========================
ရူပက္ခန္ဓာတရားကြီးက ရေမြုပ်ကြီးတဲ့လို့ မဟောဘူးလား။ ရုပ္ပတီတိ ရူပံ ဖောက်ပြန်ပြီးတော့ မပျက်လား။ ကဲ ဖြစ်ပျက်လို့ မဟောဘူးလား။ အရှုခံတရားက အနှစ်သာရရှိရဲ့လား။ ရေမြှုပ်ကဲ့သို့ ဥပမာ ပေးလို့ ဟော မဟော။ ဟောရင် ရေမြှုပ်ဆိုတာ ဘာမှ အသုံးမကျတဲ့ တရားကွဲ့။ စဉ်းစားဖို့ မကောင်းလား။ ရေမြှုပ် အကြီးကြီး လက်နဲ့ကိုင်စမ်းကြည့်။ လက်ညှိုးနဲ့ လက်မပဲ ထိသွားမယ်။ ခုခံရဲ့လား။ ဒါ အနှစ်သာရ ရှိလို့လား။ မရှိလို့။ ဒါကြောင့် ပျက်နေတာပေါ့ ကွဲ့။ အဲဒီ ခန္ဓာကို အနှစ်သာရ မရှိတဲ့ ခန္ဓာနဲ့ နေ့စဉ် နေရတော့ကာ ချမ်းသာတာလား၊ ဆင်းရဲတာ။ အေး ခဏ ခဏ ပြင်ရတာဗျ။
ခန္ဓာကို အ၀တ်အစားနဲ့ ပြင်ရတယ်။ (ရောဂါသည်တွေ)၂ အဲဒါ ဘယ်အဝတ် ၀တ်တယ် (ဘယ်လောက်တန်တယ်)၂ ပြောတာ။ အဲဒါပတ်တီး စည်းထားတာဗျ။ ပတ်တီး စည်းထားတာ (အနာတွေ)၂ ပတ်တီး စည်းထားတာ။ ကိုယ့်ဟာ အကောင်းများ ထင်မနေနဲ့။ မကြွားနဲ့။ ငါနှစ်သိန်းတန် ၀တ်တာ။ ပတ်တီးတွေ နှစ်သိန်းတန် စည်းရတာ ရောဂါ သိပ်ကြီးတယ်ကိုး။ စဉ်းစား။ ရောဂါသိပ်ကြီးတာ။ ဟိုလူက တစ်ထောင်တန်နဲ့ စည်းထားတာ။ ဟိုက နှစ်သိန်းတန်။ ရောဂါကြီးတာ အကုန်ပေါ်ကုန်ပြီ။ ကြားရဲ့လား။ စဉ်းစားဦး။
ဟိုလူက နေပြီးတော့ ထမင်းတစ်ပွဲကို ငါးရာတန် စားတာ။ ဒီက သုံးထောင်တန်။ ဟော အတော်ဆိုးတဲ့ ကိလေသာ အားကောင်းတဲ့ ပုဂ္ဂိုလ် ကြားရဲ့လား။ စဉ်းစားဖို့ မကောင်းလား။ သူက ကိလေသာထူတာ။ ဟိုလူက ကိလေသာပါးတာ ကွဲ့။ အဲဒီလို လေ့လာဖို့ မကောင်းလား။ ငါ ဘယ်လောက်ထိ ၀ယ်စားနိုင်တယ်လို့ မလာဘူးလား။ ကိလေသာထူတာ သိတော့တာဗျာ့။ ကြားရဲ့လား။ အဲဒီလို လေ့လာဖို့ မကောင်းဘူးလား။ အမှန် စဉ်းစားကြ။ အမျိုးမျိုးပြုပြင် ဘယ်လောက်ပဲပြင်ပြင် ပြင်တိုင်း ပြင်လို့ကော ရရဲ့လား။ (ပြင်လေ ပျက်လေ)၂ ဖြစ်ပျက် ကြားရဲ့လား။ အအို မရပ်၊ အနာ မရပ်၊ အသေ မရပ်။ အဲဒါကြောင့်မလို့ ဒုက္ခသစ္စာလို့ မဟောဘူးလား။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၃-ရက်၊သောကြာနေ့
၂ဝ.၅.၂ဝဝ၅၊နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment