(✿◠‿◠)(✿◠‿◠)(✿◠‿◠)
မကြားစဖူး ကြားဖူးထပ်မံတဲ့
ရှေးရှေးက မန္တလေး ဗိုလ်ကုန်းန်းရပ်မှာ စာချနေတဲ့ ပုဂ္ဂိုလ် ဦးလက္ခဏ ဆရာတော် ဆိုတာ ရှိတယ်နော်။
စာသင်သား အပါး ငါးရာကျော် ကြားလား။
စာချ ဆရာတော်ကြီးပေါ့။
အဲဒီမှာ လွှထောင်ကြီးရဲ့သား အနောက်နိုင်ငံက စိန်လယ်ဂျာ ထီဆိုတာ နှစ်သိန်းဆု ပေါက်တာပေါ့။
နှစ်သိန်းဆိုတော့ကွာ သုံးလို့ မကုန်နိုင်ပါဘူး။
ဘုန်းကြီး တို့ငယ်ငယ်က ဟောဒီက ဆီစက်က(သမ္မာဆန္ဒ ဆီစက်.ပခုက္ကူ) ဒီလိုပုံးနဲ့ရောင်းတာ။ ပုံးပါ တပုံး သုံးကျပ်ကွဲ့။ဆီတပုံးလေ။
ပိဿာ တစ်ဆယ် ပိဿာတစ်ဆယ်။တပုံး ဆိုတော့ ငါးဆယ်သားလည်း တပုံး ရှိသေးတာကိုး။ တပုံးကို သုံးကျပ်။ ယုံမှာ မဟုတ်ပါဘူး ဆီတပုံး သုံးကျပ်။ အဲသလို ရောင်းတာ ။ ဘယ်လောက်များ ငွေ အဖိုးတန်သလဲနော်။ ရွှေ က အစိတ်ဈေး သုံးဆယ်ဈေး ။ ကျောင်းဆရာတွေ ရဲတွေ ပုလိပ်တွေ စစ်သားတွေ တလကို ၁၅ ကျပ်လောက်တော့ ရတာ။ အဲဒါ သုံးလလောက်ဆိုရင် ရွှေ တကျပ်သားတော့ ဝယ်နိုင်တာ။ ရွှေ တကျပ်သားလေ အဖိုးမတန်လားဟေ့ တန်တယ် ကွဲ့၊
စိန်နယ်ဂျာထီ နှစ်သိန်းဆု ပေါက်တာ။ လယ်တီဆရာတော်ဘုရားကြီး တရားစာ ပင့်ဖို့ လျှောက်တာ ခုနစ်ညတိတိ ချီးမြှင့်ရမှာပေါ့ အဲဒါနဲ့ မောင်းကြေးနင်းခတ်တာ။ လယ်တီဆရာတော်ဘုရားကြီး နက်ဖြန် ညအခါ ဘယ်နေရာ ဘယ်ရပ်ကွက်မှာ တရားဟောမှာ ပေါ့နော်။ လက်ဝါး ပေါ်မှာ တင်ထားတဲ့ ပတ္တမြား ကဲ့သို့ အနတ္တတရားကို ထင်ရှားအောင် ဟောပါလိမ့်မယ်လို့ မောင်းကြေးနင်းခတ်တာပေါ့။
အဲဒီမှာ ရဟန်း ပျို စာသင်သားတွေက ဆရာတော် ဦးလက္ခဏ သွားပြီးတော့ လျှောက်တာပေါ့။
ညစာဝါပိတ်ပေးပါ ဘုရားတဲ့ ကြားလား။
မောင်ပဉ္ဇင်းတို့ ဘယ်ကိုများ ကြွမှာလဲ ဘာကိစ္စများ ရှိသလဲ။ လို့ မမေးရဘူးလား။
မုံရွာမြို့က လယ်တီဆရာတော်ဘုရားကြီး အနတ္တတရားကို လက်ဝါးပေါ်မှာ တင်ထားတဲ့ ပတ္တမြား ကဲ့သို့ ထင်ရှားအောင် ဟောမယ်လို့ မောင်းသတင်း ကြေငြာတာ ဆွမ်းခံရင်းနဲ့ တွေ့ခဲ့ရလို့ အဲဒါကြောင့် တပည့်တော်တို့ ညစာဝါ ပိတ်ပေးပါလို့ တောင်းပန်ရပါတယ်ဘုရားတဲ့။
အေး မင်းတို့ ကြွချင်လည်း ကြွကွဲ့။ ငါသင်ပေးတဲ့ ငါ သင်ထားတဲ့ စာထဲက တရားတွေပါကွာ တဲ့ ကြားလား။ ငါသင်ပေးထားတဲ့ တရား အဲသဂြိုဟ်ထဲကတွေ ပါတဲ့ တခြား မရှိပါဘူး။ တဲ့။ ဘုန်းကြီးကတော့ ဘုရားရှိခိုး ။ ဘုရားရှိခိုး လို့ပြီးရင် ပုတီးကို စိပ် ။ ပုတီးစိပ် လို့ အပတ်စေ့ကာ ကားနေအောင် အိပ်တော့မယ်ဗျား တဲ့ ။ ကားကားကြီး အိပ်တော့မတဲ့ ကွဲ့။
အဲဒါနဲ့ အဲသလိုပြုလို့ တရားနာ သွားကြ တာပေါ့။
အဲဒါနဲ့ တရားပွဲတွေ ဘာတွေ ပြီး လို့... လေးငါးခြောက်လလောက် ကြာသွားတဲ့အခါ အဲဒီ ရပ်ကွက်မှာ တခါ ကိုးတန်မီးကြီး လောင်တော့တာပေါ့ဟေ့။
ကိုးတန်မီးကြီး လောင်တော့ကာ ကျောင်းကား ရှိသေးရဲ့လား။ အိမ်တွေကား ရှိသေးရဲ့လား။ စာသင်သား တွေက နေစရာမရှိ ကိုယ့်ရပ်ထံ ပြန်ရတော့တာပေါ့။ မီးလောင်တဲ့သူတွေကလည်း ဘယ်ကြား ခိုတယ်လို့ မသိပြီ။ စာချဆရာတော် ဦးလက္ခဏ ကြီးက သူ့ဇာတိ ရပ်ထံ မလှိုင် ပန်းအိုင်ကို ပြန်ရတော့တာ။
မလှိုင် ပန်းအိုင်ကျတော့ တောရ ဆောက်တည်တာပေါ့။ ထန်းရွက်တဲ ကျောင်းလေးနဲ့လေ။
တနှစ်အားထုတ်လည်း မတွေ့။ နှစ်နှစ် အားထုတ်လည်း မတွေ့။ သုံးနှစ် အားထုတ်လည်း မတွေ့။ လေးနှစ်အားထုတ်လည်း ရုပ်နာမ်က မမြင်။
ရုပ်နဲ့နာမ်ရယ် တကယ် မြင်ခဲပါတကားတဲ့ ကြားရဲ့လား။
အမောင် ရုပ်နဲ့နာမ် အင်မတန် မြင်ခဲပါတကားတဲ့ သေချာချာလေ့လာနော် ။ အဲဒါနဲ့ ကပ္ပိယက သူ့ရပ်ထံကို ပြန်တာပေါ့။ ပြန်တဲ့အခါကျတော့ လေးငါးရက်လောက်နေတော့ ပြန်လာခဲ့တာပေါ့။
ဘာသတင်းများ ထူးသလဲဟေ့။
ထူးတော့ ထူးတယ်ဘုရား။
ထူးလည်း လျှောက်စမ်း။
မလျှောက်နိုင်သေးဘူး ဘုရား။မောလှတယ်။
အဲဒါ လဘက်ရည်လေး ဘာလေးတွေသောက် ထန်းလျက်ခဲလေး တွေစား။
အင်း တော်တော်လေး ချွေးလေး ဘာလေးတွေ စို့လို့
အမောပြေတဲ့အခါမှ နက်ဖြန်ခါ တောင်သာမြို့မှာ လယ်တီဆရာတော်ဘုရားကြီး တရားချီးမြှင့်မှာလို့ လျှောက်တော့တာ ။နက်ဖြန်ညလေ။
ဟာ ညခါ အဲဒါ လေးနာရီလောက်က ဆွမ်းထုပ်ပေးစမ်း ...ဆွမ်းထုပ်ပေးစမ်း ဆွမ်းချက်ခိုင်းတော့တာ
အဲဒါ ဆွမ်းဟင်းကလည်း တောမှာဆိုတော့ အထူးအထွေ မရှိဘူး
ထန်းလျက်ခဲလေး နှစ်လုံး သုံးလုံး
အဲဒါ ဆွမ်းထုပ်လေးနဲ့ တောင်ဝှေးနဲ့ ကုတ်ပြီးတော့ မိုင်နှစ်ဆယ် ခရီးကို တရားနာ သွားတော့တာ၊ မိုင်နှစ်ဆယ် ခြေလျင် ခြေလျင်။
အဲဒီကို သွားပြီးတော့မှ အဲဒီတရားဆင်ယင်ကျင်းပမည့်နေရာမှာ တရားပလ္လင်ခုံနား ကပ်ပြီးတော့ သူက အစောကြီး နေနှင့်တော့တာ။
အဲဒီ ဘုန်းကြီး ကြီးကလေ။
အဲဟိုကနေဝင်မိုးချုပ်တော့ သာစည် ဘက်ကလှည့်ရတာကိုး ရထားက
အဲဒီအခါတုန်းကတော့ အင်ဂျင်မီးကလည်း မပေါ်သေးဘူး ကြားလား။ လက်စွဲ ဓာတ်မီးလည်း မပေါ်သေးဘူး။ မီးစာ နှစ်လုံး ပြူးပြူးကြီးတွေ အောက်လင်းဓာတ်မီး။ ဓာတ်ဆီထွန်း။ အဲဒါ ပျားပန်းခတ်သလို စည်ကားတာက မဏ္ဍပ်သာရောက်တယ် လူမစဲဘူးတဲ့နော်။
နားလို့ ငါးမိနစ်အကြာကျတော့ တရားအခမ်းအနား စပြီးတော့ ဟောတော့တာပေါ့။
ဟောလိုက်တဲ့အခါ သူ့စိတ်ထဲမှာ အားရပါးရကြီး ဖြစ်ပြီးတော့မှ လယ်တီဆရာတော်ဘုရားကြီး ရဲ့ ခြေသလုံးကို ဖက်ပြီးတော့ ကန်တော့တော့တာတဲ့။
တပည့်တော်မှားတဲ့ အပြစ်တွေကို သည်းခံတော်မူပါဘုရားတဲ့။ ဘယ်တုန်းက မှားတာလဲ ငါ့ရှင်။ လို့ မေးသတဲ့။ကြားလား။
လွန်ခဲ့တဲ့ လေးနှစ်လောက်က မန္တလေး ဖုတ်ကုန်းရပ်မှာ တပည့်တော် ရဲ့ စာသင်သားတွေက အဲဒါ ညဝါပိတ်ပေးပါဘုရားလို့လျှောက်ကြတယ်။
ဘာကိစ္စလဲ မုံရွာမြို့က လယ်တီဆရာတော်ဘုရားကြီး အနတ္တတရားကို လက်ဝါးပေါ်မှာ တင်တဲ့ ပတ္တမြား ကဲ့သို့ ထင်ရှားအောင် ဟောမယ်လို့ တပည့်တော်တို့ မောင်းသတင်း ကြေငြာတာ ကြားခဲ့ရတယ်ဘုရား။ လို့လျှောက်တယ်
အင်း မင်းတို့ ငါသင်ပေးတဲ့ သဂြိုဟ်ထဲက စာတွေ ဒီထဲက တရားပါကွယ် ဒါထက်မရှိပါဘူး။
မင်းတို့ကြွမယ်ဆိုလည်း ကြွကြ ဘုန်းကြီးကတော့ ဘုရားဝတ်တက်ပြီး ပုတီးစိပ်၊ ပြီး အားရအောင် အိပ်တော့မယ် ဗျားလို့
တပည့်တော်မှားမိပါတယ် ။ တဲ့
အဲဒါနဲ့ ကဲ့ ငါ့ရှင်လိုက်ခဲ့။ဆိုပြီး
အဲဒီတရားပွဲက ပြီးသွားတော့ တဲကျောင်းခေါ်သွားတော့တာ။
တဲကျောင်းခေါ်ပြီးတော့ တညလုံး တရားဟော။
ဟိုကလည်း လိုချင်တာကိုး။
ဆာလောင်မွတ်သိပ်တဲ့သူကို ကျွေးရတာ အကျိုးမရှိဘူးလား။
အခုက မလိုချင် လိုချင်နဲ့တရားဟောရတာကလည်း သိပ်ပြီးတော့ အားမရှိဘူးဗျ ကြားလား။တကယ်လိုချင်တဲ့ ပုဂ္ဂိုလ် ဟောရမှ အားရှိတာဟေ့။
သေချာချာလေ့လာနော် ။
အဲသလို ဟောတဲ့အခါ .ပေါ့။ .. ဟောလိုက်တဲ့ အခါကျတော့ တရားသဘောတွေပေါက် ပြီး ပြန်လာခဲ့တော့တာ။ သူကျောင်းက စောင့်ကြည့်နေတဲ့ ကပ္ပိယတွေ အခုပြောတဲ့ ဥပါသကာတွေက စောင့်နေတာ။ ရောက်လာခဲ့တဲ့အခါကျ နားလို့ အတန်ကြာ
.... ဘယ်နှယ့်လဲဘုရား
အရှင်ဘုရား သင်ပေးတဲ့ စာ ထဲက မဟုတ်လား၊
ဟုတ်တော့ ဟုတ်ပါတယ်ကွဲ့။
ငါသင်ပေးတဲ့စာက စာထဲက ဆားနဲ့တူတယ်ကွဲ့။
လယ်တီဆရာတော်ဘုရားကြီး ဟောတာက ဈေးထဲက ဆားနဲ့တူတယ်တဲ့ ကြားလား။
ဈေးထဲကဆားက ငန်တယ်တဲ့။
ငါက စာထဲကဆိုတော့ မငန်တဲ့ ။
အရှင်ဘုရား သဂြိုဟ်ထဲက ပါ့ မဟုတ်လား။ လို့ ပြန်မေးသတဲ့ ဒကာတွေက။
အရှင်ဘုရား သင်ပေးတဲ့ သဂြိုဟ်ထဲက မဟုတ်လား တဲ့။
အဲဒီအခါကျ ဦးလက္ခဏဆရာတော်ဘုရားကြီးက
သဂြိုဟ်ကို သင် မိန်းမပင် တတ်ကဲ့ မောင်ရဲ့
ရုပ်နာမ်နဲ့ စမ်းမှ ကန်းမှန်း လူသိတယ်ကွဲ့ လို့ ပြောသတဲ့။ကြားလား။
သဂြိုဟ်ကို သင် မိန်းမပင် တတ်ကဲ့ မောင်ရဲ့
ရုပ်နာမ်နဲ့ ရှင်းမှ ဖျင်းမှန်း လူသိတယ်ကွဲ့ လို့ ပြောသတဲ့။
သဂြိုဟ်ကို သင် မိန်းမပင် တတ်ကဲ့ မောင်ရဲ့
ရုပ်နာမ်နဲ့ နှိုက်မှ မိုက်မှန်း လူသိတယ်ကွဲ့ လို့ ပြောသတဲ့ကွဲ့။ကြားလား။
သေချာချာလေ့လာ။
လမ်းကျဉ်းကျဉ်းလေး တခုရှိတယ်နော်။
အဲဒီလမ်းမှာ ဒီကလည်း သွား တဖက်ကလည်း သွား
ကန်းတဲ့လူနဲ့ .....မျက်စိမမြင်တဲ့လူနဲ့ မြင်တဲ့လူဘယ်သူက ရှောင်ရမှာလဲ။ ဘယ်နှယ့်။ မြင်တဲ့လူက ရှောင်ရမှာနော်။ အေး မမြင်တဲ့လူက မြင်မှ မမြင်တာ သိပါ့မလား။အဲလို စဉ်းစားဖို့မကောင်းလား။
အခုလည်း ခန္ဓာတို့ အာယတနတို့ ဓာတ်တို့ သစ္စာတို့ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုး မဟောဘူးလား။
ဟောလို့ ဤကားရုပ် ဤကား နာမ် ဤကား ပညတ် ဤကား ပရမတ်လို့ ပိုင်းပိုင်းခြားခြား သိမယ်လို့ ဆိုရင် ...
တဦးတယောက်က အပုပ်ရည်သွင်းတဲ့ စကားမျိုးဆိုခဲ့လို့ရှိရင် ခန္ဓာဘက်ကို ဉာဏ်လှည့်ဖို့ မကောင်းဘူးလား ။
အဲဒါ ခန္ဓာဘက်ကို ဉာဏ်လှည့်တဲ့အခါ မြင်တဲ့လူက ရှောင်တာနဲ့မတူလား။
အခုတော့ ဟိုက တခွန်းပြောတော့ ဒီကလည်း တခွန်းပြန်ပြောတာပေါ့။
အဲဒါ မမြင်တဲ့လူချင်း တိုက်မိတော့တာဟေ့။
မှောင်မှောင်မည်းမည်းထဲသွားကာ မမြင်တဲ့သူချင်း မတိုက်မိဘူးလား။
တိုက်တယ်နော။ အဲလိုလည်း စဉ်းစားကြ။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ
၁၉၉၄ ဧပြီ ပခုက္ကူ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်
ရှေး တိပ်တရားတော် mc.24 မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment