေးမည့်သူ ရှိပါ့မလား။ ဪ အဲသလို အကြောင်းအကျိုးသိတော့ ဒေါသဖြစ်စရာလိုသေးရဲ့လား။ မလိုတော့ဘူး။
မိုးကုတ်ဆရာတော်ဘုရား ဟောတာ ဘုန်းကြီးက မယုံဘူး၊ ဆေးလိပ် သောက်ရင်းနဲ့ အပါယ်ကျတယ်တဲ့။ ဆေးလိပ် သောက်ရင်းနဲ့ ။ ဆေးလိပ် သောက်ရင်းနဲ့ကာ မကျနိုင်ဘူးဟေ့။ ဘုန်းကြီးက ကြားလား။ မိုးကုတ်ဆရာတော်ဘုရား တိတ်ခွေက ဟောတာ ဆေးလိပ်သောက်ရင်းနဲ့ အပါယ်ကျတယ်တဲ့။ ဆေးလိပ်သောက်ရင်းနဲ့ ဘယ့်နှယ်ကျမှာလဲ မကျဘူးလို့ ဘုန်းကြီးက စဉ်းစားတယ်။ နောက်တော့ စဉ်းစားတယ်။ အင်း အဲဒီမှာ ရစရာက နှစ်နှစ်ရှိပြီ။ အမျိုးမျိုး တောင်းလို့ မရ။ ဆေးလိပ်သောက် ဂါတ်ကို တိုင်ရမလား။ ဩ ဪ အကုသိုလ်က ဆေးလိပ်သောက်ရင်းနဲ့ ကိုးကွဲ့ အကုသိုလ်က။ ဂါတ်ကို တိုင်ရမလားတဲ့ မရတော့ စိတ်က တိုလာတော့တာ ဂါတ်ကို တိုင်မှဖြစ်တော့မှာ။ ကဲ ကဲ အကုသိုလ်မဖြစ်ဘူးလား။ အရင်ကတော့ ဆေးလိပ်သောက်ရင်းနဲ့တော့ မရောက်နိုင်ဘူးလို့ ထင်တာ။ ဟဲ့ ဆေးလိပ်သောက်ရင်းနဲ့ ရောက်သွားတော့တာ။ ဟဲဟဲ ဂါတ်ကို တိုင်ရမလား။ လာတော့တာ။ ဒါ ကုသိုလ်လား အကုသိုလ်လား။ အကုသိုလ်ကွဲ့ စဉ်းစား။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ

အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၃-ရက်၊သောကြာနေ့
၂ဝ.၅.၂ဝဝ၅၊နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment