Wednesday, July 8, 2015

နေထိုင် မကောင်းတဲ့အခါ သတိပြုပါ။

ဝိညာဏ် ချုပ်ခါနီးလေ ခန္ဓာကိုယ်ကြီးက အသက် ရှုရတာ ပင်ပန်းတယ်။ ပိုပြီးတော့ ဆင်းရဲတယ်။ မဆင်းရဲပေဘူးလား ။

အော် ခန္ဓာရတဲ့ ပုဂ္ဂိုလ် အင်မတန်ဆင်းရဲပါလား။ သတိပညာလို့ သတိတစ်လုံးရှေ့ကထားတော့ကာ အဲဒီ ဆင်းရဲတာ မသိနိုင်ဘူးလား

သိရင် နောင်တစ်ဖန် ခန္ဓာမျိုးကိုကား ရချင်သေးရဲ့လား ။ အဲဒီလို စိစစ်ပြီးတော့ သတိပြုတဲ့အခါ ဒေါသစိတ်က ဖြစ်သေးရဲ့လား အဲဒါ စိတ်မနာတာကွဲ့။ စဉ်းစားဖို့ မကောင်းလား အဲဒါ သတိပညာ ဉာဏ်မြေ ကတုတ် ပညာချွန်းကဲ့သို့အုပ်။ ပညာချွန်းနဲ့ အုပ်တော့ကာ မဂ်စိတ် ဖိုလ်စိတ်နဲ့ ဝိညာဏ်ချုပ်ရင် အဲဒါ သောတာပန်ဖြစ်ရင် နတ်အရိယာ ဗြဟ္မာအရိယာ ဖြစ်နိုင်တယ် ကြားရဲ့လား။ ဆက်ပြီးတော့မှ သောတာပန် သကဒါဂါမ် အနာဂါမ် အဲဒီလိုဆက်ရင် ရဟန်းကိစ္စပြီးနိုင်တယ်နော်။ မဂ်စိတ်နဲ့ ဖိုလ်စိတ်နဲ့ ဝိညာဏ်ချုပ်ဖို့ အရေးကြီးတယ်။ ဓမ္မနောက်ပိတ်ခွေး ဒါန ကုသိုလ် သီလကုသိုလ်နဲ့ ဝိညာဏ်ချုပ်ဖို့နော်။အဲဒါကြောင့် နေထိုင် မကောင်းတဲ့အခါ သတိပြုပါ။ အလေ့အကျင့်လုပ်ကြ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ ။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ လောကချမ်းသာဘုရားကြီး၌
၁၃၆၇ ခုကဆုန်လပြည့်ကျော် ၈ရက် တနင်္လာနေ့ (၃၀.၅.၂၀၀၅)  ည(၇)နာရီ အချိန်တွင် ကျင်းပပြုလုပ်အပ်သော ဝိပဿနာ (၅) ရက်တရားစခန်း၏ စခန်းသိမ်းပွဲ၌ ဟောကြားဆုံးမတော်မူအပ်သော ခန္ဓာဉာဏ် ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment