■♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢■
လောကမှာ မိမိက နေပြီးတော့
သင်္ခတနယ်ဆိုတဲ့ သူ့နယ်မှာ နေလို့ရှိရင်....
ချီးမွမ်းတဲ့ ပုဂ္ဂိုလ်နဲ့ ကဲ့ရဲ့တဲ့ ပုဂ္ဂိုလ် ဒီ၂ဦးသာ ရှိတယ်ကွဲ့ ။
အဲဒါ မိမိ အကဲ့ရဲ့လွတ် အောင် နေနိုင်ပါ့မလား။
ချီးမွမ်းလွတ်အောင်ကား နေနိုင်ပါ့မလား ။
သူ့နယ်ကွဲ့နော်။
လွတ်အောင်က ကိလေသာ လွတ်အောင်လုပ်ဖို့ လိုတာ
( ကြားလား)
အဲလို စိစစ်ဖို့ မကောင်းလား ။
မြတ်စွာဘုရား ဘုရားဖြစ်ပါလျက် ၄၅ဝါ တရားဟောတာ
စိဉ္စမာန က တရားပွဲမှာ လိပ်ခွံကြီး တပ်ပြီးတော့ ဗိုက်ကြီး ပေါ်တယ်လို့ မစွပ်စွဲလား ဟေ့ ။
စဉ်းစားကွဲ့နော် ။
ကြောက်စရာမကောင်းဘူးလား
အကဲ့ရဲ့ အပြစ်တင်ဆိုတာ .....
လောကကြီးထဲမှာ မိမိ သူ့နယ် ကိုးကွဲ့ နော်။
ကိုယ့်မှာ ကိလေသာလွတ်အောင် နေဖို့သာ အဓိက ။
ဒီလိုဆိုတော့ အကြောင်းအကျိုး သိဖို့လိုတာပေါ့
ဘ၀အဆက်ဆက်က ကိုယ်ကနေပြီးတော့ မှ သူများအနှောက့်အယှက် ပေးခဲ့တာ ရှိတယ်ကွဲ့နော် ။
ဒီဘဝမှာ ဘယ်လောက်ပါ့ သန့်ရှင်းငြားသော်လည်း ဟို အတိတ်က ကိုယ်ပြုတဲ့ကံက မှီလာရင် လွတ်နိုင်ပါ့မလား
ဥတ္တရလုလင် ဥတ္တရသာမဏေကို ထောက်ကွဲ့နော်။
ကျေးဇူးတော်ရှင်မုံလယ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ
(ရှေးတိပ်ခွေတရားတော်မှ မုံလယ် တရား မှတ်စု)
♧♤♤♤♤♧
https://www.facebook.com/pages/ကျေးဇူးတော်ရှင်-မုံလယ်ဆရာတော်ကြီး-ဟောကြားတော်မူခဲ့သောတရားတော်များ/1596325990614582?ref=bookmarks
No comments:
Post a Comment